Nyaung Taw New 23

15/12/2018

ရန်ကုန်မြို့တွင် ကျင်းပနေသည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားမှ ရခိုင်လူငယ်တစ်ဦးကို ရဲကဖမ်းဆီးခေါ်ဆောင်သွား

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာတွင် ပြုလုပ် ကျင်းပနေသည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှ ရခိုင်လူငယ် တစ်ဦးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရခိုင်လူငယ်မှာ ကိုရဲကျော်(ခ) ကိုနီအောင်ကျော်ဖြစ်ပြီး ယနေ့ ညနေ ၃ နာရီလောက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

“ သူ့ကို ပွဲခင်းထဲကနေ ရဲက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ သူ့ကို ရဲက ၀ရမ်းထုတ်ထားတယ်လို့တော့ ပြောပါတယ်။ အရင် စစ်တွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုမေယုထွန်း၊ ကိုဘိုဘိုတို့စတဲ့ လူငယ် သုံးဦးအမှုနဲ့ ငြိတယ်ဆိုပြီး ရဲက ၀ရမ်းထုတ်ထားတယ်လို့ သိရတယ်။ အခုသူ့ကို သာကေတ မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်ထားတယ်လို့ သိရပါတယ်” ဟု ကိုရဲကျော် ဖမ်းဆီးခံရစဉ် အနီးမှာ ရှိနေသည့် မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

၎င်းလူငယ်သုံးဦးမှာ စစ်တွေတွင် အသတ်ခံခဲ့ရသည့် စရဖ တပ်ဖွဲ့ဝင်တစ်ဦးအမှု ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် အာမခံဖြင့် လွတ်ပေးခဲ့သည်။

ယခုအခါ ဆရာဦးလှစောအပါအ၀င် ရခိုင်လူကြီးတစ်ချို့မှ သာကေတ မြို့နယ်ရဲစခန်းသို့ လိုက်သွားကြသည်ဟု သိရသည်။

ကိုရဲကျော်(ခ) ကိုနီအောင်ကျော်မှာ ANP ပါတီ ရန်ကုန်တိုင်း လူငယ် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး AYC ရခိုင်လူငယ်အဖွဲ့တွင် ပါဝင်ပြီး တက်တက်ကြွကြွဆောင်ရွက်နေသည့် လူငယ် တစ်ဦးဖြစ်ကြောင်း သိရသည်။

07/11/2018

ငါသည်​အိမ်​​ပြေးတစ်​​ယောက်ဖြစ်​သည်​...

06/11/2018
ညောင်​​တော​ကျးရွာသည်​အစိုးရဘတ်​ကျက်​မရရှိ​သော်​ဆရာ​​တော်​ဦးနန္ဒသာရ ဦး​​ဆောင်​ကာပြည်​ပ​ရောက်​လူငယ်​များနှင့်​​ကျေးရွာသူ...
05/11/2018

ညောင်​​တော​ကျးရွာသည်​အစိုးရဘတ်​ကျက်​မရရှိ​သော်​ဆရာ​​တော်​ဦးနန္ဒသာရ
ဦး​​ဆောင်​ကာပြည်​ပ​ရောက်​လူငယ်​များနှင့်​​ကျေးရွာသူ​ကျေးရွာသားများစု​ပေါင်းအင်​အားဖြင့်​ရွာလမ်းကိုလုပ်​​ခဲ့ကြသည်​...

ညောင်​​တော​ကျေးရွာ၌ချစ်​စရာက​လေးငယ်​တို့၏ကြည်​နူးဖွယ်​ရာ ကစားဟန်​များ
05/11/2018

ညောင်​​တော​ကျေးရွာ၌ချစ်​စရာက​လေးငယ်​တို့၏ကြည်​နူးဖွယ်​ရာ ကစားဟန်​များ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nyaung Taw Newผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท