Ekarit Travel & Tour - เอกฤทธิ์ ทราเวล & ทัวร์

Ekarit Travel & Tour - เอกฤทธิ์ ทราเวล & ทัวร์ Ekarit Travel and Tour Service

🚘 ဘန်ကောက်ကနေ နှစ်နာရီခွဲလောက်ကားမောင်းရုံနဲ့ရောက်တဲ့မှိုင်းညို့ညို့တောင်တန်းတွေနဲ့ မြစ်နံဘေးကအေးချမ်းတိတ်ဆိတ်ပြီး ခေတ်ဟ...
19/11/2025

🚘 ဘန်ကောက်ကနေ နှစ်နာရီခွဲလောက်ကားမောင်းရုံနဲ့ရောက်တဲ့မှိုင်းညို့ညို့တောင်တန်းတွေနဲ့ မြစ်နံဘေးက
အေးချမ်းတိတ်ဆိတ်ပြီး ခေတ်ဟောင်းသမိုင်းအမွေအနှစ်တော်များများရှိတဲ့
Kanchanaburi ကန်ချနာပူရီမြို့လေးကတော့ ခရီးသွားဝါသနာရှင်တွေ သဘာဝနဲ့နီးစပ်ချင်သူတွေအတွက်စိတ်အေးချမ်းရာမြို့လေးတစ်မြို့ပါ။🥰

ဒီတော့ကန်ချနာပူရီရောက်ပီဆိုဘယ်နေရာလေးတွေသွားလည်ကြမလဲ?🧐

🚂 1.River Kwai Bridge

🚂 River Kwai Bridge ကတော့ ကန်ချနာပူရီမြို့ရဲ့ Trademark တစ်ခုပါပဲ။ ဒုတိယကမ္ဘာစစ်က သမိုင်းဝင်သေမင်းတမန်ရထားလမ်းပါရှိတဲ့အတွက် သမိုင်းကြောင်းလေ့လာရင်းဓာတ်ပုံတွေရိုက်လို့ရပါတယ်။

💦 2. Erawan Waterfall (ရေတံခွန် ၇ဆင့်)

🌳 Erawan national park ထဲမှာရှိတဲ့
စိမ်းမြကြည်လင်နေတဲ့ ရေတံခွန် ၇ ဆင့်ဖြစ်ပါတယ်။ ရေတွေကြည်တောက်ရှင်းနေတဲ့အတွက် ငါလေးတွေ ရေကူးတာပါမြင်ရတဲ့ အရမ်းလှတဲ့ရေတံခွန် ၇ ဆင့်ပါ။ 💦

🌄 3. Sai Yok National Park

🌳🌷Sai Yok သဘာဝဥယျာဉ်ထဲမှာတော့ရေတံခွန်လေးတွေ၊ မြစ်အနားကသစ်တောခင်းတွေ၊ တောင်တန်းတွေနဲ့
အရမ်းအေးချမ်းတဲ့နေရာဖြစ်လို့သဘာဝကိုကြိုက်နှစ်သက်သူတွေအတွက်တော့သွားလည်သင့်တဲ့နေရာတစ်ခုပါ။

🏞️4. River Kwai Floating Resorts

🏕️ ကန်ချနာပူရီမှာညအိပ်မယ်ဆိုရင်တော့ ရေပေါ်က Floating Resorts တွေကမတည်းမဖြစ်ပါ။ စိမ်းစိုနေတဲ့တောတောင်တွေကြားက မြစ်ရေပြင်ပေါ်မှာတည်ဆောက်ထားလို့တောတောင်သဘာဝအလှတရားကိုခံစားလိုသူတွေအတွက် စိတ်အမောပြေစေမှာပါ။ 🌸
River Kwai Jungle Raft မှာဆိုရင်
Activities တွေအများကြီးလုပ်လို့ရပါတယ်။ မြစ်ထဲခုန်ချပီး ရေစီးအတိုင်းမျောပါသွားတာ၊ ကနူးလှေစီးတာ ၊ ဝါးဖောင်စီးတာတွေအပြင်၊ ဆင်စီးတာနဲ့ zipline စီးတာတွေပါလုပ်လို့ရပါသေးတယ်။🤩

🏞️5. Wat Tham Suea

ကန်ချနာပူရီ တစ်မြို့လုံးရဲ့အလှကိုမြင်တွေ့နိုင်တဲ့ ကျားဂူတောင်ပေါ်မှာတည်ရှိတဲ့ ဆုတောင်းပြည့် ကျားဂူဘုရားဖြစ်ပါတယ်။ 🙏

🎢6. Kanchanaburi SkyWalk

ကန်ချနာပူရီမြို့ထဲမှာရှိပီး ကွေ့နွိုင်မြစ်နှင့် ကွေးရိုင်မြစ် ၂စင်းဆုံစည်းရာနေရာကို မှန်တွေနဲ့တည်ဆောက်ထားတဲ့ မှန်တံတားဖြစ်ပါတယ်။ ပိတ်ရက်တွေဆိုညစျေးပါရှိတဲ့အတွက် Stree food တွေပါမြည်းစမ်းနိုင်ပါသေးတယ်။ 🍢

⛰️ 7.Move to Mountain Garden

🌸 သဘာဝတောင်တန်းတွေ စိမ်းလန်းတဲ့ရှုခင်းတွေကြားမှာရှိတဲ့ ဒီ cafe လေးကတော့ လှပတဲ့သဘာဝဥယျာဉ်ပုံစံဖန်တီးထားပြီး မဲကလောင်မြစ်ဘေးမှာတည်ရှိပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်ဖို့အတွက် ရာသီအလိုက်ပွင့်တဲ့ပန်းခင်းများ၊ လိမ္မော်သီး ပန်းသီးခြံအတုများ နဲ့တခြားစိတ်ဝင်စားစရာနေရာလေးတွေဖန်တီးထားပါသေးတယ်။⛱️

🏞️8. Wat Ban Tham

🛕ဒီဘုရားကတော့ သဘာဝကျောက်ဂူပေါ်မှာတည်ရှိပြီး နဂါးကြီးရဲ့ပါးစပ်ထဲကနေလှေကားထစ်များစွာကိုတတ်ရင်း တောင်ပေါ်ကျောက်ဂူတွင်းကဘုရားကိုဖူးမျှော်နိုင်တဲ့အပြင် တောင်ပေါ်သဘာဝရှုခင်းအလှကိုလဲခံစားနိုင်ပါတယ်။

💛 Kanchanaburi ကို ဘာကြောင့် သွားသင့်တာလဲ?

