ချင်းမိုင် Tour - ကိုစိုင်း

ချင်းမိုင် Tour - ကိုစိုင်း အလည်အပတ်ခရီးစဉ် Tour Package ခရီးစဉ် စကားပြန် ကားအငှားစီစဉ်ပေးပါသည်

• 🚐 ချင်းမိုင် အလည်အပတ် Tour & ကားအငှား
• 🏨 Hotel, Air Ticket & Visa ဝန်ဆောင်မှု
• 🏠 အိမ်ငှား/အိမ်ဝယ် & ယာဉ်မောင်းလိုင်စင်
• 🏥 ဆေးကုသမှု အကူအညီနှင့် ကျောင်းအပ်ခြင်း

မိုးလေးရွာပြီးစ နောက်ပိုင်း Chiang Dao ရဲ့ သဘာဝအလှက တကယ်ကို စိတ်အေးချမ်းစရာလေးပါ 🌧️🍃ရှေ့တည့်တည့်မှာ Chiang Dao တောင်ကြီး...
18/08/2026

မိုးလေးရွာပြီးစ နောက်ပိုင်း Chiang Dao ရဲ့ သဘာဝအလှက တကယ်ကို စိတ်အေးချမ်းစရာလေးပါ 🌧️🍃

ရှေ့တည့်တည့်မှာ Chiang Dao တောင်ကြီး ကို အပြည့်အဝမြင်ရပြီး 🌄
စိမ်းစိုနေတဲ့ မြက်ခင်းပြင်၊ ပန်းပင်လေးတွေနဲ့ လမ်းလေးတွေက ဓာတ်ပုံရိုက်ဖို့လည်း အရမ်းလှပါတယ် 📸✨

အခုရက်ပိုင်းမှာ နာမည်ကြီးလာလို့ လူနည်းနည်းများနေပေမယ့်
ဓာတ်ပုံကောင်းကောင်းရိုက်စရာနေရာတွေတော့ အများကြီးရှိတယ်နော် 😍

လူများနေရင်လည်း ဓာတ်ပုံအရင်ရိုက်ထားပြီး
နောက်မှ AI နဲ့ လူတွေကို ဖယ်လိုက်ရုံပဲ 😂🤭

💸 ဝင်ကြေး – တစ်ဦး 50 ဘတ်

Chiang Dao ဘက်ကို ခရီးထွက်မယ်ဆိုရင်
ဒီနေရာလေးကိုလည်း Save ထားသင့်တယ်နော် 📌💚

📍 Hey Now Chiang Dao Stay 🌿🏔️

ချင်းမိုင်မှာ ကဖေးအသစ်တွေ ထပ်တိုးလာပြန်ပြီ ☕️✨ဒီတစ်ခါတော့ Maison Verte Café & Bakery 💚“Maison Verte” ဆိုတာ အိမ်စိမ်းလေး ...
18/08/2026

ချင်းမိုင်မှာ ကဖေးအသစ်တွေ ထပ်တိုးလာပြန်ပြီ ☕️✨
ဒီတစ်ခါတော့ Maison Verte Café & Bakery 💚

“Maison Verte” ဆိုတာ အိမ်စိမ်းလေး လို့ အဓိပ္ပါယ်ရပါတယ်။
နာမည်နဲ့လိုက်ဖက်အောင် ဆိုင်တစ်ဆိုင်လုံးကို အစိမ်း၊ အဖြူနဲ့ သစ်သားရောင် တွေကို အဓိကထားပြီး အလှဆင်ထားတာမို့ ဝင်လိုက်တာနဲ့ ပန်းဥယျာဉ်လေးထဲ ရောက်သွားသလို ခံစားရပါတယ် 🌸🌿

📸 ဓာတ်ပုံရိုက်ဖို့နေရာတွေကလည်း အများကြီး
ဆိုင်ရဲ့ Detail တစ်ခုချင်းစီကို သေချာဂရုစိုက်ပြီး အလှဆင်ထားတာကြောင့် ဘယ်နေရာကရိုက်ရိုက် ချစ်စရာကောင်းနေမှာပါ 😍

☕️ Coffee & Drinks
🍰 Homemade Cake & Bakery
🍌 Banoffee — Caramel အနံ့လေးနဲ့ မချိုလွန်းဘဲ အရမ်းစားကောင်း
🍕 Pizza — ပါးပါးလေးနဲ့ အရသာကောင်း
🍝 Spaghetti & Snacks
🧋 Hot / Cold Drinks တွေလည်း ရွေးချယ်စရာများပြီး အချိုအဆင့်ကို ကိုယ်ကြိုက်သလို ရွေးလို့ရပါတယ်။

