Your Bangkok Diary

Your Bangkok Diary Your Bangkok Diary to fulfill all your needs!

၇ နှစ်ကျော် ရပ်ထားရာမှ ပြန်လည်ရောက်ရှိလာတဲ့ ပွဲတော်ကြီး …Bangkok ရဲ့ လူကြိုက်များတဲ့ Siam Carnival Funfair ဟာ Grand Rama...
01/08/2026

၇ နှစ်ကျော် ရပ်ထားရာမှ ပြန်လည်ရောက်ရှိလာတဲ့ ပွဲတော်ကြီး …
Bangkok ရဲ့ လူကြိုက်များတဲ့ Siam Carnival Funfair ဟာ Grand Rama 9 Plaza ကို ၇ နှစ်ကျော်အကြာမှာ ပြန်လည်ရောက်ရှိလာပြီး 2026 ခုနှစ် ဇူလိုင် 31 ရက်မှ ဩဂုတ် 16 ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ် 😱

Thailand ရဲ့ အကြီးဆုံး Traveling Amusement Park ဖြစ်တဲ့ ဒီပွဲတော်မှာ
👉 Ferris Wheel
👉 Roller Coaster နဲ့
👉 Thrill Ride မျိုးစုံအပြင်
👉 Food Stall ပေါင်း ၈၀ ကျော် ကိုလည်း
တစ်နေရာတည်းမှာ တွေ့ရမှာပါ။

ညနေပိုင်းရောက်တာနဲ့ ရောင်စုံမီးအလှတွေ၊ Carnival Music တွေ၊ ပျော်ရွှင်စရာ Atmosphere တွေနဲ့ Bangkok ရဲ့ အစည်ကားဆုံး Seasonal Event တွေထဲက တစ်ခုအဖြစ် အသက်ဝင်လာပါတယ်။

📍 Venue: Grand Rama 9 Plaza (Central Rama 9 Shopping Mall နောက်ဘက်)
🗓 31 July – 16 August 2026
🕔 5:00 PM – 10:00 PM (Daily)
🎟 Entrance Fee: 15 Baht
🎢 Ride Ticket: 60 Baht / Ride

ဒီပွဲတော်က တစ်နှစ်ကိုတစ်ကြိမ်သာ ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ၇ နှစ်ကျော်အကြာ Grand Rama 9 ကို ပြန်လည်ရောက်ရှိလာတာဖြစ်လို့ Bangkok ရောက်ဖြစ်တယ်ဆိုရင် လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲနော် 🫵💯








ဖူးခက်ဆိုတာ ကမ်းခြေတွေအတွက်ပဲ နာမည်ကြီးတာ မဟုတ်ပါဘူး။ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကိန်းအောင်းနေတဲ့ သဘာဝအလှတရားတွေကလည်း ဖူးခ...
31/07/2026

ဖူးခက်ဆိုတာ ကမ်းခြေတွေအတွက်ပဲ နာမည်ကြီးတာ မဟုတ်ပါဘူး။ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကိန်းအောင်းနေတဲ့ သဘာဝအလှတရားတွေကလည်း ဖူးခက်ရဲ့ ဝိဉာဉ်ကို အသက်သွင်းပေးနေကြပါတယ်🤍

Phuket Old Town ဆိုတဲ့ နေရာလေးကတော့ ၁၉ ရာစုကတည်းက တည်ရှိခဲ့ကြတဲ့ Sino-Portuguese Architecture လက်ရာတွေနဲ့ ရောင်စုံအဆောက်အဦးလေးတွေ၊ Street Art တွေ၊ Local Café လှလှလေးတွေကြောင့် ဖူးခက်ရောက်တိုင်း မဖြစ်မနေ လာလည်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်💯

နေ့ခင်းဘက်မှာတော့ လမ်းလျှောက်ရင်း အဆောက်အဦးလေးတွေရဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေကို ကြည့်ရှုလေ့လာနိုင်ပြီး Local Food နဲ့ Dessert ဆိုင်လေးတွေမှာ ဖူးခက်ရဲ့ အရသာအစစ်ကို မြည်းစမ်းကြည့်နိုင်ပါတယ်။

