Pay Pay and Bu Bu Services

Pay Pay and Bu Bu Services 🇹🇭

🛕 Chiang Mai ရဲ့ ရှေးဟောင်းအမွေအနှစ် — Wat Chedi Luang 🇹🇭Chiang Mai Old City ထဲကို ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာတွေထဲ...
14/09/2026

🛕 Chiang Mai ရဲ့ ရှေးဟောင်းအမွေအနှစ် — Wat Chedi Luang 🇹🇭

Chiang Mai Old City ထဲကို ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာတွေထဲက တစ်ခုကတော့ Wat Chedi Luang ပါ။ ✨

နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဒီဘုရားကျောင်းဟာ Lanna ခေတ်ရဲ့ ထင်ရှားတဲ့ ဗိသုကာလက်ရာတွေကို ယနေ့တိုင် မြင်တွေ့နိုင်တဲ့နေရာတစ်ခုပါ။

အထူးခြားဆုံးကတော့ ဘုရားကျောင်းအလယ်မှာရှိတဲ့ Chedi ကြီး 🛕
တစ်ချိန်က အလွန်မြင့်မားခဲ့ပေမယ့် 1545 ခုနှစ်က ငလျင်ကြောင့် အပေါ်ပိုင်းအများစု ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ထိ ကျန်ရှိနေတဲ့ Chedi ရဲ့ ကြီးမားခန့်ညားမှုကတော့ တကယ်ကို အံ့ဩစရာပါ။

Chedi ပတ်လည်က ဆင်ရုပ်တွေ၊ ရှေးဟောင်းအုတ်နံရံတွေ၊ Lanna ပုံစံအဆောက်အအုံတွေကလည်း ဓာတ်ပုံရိုက်ချင်စရာကောင်းတဲ့နေရာတွေပါ 📸

🌿 Chiang Mai ကိုရောက်ရင် ရှေးဟောင်းသမိုင်းနဲ့ ဘုရားကျောင်းအလှကို တစ်နေရာတည်းမှာ ခံစားချင်သူတွေအတွက် Wat Chedi Luang ကို မမေ့နဲ့နော်။

📍 Wat Chedi Luang, Chiang Mai, Thailand 🇹🇭

#เที่ยวเชียงใหม่ #วัดเจดีย์หลวง #မြန်မာခရီးသွား

မဲဆောက် မြို့က ဘုရား Wat Thai Watthana Rama (วัดไทยวัฒนาราม ) ကိုဖူးပြီးကြပီလား 🙏🏻🙏🏻🙏🏻ဒီဘုရားကျောင်းဟာ မြန်မာ့ယဉ်ကျေးမှု...
02/09/2026

မဲဆောက် မြို့က ဘုရား Wat Thai Watthana Rama (วัดไทยวัฒนาราม ) ကိုဖူးပြီးကြပီလား 🙏🏻🙏🏻🙏🏻

ဒီဘုရားကျောင်းဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေ ရောနှောနေတဲ့အတွက် Mae Sot ကို ရောက်ရင် သွားလည်သင့်တဲ့ နေရာတစ်ခုလို့ လူသိများပါတယ်။

🛕 ထူးခြားတဲ့အချက်တွေ

* 🇲🇲 မြန်မာစတိုင် ဗိသုကာလက်ရာ တွေကို ထင်ရှားစွာ တွေ့ရပါတယ်။
* 🪷 ဘုရားကျောင်းအတွင်းမှာ မြန်မာပုံစံ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာတွေကို တွေ့နိုင်ပါတယ်။
* 🏯 ဘုရားကျောင်းရဲ့ ရွှေရောင်အလှဆင်မှုနဲ့ ရိုးရာလက်ရာတွေက ဓာတ်ပုံရိုက်ဖို့လည်း အရမ်းလှပါတယ်။
* 🌏 ထိုင်း–မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ Mae Sot ရဲ့ ယဉ်ကျေးမှုရောနှောမှုကို ထင်ဟပ်စေတဲ့ နေရာတစ်ခုပါ။

08/08/2026

Ayuttaya က စားသောက်ဆိုင် honest reviews

🍃🐑 Akha FarmVille – တောင်ပေါ်က သိုးလေးတွေနဲ့ အေးချမ်းတဲ့တစ်နေ့ 🏔️☁️Chiang Rai ရဲ့ Doi Chang တောင်ပေါ်မှာရှိတဲ့ Akha Farm...
06/08/2026