✔️ Bangkok ကနေ ကားနဲ့သွားမလား ရထားနဲ့သွားမလား ၂နာရီကျော်နဲ့ရောက်တယ်။
✔️ သဘာဝ + သမိုင်း + ငြိမ်းချမ်းမှုကို တစ်ပြိုင်နက်တည်းတွေ့ရှိနိုင်တယ်။
✔️ Floating hotels တွေမှာရနိုင်တဲ့ experience အသစ်။
✔️ တောတောင်သဘာဝအရသာကိုခံစားရင်း စိတ်အပန်းတွေပြေစေနိုင်တယ်။

ကန်ချနာပူရီသွားဖို့အတွက် ကားစင်းလုံးငှါးစီစဉ်ပေးရမလား Tour plan စီစဉ်ပေးရမလား Ekarit Travel နဲ့ဆိုအားလုံးအဆင်ပြေစေရမယ်။ 😎

✈️ Ekarit Travel and Tour မှာဆိုရင်
Flight Ticket ✈️
Hotel Booking 🏨
Tour Package 🌏
Attraction Tickets 🎟️
အကုန်တစ်နေရာထဲမှာရနိုင်ပါတယ်။

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007



ekarittravelandtour

တောင်တန်းတွေကြားကSapaမြို့လေး🏔️🇻🇳 ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက Hoàng Liên Sơn တောင်တန်းတွေကြားမှာတည်ရှိတဲ့ Sapa မြို့လေး...
18/11/2025

တောင်တန်းတွေကြားကSapaမြို့လေး🏔️

🇻🇳 ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက Hoàng Liên Sơn တောင်တန်းတွေကြားမှာတည်ရှိတဲ့ Sapa မြို့လေးကိုတော့ ဒီလတွေမှာ သွားလည်မယ်ဆို အေးစိမ့်စိမ့် နဲ့ မြူနှင်းလေးတွေကြားမှာ တောင်တန်းတွေအလှကိုမြင်တွေ့ရမှာပါ။ မနှစ်က January လမှာတော့ နှင်းတွေကျတဲ့အထိကို အေးခဲ့ပါသေးတယ်။
တောတောင်သဘာဝနဲ့အေးချမ်းမှုကိုကြိုက်နှစ်သက်သူတို့အတွက် သွားလည်စရာနေရာလေးတစ်ခုပါ။ ❄️

🏞️ Sapa မြို့က သွာလည်စရာနေရာတွေ…

🏔️ Fansipan “Indochina ရဲ့မြင့်ဆုံးတောင်”ကတော့ Sapa ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာတစ်ခုပါ။
Cable Car နဲ့ တောင်ထိပ်ထိတက်လို့ရပီး သဘာဝပတ်ဝန်းကျင် viewတွေကိုကြည့်ရှုလို့ရတဲ့အပြင် အလွန်သပ္ပါယ်လှတဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိုပါ ဖူးမြော်နိုင်ပါသေးတယ်။

⛺️Cat Cat Village
ဒီနေရာကတော့ ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပီး Hmong နွယ်ဖွားပြည်သူတွေကိုတွေ့ရှိရမှာပါ။ လှေကားထစ်စိုက်ခင်းများရေတံခွန်များနဲ့ တိုင်းရင်းသားရိုးရာဝတ်စုံတွေပါရှိတဲ့အတွက် ဓါတ်ပုံရိုက်လို့လဲကောင်းတဲ့နေရာတစ်ခုပါ။

☕🌄 Moana cafe Sapa
Sapa လာရင်သွားသင့်တဲ့နေရာတစ်ခုက တော့Moana Café ဖြစ်ပါတယ်။ ဘာလီမှာရှိတဲ့ Heaven Gate ပုံစံကို တောင်တန်းတွေကြားတည်ဆောက်ထားတဲ့အတွက် ထူးထူးခြားခြားလေးဖြစ်စေပါတယ်။ ဒါ့အပြင် Big Swing လဲစီးလို့ရပြီး တစ်ခြားဓာတ်ပုံရိုက်စရာနေရာတွေလဲရှိပါသေးတယ်။

💒 Sapa Stone Church (Town Center)
ဥရောပခေတ်ကတည်ဆောက်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုဖြစ်ပီးဓာတ်ပုံရိုက်ဖို့အတွက် must visit spotဆိုလဲမမှားပါဘူး။

☕️Viettrekkig Cafe
Sapa ကနေ Fansipan cable car ရှိတဲ့နေရာကိုသွားတဲ့ ရထားအနီလေးကိုမြင်ရတဲ့ cafe လေးပါ။ ရာသီဥတုအေးအေးလေးမှာကော်ဖီပူပူလေးသောက်ရင်း တောင်တန်းတွေကြား ရထားအနီလေးဖြတ်သွားတာကိုကြည့်ရတာလဲ စိတ်အမောတွေပြေစေပါတယ်။

🏫 Sun Plaza or Sapa Station
ဒီနေရာကတော့ Fansipan သွားမယ့်လက်မှတ်တွေရောင်းတဲ့နေရာတစ်ခုဖြစ်ပီး Station ကြီးကိုနောက်ခံထားပီး ဓာတ်ပုံလှလှလေးတွေပါ ရိုက်လို့ရပါသေးတယ်။

🌉 Sapa Glass Bridge
အမြင့်မကြောက်တတ်တဲ့သူတွေအတွက် တောင်နံရံဘေးမှာတည်ဆောက်ထားတဲ့ မှန်တံတားကြီး။
အောက်ကိုငုံ့ကြည့်ရင်သဲယားစရာခြောက်အနက်ကြီး နဲ့ ရှေ့ကိုကြည့်ရင် တိမ်တွေကြားကစိမ်းစိုနေတဲ့တောင်တန်းတွေ view ကိုမြင်တွေ့ရမှာပါ။

🎋Sapa မြို့လေးကတော့တိတ်ဆိတ် အေးချမ်းမှုကိုတောင်တန်းတွေကြားပြန်တွေ့စေနိုင်တဲ့ မြို့တစ်မြို့ပဲ။

ဒီတော့ Vietnam နိုင်ငံသွားလည်ချင်တယ် အစအဆုံးစီစဉ်ပေးပါဦးဆို Ekarit Travel and Tour သာလှမ်းခဲ့တော့နော်။🥰

✈️ Ekarit Travel and Tour မှာဆိုရင်
Flight Ticket ✈️
Hotel Booking 🏨
Tour Package 🌏
Attraction Tickets 🎟️
အကုန်တစ်နေရာထဲမှာရနိုင်ပါတယ်။

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007



#

တိတ်ဆိတ်အေးချမ်းတဲ့ ပင်လယ်ကမ်းခြေမြို့လေးHua Hin🏖️🌃ဘန်ကောက်မြို့ရဲ့ ရှုပ်ယှက်ခက်နေတဲ့ city life ကနေ ခနထွက်ပီးအနားယူချင်တ...
18/11/2025