ဒါပေမယ့် ဖူးခက်မြို့ဟောင်းရဲ့ အလှဆုံးအချိန်က Sunset ပါ။
နေရောင်က တဖြည်းဖြည်း အောက်ဆင်းလာတဲ့အချိန်မှာ ရွှေရောင်အလင်းတန်းတွေက ရောင်စုံအဆောက်အဦးတွေကို ထိတွေ့ပြီး မြို့ဟောင်းတစ်ခုလုံးကို နွေးထွေးတဲ့အငွေ့အသက်နဲ့ လွှမ်းခြုံပေးပါတယ်။
လမ်းဘေး Café လေးတစ်ဆိုင်မှာ ထိုင်ပြီး ကော်ဖီတစ်ခွက်သောက်ရင်း လူနေမှုဘဝကို ငေးကြည့်နေရတာက ဖူးခက်ရဲ့ Slow Life ကို အကောင်းဆုံးခံစားနိုင်တဲ့ အခိုက်အတန့်တစ်ခုပါပဲ။

ဖူးခက်ရောက်တဲ့အခါ ဒီနေရာလေးကို သွားကြည့်ဖို့ မမေ့အောင် ဒီ Post လေးကို Save ထားလိုက်ပါဦးနော်✅

📍 Address: Thalang Rd, Talat Yai, Mueang Phuket District, Phuket, Thailand

ဖူးခတ်မြို့ဟောင်းအပြင် တစ်ကျွန်းလုံးက လည်ပတ်စရာနေရာတွေကို အချိန်ကုန်သက်သာပြီး သက်တောင့်သက်သာနဲ့ စိတ်ကြိုက်သွားလာနိုင်ဖို့အတွက် Your Bangkok Diary ရဲ့ Car Rental Service ကလည်း အမြဲအသင့်ရှိနေပါတယ်ရှင်😉

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯








Bangkok မြို့ကို အမြင့်ဆုံးနေရာကနေ ကြည့်ဖူးချင်ရင် …Bangkok ရဲ့ အထင်ကရ Landmark တွေထဲက တစ်ခုဖြစ်တဲ့ Mahanakhon SkyWalk က...
30/07/2026

Bangkok မြို့ကို အမြင့်ဆုံးနေရာကနေ ကြည့်ဖူးချင်ရင် …
Bangkok ရဲ့ အထင်ကရ Landmark တွေထဲက တစ်ခုဖြစ်တဲ့ Mahanakhon SkyWalk ကတော့ မြို့တစ်မြို့လုံးကို 360° မြင်ကွင်းနဲ့ ကြည့်ရှုနိုင်တဲ့ Observation Deck ဖြစ်ပါတယ်။

၇၈ ထပ်မြောက် (အမြင့် ၃၁၄ မီတာ) မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး မှန်ကြမ်းပြင် (Glass Tray) ပေါ်မှာ လမ်းလျှောက်ရင်း အသည်းယားစရာ စွန့်စားမှုကို ခံစားနိုင်မှာဖြစ်ပြီး ညနေခင်း Sunset အလှနဲ့အတူ Roof Bar မှာ အမိုက်စား Instagrammable ဓာတ်ပုံလှလှလေးတွေ စိတ်ကြိုက်ရိုက်ကူးလို့ ရပါတယ်ရှင်🥰

ညနေပိုင်းတွေမှာ လူအလွန်များတတ်တာမို့ ကောင်တာမှာ တန်းစီစရာမလိုဘဲ အချိန်ကုန်သက်သာပြီး ဈေးနှုန်းပိုသက်သာစေဖို့ Your Bangkok Diary ကနေတစ်ဆင့် Mahanakhon SkyWalk Tickets တွေကို ကြိုတင်ဝယ်ယူထားနိုင်ပါပြီနော်💯

📍 Address ; 114 Narathiwas Road, Silom, Bangrak, Bangkok, Thailand.

