My Day Travel & Transport

My Day Travel & Transport ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก My Day Travel & Transport, การท่องเที่ยวและการเดินทาง, Bangkok.

https://www.facebook.com/share/18ZgEBBsVk/
23/04/2026

https://www.facebook.com/share/18ZgEBBsVk/

❝ထိုင်းမှာ အသည်းရောင်အသားဝါ (A) ပိုးတွေ အဖြစ်များလာ❞

ထိုင်းနိုင်ငံမှာ နွေရာသီကာလအတွင်း အသည်းရောင်အသားဝါ (A) ပိုး ကူးစက်ခံရသူ အရေအတွက်က သိသိသာသာ မြင့်တက်လာနေလို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကနေပြီးတော့ ပြည်သူတွေအနေနဲ့ ဒီရောဂါအန္တရာယ်ကို သတိထားကြဖို့ တိုက်တွန်းချက်တွေ ထုတ်
ပြန်ထားပါတယ်။
အသည်းရောင်အသားဝါ (A) ဆိုတာက များသောအားဖြင့် မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ ရေကနေတစ်ဆင့် ကူးစက်တတ်တာပါ။ အထူးသဖြင့် နွေရာသီလို အချိန်မျိုးမှာ အစားအသောက်တွေက သိုးလွယ်ဟောင်းလွယ်သလို၊ ရေခဲတွေ၊ အအေးတွေ သောက်တဲ့အခါမှာလည်း သန့်ရှင်းမှုမရှိရင် ဒီပိုးက ခန္ဓာကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။

ထိုင်းရောက် ရွှေမြန်မာတို့အနေနဲ့-

၁။ အစားအသောက်တွေကို ကျကျနန ချက်ပြုတ်ထားတဲ့ အပူကိုပဲ စားပါ။
၂။ လက်ကို ခဏခဏ ဆေးပါ။ အထူးသဖြင့် အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ဆေးဖို့ မမေ့ပါနဲ့။
၃။ သန့်ရှင်းမှု အာမခံချက်မရှိတဲ့ လမ်းဘေးက ရေခဲတွေ၊ အအေးတွေကို တတ်နိုင်သမျှ ရှောင်ပါ။
အကယ်၍ ကိုယ့်မှာ ဖျားတာ၊ နုန်းတာ၊ ဗိုက်အောင့်တာ ဒါမှမဟုတ် မျက်လုံးနဲ့ အသားတွေ ဝါလာတာမျိုး ဖြစ်လာပြီဆိုရင်တော့ မပေါ့ဆဘဲ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံကို အမြန်ဆုံး သွားကြဖို့ အကြံပြုထားပါတယ်နော်။

Ref: NT THAILAND
#ထိုင်းရောက်မြန်မာ

https://www.facebook.com/share/p/1B8WSE6iA2/
18/02/2026

https://www.facebook.com/share/p/1B8WSE6iA2/

🚨 ဒွန်မောင်းလေဆိပ်မှာ ကားငှားရတာ အရင်လို မဟုတ်တော့ဘူးနော်! (မတ်လ ၁ ရက်မှစ၍ စည်းကမ်းအသစ်များ ထုတ်ပြန်)
"လေဆိပ်ဆင်းတာနဲ့ တွေ့တဲ့ကား တက်စီးလို့ မရတော့ဘူး! လိမ်လည်မှုတွေ ကာကွယ်ဖို့ ဒွန်မောင်းလေဆိပ်က စည်းကမ်းတွေ တင်းကျပ်လိုက်ပါပြီ" ✈️🚖

ဘန်ကောက်၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Don Mueang Airport) မှာ လုံခြုံရေးနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့အတွက် မတ်လ (၁) ရက်နေ့ကစပြီး လမ်းပန်းဆက်သွယ်ရေး စီမံခန့်ခွဲမှု စည်းမျဉ်းအသစ်တွေကို စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

🚫 ဘာတွေ ပြောင်းလဲသွားလဲ?
အလွတ်ကားများ တားမြစ်ခြင်း: လေဆိပ်အတွင်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ အလွတ်ကား (Black Car) တွေ၊ မီတာမဖွင့်တဲ့ကားတွေ ဝင်ရောက်ခရီးသည်တင်တာကို လုံးဝတားမြစ် ပါတော့မယ်။