🍃🐑 Akha FarmVille – တောင်ပေါ်က သိုးလေးတွေနဲ့ အေးချမ်းတဲ့တစ်နေ့ 🏔️☁️

Chiang Rai ရဲ့ Doi Chang တောင်ပေါ်မှာရှိတဲ့ Akha FarmVille ဟာ သဘာဝကိုချစ်တဲ့သူတိုင်း အနည်းဆုံးတစ်ခေါက်တော့ သွားသင့်တဲ့ နေရာလေးပါ။

☕ ကော်ဖီတစ်ခွက်နဲ့ တောင်တန်းရှုခင်းကို အေးအေးဆေးဆေး ခံစားနိုင်မယ့် လူမရှပ်တဲ့ မိုးတွင်းကာလ က ပုံလေးတွေ ဝေမျှပေးလိုက်ပါတယ် ❤️

ဒီမှာတော့…
🐑 သိုးလေးတွေကို အစာကျွေးပြီး အနီးကပ်ထိတွေ့နိုင်တယ်။
📸 ဥရောပကျေးလက်ဒေသလို လှပတဲ့ Photo Spot တွေမှာ ဓာတ်ပုံရိုက်နိုင်တယ်။

💰 ဝင်ကြေး 100 Baht (အဖျော်ယမကာ ၁ ခွက် ပါဝင်)

🌿 Chiang Rai ကိုရောက်ရင် သဘာဝ၊ တိရစ္ဆာန်လေးတွေနဲ့ အေးချမ်းတဲ့အချိန်လေးကို ဖြတ်သန်းချင်သူတွေအတွက် Akha FarmVille က စိတ်ကျေနပ်စေမယ့် Destination တစ်ခုပါ။

📍 Akha FarmVille, Doi Chang, Chiang Rai, Thailand

#เที่ยวเชียงราย

04/08/2026

Ang Thong မြို့ရောက်ရင် ဝင်ဖူးခဲ့နော် 🙏🏻🇹🇭

Wat Pho (วัดโพธิ์) – ဘန်ကောက်ရဲ့ လျောင်းတော်မူဗုဒ္ဓ ဘုရားကြီး 🙏✨ဘန်ကောက်ကို ရောက်ရင် မဖြစ်မနေ သွားရောက်ဖူးမြော်သင့်တဲ့ ဘ...
03/08/2026

Wat Pho (วัดโพธิ์) – ဘန်ကောက်ရဲ့ လျောင်းတော်မူဗုဒ္ဓ ဘုရားကြီး 🙏✨

ဘန်ကောက်ကို ရောက်ရင် မဖြစ်မနေ သွားရောက်ဖူးမြော်သင့်တဲ့ ဘုရားကျောင်းတစ်ခုကတော့ Wat Pho (ဝတ်ဖိုး) ပါ။

ဒီနေရာရဲ့ အထင်ကရအရာကတော့ အရှည် ၄၆ မီတာ၊ အမြင့် ၁၅ မီတာ ရှိတဲ့ ရွှေရောင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် ဖြစ်ပြီး ဗုဒ္ဓ၏ ပရိနိဗ္ဗာန်ဝင်ခြင်းကို ကိုယ်စားပြုထားပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေဖဝါးပေါ်မှာ Mother-of-Pearl နဲ့ အနုစိတ်အလှဆင်ထားတဲ့ မင်္ဂလာလက္ခဏာ ၁၀၈ မျိုး ကိုလည်း အနီးကပ် လေ့လာနိုင်ပါတယ်။

Wat Pho ဟာ ဘုရားဖူးရုံသာမက ထိုင်းရိုးရာ Thai Massage ပညာရဲ့ မူလအစနေရာ အဖြစ်လည်း ကမ္ဘာကျော်ပါတယ်။ ဘုရားဝင်းအတွင်းမှာ ရှေးဟောင်းစေတီများ၊ လှပတဲ့ဗိသုကာလက်ရာများနဲ့ ငြိမ်းချမ်းတဲ့ အငွေ့အသက်ကိုလည်း ခံစားနိုင်ပါတယ်။

✨ Grand Palace နဲ့ အနီးအနားမှာ တည်ရှိတာကြောင့် တစ်ရက်တည်းမှာ မြဘုရား နဲ့ Wat Pho ကို အတူတူ လည်ပတ်ဖို့ အဆင်ပြေပါတယ်။

📍 Location: Wat Pho, Bangkok
🕗 Opening Hours: 08:30 AM – 7:30 PM
🇹🇭 ဝင်ကြေး: 300B