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯








"သံမှိုတစ်ချောင်းမှမပါဘဲ ကျွန်းသစ်သက်သက်နဲ့ ထုဆစ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်သားရဲတိုက်ကြီး”ဗိသုကာပညာရပ်ရဲ့ အံ့မခန်းလက်ရာတ...
28/07/2026

"သံမှိုတစ်ချောင်းမှမပါဘဲ ကျွန်းသစ်သက်သက်နဲ့ ထုဆစ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်သားရဲတိုက်ကြီး”

ဗိသုကာပညာရပ်ရဲ့ အံ့မခန်းလက်ရာတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးမှာ သံမှိုတစ်ချောင်းမှ မသုံးဘဲ ကျွန်းသစ်သက်သက်နဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်သားရဲတိုက်ကြီးတစ်ခုဖြစ်တဲ့ Sanctuary of Truth ဆီ ရောက်ဖူးကြပြီလား?

ပတ္တရားမှာရှိတဲ့ ဒီရဲတိုက်ကြီးရဲ့ အတွင်းအပြင်တစ်ခုလုံးမှာ ထိုင်း၊ ခမာ၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဒဏ္ဍာရီတွေ၊ အတွေးအခေါ် ဒဿနတွေကို ဖော်ညွှန်းထားတဲ့ အသက်ဝင်လွန်းလှတဲ့ သစ်သားပန်းပုရုပ်တုပေါင်း မြောက်မြားစွာကို လက်မှုပညာသက်သက်နဲ့ အနုစိတ်ဆုံး ထုဆစ်ပူဇော်ထားတာမို့ ငေးမောလို့မဝနိုင်အောင် ဖြစ်ရမှာ သေချာပါတယ်ရှင်။

ဒီလို ရင်သပ်ရှုမောဖွယ် လက်ရာတွေကို ရှုစားချင်တယ်ဆိုရင်တော့ မင်မင်တို့ဆီမှာ Entrance Ticket လေးတွေ ဝယ်ယူနိုင်ပါပြီနော်💯
သွားလိုရာ ခရီးကို သက်သောင့်သက်သာနဲ့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်စေဖို့ Your Bangkok Diary ရဲ့ Car Rental Service ကလည်း အသင့်ပါပဲရှင့်🥰

📍 Address: 206/2 Moo 5, Soi Naklua 12, Naklua, Bang Lamung District, Chon Buri 20150, Thailand

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯









“အနုပညာတွေ၊ ပန်းချီကားတွေထဲကို ကိုယ်တိုင်ဝင်ရောက်နိုင်မယ့် Art in Paradise Pattaya”Pattaya ရဲ့ နာမည်ကြီး Art in Paradise...
27/07/2026

“အနုပညာတွေ၊ ပန်းချီကားတွေထဲကို ကိုယ်တိုင်ဝင်ရောက်နိုင်မယ့် Art in Paradise Pattaya”

Pattaya ရဲ့ နာမည်ကြီး Art in Paradise ကတော့ Thailand ရဲ့ ပထမဆုံး 3D Interactive Art Museum ဖြစ်ပြီး သာမန်ပန်းချီပြခန်းမဟုတ်ဘဲ ကိုယ်တိုင်ပန်းချီကားရဲ့ အစိတ်အပိုင်းတစ်ခုလို ပါဝင်ပြီး ဓာတ်ပုံရိုက်နိုင်တဲ့ နေရာတစ်ခုပါ။

Ocean World၊ Dinosaur Zone၊ Safari၊ Fantasy နဲ့ Classic Art စတဲ့ Theme Zone အမျိုးမျိုးကို လှည့်လည်ရင်း 3D Artwork တွေနဲ့ ပျော်စရာဓာတ်ပုံတွေ ရိုက်ကူးနိုင်တာကြောင့် Friends Trip၊ Family Trip နဲ့ Couple Trip အားလုံးအတွက် အလွန်သင့်တော်တဲ့ Attraction တစ်ခုဖြစ်ပါတယ်ရှင်။

