08/05/2024
💭 ထိုင်းနိုင်ငံမှာ ရေရှည် တရားဝင်နေချင်တဲ့ သူတွေအတွက် Long-term Visa အမျိုးအစားဖြစ်တဲ့ ED VISA အကြောင်း...
▪️Language School Study Program, University Study Program ဆိုပြီး နှစ်မျိုးရှိပြီး...
1. Thai
2. English
3. Chinese ဆိုပြီး ဘာသာစကား (၃) မျိုးကို ရွေးချယ်အပ်နှံ့နိုင်ပါတယ်။
▪️Language School Study Program မှာတော့ VISA သက်တမ်း ၁၂ လရပြီး
▪️University Study Program နဲ့ဆိုရင်တော့ VISA သက်တမ်း ၁၅ လရပါတယ်။
📇 VISA လျောက်ရန်အတွက်လိုအပ်ချက်တွေကတော့
1. Valid Passport
2. Arrival Stamp (ထိုင်းအဝင် Immigration မှာ တုံးထုပေးထားသည့်မျက်နှာစာ)
3. Photo (Passport Size)
4. TM 30
5. ကျောင်းမှပေးသည့်သက်ဆိုင်ရာ စာရွက်စာတမ်းတို့ပဲဖြစ်ပါတယ်။
😓 ED VISA လျောက်ထားရာမှာ ကြာချိန် ၄၅ ရက်ထိရှိတာမို့ TR VISA သမားများအတွက် ရောက်ရောက်ချင်းတန်းလုပ်တာပိုအဆင်ပြေနိုင်ပါတယ်။
🥰 Ed Visa ရရှိပါက Kasikorn Bank Account ကိုလဲ ကျောင်းမှ ပြင်ဆင်ပေးထားတဲ့ စာရွက်စာတမ်းတွေနှင့်အတူ အလွယ်တကူ ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။
💭 University Program နဲ့ ED VISA ပြောင်းထားသူများအတွက်ကတော့
1. ဒုတိယအကြိမ် extension တွင် တစ်နှစ် ရသောကြောင့် multiple re-entry ရခြင်း
2. ကျောင်းသားကဒ်လဲ ရတဲ့အတွက် Immigration တွင် ပြသရန် ပိုမိုအဆင်ပြေခြင်းစတဲ့ အားသာချက်တွေတော့ရှိပါတယ်။
💭 မင်မင် နောက်ရက်တွေမှာ ဘတ်ရိုက်တာအတွက် တင်ပေးသွားပါ့မယ်နော်...
🙏 ယခုပို့စ်အတွက် အချက်အလက်တချို့ကျန်ရှိခဲ့ခြင်း၊ လိုအပ်နေခြင်းများအတွက် လွတ်လပ်စွာထောက်ပြပေးနိုင်ပါတယ်။