Wat Pho ကို အလွယ်ကူဆုံး သွားရောက်နိုင်တဲ့နည်းကတော့

📌MRT Blue Line ကိုစီးပြီး Sanam Chai Station မှာ ဆင်းပါ။ အဲဒီကနေ ဘုရားအထိ ၁၀ မိနစ်ခန့် လမ်းလျှောက်ရုံ နဲ့ ရောက်ရှိနိုင်ပါတယ်။

📌Chao Phraya Express Boat ကို စီးပြီး Tha Tien Pier မှာ ဆင်းလို့လည်း ရပါတယ်။

📌Wat Arun ကနေ လာမယ်ဆိုရင်တော့ Wat Pho Pier Ferry ကို စီးပြီး မြစ်ကိုဖြတ်ကူးနိုင်ပါတယ်။ ဖယ်ရီခက ၅ ဘတ်သာ ကျသင့်ပါတယ်။ 🇹🇭🙏

🏯 Phitsanulok  ဖိစနုလုတ်မြို့ နဲ့ Suphan Kalyan Bridge ဆုပန်ကလျာ တံတား 🇹🇭✨Phitsanulok မြို့ဆိုရင် မြန်မာ ရာဇဝင်နဲ့ မစိမ်...
23/07/2026

🏯 Phitsanulok ဖိစနုလုတ်မြို့ နဲ့ Suphan Kalyan Bridge ဆုပန်ကလျာ တံတား 🇹🇭✨

Phitsanulok မြို့ဆိုရင် မြန်မာ ရာဇဝင်နဲ့ မစိမ်းကြတဲ့ 🇹🇭ထိုင်းနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကြားထဲက မြို့တစ်မြို့ပါ။

🙏 ဒီမြို့ရဲ့ အထင်ရှားဆုံးနေရာကတော့ Wat Phra Si Rattana Mahathat (Wat Yai) ဖြစ်ပြီး သပ်ပါယ် လှတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲက တစ်ဆူဖြစ်တဲ့ Phra Buddha Chinnarat ကို ဖူးမြော်နိုင်ပါတယ်။

🛕 Wat Chan Tawan Tok – ရွှေရောင်တောက်ပတဲ့ ဗိမာန်ကြီးကြောင့် လူသိများတဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး လက်ရှိမှာလည်း အချို့အပိုင်းများ ဆက်လက်တည်ဆောက်နေဆဲဖြစ်ပါတယ်။

🌉 Nan မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ရင်း လှပတဲ့ Suphan Kalyan Bridge ကို ဖြတ်ကူးကာ နေဝင်ချိန်ရဲ့ အလှကို ခံစားနိုင်သလို၊ ဒေသခံ Night Market တွေမှာလည်း အရသာရှိတဲ့ အစားအစာမျိုးစုံကို မြည်းစမ်းနိုင်ပါတယ်။

📌Location
Wat Phra Si Rattana Mahathat (Wat Yai) 🙏

📌https://maps.app.goo.gl/MC23XsYHLieTPUJn6?g_st=ic

ဖိစနုလုတ်မြို့ ဟာ ဘန်ကောက် ကနေ ချင်းမိုင်ကို သွားတဲ့လမ်းကြောင်းပေါ်မှာရှိတာကြောင့် လမ်းကြုံရင် ဝင်လည်ကြည့်ဖို့ ဒီ post လေးနဲ့ ပြောချင်ပါတယ်။🥰

#เที่ยวพิษณุโลก

🇹🇭ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ၁ နာရီခွဲခန့် မောင်းရတဲ့ 🚙 ချချင်ဆောင် (Chachoengsao) ခရိုင်မှ ဘုရားများ  နှင့် လည်ပတ်စရာ နေ...
20/07/2026

🇹🇭ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ၁ နာရီခွဲခန့် မောင်းရတဲ့ 🚙 ချချင်ဆောင် (Chachoengsao) ခရိုင်မှ ဘုရားများ နှင့် လည်ပတ်စရာ နေရာများ 🪷

1. Wat Mongkolthep - ၀ဋ်ကြွေးကြေဘုရား🙏

ဒီဘုရားမှာ ကံအဟောင်း၊ အတိတ်ကံနှင့် ဘဝအတားအဆီးများ လျော့ပါးစေရန် ရည်ရွယ်ပြီး လာရောက်ဆုတောင်းသူများ များပြားပါတယ်။

လက်ဖဝါးတော်မှာ ဘုရားဆင်းတုတော်ငါးဆူစီပါရှိ ပြီး လာရောက်ဖူးမျှော်သူများက လက်ဖဝါးတော်ကို ထိကာ ရှိခိုးပြီး လိုရာ ဆုများတောင်းဆိုလေ့ရှိကြပါတယ်။

