Siam PhraTheph ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Siam PhraTheph, การท่องเที่ยวและการเดินทาง, No.170 Ocean Tower 1 ,23rd floor. Ratchadaphisek Rd , Khlong Toei, Bangkok ., Bangkok.

အရှေ့တောင်အာရှရဲ့ အိမ်ထောင်စုကြွေးမြီဇယားမှာ မြန်မာနိုင်ငံက ဘယ်နေရာမှာရှိနေသလဲ?BIS နဲ့ IMF ရဲ့ ၂၀၂၅-၂၀၂၆ ခန့်မှန်းချက် အ...
06/03/2026

အရှေ့တောင်အာရှရဲ့ အိမ်ထောင်စုကြွေးမြီဇယားမှာ မြန်မာနိုင်ငံက ဘယ်နေရာမှာရှိနေသလဲ?

BIS နဲ့ IMF ရဲ့ ၂၀၂၅-၂၀၂၆ ခန့်မှန်းချက် အချက်အလက်သစ်တွေအရ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အိမ်ထောင်စုကြွေးမြီ (Household Debt) အခြေအနေဟာ တော်တော်လေး ကွာခြားနေတာကို တွေ့ရပါတယ်။

📊 အဓိကတွေ့ရှိချက်များ
• မြန်မာနိုင်ငံ: ဂျီဒီပီ (GDP) ရဲ့ ၄% ကနေ ၆% အတွင်းမှာပဲ ရှိနေတဲ့အတွက် အာဆီယံဒေသတွင်းမှာ အိမ်ထောင်စုကြွေးမြီ အနည်းဆုံးနိုင်ငံ အဖြစ် ရပ်တည်နေပါတယ်။
• ထိုင်းနိုင်ငံ: အိမ်ထောင်စုကြွေးမြီ ၈၇.၇% နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး လူတစ်ဦးချင်းစီရဲ့ အကြွေးဝန်ထုပ်ဝန်ပိုး အမြင့်မားဆုံး ဖြစ်နေပါတယ်။
• မလေးရှားနဲ့ စင်ကာပူ: အစဉ်လိုက်အတိုင်း ဒုတိယနဲ့ တတိယနေရာမှာ ရှိနေပြီး ခိုင်မာတဲ့ ဘဏ်လုပ်ငန်းစနစ်နဲ့ ချေးငွေရယူနိုင်မှု အခွင့်အလမ်းများတာကို ပြသနေပါတယ်။
💡 ဒါဟာ မြန်မာနိုင်ငံအတွက် ဘာကိုဆိုလိုတာလဲ?
မြန်မာနိုင်ငံရဲ့ ကြွေးမြီပမာဏ နည်းပါးနေတာဟာ အပြုသဘောဆောင်တဲ့ ဘက်ကကြည့်ရင် ပြည်သူတွေဟာ အကြွေးဝန်ပိတာမျိုး မရှိသေးဘဲ ကိုယ်ပိုင်ဝင်ငွေပေါ်မှာပဲ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘဏ်တွေကနေ ငွေချေးပြီး စီးပွားရေးတိုးချဲ့နိုင်တဲ့ အခွင့်အလမ်း (Financial Access) နည်းပါးနေသေးတာကိုလည်း သတိပြုရမှာပါ။

⚠️ ကြိုတင်ပြင်ဆင်သင့်တဲ့ သင်ခန်းစာ

အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် အကြွေးကို စနစ်တကျ မစီမံနိုင်ရင် စီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်တာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဘဏ်စနစ်တွေ ပိုမိုကျယ်ပြန့်လာတဲ့အခါ:
1. ငွေကြေးစီမံခန့်ခွဲမှု (Money Management) ကို အသေအချာ လေ့လာထားဖို့။
2. လိုအပ်ချက် (Needs) နဲ့ အလိုဆန္ဒ (Wants) ကို ခွဲခြားပြီးမှ ချေးငွေရယူဖို့။
3. အနာဂတ်အတွက် စုဆောင်းမှုအလေ့အကျင့်ကို အလေးထားဖို့ လိုအပ်ပါတယ်။

"အကြွေးနည်းတာ ကောင်းသလား၊ အကြွေးယူပြီး ရင်းနှီးမြှုပ်နှံတာ ပိုထိရောက်သလား?" ဒီအချက်အလက်တွေအပေါ် လူကြီးမင်းတို့ရဲ့ အမြင်ကိုလည်း ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားပါဦးခင်ဗျာ။ 👇

⁉️VAT ဆိုတာဘာလဲ- ဘယ်လောက်အကျိုးရှိသလဲ?  📍VAT(Value Added Tax) ဆိုတာမြန်မာလိုဆိုရင် တန်ဖိုးမြှင့်အခွန်လို့ အဓိပ္ပါယ်ရပေမဲ...
04/03/2026

⁉️VAT ဆိုတာဘာလဲ- ဘယ်လောက်အကျိုးရှိသလဲ?