📍 Maison Verte Café & Bakery
မယ်แจ่มမြို့၊ ချင်းမိုင်
⏰ နေ့တိုင်း 08:00 – 19:00

🚗 ကားရပ်ဖို့နေရာလည်း အဆင်ပြေပြီး ကားရပ်ပြီး နည်းနည်းလမ်းလျှောက်လိုက်တာနဲ့ ချစ်စရာကောင်းတဲ့ ကဖေးလေးကို ရောက်ပါပြီ 💚

(Mae Chaem) ကို ခရီးထွက်မယ်ဆိုရင်
Cafe hopping လုပ်ချင်သူတွေ၊ ဓာတ်ပုံရိုက်ရတာကြိုက်သူတွေအတွက် မဖြစ်မနေ ထည့်သွားသင့်တဲ့ Check-in နေရာလေးတစ်ခုပါ။ 🌿📸

⚠️ လက်ရှိမှာ ဆိုင်က Trial Opening ကာလဖြစ်တာကြောင့် ဝန်ဆောင်မှုအပိုင်းမှာ အနည်းငယ်အခက်အခဲတွေ ရှိနိုင်ပါတယ်နော်။

📌 Maison Verte Café & Bakery – Mae Chaem, Chiang Mai

#ချင်းမိုင် #ချင်းမိုင်tourကိုစိုင်း #ကော်ဖီဆိုင် #ထိုင်း

🌸 mon jamမှာ ပန်းတွေနဲ့ တောင်တန်းအလှတွေကြားမှာ သဘာဝနဲ့အတူ အေးအေးဆေးဆေး အနားယူရင်း ပုံလှလှလေးရိုက်လို့ရမဲ့နေရာသစ်တခု 🌿🍀ချ...
13/08/2026

🌸 mon jamမှာ ပန်းတွေနဲ့ တောင်တန်းအလှတွေကြားမှာ သဘာဝနဲ့အတူ အေးအေးဆေးဆေး အနားယူရင်း ပုံလှလှလေးရိုက်လို့ရမဲ့နေရာသစ်တခု 🌿🍀

ချင်းမိုင် mon jam ကိုလာလည်မယ်ဆိုရင် Pang Hwa Garden ကို မဖြစ်မနေသွားသင့်တဲ့ ပန်းခြံလေးတစ်ခုပါ 🩷

အခုလက်ရှိမှာတော့ ပန်းတွေ အပြည့်အဝပွင့်နေပြီ ဖြစ်လို့ ပန်းခင်းကြီးတွေနဲ့ တောင်တန်းရှုခင်းတွေကြားမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့အရမ်းကောင်းပါတယ် 📸🌸

🌺 ရောင်စုံပန်းခင်းကြီးများ
🏡 သစ်သားအိမ်လေးနဲ့ ချစ်စရာ Photo Spot
⛰️ တောင်တန်းနဲ့ သဘာဝရှုခင်းအလှ
🌿 အေးချမ်းပြီး Relax လုပ်ဖို့ကောင်းတဲ့နေရာ

မနက်စောစောသွားရင်လည်း ရာသီဥတုကောင်းပြီး ပန်းတွေနဲ့ တောင်တန်းရှုခင်းကို ပိုပြီးလှပစွာ ခံစားနိုင်ပါတယ် ✨

📍 Pang Hwa Garden & Orange Garden, Chiang Mai
⏰ နေ့စဉ် မနက် 7:00 – ညနေ 6:00 အထိ ဖွင့်ပါတယ်။

#ချင်းမိုင်ခရီးစဉ် #ချင်းမိုင်ပန်းခြံ #ချင်းမိုင်ခရီးသွား #ချင်းမိုင်tourကိုစိုင်း

🌿☁️ နူးညံ့သာယာတဲ့ မနက်ခင်းလေးတစ်ခု… 🐑🤍 Doi chang တောင်ပေါ်က လေကောင်းလေသန့်၊ စိမ်းလန်းတဲ့ သဘာဝရှုခင်းတွေနဲ့ ချစ်စရာသိုးလေ...
11/08/2026