📌Open Daily ; (9:00 AM to 9:00 PM)
👉Address ; 78/34 Moo 9, Pattaya Sai 2 Rd, Nong Prue, Bang Lamung District, Chon Buri, Thailand

Ticket Counter မှာ အချိန်ကုန်မခံချင်ရင်တော့ မင်မင်တို့ဆီမှာ Entrance Ticket လေးတွေ ကြို
ဝယ်သွားဖို့ မမေ့နဲ့ဦးနော်။ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး သွားလာနိုင်ဖို့ Your Bangkok Diary ရဲ့ Car Rental Service ကလည်း အသင့်ရှိနေပါတယ်ရှင်🥰

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯








ဉာဏ်ကောင်းလွန်းတဲ့ လင်းပိုင်လေးတွေရဲ့ ထူးထူးဆန်းဆန်းပြကွက်လေးတွေကို ကြည့်ရှုခွင့်ရမယ့် Pattaya Dolphinariumပတ္တရားကိုရော...
25/07/2026

ဉာဏ်ကောင်းလွန်းတဲ့ လင်းပိုင်လေးတွေရဲ့ ထူးထူးဆန်းဆန်းပြကွက်လေးတွေကို ကြည့်ရှုခွင့်ရမယ့် Pattaya Dolphinarium

ပတ္တရားကိုရောက်ရင် ချစ်စရာကောင်းပြီး အလွန်ဉာဏ်ကောင်းတဲ့ လင်းပိုင်လေးတွေနဲ့ ဖျံလေးတွေရဲ့ ကမ္ဘာ့အဆင့်မီ အမိုက်စား ဖျော်ဖြေပွဲတွေကို ကြည့်ရှုနိုင်မယ့် Pattaya Dolphinarium ဆီ သွားကြည့်ဖို့ မမေ့ပါနဲ့🐬

စနစ်တကျလေ့ကျင့်ပေးထားတဲ့ လင်းပိုင်လေးတွေရဲ့ အမြင့်ပျံဂျွမ်းထိုးပြသမှုတွေကို အနီးကပ်ကြည့်ရှုရမှာဖြစ်ပြီး၊ ပွဲအပြီးမှာ အမှတ်တရဓာတ်ပုံတွဲရိုက်နိုင်မယ့်အပြင် လင်းပိုင်လေးတွေနဲ့အတူ ရေကူးဆော့ကစားနိုင်မယ့် Exclusive အတွေ့အကြုံပါ ရရှိနိုင်တာမို့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်ဖို့ အကောင်းဆုံးနေရာလေးတစ်ခုပါ။

Show Time မတိုင်ခင် အနည်းဆုံး မိနစ် ၃၀ လောက် ကြိုရောက်ရင် ထိုင်ခုံနေရာ ကောင်းကောင်းလေးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်ရှင်📌

Dolphinarium အတွက် Entrance Ticket လေးတွေကို မင်မင်တို့ ဆီမှာ ဝယ်ယူရရှိနိုင်သလို သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး သွားလာနိုင်ဖို့ Car Rental Service ကလည်း အသင့်ပါပဲရှင်🥰

📍 Address: Moo 1, Nong Prue Sub-district, Bang Lamung District, Chon Buri, Pattya, Thailand
Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯












Frost Magical Ice of Siam — ပူပြင်းတဲ့ ပတ္တရားမှာ နှင်းကမ္ဘာထဲကို ဝင်လည်ကြမယ် ပတ္တရားမှာရှိပြီး အနုတ် ၁၅ ဒီဂရီ (-15°C) အ...
24/07/2026

Frost Magical Ice of Siam — ပူပြင်းတဲ့ ပတ္တရားမှာ နှင်းကမ္ဘာထဲကို ဝင်လည်ကြမယ်

ပတ္တရားမှာရှိပြီး အနုတ် ၁၅ ဒီဂရီ (-15°C) အထိ အေးစိမ့်လှပတဲ့ အာဆီယံရဲ့ အကြီးဆုံး ရေခဲပန်းပုပြတိုက်ကြီး Frost Magical Ice of Siam ဆီ သွားကြည့် ကြရအောင်❄️

အတွင်းဘက် Ice Dome ထဲမှာ ရောင်စုံမီးဆိုင်းတွေနဲ့ လင်းထိန်နေတဲ့ ရေခဲပန်းပုတွေ၊ ရေခဲလျှောစီးလိုင်းတွေရှိပြီး ရေခဲဖန်ခွက်လေးတွေနဲ့ အချိုရည်အေးအေးလေးသောက်ရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ရပါတယ်။

အပြင်ဘက်မှာလည်း Thai Mythology ကို အခြေခံထားတဲ့ အဖြူရောင်ပန်းပုလက်ရာကြီးတွေကို လေ့လာနိုင်တာကြောင့် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံကို ရရှိစေမှာ သေချာပါတယ်နော်💯

လက်မှတ်ထဲမှာ အနွေးထည်ငှားရမ်းခနဲ့ Soft Drink တစ်ခွက်ပါဝင်ပြီးသားဖြစ်ပြီး၊ အချိန်ကုန်သက်သာပြီး ဈေးနှုန်းပိုသက်သာစေဖို့ Your Bangkok Diary ကနေတစ်ဆင့် Frost Magical Ice Tickets တွေကို ကြိုတင်ဝယ်ယူထားနိုင်ပါပြီရှင်🥰

🕘 Opening Hour ; 9:00 AM to 7:00 PM
📍 Address ; 75/6 Moo 3, Nong Pla Lai, Bang Lamung District, Chon Buri, Pattaya, Thailand

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯











ပန်းပေါင်းထောင်ချီပွင့်နေတဲ့ ကမ္ဘာကြီးထဲကို လမ်းလျှောက်ဝင်သွားသလို ခံစားရမယ့် — Nong Nooch Tropical Garden ပတ္တရားကိုရော...
23/07/2026

ပန်းပေါင်းထောင်ချီပွင့်နေတဲ့ ကမ္ဘာကြီးထဲကို လမ်းလျှောက်ဝင်သွားသလို ခံစားရမယ့် — Nong Nooch Tropical Garden

ပတ္တရားကိုရောက်ရင် ကမ္ဘာ့အဆင့်မီ ဥယျာဉ်ကြီးထဲမှာ သဘာဝအလှတရားတွေနဲ့အတူ အပန်းဖြေနိုင်မယ့် Nong Nooch Tropical Garden ဆီ သွားကြည့်ကြရအောင်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးနဲ့ အလှဆုံး ရုက္ခဗေဒဥယျာဉ်ကြီးတစ်ခုဖြစ်ပြီး မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ တစ်နေ့တာလုံး ပျော်ရွှင်စရာဇုန်အစုံအလင်နဲ့ လည်ပတ်လို့ကောင်းတဲ့ နေရာကြီးပဲ ဖြစ်ပါတယ်။

ဒီနေရာရဲ့ အစည်ကားဆုံးဇုန်ဖြစ်တဲ့ Dinosaur Valley မှာ အသက်ဝင်အောင် ဖန်တီးထားတဲ့ သမိုင်းမတင်မီခေတ်က ဒိုင်နိုဆောရုပ်တုကြီးတွေ ရာနဲ့ချီရှိပြီး Jurassic Park ရုပ်ရှင်ထဲရောက်သွားသလိုမျိုး ဓာတ်ပုံအလန်းစားတွေ စိတ်ကြိုက်ရိုက်လို့ရပါတယ်။
ဒါ့အပြင် ပြင်သစ်ဥယျာဉ်၊ Stonehenge ဥယျာဉ်၊ ရှားစောင်းလက်ပတ်ဥယျာဉ် စတဲ့ ကမ္ဘာ့အဆင့်မီ ပန်းခြံအလှအပတွေကို ငေးမောနိုင်မှာဖြစ်ပြီး ထိုင်းရိုးရာယဉ်ကျေးမှုရှိုးပွဲတွေနဲ့ ချစ်စရာဆင်လိမ္မာလေးတွေရဲ့ ဖျော်ဖြေပွဲတွေကိုပါ တစ်နေရာတည်းမှာ တဝကြီးကြည့်ရှုနိုင်တာမို့ တကယ့်ကို စုံလင်လှပါတယ်။