📍VAT(Value Added Tax) ဆိုတာမြန်မာလိုဆိုရင် တန်ဖိုးမြှင့်အခွန်လို့ အဓိပ္ပါယ်ရပေမဲ့ မြန်မာပြည်မှာ ယခုဆောင်နေကြရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅% နဲ့ အခြေခံသဘောတရားခြင်း တူညီပါတယ်။
📍VAT သည် သွယ်ဝိုက်ခွန်(Indirect Tax) အမျိုးအစား(အခွန်) တစ်ခုဖြစ်ပြီး ရောင်းချတဲ့ ကုန်စည်နှင့်
ဝန်ဆောင်မှု အားလုံးအတွက်ကောက်ခံပါတယ်။VAT ကို နောက်ဆုံးဝယ်ယူစားသုံးသူ (သို့) နောက်ဆုံးဝန်ဆောင်မှုရယူသူ ( End Consumer) ကပေးဆောင်ရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ VAT နှုန်းထားဟာ ဥပဒေ အရ 10% သတ်မှတ်ထားပေမဲ့ အစိုးရကပြည်သူတွေသက်သာအောင် 7% အဖြစ် 2026 ခုနှစ်၊စက်တင်ဘာလ လကုန်အထိ ထပ်မံသက်တမ်းတိုးပေးထားပါတယ်။
📍လုပ်ငန်းရှင်များက တစ်နှစ်ပတ်လုံးရောင်းအား ၁.၈ သန်း (ဘတ်) (1.8 million) ထက်ကျော်လျှင် VAT မှတ်ပုံတင်ရမှာဖြစ်ပြီး ထိုမှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင်များဟာ မိမိတို့ရောင်းချတဲ့ ပစ္စည်းအပေါ် 7% VAT ကောက်ခံပြီး အစိုးရဆီပြန်လည်ပေးသွင်းရမှာဖြစ်ပါတယ်။
📍VAT စနစ်မရှိတဲ့ လုပ်ငန်းတွေမှာဆိုရင် ကုန်ကြမ်းဝယ်စဉ်က ပေးခဲ့ရတဲ့အခွန်ကို ပြန်နှုတ်လို့မရဘဲ ကုန်ကျစရိတ်ထဲ ပေါင်းထည့်လိုက်ရတာကြောင့် အဆင့်ဆင့်တိုင်းမှာ အခွန်ပေါ် အခွန်ဆင့်ပြီး စျေးနှုန်း အရမ်းတက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
📍VAT စနစ်ရှိတဲ့ လုပ်ငန်းရှင်​တွေမှာ တော့ မိမိတို့ဝယ်ယူစဉ်က ပေးခဲ့ရတဲ့ VAT (Input Tax) ကို မိမိတို့ရောင်းချစဉ်က ကောက်ခံရရှိတဲ့ VAT (Output Tax) ထဲကနေ ပြန်လည်နှုတ်ယူခွင့် ရှိပါတယ်။ထိုထဲတွင်
လုပ်ငန်းနဲ့တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများ ဝယ်ယူမှု (ဥပမာ-ဟင်းချက်စရာများ၊ပရိဘောဂ ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများ..) မှာ ဆောင်ခဲ့ရတဲ့VAT များကိုပါ ပြန်လည်နှုတ်ယူခွင့် ရမှာဖြစ်လို့ လုပ်ငန်းချဲ့ထွင်ရာမှာပါ များစွာ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။
📍VAT စနစ်ကို ကျင့်သုံးမည့် လုပ်ငန်းတွေဟာ အဝယ်ဘောက်ချာ နှင့် အရောင်းဘောက်ချာတွေကိုတိတိကျကျ သေခြာသိမ်းဆည်းရမှာဖြစ်ပါတယ်။ထိုကဲ့သို့ မှတ်တမ်းတင်ရတဲ့ အလေ့အကျင့်ကြောင့် သင့်လုပ်ငန်းရဲ့ဝင်ငွေ၊ထွက်ငွေကို ပိုမိုတိတိကျကျ သိရှိလာနိုင်မှာဖြစ်သလို ဘဏ္ဍာ ရေးဆိုင်ရာ အစီရင်ခံစာများ ပြုလုပ်ရာ နှင့် ဘဏ်ချေးငွေများ လျှောက်ထားရာမှာပါ ပိုမိုလွယ်ကူမြန်ဆန်ပြီး ခိုင်မာတဲ့မှတ်တမ်း အထောက်အထား တစ်ခုအဖြစ်ရှိနေမှာဖြစ်လို့ သင့်လုပ်ငန်း တိုးတက်ခြင်း၊ရေရှည်ရပ်တည်နိုင်ခြင်း၊စနစ်တကျရှိခြင်းများအတွက် များစွာအထောက်အကူပြုနေမှာဖြစ်ပါတယ်။နိုင်ငံအများစုမှာ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့ရောင်းချခြင်းအတွက် 0% VAT သတ်မှတ်ပေးထားတာကြောင့် ပစ္စည်းတင်ပို့သူအနေနဲ့ အခွန်ဆောင်စရာမလိုတဲ့အပြင်၊ ထိုပစ္စည်းထုပ်လုပ်ဖို့အတွက် ပြည်တွင်းမှာဝယ်ယူခဲ့ရတဲ့ ကုန်ကြမ်းတွေရဲ့VAT(Input Tax) ကိုအစိုးရဆီမှ ပြန်အမ်းငွေ (Refund) အဖြစ် ပြန်တောင်းခံနိုင်မှာဖြစ်လို့ ပြည်ပ စျေးကွက်အတွင်း စျေးနှုန်းယှဉ်ပြိုင်ရာမှာ သင့်အတွက် များစွာအသာစီးရနေမှာဖြစ်ပါတယ်။
👨‍💼လူကြီးမင်းတို့၏ လုပ်ငန်းများအတွက်အသေးစိတ် သိရှိလိုတာများကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။
မိတ်ဆွေတို့ကိုကူညီဖို့ ကျွန်တော်တို့ SIAM PHARA THEPH မှ အမြဲတမ်းအသင့်ရှိနေပါတယ်😊

#ထိုင်းအခွန် #ထိုင်းလိုင်စင် #ရုံးခန်း

🇹🇭 ထိုင်းနိုင်ငံသို့ ကုန်စည်တင်သွင်းလိုသူများအတွက် သတင်းကောင်း 📢         ထိုင်းနိုင်ငံသို့ ကုန်စည်တင်သွင်းရာမှာ အချို့သေ...
02/03/2026

🇹🇭 ထိုင်းနိုင်ငံသို့ ကုန်စည်တင်သွင်းလိုသူများအတွက် သတင်းကောင်း 📢

ထိုင်းနိုင်ငံသို့ ကုန်စည်တင်သွင်းရာမှာ အချို့သော ကုန်ပစ္စည်းတွေအတွက် သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက် (License) တွေ ကြိုတင်ရယူထားဖို့ လိုအပ်ပါတယ်။ 📜✨

အဆိုပါ လိုင်စင်များလျှောက်ထားရာမှာ အချိန်ကုန်သက်သာပြီး အခက်အခဲမရှိစေဖို့အတွက် ကျွန်တော်တို့ SIAM PHRA THEPH Co.,Ltd. မှ အဆင်သင့် ကူညီဆောင်ရွက်ပေးနေပါပြီ။ 🤝💼