🌿☁️ နူးညံ့သာယာတဲ့ မနက်ခင်းလေးတစ်ခု… 🐑🤍

Doi chang တောင်ပေါ်က လေကောင်းလေသန့်၊ စိမ်းလန်းတဲ့ သဘာဝရှုခင်းတွေနဲ့ ချစ်စရာသိုးလေးတွေ… 🐑🌳
အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် Akha FarmVille သိုးခြံ

သိုးလေးတွေကို အစာကျွေးရင်း 📸
လှပတဲ့ တောင်တန်းရှုခင်းတွေကြားမှာ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း 📷
မိသားစု၊ ချစ်သူစုံတွဲ၊ သူငယ်ချင်းတွေနဲ့ အေးဆေး Chill လို့ကောင်းတဲ့နေရာလေးပါ။ 🤍

🎟️ ဝင်ခ – 100 ဘတ်/လူတစ်ဦး
☕ ဝင်ခလက်မှတ်ကို သတ်မှတ်ထားတဲ့ Drink တွေနဲ့ လဲလှယ်နိုင်ပါတယ်။

🐏 သိုးစာ – 30 ဘတ်/ခွက်
👶 110 cm မကျော်တဲ့ကလေးတွေ – အခမဲ့
🍰 အစားအသောက်၊ Bakery နဲ့ Drinks တွေလည်း ရှိပါတယ်။

🎠 Merry-Go-Round
100 ဘတ် / 8 မိနစ်
ဒုတိယအကြိမ်မှစပြီး 60 ဘတ်
👧 110 cm မကျော်တဲ့ကလေး – 60 ဘတ်

⏰ ဖွင့်ချိန်
📅 တနင်္လာ – ကြာသပတေး | 7:30 AM – 5:30 PM
📅 သောကြာ – တနင်္ဂနွေ | 7:30 AM – 6:00 PM

🌧️ မိုးရွာရင် သိုးလေးတွေကို ခြံထဲပြန်သွင်းထားပြီး Merry-Go-Round ကိုလည်း ခဏရပ်ထားပါတယ်။ မိုးတိတ်သွားတာနဲ့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးပါတယ်။ 🤍

📍 Akha FarmVille | Doi Chang, Chiang Rai

✨ ချင်းရိုင်ကို ရောက်ဖြစ်ရင် သဘာဝအလှနဲ့ သိုးလေးတွေရဲ့ ချစ်စရာကမ္ဘာလေးထဲ ဝင်လည်ခဲ့လိုက်ပါနော် 🐑🤍



#ချင်းရိုင် #ချင်းရိုင်ခရီးစဉ် #ချင်းမိုင်tourကိုစိုင်း

🌿 Magic Mountains Cafe – Phayao ☁️⛰️ကော်ဖီဆိုင်လေးတစ်ဆိုင်ကနေ မြင်ရတဲ့ မနက်ခင်းအလှ…တောင်တန်းတွေကြားက တိမ်ပင်လယ်၊ မြူခိုး...
10/08/2026

🌿 Magic Mountains Cafe – Phayao ☁️⛰️

ကော်ဖီဆိုင်လေးတစ်ဆိုင်ကနေ မြင်ရတဲ့ မနက်ခင်းအလှ…
တောင်တန်းတွေကြားက တိမ်ပင်လယ်၊ မြူခိုးလေးတွေနဲ့ စိမ်းလန်းတဲ့ချိုင့်ဝှမ်း 🌿☁️

မြစ်ရေ၊ တောင်တန်းတွေနဲ့ မနက်ခင်းမြူခိုးတွေ ပေါင်းစပ်ထားတဲ့ သဘာဝအလှက
အနားယူဖို့အတွက် တကယ်ကို ပြီးပြည့်စုံပါတယ်။ 🍃

⛅️မနက်ခင်းကော်ဖီတစ်ခွက်နဲ့ ဒီလိုရှုခင်းလေးကို ခံစားကြည့်ချင်ရင်
Phayao ကို တစ်ခေါက်လောက် သွားလည်ကြည့်ပါ… 🤍

📍 Magic Mountains Cafe, Phayao

Photo crd

#ทะเลหมอก #เที่ยวพะเยา #ချင်းမိုင်tourကိုစိုင်း #ချင်းမိုင် #တောင်တန်း

တချို့သော Homestay တွေက ရုပ်ရှင်ထဲရောက်သွားသလိုမျိုး….🏡ချင်းမိုင်ခရိုင် mae chaem မှာရှိတဲ့ (Hug Khao at Mae Chaem Homes...
07/08/2026

