23/03/2026
အွန်လိုင်းမှတဆင့် AST Express ကုမ္ပဏီ၏ အမည်နှင့် လိုဂိုကို အသုံးပြု၍ ငွေကြေးလိမ်လည်တောင်းခံမှုများသတိပြုရန်။
ချစ်ခင်ရသော AST Express ကုမ္ပဏီ၏ ဝန်ဆောင်မှုအသုံးပြုသူများရှင့်
ယခုအခါတွင် အွန်လိုင်းမှတဆင့် AST Express ကုမ္ပဏီ၏ အမည်နှင့် လိုဂိုကို အသုံးပြု၍ (အထူးသဖြင့် Viber ကဲ့သို့ အက်ပလီကေးရှင်းအသုံးပြုပြီး၊ ဖုန်းနံပတ်တခုမှတဆင့်) လူတစ်ဦးနာမည်ဖြင့် ပြုလုပ်ထားသော ဘဏ်အကောင့်သို့ ငွေလွှဲခိုင်းခြင်းများပြုလုပ်ခိုင်းပြီး၊ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေသည်ကို (AST Express Thailand Company) အနေဖြင့် တွေ့ရှိရပါသည်။ လိမ်လည်သည့်ဖုန်းနံပတ်များကိုလဲ ကုမ္ပဏီဘက် မှ သက်ဆိုင်ရာသို့ အကြောင်းကြား၍ လိုအပ်သလိုဆောင်ရွက်လျက်ရှိပြီး၊ နောက်ထပ် ဖုန်းနံပတ်အသစ် တစ်လုံးဖြင့်လဲ ထပ်မံအသုံးပြုပြီး လိမ်လည်မှုများရှိလာနိုင်သောကြောင့် သတိပြုနိုင်ရန် အသိပေးအပ်ပါသည်။
လူကြီးမင်းတို့၏ ငွေကြေးဆုံးရှုံးမှုများမဖြစ်စေရန်၊ ငွေမလွဲမှီ အောက်ဖော်ပြပါအချက်လက်များကို သေချာစွာ တိုက်စစ်ဆေးပြီးမှ ငွေလွှဲကြရန် အလေးနက်တိုက်တွန်းအပ်ပါသည်။
*ကုမ္ပဏီသို့တရားဝင် ဆက်သွယ်နိုင်သော နည်းလမ်းများ*
Line Official: : (အမှတ် @ ပါ)
Official Viber: :+95 975 491 9020 / +95 975 275 9989
Website: :www.astexpress.co.th
*ငွေပေးချေမှု*
ကုမ္ပဏီအမည်ဖြင့် ဘဏ်အကောင့်တစ်ခုထဲသာ ဖွင့်လှစ်ထားပါသဖြင့် ကုမ္ပဏီအမည်ပါသော ဘဏ်အကောင့် သို့သာ ငွေလွဲပေးရန်။
ဘဏ်: : Kasikorn Bank (Tesco Lotus Maesot Branch)
ဘဏ်အကောင့်အမည် : : AST Express (Thailand) Co., Ltd.
အကောင့်နံပါတ်: :069-1-97756-0
*အထူးသတိပြုရန်*
AST Express ကုမ္ပဏီမှ ကုမ္ပဏီ၏ ဝန်ဆောင်မှုအသုံးပြုသူများကို မည်သည့်အခါမှ လူ၊ပုဂ္ဂိုလ်နာမည်တခုခုဖြင့် ဖွင့်လှစ်ထားသော အကောင့်သို့ ငွေလွှဲရန် မတောင်းဆိုပါ။
*ဆက်သွယ်ရန်*
မဲဆောက်ရုံး : 📞 +66 9 7-962-5765 ရန်ကုန်ရုံး : 📞 +95 975 275 9989
ဤကြေငြာချက်အားအခြားသူများအား မျှဝေခြင်းဖြင့် လူကြီးမင်းတို့၏ ငွေကြေးဆုံးရှုံးမှုများမဖြစ်စေရန် ကူညီပေးနိုင် ပါသည်။