လေယာဉ်လက်မှတ်များဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းသည်

လေယာဉ်လက်မှတ်များဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းသည် ရိုးသားသော ဂုဏ် စားမကုန်

၂၀၂၅ခုနှစ် ဧပြီလ ၂၄ရက်နေ့ထိုင်းကို တရားမဝင်လာကြသည့် မြန်မာအလုပ်သမား သုံးဆယ်ဦးအဖမ်းခံရအလုပ်သမားဟစ်တိုင်တရားမဝင် ထိုင်းနို...
24/04/2025

၂၀၂၅ခုနှစ် ဧပြီလ ၂၄ရက်နေ့
ထိုင်းကို တရားမဝင်လာကြသည့် မြန်မာအလုပ်သမား သုံးဆယ်ဦးအဖမ်းခံရ
အလုပ်သမားဟစ်တိုင်
တရားမဝင် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြသည့်
မြန်မာအလုပ်သမား ၃၀ ဦးကို ယမန်နေ့က
နခေါစဝမ်ခရိုင် အင်နခေါစဝမ်မြို့ နောင်ကရွတ်ကျေးရွာ
အုပ်စု ၁အနီး ဖဟွန်ယိုထင် လမ်းမကြီးပေါ်တွင် နယ်မြေခံ
အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းလမ်းမကြီးပေါ်တွင် တာဝန်ရှိသူများက စစ်ဆေးရေး
များဆောင်ရွက်နေစဉ် ပစ်ကပ်ကားနှစ်စီးသည် ပုံမှန်ထက်
အလေးချိန်များပြီး အရှိန်ဖြင့်မောင်းနှင်လာသည်ကို မသင်္ကာ
သဖြင့် မီးအချက်ပြပြီး ရပ်တန့်စေကာ ယင်းကားကို စစ်ဆေး
ရာတွင် မြန်မာကားသမား နှင့် မြန်မာ နိုင်ငံသား ၂၀ ဦးတို့ကို
လည်းကောင် နောက်တစီးတွင် မြန်မာကားသမားနှင့် မြန်မာ
အလုပ်သမား၁၀ ဦးတို့ကို တွေ့ရကြောင်းသိရသည်။
ကားမောင်းသူများ၏ ထွက်ဆိုချက်အရ ယင်းအလုပ်သမားများ
ကို မဲ့ဆောက် မှ စမွတ်ဆာခွန်သို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းနှင့်
ပို့ဆောင်ခ တခေါက်လျှင် ဘတ် ၁၀၀၀၀ ရကြောင်းနှင့် အလုပ်
သမားများက ယခုလိုလာရောက်သည့် ကုန်ကျစရိတ်မရှိကြောင်း
အလုပ်သမားခေါ်ယူသူက ခရီးကုန်ကျစရိတ်ထုတ်ပေးကြောင်း
သိရှိရသည်။
ဆက်လက်ပြီး ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ ဆက်လက်
အရေးယူမည်ဖြစ်ကြောင်းသိရှိရသည်။


အိပ်ရေးရင်း Alarm ထမြည်လို့ အိပ်ချင်မူးတူးနဲ့ ပိုက်ဆံအိတ်ဆွဲပြီး ထပြေးရသေးတယ် ခဏနေ App ထဲဝင်ကြည့်တော့မှ Indonesia မှာ 5....
07/04/2025

အိပ်ရေးရင်း Alarm ထမြည်လို့ အိပ်ချင်မူးတူးနဲ့ ပိုက်ဆံအိတ်ဆွဲပြီး ထပြေးရသေးတယ် ခဏနေ App ထဲဝင်ကြည့်တော့မှ Indonesia မှာ 5.8 magnitude ငလျင်ဆိုတော့မှ ပြန်ပြီး အိမ်ထဲဝင်ရတယ်

ဖုန်းနှစ်လုံး စလုံးကထမြည်တော့ ပိုပြီးလန့် ဘာလို့မြည်တာလဲ ထိုင်းမှာနေတာဘဲ မြန်မာမှာထပ်လှုပ်တုန်းကရော တခြားနေရာတွေမှာတော့ 5 အထက်လှုပ်တုန်းက ရော Alarm မမြည်ဘဲ အခုမှထမြည်တော့ နှစ်ယောက်လုံး အတော်လန့်သွားတာ

