A Day With Pan A collection of little memories filled with fun and joy.

24/03/2026

Just eating what makes me happy 😆
food

04/03/2026

Gym Life ထဲ ဝင်တော့မှာမို့
Seafood Buffet လေးနဲ့ နှစ်သိမ့် အားပေး😌

23/12/2025

ဘယ်နေရာကြည့်ကြည့်
ပန်းချီကားလေး တစ်ချပ်လိုဘဲ 🖼️


17/12/2025

Peaceful moments and memories from Chiang Mai🤍

#ချင်းမိုင်ပန်းပွဲတော်လေး

19/11/2025

Coffee Date ထက်
Hotpot/ Mookata Date ဘဲ ပိုစိတ်ဝင်စားတယ် 🤭



15/11/2025

ဘဝ မှာ ပထမ ဆုံးကြည့်ဖူးတဲ့
Mermaid Show 🧜🧜‍♀️🧜‍♂️
ရေသူထီးလေးတွေ ရေကူးကျွမ်းချက် 🤭

VinWonders Entrance ticket လေးဝယ်ရုံနဲ့ Show တွေ Free ကြည့်ရတာ တော်တော်တန်နေပါပီ။ ထိုင်းဘတ် 1000 ဝန်းကျင်၊ မြန်မာ ကျပ် 100,000 ဝန်းကျင်ဘဲ မို့ Vietnam 🇻🇳 ရောက်ရင် သွားလည် သင့်တဲ့ နေရာလေးပါနော်။

Hotel Tickets / Entrance Tickets/ Flight Tickets လေးတွေ လိုရင် ☎️လိုက်ပါ🥰



10/11/2025

🎢VinWonders Phu Quoc 🇻🇳
VW ဆိုတဲ့ နေရာလေးက Amusement Park တစ်ခုဖြစ်ပီးလူကြီး၊ကလေး မရွေး သွားလည်လို့ကောင်းတဲ့ နေရာလေးပါ။ VW မှာ entertainment activities များစွာရှိတဲ့ အတွက် တစ်နေ့လုံး အချိန်ပေးနိုင်ဖို့လိုပါတယ်။

🎟️ Tickets တွေ ကို Walk in ဝယ်လို့ရသလို ကြိုဝယ်လို့လဲရပါတယ်ရှင့်။ Tickets မှာ အမျိုးအစား ၆/၇ မျိုးလောက်ရှိပါတယ်။ အဲထဲကမှ Best Seller Tickets လေးတွေ ပြောပြထားပေးပါတယ်ရှင့်။ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ Tickets တွေ ဝယ်ရင် ဂျင်းထဲ့ မခံ ရအောင်ပါ။
1* Standard Entrance -950,000 VND
2* Admission Ticket + Buggy + Free Ice-cream - 1,040,000 VND
3* Admission Ticket + Buffet- 1,150,000 VND
4* Admission Ticket + Lunch in the Aquarium - 1,660,000 VND ( ချစ်သူတွေ Lunch Date လုပ်ဖို့ အရမ်းကောင်းတဲ့ နေရာလေးပါ 🤭)

🎢 Standard Entrance Ticket ဝယ်ရုံနဲ့ တင် rides တွေအကုန်နီးပါ Free စီးလို့ရပါတယ်ရှင့်။ အဝတ်အပို ယူသွားဖို့လဲ မမေ့ပါနဲ့နော်။ Water activities လုပ်လို့ရတဲ့ နေရာလေးတွေ များကြီးရှိပါတယ်။ Water Slides 🛝 လေးတော့ ရအောင်စီးခဲ့ပါနော်။ ရေစိုတာ မကြိုက်ရင် မိုးကာလေးဝယ်လို့ရပါတယ်။

🎡အကြိုက်ဆုံးကတော့ ချားရဟတ် ပါ။ ထိပ်ဆုံးရောက်ရင် VW တစ်ခုလုံးကို မြင်ရတဲ့ အပြင် ပင်လယ်ကြီးရဲ့ view ကိုပါ အဝကြည့်လို့ရပါတယ်။

🐢The Sea Shell ကတော့ ကမ္ဘားအကြီးဆုံးတစ်ခုထဲပါပါတယ်။ အထဲမှာ Mermaid 🧜‍♀️ show ၊ under sea water ငါးမျိုးစိတ်ပေါင်း ရာကျော် ကြည့်လို့ရပါတယ်။ Mermaid Show ကြည့်ရတာနဲ့တင် အရမ်းတန်နေပါပီ။ ရေသူထီးလေးတွေက Six Pack တွေနဲ့ 🤭။ Lunch in the aquarium ticket လေးဝယ်ထားရင်တော့ ရေသူထီး လေးတွေ ကြည့်ပီး Lunch စားရလို့ရပါတယ်နော်။