တိတ်ဆိတ်အေးချမ်းတဲ့ ပင်လယ်ကမ်းခြေမြို့လေးHua Hin🏖️

🌃ဘန်ကောက်မြို့ရဲ့ ရှုပ်ယှက်ခက်နေတဲ့ city life ကနေ ခနထွက်ပီးအနားယူချင်တယ်ဆို Hua Hin ဟွာဟင်းမြို့လေးကစောင့်ကြိုနေပါတယ်။
🚘 ဘန်ကောက်ကနေ (၃) နာရီခန့်ကားစီးရုံနဲ့ရောက်တဲ့ဟွာဟင်းမြို့လေးဟာ တိတ်ဆိတ် ငြိမ်သက် အေးချမ်းလှပပြီး Beach + Café + Nature ကိုတစ်နေရာတည်းမှာ ခံစားနိုင်တဲ့အတွက် “နောက်တစ်ခေါက်ပြန်သွားချင်တဲ့မြို့” လို့သွားလည်သူတိုင်း ခဏခဏပြောကြပါတယ် ✨🏞️

💛 ဒီနေ့မှာတော့ Hua Hin ရောက်ရင်မဖြစ်မနေသွားလည်ရမဲ့နေရာလေးတွေကိုပြောပြပေးသွားမှာပါ။ 😉

🏖️ 1. Hua Hin Beach

Hua Hin ကိုသွားလည်မယ်ဆို Hua Hin beach က မပါမဖြစ်ပါ။အေးအေး
ဆေးဆေး ကမ်းခြေဘေးလေးမှာ လမ်းလျှောက်ရင်း sun set ကြည့်မလား ကမ်းခြေတစ်လျှောက် မြင်းစီးမလား၊ ဒါ့အပြင်လမ်းဘေးစျေးသည်တွေ စီကနေ အုန်းရေအေးအေးလေး၊ လက်လက်ဆတ်ဆတ် ပင်လယ်စာတွေပါရတဲ့အတွက် Beach vibe အပြည့်နဲ့ စိတ်အမောတွေပြေစေပါတယ်။ 🌊✨

🕍 2. Hua Hin Railway Station

ထိုင်းနိုင်ငံရဲ့အကြီးဆုံး နဲ့အလှဆုံး ရထားဘူးတာကြီးဖြစ်ပြီး အနီနဲ့အဝါရောင်စပ်ထားတဲ့အဆောက်အဦးက
Retro vibe ကိုအပြည့်နဲ့ပေးတဲ့အတွက်
📸 ဓာတ်ဖမ်းချင်သူတွေအတွက် မျက်စိကျစရာနေရာတစ်ခုပါ။ 😍

🎡 3. Cicada Market & Tamarind Night Market

🌌Weekendကို Hua Hin မှာဖြတ်သန်းမယ်ဆို သွားလည်လို့ရတဲ့ night market ၂ခု …
💛Cicada Market မှာတော့ ထူးထူးခြားခြားအမှတ်တရလက်ဆောင်ပစ္စည်းလေးတွေဝယ်လို့ရပီး 🎶 Live music တွေ Talent Show တွေအပြင် ပန်းချီအနုပညာလက်တွေပါ ကြည့်ရှုခံစားနိုင်ပါတယ်။
💛Tamarind Market လေးကတော့
အစားအသောက်သီးသန့် zone လို့ပြောရပြီး သောက်စရာ Drinks အမျိုးမျိုး, အကင်တွေ, ထိုင်းအစားစာတွေရှိပါတယ်။ 🍻🍢

💙4. Santorini Park

Hua Hin မှာရှိတဲ့ဥရောပရောက်သွားသလိုခံစားရစေမယ့်နေရာလေးပါ။ 🤩
အဖြူရောင် နဲ့ အပြာရောင် ရောစပ်ထားတဲ့ ဂရိပုံစံ အဆောက်အဦးတွေနဲ့ ကစားစရာ ချားရဟက်အစုံရှိတဲ့အတွက်
မိသားစုတွေသွားရောက်လည်ပတ်လို့ကောင်းတဲ့နေရာတစ်ခုပါ။🚘

🌺 5. The Venezia Hua Hin

🪄ဒါကတော့ အီတလီနိုင်ငံရဲ့ အချစ်မြို့လေး Venice ကဲ့သို့တည်ဆောက်ထားတဲ့နေရာလေးပါ။ ဗင်းနစ်မြို့ရဲ့ signature 🚣 Gondola လေးလည်းရှိတဲ့အတွက်ဓာတ်ပုံရိုက်ရတာကြိုက်သူများအတွက် သွားလည်သင့်တဲ့နေရာတစ်ခုပါပဲ။ 🥰

🌿 8. Hua Hin Hills Vineyard (Monsoon Valley)

🏞️တောင်ပေါ်ကစပျစ်ခြံလေးကို
Shuttle bus လေးနဲ့တက်ရင်း
🍇 Wine tasting လုပ်မလား
🌄 Valley viewကြည့်မလား
သဘာဝအလှတွေကိုခံစားရစေမယ့်လက်မလွတ်သင့်တဲ့ romantic spot တစ်ခုပါ။

🐑 9. Swiss Sheep Farm

🏞️ဆွစ်ဇာလန်နိုင်ငံလယ်တောလေးထဲရောက်သွားသလိုထင်မှတ်ရတဲ့ ဟွာဟင်းကသိုးခြံ​လေး။ သိုးလေးတွေကိုအစားကျွေး ဆော့ကစားရင်း ဓာတ်ပုံလဲရိုက်လို့ရတဲ့အပြင် လေရဟက်ကြီးတွေနဲ့ အရမ်းလှတဲ့ပန်းခင်းကြီးလဲရှိပါသေးတယ်။ 🌸

🛍️10. Cha-Am outlet

ဒီနေရာတော့ shopping lover တွေအတွက်တော့အကြိုက်တွေ့စေမယ့် နာမည်ကျော် Branded ပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးတဲ့ outlet mall တစ်ခုပါ။🏢

🌟 Hua Hin ကိုဘာကြောင့်လည်လဲဆိုရင်တော့?