ကျွန်တော်တို့ SIAM PHRA THEPH Co.,Ltd. မှ -

✅ Thai FDA: အစားအသောက်နှင့် ဆေးဝါးများအတွက် ခွင့်ပြုချက် လျှောက်ထားပေးခြင်း။ 🍎💊

✅ DOA: စိုက်ပျိုးရေးထွက်ကုန်များအတွက် ပိုးမွှားကင်းစင်ကြောင်း (Department of Agriculture) ထောက်ခံချက် လျှောက်ထားပေးခြင်း။ 🌾🚜

✅ TISI: လျှပ်စစ်နှင့် စက်မှုကုန်ပစ္စည်းများအတွက် Thai Industrial Standard Institute စံချိန်စံညွှန်း ထောက်ခံချက် လျှောက်ထားပေးခြင်း။ ⚙️🔌

✅ DLD: တိရိစ္ဆာန်ထွက်ကုန်များအတွက် Department of Livestock Development ခွင့်ပြုချက် လျှောက်ထားပေးခြင်း။ 🥩🥚

အဆိုပါ ဝန်ဆောင်မှုများအပြင် -

💰 အခွန်ဆိုင်ရာ ကိစ္စရပ်များ နှင့်

🚢 ဆိပ်ကမ်းမှ ကုန်ပစ္စည်းများ ထုတ်ယူပေးခြင်း အထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းများ အဆင်ပြေချောမွေ့စေဖို့ အခုပဲ ကျွန်တော်တို့ဆီ ဆက်သွယ်စုံစမ်းလိုက်ပါ။ 📞✨

#ထိုင်းကုန်စည်

Breaking စက်သုံးဆီ ပြည်ပတင်ပို့ရောင်းချခွင့် ထိုင်းဆိုင်းငံ့...။   ။Sunday , 1 March 2026အီရန်နိုင်ငံကို အမေရိကန်နှင့် အ...
01/03/2026

Breaking

စက်သုံးဆီ ပြည်ပတင်ပို့ရောင်းချခွင့် ထိုင်းဆိုင်းငံ့...။ ။

Sunday , 1 March 2026

အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျယ်ပြန့်လာသည့် အရှေ့အလယ်ပိုင်း စစ်ရေးကြောင့် ထိုင်းနိုင်ငံက ၎င်းတို့ နိုင်ငံမှ စက်သုံးဆီများကို အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချမှုကို ဆိုင်းငံံ့လိုက်ကြောင်း ကြေညာသည်။

မတ်လ ၁ရက် ညနေပိုင်းတွင် ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၌ အရန်စက်သုံးဆီ သန်း ၇၆၆၀ လီတာရှိကာ ယင်းပမာဏမှာ ထိုင်းနိုင်ငံအတွက် ရက် ၆၀ လုံလောက်ကြောင်း အသိပေးထားသည်။

ထိုင်းနိုင်ငံသည် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာကဲ့သို့ နိုင်ငံများကို ပြန်လည်တင်ပို့ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခင်နှစ်က ကျားဖြန့်လုပ်ငန်းများကြောင့် မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှု ပိတ်ပင်ခဲ့သည်။ တာချီလိတ်အပါအဝင် ရှမ်းပြည်အရှေ့ပိုင်း ဒေသများမှာ ထိုင်းစက်သုံးဆီကိုမှီခိုနေရပြီး လာအိုနိုင်ငံမှ တဆင့်ခံတင်သွင်းပြီး အသုံးပြုနေခြင်းဖြစ်သည်။

ထိုင်းမှတင်ပို့သော စက်သုံးဆီကို မှီခိုနေရသည့် ဒေသတွင်းနိုင်ငံများတွင် အကျပ်အတည်း ရင်ဆိုင်ရဖွယ်ရှိသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးလည်း ကမောက်ကမဖြစ်နိုင်ပြီး ဈေးနှုန်းများ မြင့်တက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

🚨🇲🇲🇹🇭 စာအုပ်အလွတ်နဲ့ ခိုးထွက်ထားတဲ့ ညီကိုမောင်နှမများ သတိ! ပြန်လာရင် တိုင်ပတ်နိုင်ပါတယ်!" 👉 မြန်မာပြည်ကနေ Passport လုပ်ပ...
01/03/2026

🚨🇲🇲🇹🇭 စာအုပ်အလွတ်နဲ့ ခိုးထွက်ထားတဲ့ ညီကိုမောင်နှမများ သတိ! ပြန်လာရင် တိုင်ပတ်နိုင်ပါတယ်!"

👉 မြန်မာပြည်ကနေ Passport လုပ်ပြီး အောက်လမ်းကနေ ခိုးထွက်သွားတဲ့သူတွေ၊ ထိုင်း၊ မလေးရှား ရောက်မှ ဗီဇာထည့်ပြီး နေနေတဲ့သူတွေအနေနဲ့ အရင်လို 'အေးဆေးပဲ' ဆိုပြီး နေလို့မရတော့ပါဘူး။ အခုဆိုရင် မြန်မာဘက်က လဝက တံဆိပ်တုံး (အထွက်တုံး) မရှိတဲ့ စာအုပ်တွေကို အဝင်ပြန်မပေးဘဲ အရေးယူမှုတွေ ရှိနေကြောင်း သိရပါတယ်။"

👉 လက်ရှိတွင် ထိုင်း၊ မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများအကြား မိမိတို့၏ Passport (စာအုပ်အနီ) ကိုင်ဆောင်ထားသော်လည်း မြန်မာပြည်သို့ ပြန်ဝင်/ပြန်ထွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ရှိနေပါတယ်။ အမှန်တကယ် လက်တွေ့ကျသည့် အချက် (၆) ချက်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

✅ အဝင်နဲ့ အထွက် ညီပါစေ (အောက်ကထွက်ရင် အောက်ကပြန်) 👣

⚠️ အခြေခံအကျဆုံးမှာ "အပေါ်လမ်း (တရားဝင်) က ထွက်လျှင် အပေါ်လမ်းက ပြန်ဝင်ရန်" နှင့် "အောက်လမ်း က ထွက်လျှင် အောက်လမ်းကသာ ပြန်ဝင်ရန်" ဖြစ်ပါတယ်။ အောက်လမ်းကနေ ခိုးထွက်သွားပြီးမှ လေယာဉ်ဖြင့် အပေါ်လမ်းကနေ ပြန်ဝင်ရန် ကြိုးစားပါက လဝကမှ အဝင်တံဆိပ်တုံး ထုပေးမည်မဟုတ်ဘဲ မိမိတို့၏ ထိုင်းဗီဇာကိုပါ "တရားမဝင်ပါ" ဟု တံဆိပ်တုံးထု၍ ဖျက်ဆီးပစ်ခြင်း ခံရနိုင်ပါတယ်။