တချို့သော Homestay တွေက ရုပ်ရှင်ထဲရောက်သွားသလိုမျိုး….🏡

ချင်းမိုင်ခရိုင် mae chaem မှာရှိတဲ့ (Hug Khao at Mae Chaem Homestay) ကတော့ သဘာဝတောင်တန်းတွေရဲ့ အလယ်မှာ တည်ရှိပြီး Western Cowboy Farmhouse Style နဲ့ အလှဆင်ထားတဲ့ Homestay လေးပါ။ 🛖🤎

အခန်းတွေက ကျယ်ဝန်းပြီး မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုလိုက် (၁၀ ယောက်ကျော်အထိ) တည်းခိုနိုင်တာမို့ Group Trip အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

✨ ဒီနေရာရဲ့ Highlight တွေကတော့…
🌄 ပြတင်းပေါက်အကြီးကြီးကနေ တောင်တန်းရှုခင်းနဲ့ မနက်ခင်းမြူခိုးတွေကို အခန်းထဲကနေ အေးအေးချမ်းချမ်း ကြည့်ရှုနိုင်တာ။
📸 ဘယ်ထောင့်ကရိုက်ရိုက် လှနေတဲ့ Photo Spot တွေ။
🍹 Check-in လုပ်တာနဲ့ Welcome Drink။
🌙 ညအိပ်ခါနီး Good Night Drink။
🍲 ညစာအတွက် အရသာရှိတဲ့ Shabu Set။
🥐🍳 မနက်စာကတော့ ဟိုတယ်ကြီးတွေမရှုံးတဲ့ အပြည့်အဝ Breakfast Set နဲ့ ကျွေးတာမို့ စားပြီးရင် တကယ်ကို အားရစေပါတယ်။

သဘာဝကို ခံစားရင်း အေးအေးချမ်းချမ်း အနားယူချင်သူတွေ၊ Couple Trip၊ Family Trip နဲ့ Friend Trip အတွက် အရမ်းသင့်တော်တဲ့ Homestay လေးပါ။

📍 Hug Khao at Mae Chaem Homestay

🚙ချင်းမိုင်ကနေ 2နာရီ ဝန်းကျင် ကားမောင်းသွားရပါတယ်။

Photo - crd to owner

#ချင်းမိုင် #ထိုင်း #ထိုင်းရောက်ရွှေမြန်မာ #အိမ် #ချင်းမိုင်tourကိုစိုင်း

05/08/2026

Mon jam ရဲ့ တောင်ထိပ်ပေါ်ကနာမည်ကြီးပန်းခြံကြီး Ying Yong Flower Garden လှလို့နေပါပီ 🌺🌸 #ချင်းမိုင် #ပန်းခင်း #ချင်းမိုင်tourကိုစိုင်း #ထိုင်း

🐑🌿 Mon Jam ရဲ့ ချစ်စရာကောင်းတဲ့နေရာလေး – MaeKee Sheep Farm 🤍တောင်တန်းတွေရဲ့ အလယ်မှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ပေါ် လွတ်လ...
04/08/2026

🐑🌿 Mon Jam ရဲ့ ချစ်စရာကောင်းတဲ့နေရာလေး – MaeKee Sheep Farm 🤍

တောင်တန်းတွေရဲ့ အလယ်မှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ပေါ် လွတ်လပ်စွာ လမ်းလျှောက်နေတဲ့ သိုးဖြူလေးတွေနဲ့ အတူ အေးချမ်းတဲ့အချိန်တွေကို ခံစားချင်ရင် MaeKee Sheep Farm ကို မဖြစ်မနေ ဝင်လည်သင့်ပါတယ်။

🥕 သိုးလေးတွေကို မုန်လာဥကျွေးလို့ရမယ်
📸 ဓာတ်ပုံရိုက်ဖို့ Dreamy Spot တွေအများကြီးရှိမယ်
☕ ကော်ဖီလေးသောက်ရင်း တောင်တန်းရှုခင်းကို ငေးမောလို့ရမယ်

Mon Jam ရောက်ရင် ဓာတ်ပုံလှလှရိုက်ပြီး သဘာဝနဲ့ အနီးကပ်အနားယူချင်သူတိုင်းအတွက် ဒီနေရာက အမှတ်တရဖြစ်စေမယ့် Spot လေးပါ။ 🐑💚 Entrance fee ဖြင့် သိုးစာကျွေးခြင်း၊ ကဖေးနဲ့ အခြားတိရစ္ဆာန်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