✔ Bangkok နဲ့နီးတယ်၊ နေ့ချင်းပြန်သွားလို့ရတယ်
✔ Crowded မဖြစ်ဘူး
✔ Beach + Night Market + Café vibes ကို တစ်ခါတည်းရတယ်
✔ သူငယ်ချင်း မိသာစုတွေအတွက်ပါ
လည်ဖို့အဆင်ပြေတဲ့နေရာလေးတစ်ခု။

ဒီတော့ဟွာဟင်းမြို့လေးကို သွားလည်ချင်တယ်ဆိုရင် Ekarit Travel and Tour ကိုသာလာခဲ့လိုက်ပါနော်။🥰

✈️ Ekarit Travel and Tour မှာဆိုရင်
Flight Ticket ✈️
Hotel Booking 🏨
Tour Package 🌏
Attraction Tickets 🎟️
အကုန်တစ်နေရာထဲမှာရနိုင်ပါတယ်။

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007

ကားလား ? ရထားလား ? 🧐လေယာဉ် နဲ့သွားချင်လား ကားစင်းလုံးငှါးချင်လား? 🤔ခရီးသွားဖို့ ဘာပဲလိုလို Ekarit Travel and Tour ရှိတယ်...
17/11/2025

ကားလား ? ရထားလား ? 🧐
လေယာဉ် နဲ့သွားချင်လား ကားစင်းလုံးငှါးချင်လား? 🤔
ခရီးသွားဖို့ ဘာပဲလိုလို Ekarit Travel and Tour ရှိတယ်နော်။ 💛

🚘ခရီးထွက်ဖို့ စီစဉ်နေတယ်ဒါပေမဲ့ service အမျိုးမျိုးကို သီးသန့်ရှာနေရတာ ကားစီးချင်ရင်တစ်နေရာ, လေယာဉ်လက်မှတ်ဝယ်ဖို့တစ်နေရာ… ဖြစ်နေလို့ အလုပ်ရှုပ်နေရပီဆို အဲ့တာတွေကို Ekarit Travel and Tour မှာ one stop service အနေနဲ့စီစဉ်ပေးထားပါတယ်။ 🤩

🙏ဧကရာဇ်ရဲ့ Ticket Service တွေကတော့…
🚌 Bus Tickets (ပြည်တွင်းခရီးစဉ်များ)
🚃 Train Tickets
✈️ Domestic & International Flight Tickets
🚘 Car Rental (ထိုင်း Driver ပါဝင်တဲ့ ကားစင်းလုံးငှါးဝန်ဆောင်မှု)
စတဲ့ဝန်ဆောင်မှုတွေကို အဆင်ပြေလွယ်ကူချောမွေ့စွာရယူနိုင်ပါတယ်။

💡 ဘာတွေကောင်းသလဲ?

🔸 One Stop Service - ခရီးစဉ်အမျိုးမျိုးကို service အမျိုးမျိုးကို တစ်နေရာတည်းကနေဝန်ဆောင်မှုရှိတယ်

🔸 Best Price Options - သင့် budget နဲ့ကိုက်ညီတဲ့ အသက်သာဆုံးဈေးနှုန်းနဲ့စီစဉ်ပေးမှာဖြစ်ပါတယ်။

🔸 Fast & Accurate Booking - page messenger မှာ Hi တစ်လုံးနဲ့တင်, အပြေးလေးချက်ချင်း စစ်ပြီး Confirm လုပ်ပေးမှာပါ။

🔸 Car Rental Convenience — Group trip, family trip, company trip တွေအတွက် ဘယ်နှစ်ယောက်စီးကားလိုချင်လဲ…ထိုင်း Driverပါ အပါ ကားစင်းလုံးငှား စီစဉ်ပေးမှာပါ။

ဒီတော့ ပြည်တွင်းပြည်ပ အပျော်ခရီးအတွက်ပဲဖြစ်စေ အလုပ်ကိစ္စခရီးသွားဖို့အတွက်ပဲဖြစ်စေ လေယာဉ်လက်မှတ်၊ကားလက်မှတ်၊ ရထားလက်မှတ် စသဖြင့် လိုအပ်လာပါက Ekarit Travel and Tour မှာ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါပီနော်။ 🤩

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007

🌴🌊 Da Nang — ပင်လယ်ဘေးက အေးချမ်းနေတဲ့ မြို့လေး 🇻🇳✨ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိတဲ့ ဒါနန်း မြို့လေးဟာ ရှေးဟောင်းရ...
16/11/2025

🌴🌊 Da Nang — ပင်လယ်ဘေးက အေးချမ်းနေတဲ့ မြို့လေး 🇻🇳✨

ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိတဲ့ ဒါနန်း မြို့လေးဟာ ရှေးဟောင်းရိုးရာယဉ်ကျေးမှု၊ ပင်လယ်ကမ်းခြေသဘာဝအလှအပ၊ modern city vibe နဲ့ Night life ကို တနေရာတည်းအကုန်မြင်တွေ့နိုင်တဲ့ မြို့လေးတစ်မြို့ပါ။

ဒါနန်းရောက်ရင်ဘယ်သွားရမလဲမသိတဲ့သူတွေအတွက် ဧကရာဇ်ကနေ ဒါနန်းက လည်ပတ်စရာနေရာတွေကို မျှဝေလိုက်ပါတယ်နော်…

🌁 Golden Bridge – Bana Hills

Da Nang သွားရင် မသွားမဖြစ်နေရာကတော့ တောင်ထိပ်ပေါ်မှာရှိတဲ့ထူးခြား လက်ဝါးကြီးအကြား တည်ဆောက်ထားတဲ့ ရွှေလက်တံတာကြီး (ခေါ်) Golden Bridge ပါပဲ။ သဘာဝအလှတရားတွေကို Cable car လေးစီးရင်းခံစားနိုင်တဲ့
Golden Bridge ရဲ့အောက်က Bana Hills Theme Park မှာရှိတဲ့
French Village 🏰
Flower Garden 🌸
Fantasy Park 🎡 တို့မှာလည်း ဝင်လည်လို့ရပါသေးတယ်။

🏖️ My Khe Beach

အာရှရဲ့အလှဆုံးကမ်းခြေထဲကတစ်ခုဖြစ်တဲ့ My Khe Beach မှာတော့ သဘာဝပင်လယ်အရသာကိုခံစားရင်း water activities တွေပါလုပ်နိုင်ပါသေးတယ်။ 🏊‍♂️🏄

🪨 Marble Mountains (Ngũ Hành Sơn)
ဒီနေရာကတော့ သဘာဝထုံးကျောက်နဲ့ စကျင်ကျောက်တောင်တွေရှိပီး တောင်တွေထဲမှာ ကျောက်လှိုင်ဂူတွေရှိတဲ့အပြင် ဘုရားတွေပါမြင်တွေ့နိုင်ပါတယ်။

🌉 Dragon Bridge – Night Show

Da Nang နဲ့ထင်ရှားတဲ့ city icon တစ်ခုကတော့ Dragon Bridge 🐉ဖြစ်ပါတယ်။ ဟန်မြစ်ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ဒီတံတားဟာညဘက်ဆိုမီးရောင်စုံတွေနဲ့အရမ်းလှတဲ့အပြင်သောကြာ၊ စနေ၊ တနင်္ဂနွေ ညတိုင်းမှာ နဂါးက မီးနဲ့ရေမှုတ်ထုတ်တဲ့ show ကိုလည်းကြည့်နိုင်ပါတယ်။ 🔥💦

🏞️ Son Tra Peninsula (Monkey Mountain)

