28/04/2026
မယ်ဆိုင်တံတားနားက ဦးအောင်ဇေယျမှန်တံတားလို့ လူသိများတဲ့ Skywalk ကို ခတ္တယာယီပိတ်ထားပါတယ်ဗျ
27-April-2026 ရက်နေ့ညပိုင်း မယ်ဆိုင်မှာ ဖြစ်ပွါးခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ( မိုးသည်းထန်စွာရွာသွန်းမှု ) Wat Phra That Doi Wao ( Skywalk ) အနီးတဝိုက်မှာ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်
လာရောက်လည်ပတ်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ပြန်လည်ပြုပြင်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ ၂၈ ရက်နေ့က စပြီး Skywalk သို့ ဝင်ရောက်ခွင့်ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်းကြေငြာထားပါတယ်
ဘုရားကျောင်းပြန်လည်ပြုပြင်ရေးကို အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်အချိန်ဇယားကိုလဲ ထပ်မံကြေငြာပေးပါမယ်လို့ သတင်းရေးလာတယ်ဗျ
လတ်တလောမှာတော့ မှန်တံတားအလည်အပတ်သွားလို့မရသေးပါဗျ ….