✅ PV (အလည်အပတ်) မှ PJ (အလုပ်သမား) သို့ ပြောင်းလဲရန် လိုအပ်ချက်

စာအုပ်ကိုင်ဆောင်ထားသူများသည် ထိုင်းတွင် အလုပ်ဗီဇာ (Non-LA / Non-B) များ ထည့်သွင်းထားပါက မြန်မာပြည်ပြန်ရောက်ချိန်တွင် PV မှ PJ သို့ မဖြစ်မနေ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ စာအုပ်အမျိုးအစား မပြောင်းလဲဘဲ ထိုင်းသို့ ပြန်တက်ရန် ကြိုးစားပါက လဝကမှ ခွင့်ပြုမည်မဟုတ်ဘဲ မြန်မာပြည်တွင်း၌ ပိတ်မိနေနိုင်ပါတယ်။

✅ OWIC ကတ် (အလုပ်သမားကတ်) ၏ အခက်အခဲ

PJ စာအုပ်သို့ ပြောင်းလဲပြီးသော်လည်း ထိုင်းသို့ တရားဝင် ပြန်ထွက်ရန်အတွက် OWIC ကတ် မရှိမဖြစ် လိုအပ်ပါတယ်။ အဆိုပါကတ်ကို လျှောက်ထားရာတွင် အချက်အလက် ပြည့်စုံနေစေကာမူ (၂) လမှ (၃) လခန့်အထိ ကြာမြင့်နိုင်သည့်အတွက် ခဏတာ အလည်ပြန်မည့်သူများအနေဖြင့် အထူးသတိပြုသင့်ပါတယ်။

✅ နယ်စပ်လမ်းကြောင်း (ကားလမ်း) သည် ပို၍ လက်တွေ့ကျနိုင်သည်

လေယာဉ်ဖြင့် ပြန်ဝင်ရာတွင် ကြုံတွေ့ရမည့် လဝက အခက်အခဲများကို ရှောင်ရှားရန် ကားလမ်းကြောင်းကို အသုံးပြုခြင်းသည် ပို၍ အဆင်ပြေပါတယ်။ အတွေ့အကြုံရှိသူများ၏ အဆိုအရ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် အသွားအပြန်လုပ်ပါက လမ်းစရိတ် စုစုပေါင်း (၇၀၀၀) ဘတ် ခန့်သာ ကုန်ကျပြီး လွယ်ကူချောမွေ့စွာ ပြန်လည်ရောက်ရှိနိုင်သည်ဟု သိရပါတယ်။

✅ နယ်စပ်တွင် မှတ်ပုံတင်ဖြင့် ပြန်ဝင်ခြင်း 🌉🔖

Passport ထဲတွင် အထွက်တံဆိပ်တုံး မပါသည့် ပြဿနာရှိသူများသည် နယ်စပ်မြို့များတွင် Passport ကို အသုံးမပြုဘဲ မိမိ၏ မှတ်ပုံတင် ဖြင့် နယ်စပ်ဖြတ်သန်းခွင့် (Border Pass) ရယူကာ တရားဝင် ပြန်ဝင်ကြပါတယ်။

✅ VIP Service (သို့မဟုတ်) ရေလောင်းခြင်း

မြေပြင်အခြေအနေအရ အချို့သော အလုပ်သမားများမှာမူ VIP Service များမှတစ်ဆင့် (သို့မဟုတ်) ငွေကြေးအကုန်အကျခံ၍ ညှိနှိုင်းကာ အဝင်/အထွက် ပြုလုပ်နေကြသည်များလည်း ရှိပါတယ်။ သို့သော် ၎င်းသည် ဥပဒေကြောင်းအရ အမြဲတမ်း စိတ်ချရသည့် နည်းလမ်းမဟုတ်ကြောင်း သတိပြုသင့်ပါတယ်။

❗ မိမိသည် အပြီးပြန်မှာလား သို့မဟုတ် ထိုင်းသို့ တရားဝင် ပြန်လာဦးမှာလား ဆိုသည်ကို သေချာစွာ ဆုံးဖြတ်ပြီးမှသာ လမ်းကြောင်းကို ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် OWIC ကတ်နှင့် စာအုပ်အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အချိန်ယူရမှုများကို ထည့်သွင်းစဉ်းစားကြရန် အထူးသတိပေးလိုပါတယ်။

🚀 သင်္ကြန်ဆို ထိုင်းကနေ မြန်မာကို အလည်ပြန်လာသူများတာကြောင့် သတိထားမိစေဖို့ သူငယ်ချင်းတွေထဲမှာရော ဒီလို အခက်အခဲတွေကို ကြုံဖူးတဲ့သူတွေ ရှိလား? မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို Comment မှာ အချင်းချင်း ဗဟုသုတရအောင် ဝေမျှပေးသွားကြပါဦး။

#ဗဟုသုတ

⁉️ Non-B Visa လျှောက်မယ်ဆို အခြေခံအားဖြင့် ဘာတွေလိုအပ်မလဲ ??  Non-B Visa လျှောက်မယ်ဆို အခြေခံအားဖြင့် - *Passport သက်တမ်...
27/02/2026

⁉️ Non-B Visa လျှောက်မယ်ဆို အခြေခံအားဖြင့် ဘာတွေလိုအပ်မလဲ ??
Non-B Visa လျှောက်မယ်ဆို အခြေခံအားဖြင့် -
*Passport သက်တမ်း အနည်းဆုံး (၆ )လ ကျန်ရှိရပါမယ်
*4*6 cm ဓာတ်ပုံ နှစ်ပုံလိုအပ်ပါမယ်
*Registered capital အနည်းဆုံး ဘတ်(၂) သန်းရှိ ရပါမယ်
*ထိုင်းဝန်ထမ်း (၄) ဦး ခန့်ထားရပါမယ်
*Invitation letter (အလုပ်ခေါ်စာ) လိုအပ်ပါမယ်
*အခွန် နဲ့ ပါတ်သတ်တဲ့စာရွက်စာတမ်းတွေ အပြင်
*Company ရဲ့ တရားဝင် စာရွက်စာတန်းတွေ လိုအပ်ပါမယ်

