Saga Travel Guide 🌟 Where adventure begins and memories never end. Let's Go together with Saga! ✈️🎉
Tiktok Link : https://www.tiktok.com/?_r=1&_t=ZS-91RIuiFgSd6

🌐 Website တွေကနေ book လုပ်ပြီး တကယ်သွားတော့မှ ဟိုတယ် မရှိတာတွေ ကြုံဖူးကြလား ⁉️ဒါတွေက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဟိုတယ်နာမည...
14/06/2026

🌐 Website တွေကနေ book လုပ်ပြီး တကယ်သွားတော့မှ ဟိုတယ် မရှိတာတွေ ကြုံဖူးကြလား ⁉️

ဒါတွေက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဟိုတယ်နာမည်ပြောင်းသွားတာ၊ Website တွေက သေချာ မစစ်ဆေးထားတာ၊ လိပ်စာ တည်နေရာတွေမှားနေတာ စတဲ့အချက်တွေအပြင် အပြင်မှာ ဟိုတယ်ရောင်းလိုက်ပေမဲ့ Website ပေါ်မှာ မဖျက်သိမ်းရသေးတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကြုံရပြီဆိုကတည်းက စိတ်ရှုပ်ရပါပြီ။ ဟိုတယ်အသစ်ကို အမြန်ရှာရတာကလည်း အခက်အခဲတစ်ခုဖြစ်တဲ့အပြင် နောက်ထပ် ပြောင်းနေရမဲ့ ပတ်ဝန်းကျင်အသစ်ကို စမ်းတဝါးဝါးနဲ့ ထပ်ရွေးရဦးမှာပါ။ 🤦

💡 ဒီလို မဖြစ်ဖို့ဆို Saga နဲ့အတူ Hotel ရှာပါ။

Saga ရဲ့ ခရီးချစ်သူတို့ အဓိက သွားချင်တဲ့ နေရာကို သိပြီဆိုရင် ကျန်တာတွေကို မျက်နှာလွဲထားလိုက်ရုံပါပဲ။ ဒီလို အမှားအယွင်းတွေ မရှိစေဖို့အပြင် နေရာကောင်း၊ အခန်းသန့်မှာ ဈေးနှုန်း အသက်သာဆုံးဖြစ်အောင် ငှားပေးဖို့က Saga တို့ တာဝန်ထားပါ။

ခရီးစဉ်တစ်လျှောက် ပိုသာယာဖို့ Saga ရဲ့ ဝန်ဆောင်မှုကို ရယူချင်ရင်တော့ Hotel booking လို့ အခုပဲ စာပို့လိုက်တော့နော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨

=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

🇻🇳 ငွေဈေးကြောင့် “ဗီယက်နမ်ရောက် သူဌေးတစ်ယောက်” လို ခံစားရတဲ့သူတွေရှိလား ❓💰 Vietnam မှာ သမိုင်းကြောင်းအရ ငွေကြေးဖောင်းပွမ...
10/06/2026

🇻🇳 ငွေဈေးကြောင့် “ဗီယက်နမ်ရောက် သူဌေးတစ်ယောက်” လို ခံစားရတဲ့သူတွေရှိလား ❓💰

Vietnam မှာ သမိုင်းကြောင်းအရ ငွေကြေးဖောင်းပွမှု (inflation) ဖြစ်ခဲ့တာကြောင့် D**g တန်ဖိုးကို ဂဏန်းကြီးကြီးနဲ့ သုံးရပါတယ်။ ဥပမာဆို ဗီယက်နမ် ငွေ 1,000 VND ကို မြန်မာငွေဆိုရင် ၁၀၀ ဝန်းကျင်လောက်နဲ့ အကြမ်းအားဖြင့် သွားတူတာမျိုးပေါ့။

💰 တကယ်တော့ 1,000 VND နဲ့ဆို ဒီနေ့ခေတ်မှာ ဘာမှ ဝယ်လို့ မရသလောက် ဖြစ်နေပါပြီ။ ဒီတော့ ကော်ဖီဝယ်တာ၊ ကားစီးတာ၊ အိမ်ငှားတာတို့ဆိုရင် သုညတွေ အများကြီးနဲ့ ဝယ်ရပါတယ်။ ဥပမာ ကော်ဖီတစ်ခွက်ဆိုရင် ယေဘုယျအားဖြင့် 30,000 VND လောက်ပေါ့။

