15/11/2025
တာချီလိတ်တဖက်ကမ်း ထိုင်းမယ်ဆိုင်ထဲမှာ တကယ့်မြန်မာမှ မြန်မာဘားစစ်စစ် ရေမရောတဲ့ Black Sheep Bar ဆိုတာ စဖွင့်နေပြီနော် 😱😍😊
ပွဲဈေးအမြဲခင်းတတ်တဲ့ ဝပ်ပါရမ်းကျောင်းနဲ့မျက်စောင်းထိုး ဖီယာဖွန်းမိန်းလမ်းမကြီးပေါ်မှာပဲ ဘားကရှိလို့ ကားရပ်ရ ဆိုင်ကယ်ရပ်ရလည်း တအားအဆင်ပြေသော။ အဲဒီရှေ့ကဖြတ်သွားတိုင်း မြန်မာသီချင်း Unplugged သံတွေကြားရတာ ရင်ထဲတမျိုးလေးစိတ်ချမ်းသာမိတယ်။ မယ်ဆိုင်မှာ ဒီလိုမျိုး မြန်မာတွေအတွက်စဉ်းစားပေးပြီး တခါမှမရှိခဲ့ဖူးလို့ အခုလိုဖွင့်ပေးတာကိုလည်း တကယ်ကျေးဇူးတင်တယ်။
ဒီချိန်ဆောင်းတွင်းနဲ့ကတော့ အေးအေးဆေးဆေး နောက်ကျောလုံလုံထိုင်သောက်ရင်း ဘော်ဘော်တို့နဲ့ အပီအပြင်ကို Chill ပြီလေ။
✨ ဘီယာအေးအေးလေးရယ်.. စိတ်ကြိုက်မှာလို့ရတဲ့မြန်မာစားစရာတွေရယ်.. ကလေးဘဝထဲကကြားလာပြီး နှစ်သက်လာခဲ့တဲ့ သီချင်းကောင်းတွေရယ်.. ဆောင်းအငွေ့အသက်လေးရယ်.. ဘော်ဒါအပေါင်းအသင်းတွေရယ်နဲ့ တအားပေါ့ ✨
Unplugged က Open Mic 🎤 ရှိတဲ့ရက်လေးတွေပါစီစဉ်ထားတာဆိုတော့ သူငယ်ချင်းအဖော်အလှော်တွေခေါ်ပြီး ပျော်ရ တက်ဆိုရ အပန်းဖြေရပြီလေ။ မွေးနေ့တွေ ပွဲတွေလည်းလာလုပ်လို့ရသလို အစားအသောက်အော်ဒါလည်း အကုန်ရတယ်ဆိုတော့ တအားအဆင်ပြေလိုက်ခြင်း။
📌 Black Sheep Bar Maesai
Notes by Mi Hee ❤️ 📖 🖋️