Travel with RSG Your Trusted Travel Partner

06/09/2026

JB ရောက် အမှတ်တရ

04/09/2026

🌟 မလေးရှား JB သို့ အလည်တစ်ခေါက် 🌟

ကိုယ့်ကိုကိုယ် ပြောဖြစ်တဲ့ စကားလေးတွေ1. ကစားပွဲကိုရင်ခုန်တတ်ပါ2. တခြားသူရဲ့ Idea မှ သင်ယူတတ်ပါ3. သင့်မှာ မရှိတဲ့ အရာတွေ ...
29/08/2026

ကိုယ့်ကိုကိုယ် ပြောဖြစ်တဲ့ စကားလေးတွေ

1. ကစားပွဲကိုရင်ခုန်တတ်ပါ

2. တခြားသူရဲ့ Idea မှ သင်ယူတတ်ပါ

3. သင့်မှာ မရှိတဲ့ အရာတွေ နဲ့ ပေါင်းစီးပါ

4. မအောင်မြင်မှုတွေ နဲ့ ဆက်ဆံရေးကောင်းအောင်ကြိုးစားပါ

5. လူတွေကို ကူညီပါ

6. ကိုယ့်ရဲ့အဓိက ပြိုင်ဘက်နဲ့ ကောင်းစွာယှဉ်ပြိုင်ပါ

👉 ဒီစာလေးထွက်လာပြီးတဲ့နောက်မှာ…စင်ကာပူက သံရုံးမှာ Passport PV Type ကိုင်ဆောင်ထားသူတွေက သက်တမ်းသွားတိုးတဲ့ အခါ...(သို့)Pa...
26/08/2026

👉 ဒီစာလေးထွက်လာပြီးတဲ့နောက်မှာ…

စင်ကာပူက သံရုံးမှာ Passport PV Type ကိုင်ဆောင်ထားသူတွေက သက်တမ်းသွားတိုးတဲ့ အခါ...(သို့)
Passport Type ပြောင်းတဲ့ အခါ...
ချက်ချင်းမရတော့ပဲ နေပြည်တော်က အတည်ပြုစာ လိုပါတယ်။
အဲ့ဒီ အတည်ပြုစာရဖို့ သံရုံးဘက်က ပေးထားတဲ့ email ကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ attached pdf file နဲ့ ပို့ရမယ်။

🔅 ဘာတွေပို့ရမလဲ ဆိုရင်

Passport သက်တမ်းတိုး Form
Passport Type ပြောင်းလဲရန် Form
Passport
SG Pass
မှတ်ပုံတင်
မွေးစရင်း

Email ပို့ပြီး၊ ခွင့်ပြုကြောင်း ပြန်စာရရင်တော့ သွားတိုးလို့ရပါပြီ။
ပြန်စာက ဘယ်လောက်ကြာမလဲတော့ ဘယ်သူမှမသိပါဘူး။

အဲ့တော့ ဒီနေ့ကစပြီး ပြသာနာရှိသွားတာက PV သမား Visit Passport နဲ့ လာပြီး ရေရှည် Permit Card ကိုင်ထားသူတွေပါ။

🌿 ချင်းမိုင်က Canopy Walkway 🍃ချင်းမိုင်ကို ရောက်ရင် သဘာဝတောအုပ်တွေရဲ့ အလှကို အပေါ်စီးကနေ ခံစားကြည့်ချင်သူတွေအတွက် ဒီ Ca...
22/08/2026

🌿 ချင်းမိုင်က Canopy Walkway 🍃

ချင်းမိုင်ကို ရောက်ရင် သဘာဝတောအုပ်တွေရဲ့ အလှကို အပေါ်စီးကနေ ခံစားကြည့်ချင်သူတွေအတွက် ဒီ Canopy Walkway လေးက စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု။

ဟိုအရင် ချင်းမိုင်မှာ နေတုန်းကလည်း ချင်းမိုင်က မှန်တံတားကို တစ်ခေါက်မှ မရောက်ဖူးခဲ့ဘူး။

ဟိုအဝေးက မှန်တံတားတွေ ဖြစ်တဲ့ မယ်ဆိုင် နှင့် ရွှေတြိဂံက မှန်တံတားတို့၊ ကန်ချနာဘူရီက မှန်တံတားတို့ ဆီတော့ ရောက်အောင်သွားခဲ့တယ်။