အိပ်တောင်မအိပ်ရဲတော့ဘူး 🥹🥹🥹

အားလုံးမြင်တွေ့နိုင်အောင် Share ပေးကြပါခင်ဗျာ
03/04/2025

အားလုံးမြင်တွေ့နိုင်အောင် Share ပေးကြပါခင်ဗျာ

အာလုံးသတိရှိပါ ထိုင်းကအမျိုးတွေစမွတ်ပရာကန် ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးနေ၊ ဘန်ကောက်အပါအဝင် နေရာ (၅) ခုကိုလည်း ရေကြီး အန...
03/04/2025

အာလုံးသတိရှိပါ ထိုင်းကအမျိုးတွေ
စမွတ်ပရာကန် ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးနေ၊ ဘန်ကောက်အပါအဝင် နေရာ (၅) ခုကိုလည်း ရေကြီး အန္တရာယ်သတိပေးမှု ထုတ်ပြန်ထား

စမွတ်ပရာကန် ကမ်းရိုးတန်းဒေသတွေမှာ မနေ့က မနက်အစောပိုင်းကစပြီး ရုတ်တရက် မမျှော်လင့်ဘဲ ဒီရေတက်လာတဲ့အတွက် ရေအရင်းအမြစ်ထိန်းသိမ်းရေးရုံး ONWR က စမွတ်ပရာကန်အပြင် နောက်ထပ် ဒေသ (၄) ခုကို ရေကြီး အန္တရာယ် သတိပေးမှုထုတ်ပြန်ထားပါတယ်။

ဘန်ကောက်
စမွတ်ပရာကန်
စမွတ်စခွန်
နခွန်ပသွန်
စမွတ်ဆုန်ကရန် နားနေသူတွေအနေနဲ့ ဒီရက်ပိုင်း ရေကြီးမှုဖြစ်လာရင် ဘေးလွတ်ရာကို ရှောင်ဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။

ဒီရေကြီးမှုက မနေ့က မနက်ပိုင်းမှာ Soi Krathing Daeng နဲ့ Tambon Ban Khlong Suan တို့မွာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုလိုရေတွေတက်လာတဲ့အတွက် ONWR ရဲ့ ထုတ်ပြန်ချက်မှာ ကျောက်ဖယားမြစ်၊ သချင်မြစ်၊ မဲခလောင်မြစ်တွေမှာပါ ရေတွေတိုးဝင်လာပြီး ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အနားမွာ နေထိုင်တဲ့သူတွေသူအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ဆော်သြထားတာပါ။ သတင်းမပြတ်ကြည့်ကြဦးနော် အမျိုးတို့။

Ref: NT THAILAND
#ထိုင်းရောက်မြန်မာ

02/04/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ရန်ကုန်ရေ သန်မာထား"ဒို့ နိုင်ငံမှာ YGN တစ်မြို့ပဲ အကောင်းတိုင်းရှိတော့တာ Fighting YGN "ရန်ကုန် မင်းက တခြားမြို့တွေထက် ပိ...
02/04/2025

ရန်ကုန်ရေ သန်မာထား

"ဒို့ နိုင်ငံမှာ
YGN တစ်မြို့ပဲ အကောင်းတိုင်းရှိတော့တာ Fighting YGN "

ရန်ကုန်
မင်းက တခြားမြို့တွေထက် ပိုသန်မာနေမှ ရမယ်။

ရန်ကုန် ရေ..
မင်းက..မုန်တိုင်းဆိုလည်း မင်း
ရေကြီးရင်လဲ မင်း..ငလျှင်ဆိုရင်လဲ မင်း
မင်းက မပါမဖြစ် လိုက်ကူနေရတယ်။
ဒါကြောင့် မင်း သန်မာနေမှနော် ရန်ကုန်။

ရန်ကုန် ..ရေ
မင်းကို ဗီလိန်နေရာထား ရုပ်ရှင်ရိုက် စာတွေရေး သီချင်းတွေဆို ကတ်ဆတ်ဇတ်လမ်းတွေ သွင်း
ရန်ကုန်မှာ လူလိမ်ပေါတယ်
ရန်ကုန်သားတွေ လည်တယ်
ရန်ကုန်သူတွေ ညာတယ်
ရန်ကုန်ကလာရင် သတိထား
ဒီစကား ဒီစာတွေကြောင့် စိတ်မပျက်ပါနဲ့
မင်းကိုဘယ်လိုပဲ ဗီလိန်နေရာထားထား မင်းက အမြဲတမ်း ဇတ်လိုက် ပါ...
တစ်နေရာရာ တစ်ခုခုဖြစ်ရင် ဒီဗီလိန်တွေပဲ
ကာကယံရှင်တွေနဲ့ ထပ်တူ ခံစားကြရတာ..