နေရာအလွန်ကျယ်ပြီး လူကြိုက်များတာကြောင့် Entrance ticket တွေကိုတော့ ကြိုဝယ်ထားမှ စိတ်ချရမယ်နော်🫵
Nong Nooch Tropical Garden အတွက် Entrance ticket လေးတွေ ကြိုဝယ်ထားချင်တယ်ဆိုရင်တော့ Your Bangkok Diary မှာ ဝန်ဆောင်မှုပေးနေပါပြီရှင် 🥰

ဘန်ကောက် ဒါမှမဟုတ် ပတ္တရားကနေ သက်တောင့်သက်သာ သွားလာနိုင်ဖို့ Car Rental Service ကလည်း အမြဲအသင့်ရှိနေမှာပါရှင်😉

📍 Location: Nong Nooch Tropical Botanical Garden, Sattahip District, Chon Buri (Pattaya), Thailand

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ 👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

💙 ထိုင်းနိုင်ငံမှာ ကျောင်းပဲတက်မလား?
အလည်ပဲ သွားချင်လား?
လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်💯






ကမ္ဘာကျော် Celebrities တွေနဲ့ တစ်နေရာည်းမှာ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်… Madame Tussauds Bangkok ကို သွားလိုက်ပါ!Bangkok မ...
22/07/2026

ကမ္ဘာကျော် Celebrities တွေနဲ့ တစ်နေရာည်းမှာ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်…
Madame Tussauds Bangkok ကို သွားလိုက်ပါ!

Bangkok မြို့လယ် Siam Discovery ထဲမှာရှိတဲ့ Madame Tussauds Bangkok ကတော့ ကမ္ဘာကျော် Wax Museum တွေထဲက တစ်ခုဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်မင်းသား၊ အဆိုတော်၊ K-pop အိုင်ဒေါ ၊ အားကစားသမား၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အသက်ဝင်လွန်းတဲ့ ဖယောင်ရုပ်ထုတွေကို ခင်းကျင်းပြသထားပါတယ်။

တကယ့်လူအစစ်တွေအတိုင်း အသက်ဝင်လွန်းတဲ့ ရုပ်တုတွေကို အဝေးကနေကြည့်ရုံမဟုတ်ဘဲ အနီးကပ် ထိတွေ့ကြည့်တာ၊ ဖက်တာ၊ အတူတူ Post ပေးတာာတွေလုပ်ရင်း တစ်သက်တာအမှတ်တရ ဓာတ်ပုံအလန်းစားတွေ လွတ်လွတ်လပ်လပ် ရိုက်ကူးနိုင်ပါတယ်။

ဒါ့အပြင် အသည်းတယားယားနဲ့ ကြည့်ရှုရမယ့် 4D Cinema ရုပ်ရှင်အတွေ့အကြုံပါ တစ်ခါတည်း ပူးတွဲခံစားနိုင်တာမို့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်ဖို့ အကောင်းဆုံးနေရာလေးပါရှင်။

💡Madame Tussauds Bangkok ဟာ SEA LIFE Bangkok Ocean World နဲ့ နီးကပ်စွာတည်ရှိတာကြောင့် Attraction နှစ်ခုကို တစ်ရက်တည်း အတူလည်ပတ်လို့ ရပါတယ်နော်🥰

အချိန်ကုန်သက်သာပြီး ဈေးနှုန်းပိုသက်သာစေဖို့ Your Bangkok Diary ကနေတစ်ဆင့် Madame Tussauds Tickets တွေကို ကြိုတင်ဝယ်ယူထားနိုင်သလို၊ မြို့တွင်း သက်တောင့်သက်သာ သွားလာနိုင်ဖို့ Car Rental Service အမြဲအသင့်ရှိနေပါတယ်ရှင်💯

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ 👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services
ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781
💙 ထိုင်းနိုင်ငံမှာ လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်။








Hollywood ရုပ်ရှင်ထဲကို ကိုယ်တိုင်ဝင်ရောက်သွားသလို ခံစားရမယ့် Theme Park — Columbia Pictures AquaverseThailand ကို ခရီးသ...
21/07/2026

Hollywood ရုပ်ရှင်ထဲကို ကိုယ်တိုင်ဝင်ရောက်သွားသလို ခံစားရမယ့် Theme Park — Columbia Pictures Aquaverse

Thailand ကို ခရီးသွားရင်း ပုံမှန် Water Park တွေထက် ပိုထူးခြားတဲ့ အတွေ့အကြုံကို ရှာနေတယ်ဆိုရင် Columbia Pictures Aquaverse က လက်မလွတ်သင့်တဲ့ Attraction တစ်ခုပါ။ Pattaya အနီး Bang Saray မှာရှိတဲ့ ဒီနေရာဟာ ကမ္ဘာ့ပထမဆုံး Columbia Pictures Theme & Water Park ဖြစ်ပြီး Hollywood ရုပ်ရှင်တွေထဲက နာမည်ကြီးဇာတ်ကောင်တွေနဲ့ Theme Zone တွေကို အပြင်လောကမှာ တကယ်အသက်ဝင်လာသလို ဖန်တီးထားပါတယ်။

Hotel Transylvania, Ghostbusters, Jumanji, Zombieland နဲ့ အခြားနာမည်ကြီး Movie Theme တွေကို အခြေခံထားတဲ့ Water Attractions၊ Thrilling Slides၊ Wave Pool နဲ့ Interactive Activities တွေကြောင့် ကလေးတွေသာမက လူကြီးတွေအတွက်ပါ ပျော်ရွှင်စရာတစ်နေ့တာကို ပိုင်ဆိုင်နိုင်ပါတယ်။ Adventure ကို နှစ်သက်သူတွေအတွက် စိတ်လှုပ်ရှားစရာ Water Rides တွေရှိသလို၊ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်လည်း Relax Zone တွေကို စီစဉ်ပေးထားတာကြောင့် Family Trip၊ Friends Trip နဲ့ Couple Trip အားလုံးအတွက် အဆင်ပြေတဲ့ Destination တစ်ခုဖြစ်ပါတယ်နော် 👀
Photo Spot တွေလည်း များပြား ပြီး Live Entertainment Show တွေနဲ့ Character Meet & Greet အစီအစဉ်တွေကလည်း ခရီးစဉ်ကို ပိုပြီးအသက်ဝင်စေပါတယ်ရှင်🥰

Weekend နဲ့ Public Holiday တွေမှာ လာရောက်လည်ပတ်သူများတာကြောင့် Columbia Pictures Aquaverse Entrance Ticket များကို Your Bangkok Diary မှတစ်ဆင့် ကြိုတင် ဝယ်ယူနိုင်ပါပြီရှင်💯

Your Bangkok Diary မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ 👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services
ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781
💙 ထိုင်းနိုင်ငံမှာ လိုအပ်တာအကုန် Your Bangkok Diary က ကူညီပေးဖို့ အသင့်ရှိပါတယ်ရှင်။








ที่อยู่

Ramkhamhaeng , Hua Mak , Bang Kapi District
Bangkok
10240

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Your Bangkok Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Your Bangkok Diary:

ทางลัด

แชร์