ဒီတစ်ခေါက်တော့ သွားမယ်ဆိုပြီး ရောက်အောင်သွားလိုက်တာ ဟိုရောက်တော့ ပိတ်ချိန်တဲ့။ အပြင်ကနေပဲ ပုံရိုက်ပြီး ပြန်လာခဲ့တယ်။

22/08/2026

အိမ်ပြန်နောက်ကျ ပေမယ့် အပြုံးမပျက်

ပိုမို ကောင်းမွန် ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ နဲ့ ကိုယ့်ရဲ့ Customer တွေအတွက် အကောင်းဆုံး ကြိုးစားပေးနေပါတယ်။

ယုံကြည်စွာ အားပေးကြသူ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။

🌳 ဒီ ပန်းခြံအကျယ်ကြီး ထဲမှာ တနေ့တနေ့ Morning Exercises တွေလုပ်ရင်း..ကိုယ့်ကိုကိုယ် အားပေးနေရတယ်။ကျယ်ပြန့်တဲ့ မြက်ခင်းစိမ...
20/08/2026

🌳 ဒီ ပန်းခြံအကျယ်ကြီး ထဲမှာ တနေ့တနေ့ Morning Exercises တွေလုပ်ရင်း..ကိုယ့်ကိုကိုယ် အားပေးနေရတယ်။

ကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းတွေ

ကြည်လင်တဲ့ ရေကန်တွေ

ရောင်စုံပန်းဥယျာဉ်တွေ

သစ်ပင်အရိပ်အောက် လမ်းလျှောက်ရင်း သဘာဝရဲ့ အေးချမ်းမှုကိုလည်း အပြည့်အဝ ခံစားနိုင်ပါတယ်။


กว๊านพะเยาPhayao Lake (กว๊านพะเยา) က ထိုင်းနိုင်ငံ မြောက်ပိုင်း၊ Phayao Province မှာရှိတဲ့ သဘာဝရေကန်ကြီးတစ်ခုဖြစ်ပြီး Ph...
19/08/2026

กว๊านพะเยา

Phayao Lake (กว๊านพะเยา) က ထိုင်းနိုင်ငံ မြောက်ပိုင်း၊ Phayao Province မှာရှိတဲ့ သဘာဝရေကန်ကြီးတစ်ခုဖြစ်ပြီး Phayao မြို့ရဲ့ အထင်ကရနေရာတစ်ခု

* ရေကန်ကျယ်ကြီးနဲ့ တောင်တန်းရှုခင်းတွေကို တစ်နေရာတည်းမှာ ခံစားနိုင်ပါတယ်။
* မနက်ခင်းနဲ့ နေဝင်ချိန်တွေမှာ အထူးလှပပြီး ဓာတ်ပုံရိုက်ဖို့ကောင်းပါတယ်။
* ရေကန်ဘေးတစ်လျှောက် လမ်းလျှောက်ရင်း အေးအေးဆေးဆေး အနားယူနိုင်ပါတယ်။
* ရေကန်ဘေး Café နဲ့ Local Restaurant တွေမှာ ထိုင်ပြီး ရှုခင်းကြည့်နိုင်ပါတယ်။

အေးချမ်းတဲ့ Northern Thailand က မြို့လေးတစ်မြို့ပေါ့

ချင်းရိုင်က တောင်ပေါ်သိုးခြံလေးအသက်လေးရလာတော့ တဖြည်းဖြည်းအေးအေး ဆေးဆေးနေရတဲ့ နေ့ရက်တွေကို ပိုပြီး သဘောကျလာတယ် 🩶တောင်ကုန်...
19/08/2026

ချင်းရိုင်က တောင်ပေါ်သိုးခြံလေး

အသက်လေးရလာတော့ တဖြည်းဖြည်းအေးအေး ဆေးဆေးနေရတဲ့ နေ့ရက်တွေကို ပိုပြီး သဘောကျလာတယ် 🩶

တောင်ကုန်း တောင်တန်းတွေကြား လျှောက်သွားရတာ၊ သဘာဝနဲ့ ပိုပြီး ထိတွေ့ ရတာကို ပိုကြိုက်လာတယ် 🩶

လှပလွန်းတဲ့ ရှုခင်းတွေကို မြင်ရတဲ့အခါ စိတ်ထဲမှာ အလိုလို ကျေနပ်နေလို့ အကြာကြီး ထိုင်
ကြည့်နေချင်မိတယ် 🩶



ที่อยู่

Kyeemyindine T/S
Chiang Mai
11101

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel with RSGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์