ရန်ကုန်..ရေ
ငါတို့အားလုံးအတွက်
မင်းသန်မာနေမှရမယ်

Crd.

02/04/2025

ငလျင်ပထမဆုံး လှုပ်တဲ့ရက်ကမှတ်တမ်းတစ်ခု
တကယ်ဘေးကြုံလာရင် မိဘတွေသားသမီးအပေါ်
ဘယ်လောက်ထိကာကွယ်ပေးလည်းဆို
သမီးဖြစ်သူကို အဖေရောအမေရောက
တံတိုင်းသဖွယ် ချက်ခြင်းကာပေးတာနော်
သူတို့ကိုယ်ထည်အပြည့်နဲ့ သူတို့ထိခိုက်မှာကိုတောင်တွေးမနေနိုင်ပဲ သမီးကိုပဲစိတ်ပူပြီး ကာကွယ်ပေးကြတာ
မိဘမေတ္တာဆိုတာ တကယ်ကိုကြီးမားပါတယ်

✅ 4 လပိုင်း 5 ရက်နေ့ ည12နာရီ  အထိ  မြန်မာပြည်ကို 👉ဒီတက် +ထရူးမူ👈 ဆင်းကဒ်နှစ်မျိူးလုံး တစ်ရက် ⭐15 မိနစ်⭐  ဖရီးခေါ်လို့ရပါ...
31/03/2025

✅ 4 လပိုင်း 5 ရက်နေ့ ည12နာရီ အထိ မြန်မာပြည်ကို 👉ဒီတက် +ထရူးမူ👈 ဆင်းကဒ်နှစ်မျိူးလုံး တစ်ရက် ⭐15 မိနစ်⭐ ဖရီးခေါ်လို့ရပါတယ်။

👉အခက်ခဲဖြစ်နေတဲ့သူတွေသိအောင် ပို့စ်ကိုရှဲယ်သွားပေးပါ🙏

👉ဘယ်လိုခေါ်ရမလဲဆိုတော့ ဆင်းကဒ်နှစ်မျိုးလုံး
အရင်ဆုံး 👉 *900*8351 #👈ကိုနှိပ်ပြီးဖုန်းခေါ်ပေးပါ
ပြီးရင်စာအိတ်ဝင်လာတာကိုခဏစောင့်ပေးပါ✅
စာအိတ်ဝင်လာပြီးရင် စပြီးဖုန်းခေါ်လို့ရပါပြီ✅

ဒီတက်ဆိုရင် 👉 0040095 + မြန်မာပြည်ဖုန်းနံပါတ်11 လုံး ရှေ့ဆုံးက သုံညမပါရိုက်ထည့်ပြီးခေါ်ပါ(တစ်ရက် ၁၅မိနစ်ပဲနော်)

တရူးမူဆိုရင် 👉 0060095 + မြန်မာပြည်ဖုန်းနံပါတ်11 လုံး ရှေ့ဆုံးက သုံညမပါရိုက်ထည့်ပြီးခေါ်ပါ(တစ်ရက် ၁၅မိနစ်ပဲနော်)

29/03/2025

ကားရောင်းလို့ရတဲ့ သိန်း(၅၀၀) ကျော် ငွေကြေးကို ငလျင်ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေမှာ ထိထိရောက်ရောက် အကူအညီတွေ ပေးသွားမယ့် " နွယ်ပိုးအိမ်" အထည်ဆိုင်ပိုင်ရှင် ဦးဇင်ဘိုဘို

#ငလျင်

29/03/2025

ကားရောင်းလို့ရတဲ့ သိန်း(၅၀၀) ကျော် ငွေကြေးကို ငလျင်ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေမှာ ထိထိရောက်ရောက် အကူအညီတွေ ပေးသွားမယ့် " နွယ်ပိုးအိမ်" အထည်ဆိုင်ပိုင်ရှင် ဦးဇင်ဘိုဘို

#ငလျင်

ที่อยู่

Sanambin Sub-District, Don Mueang
Bangkok
10210

เบอร์โทรศัพท์

+959776237490

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ လေယာဉ်လက်မှတ်များဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းသည်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์