12/10/2025
ထိုင်းနိုင်ငံမှာ ဘဏ်ဖွင့်ရန် ခက်ခဲနေသူများ True Money Account ရှိရုံနဲ့ ဘဏ်ဝန်ဆောင်မှုများနီးပါး ရနိုင်တဲ့အပြင် မြန်မာနိုင်ငံသို့ ငွေသွင်း ငွေထုတ် ငွေလွှဲပါ လုပ်လို့ရပါသည်။
True Money သုံးရာမှာ အားသာချက်များ
ဘဏ်အကောင့်မလိုပဲ ငွေလွှဲနိုင်တယ်။
နယ်မြေဝေးပြီး ဘဏ်မရှိတဲ့ဒေသတွေမှာပါ TrueMoney Agent ဆိုင်လေးတွေ(Seven Eleven) ရှိတာကြောင့်
ငွေသွင်း ငွေထုတ် ငွေလွှဲ ကိုအဆင်ပြေ လွယ်ကူတယ်။
App (TrueMoney Wallet) နဲ့ Lazada တို့ Shopee တို့မှာ ငွေပေးခြေ လို့ရတယ်။
ဖုန်းငွေဖြည့်၊ မီတာဆောင် / Internet / Game Card / Data Package စတာတွေကို App ထဲကနေ ပေးခြေနိုင်တယ်။
ဖုန်းငွေဖြည့်တာ၊ ငွေလွှဲတာမှာ Cash back / Bonus ရတတ်တယ်။
အခြား Bank အကောင့်များနဲ့ချိတ်နိုင်ပြီး AYA Pay, KBZPay, WavePay စတဲ့ local wallet များနဲ့ ငွေသွင်း ငွေထုတ် ငွေလွှဲ ပြုလုပ်နိုင်ပါတယ်။
OTP code, Face verification, PIN code စနစ်နဲ့ အသုံးပြုသူ၏ငွေကိုကာကွယ်ထားတယ်။
Call Center / page / Chat Support ရှိတယ်။
ထိုင်းဖုန်းနံပါတ်ဖြည့်ပါ OTP no. ဖြည့်ပါ။ (ပုံ၁)
Foreigner ကိုရွေးပြီး passport နဲ့ face scan ပါ။ (ပုံ၂)
လိပ်စာထည့်ပါ။ (ပုံ၃)
မြန်မာသို့ငွေလွဲနိုင်ရန် account upgrade လုပ်ရန်လိုပါသည်။ (ပုံ၄)
ပန်းရောင်ကဒ်၊ ထိုင်းယဉ်မောင်းလိုင်စင်၊ passport visa page ပုံပို့ပါ, အလုပ်လိပ်စာ ဆိုပြီး လိပ်စာ ထပ်ဖြည့်ရတယ် မဖြည့်လျင် reject ဖြစ်ပါတယ်။ (ပုံ၅)
အချိန် ၁ရက်၂ရက်ကြာတတ်ပြီး ကိုယ့်ဖုန်းကို အခြေနေ msg ပို့ပါတယ်။ (ပုံ၆)
Official website မှ အကောင့်ဖွင့်နည်း
https://truemoneytransfer.truemoney.com/my/how-to/register/
မသိနားမလည်တာ ရှိလျှင် အချိန်မရွေး ဆက်သွယ်
မေးမြန်း နိုင်ပါတယ်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ….
🙏🙏🙏