Da Nang ရဲ့သဘာဝကမ္ဘာထဲက
စိမ်းစိမ်းလဲ့လဲ့ သဘာဝတောအုပ်ကြီး
ကို ခံစားချင်သူ‌တွေအတွက် တောင်ထိပ် viewpoint ထဲကနေ My Khe Beach ရဲ့💙 ပြာလဲ့လဲ့ပင်လယ်ပြင်ရဲ့အလှကိုမြင်ရပါတယ်။ တစ်ခါတလေ မျောက်လေးတွေကိုလည်းမြင်တွေ့နိုင်ပါတယ်။

🛕 Linh Ung Pagoda (Lady Buddha)
ဒါနန်းမြို့အလှကိုကြည့်ရှုခံစားရင်း Son Tra Peninsula ပေါ်မှာတည်ရှိတဲ့ Linh Ung ဗုဒ္ဓရုပ်ပွါးတော်မြတ်ကိုလဲဖူးမြော်နိုင်ပါတယ်။

🏘️ Hoi An Ancient Town

Da Nang ကနေ ၄၀ မိနစ်သွားရုံနဲ့ရောက်တဲ့ UNESCO စားရင်းဝင်ရှေးဟောင်းမြို့လေး။

🥥 Coconut Village

Da Nang ကနေ ၃၀–၄၀ မိနစ်တည်းနဲ့ရောက်နိုင်တဲ့ Coconut Village မှာတော့ ဒေသခံတွေနဲ့အတူ basket boat လေးစီးရင်း မတူညီတဲ့အတွေ့အကြုံအသစ်ကိုခံစားနိုင်ပါတယ်။

🌹 Le Jardin D’Amour (Ba Na Hills)

Ba Na Hills ထဲမှာရှိတဲ့ စိတ်ကူးယဉ်
ပန်းခြံတစ်ခုဖြစ်ပြီးဥရောပပုံစံဥယျာဉ်ပန်းခင်းတွေနဲ့ အလှရုပ်တုတွေရှိလို့ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာတစ်ခုပါ။

✨ ဒါကြောင့် ဒါနန်းမြို့လေးက
သဘာဝ + အေးချမ်းမှု + Romance
ကိုအကောင်းဆုံးပေါင်းစပ်ထားတဲ့ မြို့လေးတစ်မြို့ပါပဲ 🌴💛

✈️ Ekarit Travel and Tour မှာဆိုရင်
Flight Ticket ✈️
Hotel Booking 🏨
Tour Package 🌏
Attraction Tickets 🎟️
အကုန်တစ်နေရာထဲမှာရနိုင်ပါတယ်။

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007



mical007

✨ Hotel Booking မလုပ်ခင်သင့်ထားသင့်တဲ့အချက်တွေ ✨ခရီးသွားဖို့အတွက်…✈️ Flight Ticketလည်းဝယ်ပြီးပြီ🧳 ပစ္စည်းတွေလဲထုပ်ပိုးပြ...
15/11/2025

✨ Hotel Booking မလုပ်ခင်သင့်ထားသင့်တဲ့အချက်တွေ ✨

ခရီးသွားဖို့အတွက်…
✈️ Flight Ticketလည်းဝယ်ပြီးပြီ
🧳 ပစ္စည်းတွေလဲထုပ်ပိုးပြီးပြီ
📸 သွားလည်ရမဲ့နေရာPlanတွေလည်းစီစဉ်ပြီးပြီ…
ဒါပေမဲ့ hotel booking ကို မသေချာရွေးမိရင်တော့ ပျော်ရွှင်မယ့် ခရီးလေးက
“ဟင်…😔” ဆိုပြီး အနည်းငယ် mood down ဖြစ်သွားတတ်ပါတယ်။

😴ခရီးတစ်ခုသွားတဲ့အခါ ကိုယ့်ရဲ့ အိပ်စက်နားခိုရမယ့်နေရာကအရေးကြီးတဲ့အတွက် Hotelကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့ကခရီးသွားတဲ့အခါအရေးကြီးဆုံး step တစ်ခုပါပဲ။ 💢

အဲ့ဒီအတွက် Hotel Booking မလုပ်ခင် သိထားသင့်တဲ့ Helpful tips ကို ဧကရာဇ်ကနေ မျှဝေပေးသွားမှာပါ 🏨✨

🗺️ 1. Location (နေရာရွေးချယ်မှု)

ဟိုတယ်ရဲ့နေရာက ခရီးတစ်ခုမှာအဓိကကျပါတယ်။
✔ ကိုယ်သွားလည်ဖို့ plan ထားတဲ့နေရာတွေနဲ့ ဘယ်လောက်နီးလဲ?
✔ Food street, café zone, night market တွေအနီးအနားမှာရှိလား?

အဲ့ဒါတွေအတွက် Maps ထဲမှာ “walking distance” ကိုကြည့်ပြီး
ကိုယ့် plan ထဲကနေရာတွေနဲ့ အဆင်ပြေ လားဆိုတာကို ကြိုတင်စစ်ကြည့်ဖို့လိုပါတယ်။

🛏️ 2. Room Type မှန်မမှန်စစ်ကြည့်ခြင်း

Hotel website မှာပြထားတဲ့ပုံတွေထဲကလိုအခန်းလှလှလေးတွေလိုမဟုတ်ပဲ အပြင်လက်တွေ့မှာကွာခြားတတ်တာတွေရှိပါတယ်။😅

✔ Room size
✔ Bed type (Twin, Double, King)
✔ Balcony ရှိ/မရှိ
✔ City view / sea view ဟုတ်မဟုတ်
✔ Bathroom type (Glass see-through? Closed?)

စတဲ့အချက်တွေကို review section မှာ
“room details”တွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ အမှန်တကယ် ကိုယ်နေမယ့်အခန်းကိုသိရပါလိမ့်မယ်။

⭐ 3. Google Map Reviews

Review တွေမှာ Rating 8.5 ဆိုတာ နဲ့ မလုံလောက်တော့ဘူးနော်။ လက်တလောသွားထားတဲ့သူတွေရေးတဲ့ recent reviews (၃ လအတွင်း) ကိုကြည့်ဖို့လိုပါတယ်။ အဲ့ဒီထဲမှာ…
✔ အခန်းသန့်ရှင်းရေး 🤍
✔ WiFi အဆင်မပြေ
✔ Water heater အလုပ်လုပ်/မလုပ်
✔ AC အေး/မအေး
✔ Staff behavior
✔ Breakfast quality
စတဲ့Review တွေကိုဖတ်ပြီးမှ booking လုပ်ရင်တော့ “ဟင်ဒီလိုကြီးလား…” ဆိုတဲ့ surprise တွေကို လျှော့ချပေးပါလိမ့်မယ်။😉