📍 Location 🪷
https://maps.app.goo.gl/cM4NYRuXPS7piPFp9?g_st=ic

2. Wat Pak Nam Jolo (ရွှေကျောင်း)

ဘုရားကျောင်းတစ်ခုလုံးကို ရွှေရောင်နဲ့ အလှဆင်ထားတာကြောင့် မြင်လိုက်တာနဲ့ ခမ်းနားလှပတဲ့ အလှကို ခံစားရပါတယ်။

ဘုရားအတွင်းမှာ Luang Pho To ဗုဒ္ဓရုပ်ပွားတော်ကို သာပ်ပယ် စွာ ဖူးမြော်နိုင်ပါတယ်။ ဘုရားကျောင်းတစ်ခုလုံးကို ရွှေရောင်နဲ့ အလှဆင်ထားတာကြောင့် မြင်လိုက်တာနဲ့ ခမ်းနားလှပတဲ့ အလှကို ခံစားရပါတယ်။

📍 Location:🪷
🔗 https://maps.google.com/?q=Wat+Pak+Nam+Jolo

3. Wat Phuttha Prommayan (ငွေကျောင်း)

🏞️မြစ်လယ်က ကျွန်းလေးပေါ်က "မှန်စီရွှေချ" ငွေကျောင်းတော်ကြီး

ဒီဘုရားရဲ့ အထင်ရှားဆုံး အရာကတော့ မှန်စီ၊ ငွေရောင်အလှဆင်ထားတဲ့ ဥပုသ်ကျောင်း ဖြစ်ပါတယ်။ နေရောင်ကျရင် မှန်စီတွေရဲ့ အလင်းပြန်မှုကြောင့် တစ်ကျောင်းလုံး တောက်ပ လင်းလက်နေပြီး ဓာတ်ပုံရိုက်ဖို့ အလွန်လှပတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ကျောင်းတည်ရှိတဲ့ ကျွန်းလေးကို တံတားလေးဖြတ်ပြီး ဝင်ရောက်ဖူးမြော်ရတာ ကလည်း ဒီနေရာရဲ့ အထူးဆွဲဆောင်မှုတစ်ခုပါ။

မြစ်ကမ်းဘေးက လှေဆိပ်ကနေ ကျောင်းတော်ပိုင် ကူးတို့လှေလေး လှေခ ၂၀ ဘတ်နဲ့ မြစ်ကို ဖြတ်ကူးရတာဖြစ်ပါတယ်။

📍 Location:🪷
https://maps.app.goo.gl/hvhyALkLFj9138Xg8?g_st=ic

4. Wat Sothon Wararam Worawihan (ကြက်ဥဘုရား)

ဒီဘုရားမှာ ဆုတောင်းပြီး ဆုတောင်းပြည့်ရင် ကျေးဇူးတင် အလှူအဖြစ် ကြက်ဥပြုတ် လာလှူတဲ့ ဓလေ့ ရှိပါတယ်။

ခမ်းနားလှတဲ့ ဘုရားကျောင်း၊ အလွန်ကြည်ညိုဖွယ် Luang Pho Sothon ဗုဒ္ဓရုပ်ပွားတော်နဲ့ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး ဘုရားဖူးနေရာတွေထဲက တစ်ခုပါ။ ✨

📍 Location:🪷
https://maps.app.goo.gl/hHD5fiYFDgCdMRQy5?g_st=ic

5. Wat Saman Rattanaram (ကြွက်ဘုရား)

ပန်းရောင် (Pink Ganesha) ရုပ်တုကြီးကြောင့် ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လည်ပတ်ကြပါတယ်။

ဒီဘုရားမှာ Ganesha ရုပ်တုကြီးကို ပတ်လည်ဝန်းရံထားတဲ့ ကြွက်ရုပ်တုကြီး ၃၂ ကောင် ရှိပါတယ်။

ဟိန္ဒူယုံကြည်ချက်အရ၊ ဆုတောင်းချင်တဲ့သူတွေက ကြွက်ရုပ်တုရဲ့ နားကို လက်တစ်ဖက်နဲ့ ကာပြီး နားထဲကို ဆုတောင်းစကား တိုးတိုးပြောကြပါတယ်။ တစ်ဖက်နားကို ပိတ်ထားရတာက ဆုတောင်းစကား မပျံ့နှံ့သွားဘဲ Ganesha ဆီကိုသာရောက်သွား တယ်လို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။

📍 Location:🪷
https://maps.app.goo.gl/bNaoshP4k8x8cneu8?g_st=ic

6. Wat Hong Thong 🏞️

ဘုရားကျောင်းရဲ့ အထင်ကရနေရာကတော့ ပင်လယ်ထဲကို ထိုးထွက်ထားတဲ့ မှန်ကြမ်းခင်းတံတား ဖြစ်ပါတယ်။