📍 MaeKee Sheep Farm, Mon Jam


#ထိုင်း #သိုးခြံ #ချင်းမိုင် #ချင်းမိုင်tourကိုစိုင်း

🌈 Chiang Mai မှာ တခြားကမ္ဘာထဲ ရောက်သွားသလို ခံစားရမယ့် Hidden Gem တစ်နေရာ…Chiang Mai မြို့ကနေ ၁ နာရီခန့် မောင်းသွားရုံနဲ...
03/08/2026

🌈 Chiang Mai မှာ တခြားကမ္ဘာထဲ ရောက်သွားသလို ခံစားရမယ့် Hidden Gem တစ်နေရာ…

Chiang Mai မြို့ကနေ ၁ နာရီခန့် မောင်းသွားရုံနဲ့ ရောက်နိုင်တဲ့ Mae Sap Cave (Rainbow Cave) ကတော့ Adventure ချစ်သူတွေအတွက် မလွတ်သင့်တဲ့နေရာတစ်ခုပါ။

ဂူထဲကို ဝင်လိုက်တာနဲ့ သဘာဝက နှစ်ပေါင်းများစွာ ဖန်တီးထားတဲ့ ကျောက်နံရံအရောင်စုံတွေ၊ လှိုင်းတွန့်ပုံစံ ကျောက်သားတွေကို မြင်ရပြီး တခြားဂြိုဟ်တစ်ခုထဲ ရောက်သွားသလို ခံစားရပါတယ်။ 🌈🪨

အတွင်းထဲကို ဒေသခံ Guide နဲ့အတူ လမ်းလျှောက်လေ့လာရတဲ့ Experience ကလည်း ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။

Chiang Mai ကို အကြိမ်ကြိမ်ရောက်ဖူးပေမယ့် လူသိနည်းတဲ့ နေရာအသစ်တွေ ရှာချင်တယ်ဆိုရင် Mae Sap Cave ကိုသာ Save ထားလိုက်ပါ။ ဒီနေရာက သင့်ကို အံ့ဩစေမှာ သေချာပါတယ်။ ✨

📍 Mae Sap Cave (Rainbow Cave)

🚗 Chiang Mai မြို့မှ ၁ နာရီခွဲခန့်

#ချင်းမိုင် #ချင်းမိုင်tourကိုစိုင်း #သဘာ၀ #ဂူ

🌹 Mon Jam ရဲ့ နာမည်ကြီး Romantic Rose Garden နှင်းဆီပန်းခြံကြီး ပြန်ဖွင့်ပါတော့မယ် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၀) ရက်မှ (၂၀) ရက...
02/08/2026

🌹 Mon Jam ရဲ့ နာမည်ကြီး Romantic Rose Garden နှင်းဆီပန်းခြံကြီး ပြန်ဖွင့်ပါတော့မယ်

၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၀) ရက်မှ (၂၀) ရက်အထိ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 🌹✨

တောင်တစ်လုံးလုံးကို အရောင်အသွေးစုံလင်တဲ့ ပန်းပင်လယ်ကြီးနဲ့ အလှဆင်ထားပြီး၊ မြူဆိုင်းဆိုင်းတောင်တန်းရှုခင်းတွေနဲ့အတူ အမှတ်တရဓာတ်ပုံလှလှရိုက်ဖို့ အကောင်းဆုံးအချိန်ပါ။ ☁️⛰️

📸 ဓာတ်ပုံရိုက်ဖို့၊
🌹 နှင်းဆီပန်းအလှကို ခံစားဖို့၊

Mon Jam ကို သွားမယ်ဆိုရင် ဒီရာသီမှာပဲ မြင်တွေ့နိုင်တဲ့ လှပတဲ့ပန်းဥယျာဉ်ကို လက်မလွတ်စေဖို့ အကြံပြုလိုက်ပါတယ်။ 🌿

Location - https://maps.app.goo.gl/uPvKimLc9CFFqZTu7?g_st=ic

Photo - crd















ที่อยู่

Chiang Mai
50180

เบอร์โทรศัพท์

+66948593734

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ချင်းမိုင် Tour - ကိုစိုင်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ချင်းမိုင် Tour - ကိုစိုင်း:

ทางลัด

แชร์