🏨 4. Hotel Facilities

ကိုတည်းမယ့် Hotel မှာ Facilities အနေနဲ့ဘာတွေပါလဲ။ Fancy pool, gym, spa…တွေကိုကြိုတင်စစ်ဆေးခဲ့တာတောင် တစ်ခါတလေ “temporary closed” ဆိုတာတွေရှိတတ်ပါတယ်။
ဒါကြောင့်
✔ Swimming pool ဖွင့်/မဖွင့်
✔ Gym 24 hours?
✔ Room service
✔ Elevator တစ်ခုတည်းလား?
✔ Parking ပြဿနာရှိ/မရှိ
✔ Laundry service
စတာတွေအတွက်လဲ Hotel booking မလုပ်ခင်မှာကြိုတင်သိထားသင့်ပါတယ်။

💰 5. Hidden Fees & Deposit

ခရီးသွားတွေအတွက်အမြဲတမ်းစိတ်ပူစေတဲ့အချက်ကတော့ hidden charges တွေပါပဲ😅

✔ Tourist tax
✔ Environmental fee
✔ Deposit 500–2,000 ฿ / USD 50–200
✔ Breakfast separate charge
✔ Early check-in fee / Late check-out fee
စတဲ့ hidden cost တွေရှိမရှိကိုလဲ Booking မလုပ်ခင် policies section ကို အေးဆေးဖတ်ကြည့်ထားရင်
Check-in counter ရောက်မှ လန့်စရာမလိုတော့ဘူးနော်။

⏰ 6. Check-in / Check-out Time

ကိုယ့်ရဲ့လေယာဉ်ချိန်ကမနက်အရမ်းစောနေတာတို့၊ ညဘက်အရမ်းနောက်ကျတာတို့ဆိုရင် Hotel check in မရတဲ့အချိန်ဆို အခန်းမရရင် ခေါင်းကိုက်ရပါတယ်။ အဲ့ဒီအတွက်ကြောင့်
✔ Early check-in ရမလား
✔ Luggage drop ရလား
✔ Late check-out negotiation ရမလား ဆိုတဲ့ ဒီအချက်လေးတွေကိုလည်း
သွားမယ့်နေ့ထိ confirm လုပ်ထားရင်တော့ ခေါင်းကိုက်စရာမလိုတော့ဘူးပေ့ါ။

✈️ 7. Airport Distance & Transport Options

✔ Airport shuttle ပါ/မပါ
✔ Grab price estimate
✔ Public transport လမ်းကြောင်းဘယ်လိုရှိလဲဆိုတာလေးတွေလဲကြိုသိထားဖို့လိုပါတယ်။ အထူးသဖြင့် ညသန်းခေါင်လေယာဉ်ဆိုက်တဲ့အခါ ဒုက္ခမများရတော့ဘူးပေါ့။

💡 အနှစ်ချုပ်လေး အနေနဲ့ကတော့
✔ Location
✔ Real reviews
✔ Facilities
✔ Hidden fees
✔ Room details
ဒီ ၅ ခု စစ်ပြီးမှ reserved လုပ်မယ်ဆို stress ကင်းကင်းနဲ့ခရီးသွားနိုင်မှာပဲဖြစ်ပါတယ်။
အခုပြောသွားတဲ့ tips လေးတွေက အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် 🧳💛
ဒါတွေကို သေချာသိထားပြီး Hotel booking လုပ်မယ်ဆို ရာသီမရွေး၊ နိုင်ငံမရွေး သွားမယ့်ခရီးစဉ်တိုင်းက အမြဲပျော်စရာကောင်းနေမှာပါ။

✈️ Ekarit Travel and Tour မှာဆိုရင်
Flight Ticket ✈️
Hotel Booking 🏨
Tour Package 🌏
Attraction Tickets 🎟️
အကုန်တစ်နေရာထဲမှာရနိုင်ပါတယ်။

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007

🌸 သဘာဝနဲ့ယဉ်ကျေးမှုအနုပညာ ပေါင်းစပ်နေတဲ့ မြို့လေး - Chiang Mai 🇹🇭မြန်မာနဲ့နီးနီးနားနားမှာရှိတဲ့ ချင်းမိုင်မြို့ (Chiang ...
14/11/2025

🌸 သဘာဝနဲ့ယဉ်ကျေးမှုအနုပညာ ပေါင်းစပ်နေတဲ့ မြို့လေး - Chiang Mai 🇹🇭

မြန်မာနဲ့နီးနီးနားနားမှာရှိတဲ့ ချင်းမိုင်မြို့ (Chiang Mai) ဟာ ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာရှိပီးတောင်တန်းတွေ၊ ရေတံခွန်တွေ နဲ့ ရှေးဟောင်းဗိသုကာဆန်တဲ့ဘုရားများနဲ့ အေးချမ်းလှတဲ့မြို့လေးတစ်မြို့ပါ။ 🌿
ချင်းမိုင်မှာဘယ်နေရာတွေလည်ရမလဲဆိုရင်တော့….

🕍 Wat Phra That Doi Suthep

ချင်းမိုင်မြို့ကိုနောက်ခံထားတဲ့ Wat Phra That Doi Suthep တောင်ကတော့ တောင်ထိပ်ပေါ်ကနေ ချင်းမိုင်တစ်မြို့လုံးရဲ့အလှကိုကြည့်ရှုခံစားလို့ရပြီး 🌄 ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ သမိုင်းအနုပညာအလှကို တစ်ပြိုင်တည်းတွေ့နိုင်ပါတယ်။

🪷 Wat Chedi Luang

ချင်းမိုင်မြို့လယ်မှာရှိတဲ့ Wat Chedi Luang ဆိုတာကတော့ ခေတ်ဟောင်းဘုရားတစ်ဆူဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းရဲ့အနုပညာလက်ရာတွေကို မြင်တွေ့နိုင်ပါတယ်။

🍃 Chiang Mai Old City

ချင်းမိုင်ရဲ့အနှစ်သာရကတော့ Old City လို့ဆိုရပါမယ်။ ချင်းမိုင်မြို့ဟောင်းထဲမှာတော့ ရှေးဟောင်းဘုရားကျောင်းတွေ၊မြို့ကိုဝန်းရံထားတဲ့ ကျုံးနဲ့ တံတိုင်းဟောင်းတွေ နဲ့ ဗိသုကာအဆောက်အဦးတွေကို လမ်းလျှောက်ရင်းအေးအေးဆေးဆေးကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင်လမ်းဘေးစျေးသည်တွေလဲရှိတာကြောင့် street food ကောင်းကောင်းတွေစားလို့ရပြီး၊ အမှတ်တရပစ္စည်းတွေလဲဝယ်လို့ရပါသေးတယ်။

☕ Nimman Road (Nimman Haemin Area)

ဖက်ရှင်နဲ့ modern vibe တွေကိုကြိုက်တဲ့သူတွေအတွက်တော့ Nimman area ကမလည်မဖြစ်ပေါ့။
Cafe လေးတွေ၊ Vintage shop တွေ၊ Handcraft store လေးတွေ အပြည့်နဲ့လမ်းလေးတစ်လမ်းဖြစ်ပါတယ်။ 🛍️

🌲 Mae Kampong Village

Chiang Mai မြို့ကနေ တစ်နာရီခွဲလောက်ကားမောင်းရင်ပဲ ရောက်သွားနိုင်တဲ့ မယ့်ကဖောင်ရွာ လေးမှာတော့
🏡 တောင်တန်းဓလေ့အရသာရှိတဲ့အိမ်လေးတွေ၊
☕တောင်တန်းတွေကြားကကော်ဖီဆိုင်လေးတွေ၊
တောင်ကြားထဲကရေတံခွန်🌊
တွေကို ရွာထဲလျှောက်လည်းရင်း ဒေသခံဘဝပုံစံလေးတွေပါတွေ့မြင်ခံစားနိုင်ပါတယ်။

🌄 Mon Jam

Mon Jam ကတော့ချင်းမိုင်မှာအကျော်ကြားဆုံး View Point တစ်ခုပါ။
တောင်တန်းပေါ်ကနေ မိုးတိမ်တွေထဲကမြို့လှလှလေးကိုကြည့်ရင်း 🌫️
အေးအေးဆေးဆေးလေးအနားယူဖို့အတွက် အကောင်းဆုံးနေရာပါ။ ညအိပ်တည်းခိုဖို့ Tent တွေ Dome ပုံစံ hotel လေးတွေလဲရှိပါတယ်။ alpacas လေးတွေ ပန်းခင်းလေးတွေလည်းရှိလို့ သဘာဝအလှတွေကိုအနီးကပ်တွေ့မြင်နိုင်ပါတယ်။ 🍃

🐘 Elephant Nature Park

ချင်းမိုင်ဆိုတာနဲ့ လက်မလွတ်သင့်တာတစ်ခုကတော့ Elephant Nature Park ဖြစ်ပါတယ်။ လှပတဲ့တောတောင်သဘာဝနဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်မှုကို အခြေခံထားတဲ့နေရာဖြစ်ပြီး🐘
ရေထဲမှာဆော့နေတဲ့ ဆင်လေးတွေကိုအဓိကမြင်တွေ့နိုင်ပါတယ်။ 💦

🏮 Chiang Mai Night Bazaar

ညဘက်ဆိုရင်တော့ ညစျေးတွေထဲကနေ အစားအသောက်ကောင်းကောင်းတွေနဲ့ Handicraft souvenir တွေကို လျှောက်ကြည့်လို့ရပါတယ်။
ထိုင်းရဲ့ traditional dance show 🎭 နဲ့hand-woven cloth များကိုလည်း မြင်တွေ့နိုင်ပါတယ်။

🌤️⛰️ Doi Inthanon National Park

ထိုင်းနိုင်ငံအမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီးChiang Mai ရဲ့ Pride လို့ပြောလို့ရတဲ့ Doi Inthanon မှာဆိုရင် ဘုရင်နဲ့မိဖုရားအတွက် တည်ထားတဲ့
King & Queen Pagodas (Twin Pagodas) ၊ Doi Inthanon ရဲ့ အဓိက ရေတံခွန်Wachirathan Waterfall ၊
မိုးတိမ်ထဲကနေ နေထွက်တာကို မြင်ရပြီး တောင်တန်းတွေနဲ့ထိတွေ့နေတဲ့ panoramic view ကိုခံစားနိုင်တဲ့ Kew Mae Pan Nature Trail စတဲ့
နေရာတွေကိုလည်ပတ်နိုင်ပါတယ်။

🌾 Pai

ချင်းမိုင်ကနေ ၃နာရီခန့်ကားမောင်းရုံနဲ့ Pai ဆိုတဲ့မြို့လေးကို ရောက်နိုင်ပါတယ်။ မနက်ခင်းမှာ တောင်ပေါ်ကနေ မိုးတိမ်ထဲက နေထွက်တာကိုကြည့်လို့ရပြီး🌤️ Café လေးတွေနဲ့ handmade art store လေးတွေလည်းရှိတာကြောင့်တောင်တန်းအေးလေးတွေအနားယူမယ်ဆို လာလည်သင့်ပါတယ်။🪻

🔹ဒီလောက်ဆိုရင်တော့ ချင်းမိုင်မြို့ကိုရောင်ရင် ဘယ်နေရာတွေသွားသင့်လဲသိလောက်ပြီထင်ပါတယ်။ ✨

လန်းဆန်းတဲ့လေ၊ သဘာဝအလှနဲ့ ထိုင်းမြောက်မိုင်း ယဉ်ကျေးမှုအနုပညာတွေကို ခံစားချင်တဲ့သူအတွက် Chiang Mai ဟာ တကယ်အေးချမ်းလှတဲ့အမှတ်တရမြို့လေးပါပဲ။ 💛

✈️ Ekarit Travel and Tour မှာဆိုရင်
Flight Ticket ✈️
Hotel Booking 🏨
Tour Package 🌏
Attraction Tickets 🎟️
အကုန်တစ်နေရာထဲမှာရနိုင်ပါတယ်။

📥 အသေးစိတ်မေးမြန်းချင်ရင် Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်နော် 😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007


🕍 ရှေးဟောင်းမြို့လေး Hanoi🇻🇳 ဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်း မှာရှိတဲ့ အနုပညာနဲ့ ယဉ်ကျေးမှု အပြည့်အဝရှိတဲ့ Hanoi မြို့ ဟာ...
14/11/2025

🕍 ရှေးဟောင်းမြို့လေး Hanoi

🇻🇳 ဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်း မှာရှိတဲ့ အနုပညာနဲ့ ယဉ်ကျေးမှု အပြည့်အဝရှိတဲ့ Hanoi မြို့ ဟာ ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဖြစ်ပြီး၊ ရှေးဟောင်းအဆောက်အအုံတွေနဲ့ သဘာဝအေးချမ်းမှုတို့ ပေါင်းစပ်နေတဲ့မြို့လေးပါ။ 🌄
ဟနွိုင်းမြို့ကိုရောက်ပြီဆိုရင် ဘယ်နေရာတွေသွားလည်သင့်လဲဆိုတာ ပြောပြပေးပါမယ်နော်။ 😍

🌅 Hoàn Kiếm Lake

ဟနွိုင်းမြို့အလယ်ဗဟိုမှာရှိတဲ့ Hoàn Kiếm Lake ဟာ အကျော်ကြားဆုံး landmark တစ်ခုဖြစ်ပါတယ်။
နံနက်ခင်းဆိုရင် ဒေသခံတွေ လေ့ကျင့်ခန်းလုပ်နေကြပြီး 🌤️
ညနေပိုင်းမှာလည်း ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ထဲမှာ လမ်းလျှောက်ထွက်ဖို့အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။ 🚶🏻
ကန်အလယ်မှာရှိတဲ့ Turtle Tower ကတော့ ဗီယက်နမ်အမျိုးသားသမိုင်းနဲ့ပတ်သက်တဲ့ သင်္ကေတတစ်ခုပါ။ 🐢