🛎️ Non-B Visa ဟာ သာမန်ခရီးသွား Visa တွေလိုမဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ စီးပွါးရေးစနစ်ထဲမှာ တရားဝင် အစိတ်အပိုင်း တစ်ခုအဖြစ် နဲ့ အခွင့်အရေးတွေ များစွာရရှိမှာ ဖြစ်လိုအခုဘဲ သင့်ရဲ့အခွင့်အရေးတွေကို ကျွန်တော်တို့
SIAM PHRA THEPH Co.Ltd နဲ့ အတူ ရယူလိုက်ပါ။

👨‍💼ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ လုပ်ငန်းရှင်ကြီးများအားလုံးကို ကျွန်တော် တို့ SIAM PHRA THEPH Co.Ltd မှအထူးဘဲကျေးဇူးတင်ရှိပါတယ် 🙏

#ထိုင်းဗီဇာ #ထိုင်းစီးပွါးရေး

ထိုင်းမီးဘေလ်ထဲက Ft ဆိုတာ ဘာလဲ? (သိထားသင့်တဲ့ အချက်အလက်) 💡⚡️ထိုင်းနိုင်ငံမှာ နေထိုင်သူတိုင်း လစဉ်ပေးဆောင်နေရတဲ့ မီးဘေလ်စ...
26/02/2026

ထိုင်းမီးဘေလ်ထဲက Ft ဆိုတာ ဘာလဲ? (သိထားသင့်တဲ့ အချက်အလက်) 💡⚡️

ထိုင်းနိုင်ငံမှာ နေထိုင်သူတိုင်း လစဉ်ပေးဆောင်နေရတဲ့ မီးဘေလ်စာရွက်ထဲမှာ "ค่า Ft" (Ft Charge) ဆိုတာကို တွေ့ဖူးကြမှာပါ။ ဒါဟာ ဘာလဲဆိုတာ အတိုချုပ် ရှင်းပြပေးပါမယ်။ 👇

🔹 Ft ဆိုတာ ဘာလဲ?
အတိုကောက်ကတော့ Fuel Adjustment Charge ပါ။ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် သုံးရတဲ့ လောင်စာဆီ (သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး) ဈေးနှုန်းတွေ ကမ္ဘာ့ဈေးကွက်မှာ အတက်အကျရှိတဲ့အပေါ် မူတည်ပြီး ကောက်ခံတဲ့ "အပိုဆောင်းကြေး" ဖြစ်ပါတယ်။

🔹 ဘယ်လိုတွက်တာလဲ?
သင်သုံးလိုက်တဲ့ မီးယူနစ် (Unit) အရေအတွက်ကို အစိုးရက သတ်မှတ်ထားတဲ့ Ft နှုန်းထားနဲ့ မြှောက်ရတာပါ။

ဥပမာ - သင်က ၃၄၂ ယူနစ် သုံးတယ်၊ Ft နှုန်းက ၀.၀၉၇၂ ဘတ် ဆိုရင်...
342 \times 0.0972 = 33.24 ဘတ် အပိုပေးရမှာပါ။

🔹 ဘာကြောင့် အရေးကြီးတာလဲ?
• Ft နှုန်းထားကို ၄ လတစ်ကြိမ် (ဇန်နဝါရီ၊ မေ၊ စက်တင်ဘာ) အပြောင်းအလဲ လုပ်လေ့ရှိပါတယ်။
• ကမ္ဘာ့လောင်စာဆီဈေး တက်ရင်ဖြစ်ဖြစ်၊ ဘတ်ငွေတန်ဖိုး ကျဆင်းရင်ဖြစ်ဖြစ် ဒီ Ft နှုန်းက တက်လာတတ်ပါတယ်။

✅ အနှစ်ချုပ် -
Ft ဆိုတာ မီးဘေလ်ရဲ့ "Base Rate" (အခြေခံဈေး) မဟုတ်ဘဲ၊ လောင်စာဈေးပေါ်မူတည်ပြီး ပြောင်းလဲနေတဲ့ Variable Cost ဖြစ်ပါတယ်။ ဒါကြောင့် မီးယူနစ်တူတူသုံးရင်တောင် တချို့လမှာ မီးဘေလ်ပိုများနေတာဟာ ဒီ Ft ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
📍 သိထားရင် မမှားဘူးပေါ့!
ဒီပို့စ်လေးက အကျိုးရှိတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါဦးနော်။

#ထိုင်းရောက်မြန်မာများ #မီးဘေလ်

📌 ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိပေမယ့် ဘယ်ကစရမလဲ ဝေခွဲမရ ဖြစ်နေပါသလား?အရင်းအနှီးရှိပြီး ထိုင်းနိုင်ငံရဲ့...
25/02/2026

📌 ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိပေမယ့် ဘယ်ကစရမလဲ ဝေခွဲမရ ဖြစ်နေပါသလား?