ဆိုတော့ မြန်မာပြည်က အလည်သွားကြတဲ့ ခရီးသည်တွေဖြစ်ဖြစ် မြန်မာ့ ငွေကြေး စနစ်နဲ့ ရင်းနှီးပြီးသားဆိုရင်ဖြစ်ဖြစ်.. “ကော်ဖီတစ်ခွက်ကို ၃ သောင်း” ရယ်လို့ မြန်မာတွက် တွက်လေ့ရှိကြတယ်မဟုတ်လားရှင့်။ 🧐

ထိုင်းမှာဆိုရင်လည်း ထိုင်းငွေ ဘတ် ၅၀၀ ကို ရုတ်တရက် မြန်မာငွေ ၅၀၀ နဲ့ တူတယ်လို့ ထင်မိသလိုပေါ့နော်။​

အိမ်လခလို ကြီးကြီးမားမား ကုန်ရတဲ့ နေရာတွေမှာဆို VND Million နဲ့ ကုန်တာမို့ မြန်မာငွေနဲ့ ယှဉ်မိရင် ပိုက်ဆံတွေ အရမ်းကုန်နေပြီလို့ ခံစားရတတ်သလို…
ကော်ဖီတစ်ခွက် ၃ သောင်းကျော် သောက်မိပြီးရင် အင်္ကျီတွေ သိန်းကျော်ဖိုး ဝယ်ပြီးရင်လည်း “ပိုက်ဆံ အရမ်းရှိသွားသလို”​ ခံစားရတယ်မဟုတ်လား။ 😜🛍️

Saga ရဲ့ ခရီးသွားတွေရော… ဗီယက်နမ် ငွေဈေးနဲ့ အသားမကျခင်မှာ “ပိုက်ဆံ အရမ်းရှိတဲ့” ခံစားချက်မျိုးတွေ ရဖူးကြလား ❓🤔

ရဖူးရင် Saga တို့ကိုလည်း ကောမန့်မှာ ပြောခဲ့ပါဦးရှင်။ 🎉

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

5 ညအိပ် ၆ ရက်၊ Hotel, Entrance fees, Airport transfer, Meals, Transportation ဒါတွေအကုန်လုံးပါတာ 300 $ နဲ့အပြီးအစီးကို လေ...
09/06/2026

5 ညအိပ် ၆ ရက်၊ Hotel, Entrance fees, Airport transfer, Meals, Transportation ဒါတွေအကုန်လုံးပါတာ 300 $ နဲ့အပြီးအစီးကို လေယာဉ်လက်မှတ်ပါ အပြီးလားဆိုပြီးထပ်မေးသောအခါပေါ့ 🥲

စတာ စတာ 🫶

အလုပ်ထဲမှာ စိတ်ရှိတိုင်းသာ ဖြန်းခွင့်ရမယ်ဆိုလျှင် 🙂👋🏻

06/06/2026

လေယာဉ်လက်မှတ်ကို စိုးရိမ်ပူပန်မှု ကင်းကင်းနဲ့ ဝယ်လိုက်ပါ။ ✈️

မိုးတွင်းလည်း ဝင်တော့မယ်ဆိုတော့ လေယာဉ်လက်မှတ်တွေက ဈေးပိုတန်လာပါပြီ။

ဒီလို အချိန်မှာ အတန်ဆုံး လေယာဉ်လက်မှတ်အတွက် Saga ကိုသာ ဆက်သွယ်လိုက်ပါ။ Saga ဆီမှာ လေယာဉ်လက်မှတ်တွေကို အမှားအယွင်းမရှိ ဝယ်ယူပေးနေတာဖြစ်လို့ တခြား စီစဉ်စရာတွေကို အေးဆေးဆက်လုပ်သွားရုံပဲပေါ့။ 💖

လေယာဉ်အချိန်ပြောင်းတာတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ update လုပ်ပေးသေးတာမို့ Saga နဲ့ဆို အားလုံး အေးဆေး။ ‼️

ကဲ… ဘာလိုနေသေးလဲဆိုတော့… စိတ်ဖိစီးမှုကင်းတဲ့ ခရီးစဉ်တစ်ခုကို Saga နဲ့ အစပြုလိုက်ဖို့ပဲ ကျန်တော့တယ်နော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨

=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

🌟 Where adventure begins and memories never end. Let's Go together with Saga! ✈️🎉
Tiktok Link : https://www.tiktok.com/?_r=1&_t=ZS-91RIuiFgSd6

ကော်ဖီလည်း ကောင်းရမယ်၊ ဆိုင်လည်း လှရမယ်ဆိုသူတွေအတွက် Hobbit cafe ☕🇻🇳ကော်ဖီကောင်းပြီးသား ဗီယက်နမ်မှာ ဒီနေ့ Saga ညွှန်းပေး...
03/06/2026

ကော်ဖီလည်း ကောင်းရမယ်၊ ဆိုင်လည်း လှရမယ်ဆိုသူတွေအတွက် Hobbit cafe ☕🇻🇳

ကော်ဖီကောင်းပြီးသား ဗီယက်နမ်မှာ ဒီနေ့ Saga ညွှန်းပေးချင်တာလေးတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ဟနွိုင်းမြို့က Hobbit cafe လို့ လူတွေ ပြောကြတဲ့ Giao Mua Coffee ပါ။ 📍

ဒီဆိုင်လေးကလေ ကော်ဖီဆိုင်တွေ ရှယ်သွားပါတယ်ဆိုတဲ့သူတွေအတွက်တောင် အသစ်အဆန်းဖြစ်ရတဲ့အထိကို ထူးခြားနေတာ။

သူ့ရဲ့ ဆိုင်ပုံစံလေးက လိုဏ်ဂူလေးထဲကို ဝင်သွားရသလိုမျိုး။ ကဖေးလေးရဲ့ နေရာတိုင်း၊ ထောင့်တိုင်းက ထူးခြားတဲ့ ပြင်ဆင်မှုတွေကြောင့် မသိရင် လူပုလေးတွေ နေတဲ့ရွာလေးထဲက အိမ်ကလေးတစ်အိမ်လိုပဲ။ 🏚️🌱

မြို့ထဲမှာ ရှိနေတာဆိုတော့ ကော်ဖီကောင်းကောင်းလေးကို ဇိမ်ယူသောက်ရင်းနဲ့ အလုပ်များနေတဲ့ ဟနွိုင်းမြို့ကြီးကို အေးအေးဆေးဆေး ထိုင်ကြည့်ရတာကလည်း အရသာတစ်ခုပဲနော်။ 😍

ဒီကဖေးလေးမှာ remote worker တွေလည်း အဆင်ပြေအောင် စီစဉ်ပေးထားလို့ ကော်ဖီလေးတစ်ခွက်၊ Laptop လေးတစ်လုံးနဲ့ အလုပ်တွေ လုပ်ရင်တောင် ပင်ပန်းမယ်မထင်ဘူးရှင်။​ 🤫

ပုံမှန် တွေ့နေကျ ကော်ဖီ အမျိုးအစားတွေအပြင် ဗီယက်နမ် ကော်ဖီတွေလည်း ရ၊ နွားနို့ရှောင်ထားသူတွေအတွက် Almond milk, Oat milk တို့လည်း ရွေးလို့ ရ၊ ဈေးလည်း တန်တန်လေးဆိုတော့ ဟနွိုင်းရောက်ရင်တော့ ဝင်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်လို့….။ 🥛

ကဖေးလေးရဲ့ ပုံစံလေးနဲ့ ဘယ်လို ပုံလေးတွေ ရိုက်လို့ရမလဲ ကြိုစဉ်းစားထားလို့ ရအောင် Saga တို့က ဒီနေ့ တင်ပေးလိုက်ပါပြီရှင်။

☕️ Giao Mùa Coffee.
📍 77 Phố Lò Sũ, Lý Thái Tổ, Hoàn Kiếm, Hà Nội.
🕗 06:30 - 18:00

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

For rent : 2-Bedroom Apartment for Rent in Long BienLake view65 sqm apartment + 50 sqm private terraceRooftop unit on th...
28/05/2026

For rent : 2-Bedroom Apartment for Rent in Long Bien
Lake view
65 sqm apartment + 50 sqm private terrace
Rooftop unit on the 6th floor
Brand new, fully furnished with modern interiors
Rental price: 13 million VND/month (including internet and parking)
Electricity and water excluded
No pets allowed
24/7 security
Available now

GH501

အင်ပိုင်ယာကြီးတွေကို ခုခံနိုင်ခဲ့တဲ့ Vietnam ရဲ့ သမိုင်းအကြောင်း သိပြီးပြီလား ❓ 🇻🇳ဗီယက်နမ်ရဲ့ အဆောက်အအုံ ဗိသုကာ လက်ရာတွေ...
27/05/2026

အင်ပိုင်ယာကြီးတွေကို ခုခံနိုင်ခဲ့တဲ့ Vietnam ရဲ့ သမိုင်းအကြောင်း သိပြီးပြီလား ❓ 🇻🇳

ဗီယက်နမ်ရဲ့ အဆောက်အအုံ ဗိသုကာ လက်ရာတွေမှာ တရုတ်၊ ပြင်သစ် လက်ရာတွေကို အများအပြား တွေ့မြင်နိုင်တဲ့အပြင် စစ်ပွဲ၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ အဆောက်အအုံတွေ ဘာကြောင့် ဒီလောက်များများ ရှိနေလဲဆိုတာကို Saga က ဒီနေ့ ပြောပြသွားပါရစေ။

🇨🇳 ဗီယက်နမ်ဟာ တရုတ်ရဲ့ လွှမ်းမိုးမှုကို၂ ဘီစီလောက်ကတည်းက ခံခဲ့ရတာကြောင့် ဗီယက်နမ် ယဉ်ကျေးမှုမှာ တရုတ်အငွေ့အသက်တွေကို တွေ့မြင်နိုင်သလို ဒီလွှမ်းမိုးမှုကြောင့်ပဲ ဗီယက်နမ်ရဲ့ နိုင်ငံထူထောင်ရေးဟာ အချိန်တစ်ခု ကြာမြင့်ခဲ့ပါတယ်။ Ly-Tran မင်းဆက်မှာ နိုင်ငံရဲ့ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ ဥပဒေတွေ ဖွံ့ဖြိုးလာခဲ့သလို အဲကာလမှာ ပေါ်လာတဲ့ ဗီယက်နမ် လက်ရေးမူ (Nom scripts) ကလည်း တရုတ်စာကနေ ဆင့်ပွား ဆင်းသက်လာခဲ့ပါတယ်။

🇫🇷🇺🇸 ၁၆ ရာစုမှာတော့ ဗီယက်နမ်ရဲ့ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးတွေ အရှိန်အဟုန် ကောင်းလာခဲ့ပါတယ်။ ၁၉ ရာစုမှာ ပြင်သစ်ရဲ့ ကျူးကျော်မှုကို ခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဗီယက်နမ် ကွန်မြူနစ်ပါတီ ထူထောင်မှု၊ ပြင်သစ်ဆုတ်ခွာပြီးတဲ့နောက် ဗီယက်နမ် တောင်နဲ့မြောက် ပြည်တွင်းစစ်တို့အပြင်၊ စစ်ပွဲကာလအတွင်း အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှု စတဲ့ အရေးကြီးတဲ့ သမိုင်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် သမိုင်းအရ အရေးပါခဲ့တဲ့ ရှေးမင်းဆက်တွေ လက်ထက်က ခမ်းခမ်းနားနား ခံတပ်ကြီးတွေ၊ ယူနက်စကိုတောင် ဝင်ထားတဲ့ မြို့ဟောင်းတွေ၊ မျှော်စင်ကြီးတွေ၊ အနောက်တိုင်း အတွေးအခေါ်နဲ့ ဗိသုကာ လက်ရာတွေ ရောယှက်နေတဲ့ Khai Dinh Tomb တို့လို ရှေးဟောင်းမင်းဆက် အနုပညာ လက်ရာတွေအပြင် တောင်-မြောက် ပြည်တွင်း စစ်ပွဲကာလအတွင်းမှာ အရေးပါခဲ့တဲ့ Cu Chi tunnels စတဲ့ နေရာတွေကို ခရီးသွားတွေ လေ့လာနိုင်တာပါ။​

အခုချိန်မှာတော့ ဗီယက်နမ်ဟာ ခရီးသွားလုပ်ငန်း၊ ကော်ဖီလုပ်ငန်းတွေနဲ့ ကမ္ဘာမှာ ပြန်လည် နေရာယူနေပါပြီ။
ဒီလို အရှေ့တောင်အာရှရဲ့ နိုင်ငံသေးသေးလေးကနေ အင်အားကြီး အင်ပိုင်ယာကြီးတွေကို ခုခံနိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းဟာ အထင်ကြီးစရာပါပဲနော်။

ဗီယက်နမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကြည့်မယ်၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်နဲ့ စည်းလုံးမှုတွေကို မျက်မြင်တွေ့ပြီးရင်တော့... “ဒီလို အနိုင်ရခဲ့တာ ဒါကြောင့်ပါလား” ရယ်လို့ သဘောပေါက်သွားနိုင်မယ်လို့ Saga ကတော့ ထင်ပါတယ်ရှင်။

ကဲ… ဗီယက်နမ်ရဲ့ စိတ်ဝင်စားစရာ သမိုင်းနဲ့ ပတ်သက်ပြီး Saga ရဲ့ ခရီးသွားပရိတ်သတ်တွေရော… ဘာတွေ သိထားသေးလဲ?

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Saga ရဲ့ “Have you ever…?” program လေးမှာ Vietnam နဲ့ ထိုင်းနိုင်ငံက စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးသွားမှာမို့ ကြည့်ချင်ရင် follow လုပ်ပေးခဲ့ဦးနော်!

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

ဗီယက်နမ်နဲ့ ပတ်သက်ပြီး သိလိုရာမေး အစီအစဉ် ❓🇻🇳Saga Travel Guide မှာ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံအကြောင်းတွေကို အမြဲမပြတ် မျ...
23/05/2026

ဗီယက်နမ်နဲ့ ပတ်သက်ပြီး သိလိုရာမေး အစီအစဉ် ❓🇻🇳

Saga Travel Guide မှာ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံအကြောင်းတွေကို အမြဲမပြတ် မျှဝေပေးလေ့ရှိပါတယ်။ ဒါကြောင့် Saga တို့ မပြောပြရသေးတာပဲဖြစ်ဖြစ်…. ကြံကြံဖန်ဖန် သိချင်တာလေးတွေ ရှိရင်ပဲဖြစ်ဖြစ် ဒီ post လေးရဲ့ comment မှာ ရေးသွားပေးခဲ့ဦးနော်။

Saga team က သိထားသလောက်ကို ပြန်လည် မျှဝေပေးသွားမယ်ရှင့်။

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

🌺 ဓာတ်ပုံတွေထဲမှာ အမြဲတွေ့နေရတဲ့ အနီရောင်ပန်းစည်းလေးတွေရှိတဲ့ ရွာကလေး ❤️🇻🇳ဗီယက်နမ်အကြောင်းပြောမယ်ဆိုရင် ဒီအနီရောင်ပန်းခင...
20/05/2026

🌺 ဓာတ်ပုံတွေထဲမှာ အမြဲတွေ့နေရတဲ့ အနီရောင်ပန်းစည်းလေးတွေရှိတဲ့ ရွာကလေး ❤️🇻🇳

ဗီယက်နမ်အကြောင်းပြောမယ်ဆိုရင် ဒီအနီရောင်ပန်းခင်းကြီးကို တန်းပြီး မျက်လုံးထဲ မြင်မိမှာပါ။ တကယ်တော့ ဒါဟာ ပန်းခင်းမဟုတ်ပါဘူးနော်! ဗီယက်နမ်ရဲ့ အမွှေးတိုင် လုပ်ငန်းလုပ်ကိုင်တဲ့ ရွာလေးတွေမှာ အမွှေးတိုင်တွေကို စည်းပြီး ဖြန့်ခင်းထားတာပါတဲ့။ 🌺

အမွှေးတိုင်လေးတွေဖြစ်လာဖို့ ဝါးကိုခွဲ၊ ဝါးမျှင်လေးတွေကို ဆေးဆိုးပြီးတော့ အမွှေးရနံ့အတွက် ပေါင်ဒါမှုန့်လေးတွေနဲ့ သုတ်ပေးရပါတယ်။ ပေါင်ဒါမှုန့်လေးတွေ ခြောက်ရင် အမွှေးတိုင်လေးတွေကို ကျစ်ကျစ်စည်းပြီး ပန်းပွင့်အဆုပ်လိုက်လေးတွေလို စီထားကြလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် တွေ့နေကျက အနီရောင်တောက်တောက် အမွှေးတိုင်အစည်းလေးဆိုပေမဲ့ ပန်းရောင်၊ အဝါရောင်နဲ့ ခရမ်းရောင်လေးတွေလည်း ရှိပါသေးတယ်တဲ့။

