19/08/2026
😍❤️ Happy 1 Year Anniversary, Kaung Kaung❤️😍
👉 2025 August 19 → 2026 August 19
ဒီနေ့ကတော့ Kaung Kaung In Bangkok ရဲ့ Page သက်တမ်း ၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ 🎉
ဒါပေမယ့်…
ဒီ ၁ နှစ်တာကာလအတွင်း
Page မှာ Post တင်ခဲ့တဲ့အရေအတွက်တွေ၊
ရခဲ့တဲ့ Like တွေ၊
ရခဲ့တဲ့ Booking အရေအတွက်တွေထက်…
Kaung Kaung အတွက် အရေးကြီးဆုံးအရာတစ်ခုရှိပါတယ်။
အဲ့ဒါကတော့
❤️ “ခရီးသည်တွေရဲ့ ယုံကြည်မှု” ပါပဲ။
အစကတော့
Kaung Kaung ကို မသိသေးတဲ့သူတွေကနေ…
“ယုံလို့ရပါ့မလား?”
“ဝန်ဆောင်မှုကောင်းပါ့မလား?”
“ပိုက်ဆံပေးပြီး အဆင်ပြေပါ့မလား?”
ဆိုတဲ့ မေးခွန်းတွေနဲ့ စတင်ခဲ့ကြပါတယ်။
ဒါပေမယ့်…
တစ်ခါလာဖူးတဲ့ ခရီးသည်က
နောက်တစ်ခါ ပြန်လာကြတယ်။
သူငယ်ချင်းတွေကို ညွှန်းပေးကြတယ်။
မိသားစုတွေကို ပြန်ခေါ်လာကြတယ်။
ပြီးတော့…
“Kaung Kaung ကို ယုံလို့ရတယ်” ဆိုတဲ့ စကားလေးတွေက
ဒီ ၁ နှစ်တာလုံးအတွက် Kaung Kaung ရခဲ့တဲ့ အကြီးမားဆုံးဆုလာဘ် ဖြစ်ခဲ့ပါတယ်။ 🥹❤️
🙏 2025 August 19 ကနေ 2026 August 19 အထိ
Kaung Kaung In Bangkok ကို
ယုံယုံကြည်ကြည်နဲ့ အားပေးခဲ့ကြတဲ့
ခရီးသည်တစ်ယောက်ချင်းစီတိုင်းကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ❤️
Kaung Kaung အတွက်
ခရီးသည်ဆိုတာ Booking တစ်ခုမဟုတ်ပါဘူး။
ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေလို
စိတ်ချလက်ချနဲ့ ခရီးသွားနိုင်အောင်
တာဝန်ယူပေးရမယ့်သူတွေပါ။
ဒါကြောင့် နောက်ထပ်လာမယ့်နှစ်တွေမှာလည်း…
ဝန်ဆောင်မှုကို ပိုကောင်းအောင်လုပ်မယ်။
ခရီးသည်တွေအပေါ် ပိုဂရုစိုက်မယ်။
ပိုပြီး စိတ်ရှည်ပေးမယ်။
ပြီးတော့…
“Kaung Kaung နဲ့ ခရီးသွားရတာ တန်တယ်”
ဆိုတဲ့ခံစားချက်ကို အမြဲပေးနိုင်အောင် ကြိုးစားသွားပါမယ်။ ❤️
🥂 Happy 1st Anniversary
Kaung Kaung In Bangkok 🎉
ဒီ ၁ နှစ်ကို အတူတူတည်ဆောက်ပေးခဲ့ကြတဲ့
ခရီးသည်အပေါင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ 🙏❤️
နောက်ထပ်နှစ်တွေကိုလည်း
အတူတူ ဆက်လျှောက်ကြရအောင်ဗျာ… 🥰
#ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ဝန်ဆောင်မှု
#ခရီးသည်တွေကတောင်ပြန်ပီးအားနာနေစေရမယ်