အရင်းအနှီးရှိပြီး ထိုင်းနိုင်ငံရဲ့ ဈေးကွက်ထဲမှာ အောင်မြင်တဲ့ စီးပွားရေးတစ်ခု တည်ထောင်ချင်ပေမယ့် လမ်းပျောက်နေတယ်ဆိုရင်... SIAM PHRA THEPH Co.,Ltd က လူကြီးမင်းတို့ကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ 🤝
ကျွန်ုပ်တို့ရဲ့ Business Consultancy ဝန်ဆောင်မှုတွေကတော့ -
✅ လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စရပ်များ
(လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်တဲ့ လိုင်စင်တွေကို အမှားအယွင်းမရှိ စနစ်တကျ ဆောင်ရွက်ပေးခြင်း)
✅ ရုံးခန်းအတွင်း ဝန်ဆောင်မှုနှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ
(ရုံးခန်းနေရာထိုင်ခင်းနှင့် ထိုင်းနိုင်ငံရဲ့ အခွန်ဥပဒေတွေနဲ့အညီ စာရင်းဇယားများ တာဝန်ယူပေးခြင်း)
✅ Company Bank Account နှင့် Visa ဆိုင်ရာ ကိစ္စရပ်များ
(ကုမ္ပဏီဘဏ်အကောင့်ဖွင့်လှစ်ခြင်းနှင့် ဗီဇာကိစ္စရပ်များကို လွယ်ကူချောမွေ့အောင် ဝန်ဆောင်မှုပေးခြင်း)
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ဆိုတာ ခိုင်မာတဲ့ အကြံပေးနဲ့ အဆက်အသွယ်ရှိဖို့က အရေးကြီးဆုံးပါ။ လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျွန်ုပ်တို့ဆီမှာ အခုပဲ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ✨

📩 အသေးစိတ် စုံစမ်းမေးမြန်းရန်

📞 Phone: +66993404075
📧 Email: [email protected]
📍 170, 72 Ocean Tower Rd., Ratchadaphisek, Khlong Toei Subdistrict, Khlong Toei District, Bangkok 10110
(သို့မဟုတ် ပုံထဲတွင်ပါတင်သော QR Code ကို Scan ဖတ်၍ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။)

#စီးပွါးရေးအကြံပေး #ထိုင်းနိုင်ငံစီးပွါးရေး #လိုင်စင်Service

ထိုင်းနိုင်ငံရဲ့ လမ်းဘေးကွေ့တိုင်းမှာ တွေ့ရတဲ့ တစ်ဘတ်တန် ရေစက်တွေဟာ အလုပ်များတဲ့ နိုင်ငံခြားရောက် မြန်မာတွေအတွက်တော့ ကယ်...
21/02/2026

ထိုင်းနိုင်ငံရဲ့ လမ်းဘေးကွေ့တိုင်းမှာ တွေ့ရတဲ့ တစ်ဘတ်တန် ရေစက်တွေဟာ အလုပ်များတဲ့ နိုင်ငံခြားရောက် မြန်မာတွေအတွက်တော့ ကယ်တင်ရှင်ပါ။ ဒါပေမဲ့ ဒီ "တစ်ဘတ်တန် ရေ" တွေနောက်ကွယ်မှာ သင်မသိသေးတဲ့ ကြောက်စရာကောင်းတဲ့ အချက်တွေ ရှိနေပါတယ်။
၁။ "စစ်ထုတ်စက် (Filter) ကို ဘယ်တုန်းက နောက်ဆုံးလဲခဲ့သလဲ?"
ရေစက်ပိုင်ရှင် အတော်များများဟာ အမြတ်ကိုပဲ ကြည့်ပြီး စက်အတွင်းပိုင်းက Filter တွေကို သတ်မှတ်ထားတဲ့ သက်တမ်းအတိုင်း မလဲကြပါဘူး။ ရလဒ်ကတော့ အညစ်အကြေးတွေ စစ်မထုတ်နိုင်တော့ဘဲ ဘက်တီးရီးယားတွေနဲ့ ရေညှိတွေ ပြည့်နေတဲ့ ရေကို သင် တစ်ဘတ်ပေးပြီး သောက်နေရတာပါ။
၂။ "ကျောက်ကပ်ကို ဒုက္ခပေးနေတဲ့ ရေခဲရောင် ဂျင်း"
"ရေက ကြည်နေတာပဲ၊ ဘာဖြစ်မှာလဲ" လို့ သင်တွေးနေသလား? ရေကြည်တိုင်း သန့်တာမဟုတ်ပါဘူး။ Filter မကောင်းတဲ့အခါ ရေထဲမှာပါတဲ့ ထုံးဓာတ် (Calcium) နဲ့ သတ္တုဓာတ်တွေဟာ ပုံမှန်ထက် များနေတတ်ပါတယ်။ ဒါတွေကို ရေရှည်သောက်သုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်တာ (Kidney Stones) နဲ့ ကျောက်ကပ် အလုပ်လုပ်နှုန်း ကျဆင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။
၃။ "ဗူးခွံကလာတဲ့ အန္တရာယ်"
ရေစက်က သန့်ရင်တောင် သင်ပြန်သုံးနေတဲ့ ငါးဂါလံဗူး ဒါမှမဟုတ် ရေသန့်ဗူးဟောင်းတွေက ပလတ်စတစ်ဓာတ် (Microplastics) တွေဟာ နေပူထဲမှာ ဓာတ်ပြုပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေအဖြစ် ပြောင်းလဲသွားပါတယ်။
၄။ "ပိုက်လိုင်းနဲ့ ရေစက်ရဲ့ သန့်ရှင်းမှု"
လမ်းဘေးက ဖုန်တွေ၊ ကားခိုးငွေ့တွေကြားမှာ ရှိနေတဲ့ ရေစက်ရဲ့ ရေထွက်ပေါက် (Nozzle) ကို ကြည့်ဖူးပါသလား? အဲဒီနေရာမှာ ပိုးဟပ်တွေ၊ အိမ်မြှောင်တွေ ဖြတ်သွားနေတာကို သင်မမြင်နိုင်ပါဘူး။ ဒါဟာ ဝမ်းပျက်ဝမ်းလျှောနဲ့ တိုက်ဖွိုက် (Typhoid) ရောဂါတွေရဲ့ အရင်းအမြစ်ပါ။
> တစ်ဘတ်တန် ရေသောက်မယ်ဆိုရင် စက်မှာကပ်ထားတဲ့ Maintenance Sticker (စစ်ဆေးပြီးကြောင်း လက်မှတ်) ကို အမြဲကြည့်ပါ။ ဖြစ်နိုင်ရင် ရေကို ကျိုချက်သောက်တာ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ ရေသန့်ဗူးကိုပဲ ဝယ်သောက်တာက သင့်ကျောက်ကပ်အတွက် အကောင်းဆုံး "အာမခံချက်" ပဲ ဖြစ်ပါတယ်။
> တကယ်တော့ တစ်ဘတ်တန် ရေစက်တွေဟာ စနစ်တကျ ထိန်းသိမ်းထားရင် ဘေးကင်းပါတယ်။ ဒါပေမဲ့ "နိုင်ငံခြားရောက်နေတာ၊ ကျန်းမာရေး ဂရုစိုက်ရမယ်" ဆိုတဲ့ စိတ်နဲ့ ကြည့်ရင်တော့ ဒီလိုဆောင်းပါးမျိုးက လူကို တကယ့်ကို စိုးရိမ်စိတ် တက်စေတာမျိုး (ဒါမှမဟုတ်) "ငါတို့လည်း ဒါပဲ သောက်နေတာ ဘာမှမဖြစ်ပါဘူး" ဆိုပြီး ပြန်ဆဲချင်စရာ ဖြစ်နေမှာပါ။