🛕 Ngoc Son Temple

Hoàn Kiếm Lake အလယ်ကကျွန်းပေါ်မှာရှိတဲ့ Ngoc Son Temple ကိုသွားဖို့ဆိုရင် အနီရောင်တံတားလေးကိုဖြတ်သွားရပါတယ်။ 🌉
ဗီယက်နမ်ရဲ့စစ်သူရဲကောင်း Tran Hung Dao ကို ဂုဏ်ပြုဖို့ တည်ဆောက်ထားပြီး၊ ငြိမ်းချမ်းတဲ့အေးအေးလေးနေရာလည်းဖြစ်ပါတယ်။ 🌿

🏙️ Hanoi Old Quarter

Hanoi မြို့ရဲ့အနှစ်သာရကို သိချင်ရင်တော့ Old Quarter ဆိုတာမလည်မဖြစ်နေရာပါ။
🛍️ Souvenir shop, Street food, Traditional clothing store တွေနဲ့ စည်ကားနေပြီး ဗီယက်နမ်ရဲ့ authentic lifestyle ကို အနီးကပ်ခံစားနိုင်ပါတယ်။
ဒါ့အပြင် နာမည်ကြီး Vietnamese Egg Coffee ☕ တစ်ခွက် သောက်ဖို့လည်း မမေ့ပါနဲ့နော်။ 😋

🚆 Train Street Cafés

ဟနွိုင်းရဲ့ ထူးခြားဆုံး နေရာတစ်ခုကတော့ Train Street ဖြစ်ပါတယ်။
ဒီနေရာမှာတော့ ရထားလမ်းကြားထဲမှာပဲ ဖွင့်ထားတဲ့ လမ်းဘေးကော်ဖီဆိုင်လေးတွေဖြစ်ပြီး
☕ The Railway Café, Track 5 Café လိုနေရာလေးတွေကနဲ့ Egg Coffee သောက်ရင်းရထားဖြတ်သန်းသွားတာကို အနီးကပ်ကြည့်ရှုနိုင်ပါတယ်။
ရထားအသံနဲ့ကော်ဖီအနံ့ပေါင်းစပ်နေတဲ့ အဲ့တစ်အချိန်ကတော့ Hanoi ရဲ့ unforgettable moment တစ်ခုပဲ။ 🚉💫

🏯 Temple of Literature

ကွန်ဖြူးရှပ် ကို ဂုဏ်ပြုဖို့ တည်ထားတဲ့ Temple of Literature ဟာ
ဗီယက်နမ်ရဲ့ပထမဆုံးတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ 📜
ပညာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကြည့်ရှုခံစားနိုင်တဲ့ အေးချမ်းတဲ့နေရာလေးပါ။ 🍃

🕊️ Ho Chi Minh Mausoleum

ဗီယက်နမ်အတွက် အရေးပါဆုံးသူတစ်ဦးဖြစ်တဲ့ Ho Chi Minh ဗိုလ်ချုပ်ကြီး ရဲ့အလောင်းကို ထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ်။
အနီးမှာရှိတဲ့ Presidential Palace နဲ့ One Pillar Pagoda တို့လည်း သမိုင်းနဲ့ယဉ်ကျေးမှုအနုပညာတွေကို လေ့လာဖို့အတွက် အပြည့်အဝတန်တဲ့နေရာပါ။ 🏛️✨

🌄 Tràng An – Ninh Bình

ဟနွိုင်းကနေ တစ်နာရီခန့်ကားမောင်းရုံနဲ့ ရောက်နိုင်တဲ့ Ninh Bình ရွာလေးမှာတော့ စပါးခင်း၊ တောင်တန်းနဲ့ မြစ်အလှရှုခင်းတွေကြား လှေလှော်ရင်း သဘာဝအေးချမ်းမှုကိုခံစားနိုင်ပါတယ်။ 🚣‍♀️
သဘာဝနဲ့ယဉ်ကျေးမှု ပေါင်းစပ်နေတဲ့ နေရာလေးဆိုတာ မသွားမဖြစ်ပါပဲ။ 🌾

🎭 Thang Long Water Puppet Theatre

ဗီယက်နမ်ရဲ့ traditional performance ဖြစ်တဲ့ Water Puppet Show ကိုကြည့်ဖို့အတွက်နေရာတစ်ခုပါ။ ရေပေါ်က ဇာတ်ကောင်လှလှလေးတွေနဲ့ ဗီယက်နမ်ရဲ့ ဂီတနဲ့ယဉ်ကျေးမှုတန်ဖိုးတွေကို ပျော်ရွှင်စွာခံစားနိုင်ပါတယ်။ 💃🎶

🌊 Ha Long Bay

ဟနွိုင်းကနေ သုံးနာရီခန့်ကားစီးရုံနဲ့ ရောက်နိုင်တဲ့ Ha Long Bay ဟာ
ဗီယက်နမ်ရောက်ရင် မဖြစ်မနေသွားသင့်တဲ့ UNESCO World Heritage Site တစ်ခုဖြစ်တဲ့အလျှောက် သဘာဝ ထုံးကျောက်တောင်ကြီးတွေကြားကနေ
🛥️ Cruise စီးရင်း Kayaking လုပ်ရင်း
နေဝင်ချိန်ကိုသဘာဝအလှကိုခံစားနိုင်ပါသေးတယ်။ 🌅

🔹 ဒီလောက်ဆိုရင်တော့ ဗီယက်နမ် Hanoi မြို့လေး ရောက်ရင် ဘယ်နေရာတွေသွားလည်သင့်လဲ ဆိုတာသိလောက်ပီထင်ပါတယ်။ ✨

🇻🇳 Vietnam သွားလည်ချင်သူလေးတွေ အတွက်တော့ Ekarit Travel and Tour ကို Hello ☎️ လိုက်ရင်တစ်ခါတည်းOne Stop Service အနေနဲ့ဆောင်ရွက်ပေးနေပါပြီ။ 🤩

💛 Ekarit Travel and Tour မှာဆိုရင်
✈️ Flight Ticket
🏨 Hotel Booking
🎟️ Attraction Tickets
🗺️ Tour Package စီစဉ်ခြင်းအထိ အားလုံးရနိုင်ပါတယ်။

အသေးစိတ်စုံစမ်းလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။ 📥😍

☎️ Phone
092-341-3777 / 095-843-0508
📲 Viber
+6692-341-3777 / +6695-843-0508
🔹 Line ID – mical007

#

ที่อยู่

IT Square Lak Si
Bangkok
10210

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ekarit Travel & Tour - เอกฤทธิ์ ทราเวล & ทัวร์ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์