Wat Hong Thong ရဲ့ မှန်တံတား (Glass Skywalk) ပေါ်ကနေ ပင်လယ်ရှုခင်းကို ၃၆၀° ကြည့်ရှုနိုင်ပါတယ်။ 🤍

နေဝင်ချိန်မှာ လေညင်းလေးခံရင်း လှပတဲ့ အလင်းရောင်နဲ့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပါ။ ကုသိုလ်လည်းရ၊ Check-in လည်းလှတဲ့ Chachoengsao ရဲ့ မသွားမဖြစ်နေရာတစ်ခုပါ။ 🙏📸

📍 Location:🪷
https://maps.app.goo.gl/WStMdVGshRge53mx7?g_st=ic

🏘️ Chachoengsao မှာ Local Culture & Market လည်ပတ်ဖို့အတွက်

📌Klong Suan 100 Year Old Market

* နှစ် 100 ကျော် သက်တမ်းရှိ ဈေးဟောင်း တစ်ခုဖြစ်ပြီး Vintage ဓာတ်ပုံရိုက်ဖို့ ကောင်းတဲ့ နေရာလေး ပါ ။

📌Bang Khla Floating Market

* ဒေသခံအစားအစာတွေ များနဲ့ ညနေပိုင်း လင်းနို့အုပ်ကြီး ပျံထွက်တာ (အကြောင်းတိုက်ဆိုင် )ကြည့်လို့ရပါ တယ် ။🥰
*
Chachoengsao မှာ Food and Cafe အတွက်ဆို

📌🥘meenahm meepla restaurant

👍Bang Pakong မြစ်ကမ်းဘေး တွင် တည်ရှိသော နာမည်ကြီး Thai Seafood Restaurant တစ်ဆိုင်ဖြစ်ပြီး၊ အရသာရှိတဲ့ ပင်လယ်စာများနဲ့ လှပတဲ့ မြစ်ရှုခင်းကြောင့် လူကြိုက်များပါတယ်။

📌☕️19 Sunday cafe

💚သစ်သားအိမ်လေး၊ ရေကန်ဘေးရှုခင်းနဲ့ စိမ်းလန်းတဲ့ ဥယျာဉ်ကြားမှာ Coffee တစ်ခွက်သောက်ရင်း အေးအေးဆေးဆေး အနားယူလို့ရတဲ့ နေရာပါ။ 🤍

#เที่ยวไทย #สายมู

#၀ဋ်ကြွေးကြေဘုရား

Wat Sang Kaew Phothiyan (Kruba Ariyachat) วัดแสงแก้วโพธิญาณ (ครูบาอริยชาติ)📌ဒီဘုရားကျောင်းဟာ ချင်းရိုင် (Chiang Rai) ခရိ...
12/07/2026

Wat Sang Kaew Phothiyan (Kruba Ariyachat) วัดแสงแก้วโพธิญาณ (ครูบาอริยชาติ)

📌ဒီဘုရားကျောင်းဟာ ချင်းရိုင် (Chiang Rai) ခရိုင်၊ Mae Suai မှာရှိပြီး ထိုင်းမြောက်ပိုင်းရဲ့ နာမည်ကြီး ဘုရားကျောင်းတစ်ခုပါ။ ဘုန်းတော်ကြီး Kruba Ariyachat Ariyajitto (ครูบาอริยชาติ อริยจิตโต) က ၂၀၀၆ ခုနှစ်ဝန်းကျင်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ယနေ့မှာ Local ဘုရားဖူးတွေနဲ့ ခရီးသွားတွေအများကြီး လာရောက်ကြတဲ့ နေရာတစ်ခု ဖြစ်လာတဲ့ ချင်ရိုင်က ဘုရားတစ်ဆူပါ။

📍 Chiang Rai ကို သွားမယ်ဆိုရင် ဒီဘုရားကိုလည်း itinerary ထဲ ထည့်ထားဖို့ အကြံပြုပါတယ်။

📌မြန်မာ အနုပညာ လက်ရာ အငွေ့အသက် တွေ ,
လန်နာ့ Tai Yai လက်ရာအငွေ့အသက် တွေ ပါတဲ့ဘုရားကြီးပါ

📌Location
https://maps.app.goo.gl/BWizFRbNFiJQJvDT9?g_st=ic

ที่อยู่

Bangkok
10310

เบอร์โทรศัพท์

+959975833948

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pay Pay and Bu Bu Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์