လက်ရှိ မြန်မာနိုင်ငံက လူငယ်ထုဟာ အလွန်ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။ စိတ်ပျက်အားငယ်စရာတွေ၊ ဖိအားတွေနဲ့ လူမှုရေးရာ...
19/02/2026

လက်ရှိ မြန်မာနိုင်ငံက လူငယ်ထုဟာ အလွန်ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။ စိတ်ပျက်အားငယ်စရာတွေ၊ ဖိအားတွေနဲ့ လူမှုရေးရာ အခက်အခဲတွေကြားမှာ လူငယ်တွေရဲ့ "စိတ်ကျန်းမာရေး" ဟာ အဓိက ခြိမ်းခြောက်ခံနေရပါတယ်။
ဒီအခြေအနေတွေကို ကျန်းမာရေးရှုထောင့်ကနေ သုံးသပ်ပြီး ရေးသားထားတဲ့ ဆောင်းပါးလေးပါ။
ရှင်သန်ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုး - မြန်မာလူငယ်များနှင့် စိတ်ကျန်းမာရေး စိန်ခေါ်မှုများ
ယနေ့ခေတ် မြန်မာလူငယ်တွေဟာ လုံခြုံမှုမရှိခြင်း၊ အနာဂတ် ပျောက်ဆုံးခြင်းနဲ့ နေ့စဉ်ရှင်သန်ရေး ရုန်းကန်နေရခြင်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အပြင်းအထန် ခံစားနေရပါတယ်။ ဒီအချက်တွေက လူငယ်တစ်ဦးချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို ထိခိုက်နေသလဲဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။
၁။ နာတာရှည် စိတ်ဖိစီးမှု (Chronic Stress) နှင့် ၎င်း၏ အကျိုးဆက်များ
နေ့စဉ်ကြားသိနေရတဲ့ သတင်းဆိုးတွေ၊ မရေရာတဲ့ အနာဂတ်နဲ့ လူမှုစီးပွား ကျဆင်းမှုတွေက လူငယ်တွေကို နာတာရှည် စိတ်ဖိစီးမှုထဲ တွန်းပို့နေပါတယ်။
* ခန္ဓာကိုယ်အပေါ် သက်ရောက်မှု: ကိုယ်ခံအားစနစ် ကျဆင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်ရောဂါနှင့် အိပ်မပျော်ခြင်း ဝေဒနာများ ခံစားရနိုင်ပါတယ်။
* စိတ်ပိုင်းဆိုင်ရာ: စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် ဘာကိုမှ စိတ်မပါတော့ခြင်း (Apathy) တို့ ဖြစ်ပွားတတ်ပါတယ်။
၂။ ပတ်ဝန်းကျင်အပေါ် စိတ်ပျက်ခြင်းနှင့် လူမှုရေး အခက်အခဲများ
လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေ၊ အမြင်မတူမှုတွေနဲ့ အမုန်းစကားတွေကြောင့် လူငယ်တွေဟာ ပတ်ဝန်းကျင်ကို ယုံကြည်မှု ပျောက်ဆုံးလာပါတယ်။ ဒါကို ကျန်းမာရေးရှုထောင့်အရ "Social Isolation" (လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံရခြင်း သို့မဟုတ် မိမိဘာသာ ခွဲထွက်ခြင်း) လို့ ခေါ်ဆိုနိုင်ပြီး ဒါဟာ စိတ်ကျရောဂါ (Depression) ဖြစ်ပွားဖို့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။
၃။ ရှင်သန်သူ၏ အပြစ်ရှိသလို ခံစားရမှု (Survivor’s Guilt)
ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ ရွယ်တူတွေ ဒုက္ခရောက်နေချိန်မှာ ကိုယ်က အသက်ရှင်နေရတာ၊ စားသောက်နေရတာကိုပဲ အပြစ်ရှိသလို ခံစားရတတ်ပါတယ်။ ဒီခံစားချက်ဟာ ရေရှည်မှာ မိမိကိုယ်ကို တန်ဖိုးမထားတော့ဘဲ (Low Self-esteem) စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေ ဖြစ်စေပါတယ်။
ကျော်ဖြတ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ?
ဒီလို ခက်ခဲတဲ့ အခြေအနေမှာ ကျန်းမာစွာ ရှင်သန်နိုင်ဖို့ အောက်ပါ အချက်တွေကို သတိပြုသင့်ပါတယ်။
* သတင်းအဆိပ်သင့်မှုမှ ရှောင်ကြဉ်ပါ (Digital Detox): တစ်နေ့တာလုံး သတင်းဆိုးတွေပဲ ကြည့်နေမည့်အစား မိမိစိတ်ကို အနားပေးမည့် အချိန်သီးသန့် သတ်မှတ်ပါ။
* ရင်ဖွင့်ပါ (Social Support): ယုံကြည်ရတဲ့ မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးဦးကို မိမိရဲ့ ခံစားချက်တွေ ထုတ်ဖော်ပြောဆိုပါ။
* မိမိကိုယ်ကို ဂရုစိုက်ပါ (Self-care): အခြေအနေတွေ ဘယ်လောက်ဆိုးပါစေ အစားမှန်မှန်စားခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
* အတတ်ပညာတစ်ခုခု အာရုံစိုက်ပါ: အနာဂတ်အတွက် ပြင်ဆင်နေခြင်းက "ငါ ဘာမှလုပ်လို့မရဘူး" ဆိုတဲ့ ခံစားချက်ကို လျော့ကျစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရစေပါတယ်။
> မှတ်ချက်: အကယ်၍ မိမိကိုယ်ကို သတ်သေလိုစိတ် ပေါ်လာခြင်း သို့မဟုတ် နေ့စဉ်ဘဝကို လုံးဝ မဖြတ်သန်းနိုင်တော့ပါက ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ပညာရှင်များ၊ အွန်လိုင်း Counselling ဝန်ဆောင်မှုများနဲ့ အမြန်ဆုံး ဆက်သွယ်ပါ။
>
လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက သင့်အမှား မဟုတ်ပါဘူး။ ဒီခက်ခဲတဲ့ ကာလမှာ စိတ်ဓာတ်မကျဘဲ ကျန်းမာစွာနဲ့ ရှင်သန်နေထိုင်နိုင်ဖို့ အပြန်အလှန် ဖေးမကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#စိတ်ကျန်မာရေး #စိတ်ဓာတ်ကျ #လူငယ်နဲ့စိတ်ကျန်မာရေး