🛺Hotel (Grand world ) ကနေ VW သွားမယ်ဆိုရင် 🛺Tuk Tuk စီးလို့ရပါတယ်ရှင့်။ တစ်ချို့hotel ဆိို ရင် Free Tuk Tuk ရှိပါတယ်။ ကိုယ့်အစီ အစဉ်နဲ့ သွားမယ်ဆိုရင် VND 30,000 ဘဲ ရှိပါတယ်။ သူတို့ခေါ်တဲ့ စျေးက VND 100,000 ❌ဂျင်း ထဲ့မခံပါနဲ့နော်။ Grab နဲ့ သွားရင်စျေးမှန်ပါတယ်။

Hotel Tickets / Entrance Tickets/ Flight Tickets လေးတွေ လိုရင် ☎️လိုက်ပါ🥰


02/11/2025

Ing” Du” Pan” 🤣
ငယ်ချင်းသုံးယောက်ရဲ့
Seafood Buffet Date 🤭

Vietnam 🇻🇳 Phu Quoc 🏝️Phu Quoc ဟာ ကျွန်းစုလေး တစ်ခုသာဖြစ်ပါတယ်။ အဲကို ရောက်ရင် Grand Word နဲ့ Sunset Town ကတော့ သွားကိုသ...
31/10/2025

Vietnam 🇻🇳 Phu Quoc 🏝️

Phu Quoc ဟာ ကျွန်းစုလေး တစ်ခုသာဖြစ်ပါတယ်။ အဲကို ရောက်ရင် Grand Word နဲ့ Sunset Town ကတော့ သွားကိုသွားသင့်တဲ့ နေရာလေးပါ။

Grand World 🎡
Phu Quoc ရောက်ရင် Grand World ကို အရင်သွားလည်သင့်ပါတယ်။ Airport ကနေ GW မြို့ထဲကို Free Bus စီးလို့ရပါတယ်။ အချိန်ကုန်သက်သာချင်ရင်တော့ Grab နဲ့ လဲ သွားလို့ရပါတယ်။ Airport to GW ( VND 300,000) ဝန်းကျင်ဘဲ ရှိပါတယ်။

🌇Flight စောစောရောက်ရင် ညနေဘက် နေဝင်ချိန် အမှီ GW ပတ်ပတ်လည် လမ်းလျှောက်ထွက် ပုံရိုက်ဖို့ အကြံပြုပါတယ်။

🚂 လမ်းမလျှောက်ချင်ဘူးဆိုရင် VND 100,000 ပေးပီး Mini Train လေးစီးပီးပတ်လို့ရပါတယ်။

🛶Vines Boat လေး စီးပီး ကဗျာဆန်ဆန် သွားလို့လဲ ရပါတယ်။ Tickets တွေကတော့ Walk-in ဝယ်လို့ရပါတယ်ရှင့်။

🎇ညနေဘက် ၆ နာရီ ဝန်းကျင်လောက်ဆိုရင် Daily Mini show ဖြစ်တဲ့ Fireworks နဲ့ Water Music Show တွေလဲ ကြည့်လို့ရပါတယ်။ လက်မှတ်ဝယ်စရာ မလိုဘူးရှင့်။ ပြသမဲ့ အချိန် အပြောင်းအလဲ ရှိတဲ့အတွက် ကိုယ်သွားမဲ့ ရက် ကို Show Schedule ပြန်ကြည့်သင့်ပါတယ်။

🍲GW ပတ်ပတ်လည်မှာ Restaurant များကြီး ရှိတာမို့ အစားအသောက် အတွက် စိတ်ပူစရာ မလိုဘာဘူးရှင့်။ စျေးနှုန်းဘဲ တစ်ချက် စစ်ကြည့်ပါ ဂျင်းများတာမို့။ VND 300,000 သုံးရင် ဟင်း ၃ /၄ မျိုး နဲ့ လူနှစ်ယောက်စာ အတွက် လုံလောက်ပါတယ်။

🎡GW မြို့က အရမ်းမကြီးတဲ့အတွက် e-bike လေးတွေ ငှါးပီး ကိုယ်တိုင်ပတ်မောင်းရင်လဲ အဆင်ပြေပါတယ်။ e-bike ကို ကိုယ်နေတဲ့ hotel မှာ မေးပီး ငှါးလို့ရပါတယ်။ 1နာရီ VND -20,000 ဝန်းကျင် ပေးရပါတယ်ရှင့်။

🏩 ကိုယ်နေခဲ့တဲ့ hotel ဆိုရင် view လှလှ လေးကြည့်ရတဲ့ အပြင် စျေးလဲ တန်တာမို့ ကိုယ့်plan နဲ့ ကိုယ် သွားချင်သူတွေ အတွက် link လေး ချထားပေးပါတယ်ရှင့်။
https://maps.app.goo.gl/9t3gw8jkk4VRdMiB6?g_st=ipc



29/10/2025

Grand World 🇻🇳 မှာ
နောက်ထပ် ရင်ခုန်စရာလေးတွေ ခံစားကြည့် ချင်ရင် VinWonders Amusement Park 🎡လေးရှိတယ်နော်

ที่อยู่

Bangkok
Nonthaburi
11130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A Day With Panผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์