ရွာလေးနာမည်ကတော့ Quang Phu Cau Commune ဖြစ်ပြီးတော့ Ung Hoa District, ဟနွိုင်း မှာရှိတာပါ။ ဟနွိုင်းကနေ ၄၅ မိနစ်လောက် သွားရပြီး ဆိုင်ကယ်လေးတွေ ငှားလည်းရ၊ bus/ taxi လေးတွေနဲ့ သွားလည်း အဆင်ပြေပါတယ်တဲ့။ ဝင်ကြေးရှိပေမဲ့ Saga နဲ့ သွားမယ်ဆို ဝင်ကြေးပါပါပြီးသားမို့ ဒီတိုင်းလေး အေးဆေး ဝင်သွားရင် ရပါပြီရှင်။ 😍

ဘယ်အချိန်တွေ လည်လို့ကောင်းမလဲဆိုရင် မနက်စောစော ၇နာရီ - ၉ နာရီဝန်းကျင်၊ ဒါမှမဟုတ် ညနေ ၃နာရီခွဲကနေ ၅ နာရီဝန်းကျင်လောက်ဆို အကောင်းဆုံးပဲ။ ဓာတ်ပုံရိုက်ဖို့ အလင်းရောင်လည်း လှသလို သိပ်မပူတော့ အလှလည်း မပျက်။ 🤫

မိုးရွာတဲ့အချိန်တွေတော့ မသွားနဲ့ဦးနော်။ မိုးနဲ့ဆို အမွေးတိုင်လေးတွေ ထုတ်မလှမ်းတာမို့ weather forecast လေးကြည့်ပြီး စီစဉ်ပါရှင်။ အမွှေးတိုင်စည်းလေးတွေ အများကြီး တွေ့ချင်ရင်တော့ Vietnam နှစ်ကူးကို သွားဖို့ အကြံပေးပါတယ်နော်။ 🌺🏮

ဒါဆို အနီရောင် အမွှေးတိုင်ပန်းစည်းလေးတွေကြားမှာ ဗီယက်နမ်မလေးတွေလို ဓာတ်ပုံလှလှ ရိုက်ခဲ့ဦးနော်။

ဒီခရီးပဲ… Saga နဲ့တော့ ပိုသာယာတယ်။ ✈️✨
=====================
ခရီးစဉ် အသေးစိတ်နဲ့ လေယာဉ်လက်မှတ်၊ လေဆိပ် အကြိုအပို့၊ ဟိုတယ်နဲ့ ဗီဇာကိစ္စတွေအတွက်
Messenger ကနေတစ်ဆင့်ပဲဖြစ်ဖြစ်
📍 066 1399 180 | 09 23699950 | +95 9428118013 ( Viber) ကို တိုက်ရိုက်ဆက်သွယ်ပြီးပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐷𝑖𝑠𝑐𝑙𝑎𝑖𝑚𝑒𝑟: 𝑃ℎ𝑜𝑡𝑜𝑠 𝑎𝑟𝑒 𝑠ℎ𝑎𝑟𝑒𝑑 𝑓𝑜𝑟 𝑒𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝑎𝑛𝑑 𝑒𝑛𝑡𝑒𝑟𝑡𝑎𝑖𝑛𝑚𝑒𝑛𝑡 𝑝𝑢𝑟𝑝𝑜𝑠𝑒𝑠 𝑜𝑛𝑙𝑦. 𝐴𝑙𝑙 𝑟𝑖𝑔ℎ𝑡𝑠 𝑏𝑒𝑙𝑜𝑛𝑔 𝑡𝑜 𝑡ℎ𝑒𝑖𝑟 𝑟𝑒𝑠𝑝𝑒𝑐𝑡𝑖𝑣𝑒 𝑜𝑤𝑛𝑒𝑟𝑠. 𝐼𝑓 𝑎𝑛𝑦 𝑐𝑜𝑛𝑡𝑒𝑛𝑡 𝑣𝑖𝑜𝑙𝑎𝑡𝑒𝑠 𝑐𝑜𝑝𝑦𝑟𝑖𝑔ℎ𝑡, 𝑝𝑙𝑒𝑎𝑠𝑒 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑖𝑚𝑚𝑒𝑑𝑖𝑎𝑡𝑒 𝑟𝑒𝑚𝑜𝑣𝑎𝑙.

ที่อยู่

Phechaburi
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Saga Travel Guideผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Saga Travel Guide:

แชร์