🧧 Gong Xi Fa Cai Happy Chinese New Year 🧧 မင်္ဂလာရှိသော ၂၀၂၆ မြင်းနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြ...
17/02/2026

🧧 Gong Xi Fa Cai
Happy Chinese New Year 🧧

မင်္ဂလာရှိသော ၂၀၂၆ မြင်းနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ 🙏

ကံကောင်းခြင်းကြယ်ပွင့်များ အမြဲထွန်းလင်းတောက်ပပြီး စီးပွားလာဘ်လာဘများ မြင်းအလား အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်ပါစေကြောင်း Siam Phra Theph Co.ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


.ltd #

စက်ရုံ/ကုမ္ပဏီ လုပ်သားများ လစဉ် ၇၅၀ ဘတ် ပေးနေရပြီး ကိုယ်ရမယ့်ပိုက်ဆံတွေကို အလကား လွှင့်ပစ်နေမိသလား? 💸 (ထိုင်းရောက် မြန်မ...
16/02/2026

စက်ရုံ/ကုမ္ပဏီ လုပ်သားများ လစဉ် ၇၅၀ ဘတ် ပေးနေရပြီး ကိုယ်ရမယ့်ပိုက်ဆံတွေကို အလကား လွှင့်ပစ်နေမိသလား? 💸 (ထိုင်းရောက် မြန်မာ ၉၀% မသိသေးတဲ့ အမှား)

​လကုန်ရင် လစာထဲက လူမှုဖူလုံရေးကြေး (ประกันสังคม) အဖြတ်ခံရတိုင်း နှမြောနေမိတယ် မဟုတ်လား။ "ဥပဒေအရ ပေးရမယ်ဆိုတော့လည်း ပေးလိုက်ပါစေလေ" ဆိုပြီး ငြိမ်ခံနေလိုက်တာ များပါတယ်။

​ဒါပေမဲ့... ခင်ဗျား အဲ့ဒီလို ငြိမ်နေလိုက်တာက တကယ်တော့ ကိုယ့်ပိုက်ဆံ ကိုယ်ပြန်စွန့်လွှတ်လိုက်တာနဲ့ တူတူပါပဲ။ ⚠️

​ဘာကြောင့်လဲဆိုတော့ ခင်ဗျား လစဉ်ထည့်နေတဲ့ ပိုက်ဆံတွေက ဒီအတိုင်း ပျောက်သွားတာ မဟုတ်ပါဘူး။ အောက်က အခွင့်အရေးတွေ ပြန်ရကိုရရပါမယ် -

​✅ သွားကျန်းမာရေး: တစ်နှစ်ကို ၉၀၀ ဘတ် အထိ ပြန်ထုတ်လို့ရတယ် (သွားနှုတ်/ဖာ/သန့်ရှင်းရေး)။

✅ ကလေးထောက်ပံ့ကြေး: ကိုယ့်မှာ ကလေးရှိရင် လစဉ် ထောက်ပံ့ကြေး လျှောက်လို့ရတယ်။

✅ အလုပ်လက်မဲ့: အလုပ်ဖြုတ်ခံရရင်၊ ထွက်ရင် လစာရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်ရနိုင်တယ်။

✅ နာမကျန်းဖြစ်မှု: ဆေးကုသစရိတ် အခမဲ့အပြင်၊ အလုပ်နားရတဲ့ ရက်တွေအတွက်ပါ ပိုက်ဆံပြန်ရနိုင်တယ်။

​"သူများတွေ ပြောတော့ မရပါဘူးကွာ" ဆိုတဲ့ စကားကို နားမယောင်ပါနဲ့။ ကိုယ့်အခွင့်အရေး ကိုယ်တိုင်ယူမှ ရမှာပါ။

​အခုပဲ ကိုယ့်ဖုန်းထဲမှာ SSO Official App ကို ဒေါင်းလုဒ်ဆွဲပြီး ကိုယ့်ပိုက်ဆံ ဘယ်လောက်ရှိနေပြီလဲ၊ ဘာတွေ ရနိုင်လဲဆိုတာ ကိုယ်တိုင် ဝင်စစ်ကြည့်လိုက်ပါ။ 👇

​📲 Android (Play Store):

https://clk.bz/nSZlG

​🍏 iOS (App Store):

https://clk.bz/nSZlG

​(မှတ်ချက် - ဒီအချက်အလက်တွေက စက်ရုံ၊ ကုမ္ပဏီတွေမှာ ပုဒ်မ ၃၃ (M.33) နဲ့ ဝင်ထားသူတွေအတွက်သာ ဖြစ်ပါတယ်)

​သူငယ်ချင်းတို့ရော... သွားဖိုး ၉၀၀ ဘတ် ထုတ်ဖူးကြလား? ထုတ်ရတာ လွယ်လား/ခက်လား Comment မှာ အတွေ့အကြုံလေးတွေ ပြောပြပေးသွားပါဦး။

, #လူမှုဖူလုံရေးရုံး #လူမှုဖူလုံရေးSSO

ที่อยู่

No.170 Ocean Tower 1 ,23rd Floor. Ratchadaphisek Rd , Khlong Toei, Bangkok .
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Siam PhraThephผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์