ယာဉ်မောင်းအယောင်ဆောင်ပြီး ဈေးတင်တောင်းတာ၊ လိမ်လည်တာတွေကို ကာကွယ်ဖို့ ကားအားလုံး စနစ်တကျ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

🚖 ကားငှားမယ့်သူတွေ ဘယ်ဂိတ်ကို သွားရမလဲ?
၁။ Meter Taxi (မီတာတက်စီ)
📍 Terminal 1 (မြေညီထပ်) – Gate 8
📍 ၇ ထပ် ကားရပ်နားရုံ (မြေညီထပ်)

၂။ EV Taxi & CABB Taxi
📍 Terminal 1 (မြေညီထပ်) – Gate 7 (Counter မှာ အရင်ပြောပါ)

၃။ Grab (App နဲ့ ခေါ်သူများ)
📍 စုံစမ်းရန် Counter: Terminal 2 (မြေညီထပ်) – Gate 12
📍 ကားတက်စီးရန်နေရာ:
• Terminal 1 (International): Gate 3-4
• Terminal 2 (Domestic): Gate 11-14
📢 ခရီးသည်များအတွက် အထူးသတိပေးချက်
အချိန်ကြိုပေးပါ: စနစ်သစ်ကြောင့် လူများတဲ့အချိန်မှာ စောင့်ဆိုင်းချိန် ကြာနိုင်လို့ အချိန်ပိုလေး တွက်ထားကြပါ။

မသိတဲ့သူတွေ ဒါမှမဟုတ် ပုဂ္ဂလိကကားတွေက လာခေါ်ရင် မလိုက်ပါနဲ့။ သတ်မှတ်ထားတဲ့ Pick-up point တွေမှာပဲ စီးနင်းပါ။

Grab ခေါ်ထားရင်လည်း ကားနံပါတ်နဲ့ လူ တိုက်မတိုက် သေချာစစ်ဆေးပါ။

မတ်လထဲမှာ ခရီးသွားဖို့ ရှိနေတဲ့ သူငယ်ချင်းတွေကို သိရအောင် အခုပဲ Share ပြီး သတိပေးလိုက်ပါဦး။ ဒုက္ခမရောက်ရအောင် ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။

#ဒွန်မောင်းလေဆိပ် #ဘန်ကောက် #ခရီးသွားသတိပြုရန် #ထိုင်းသတင်း

https://www.facebook.com/share/p/1BPM1rm1YX/
03/01/2026

https://www.facebook.com/share/p/1BPM1rm1YX/

လူငယ်တို့၊ ညီအစ်ကို မောင်နှမတို့ရေ...
ဒီစာကို ဖတ်နေတဲ့အချိန်မှာ ကျွန်တော့်ကို စိတ်မဆိုးကြပါနဲ့။ "ကိုယ့်တိုင်းပြည်မှာပဲ နေပါ၊ ကိုယ့်တိုင်းပြည်ကို ချစ်ပါ" ဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ ကျွန်တော် မင်းတို့ကို မမှိုင်းတိုက်ချင်တော့ဘူး။ လူကြီးတစ်ယောက်အနေနဲ့၊ ခေတ်ကို စောင့်ကြည့်နေတဲ့ စာရေးဆရာတစ်ယောက်အနေနဲ့ "ချိုတဲ့ သစ္စာတရား" ထက် "ခါးတဲ့ အမှန်တရား" ကိုပဲ ပြောပြချင်တယ်။
ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ၂၀၂၆ ခုနှစ် ရောက်ပြီဆိုရင် မင်းတို့မှာ ပန်းတိုင်တစ်ခုတည်းပဲ ရှိရမယ်။ အဲဒါက ဒီတိုင်းပြည်ကနေ ထွက်ခွာဖို့ပါပဲ။
ရက်စက်တယ်လို့ ထင်မလား။ ဒါပေမဲ့ လက်တွေ့ဘဝက ဒီထက်ပိုရက်စက်တယ်။ ဒီမြေ၊ ဒီရေမှာ မင်းတို့ရဲ့ အနာဂတ်အတွက် မြေဆီလွှာ မရှိတော့ဘူး။ ကိုယ့်အရည်အချင်း၊ ကိုယ့်အစွမ်းအစ အစစ်အမှန်ကို ဒီနိုင်ငံထဲမှာ ဆက်နေရင် ဘယ်တော့မှ ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး။ ဝါးအစည်းပြေသလို ဖြစ်နေတဲ့ တိုင်းပြည်မှာ ကိုယ့်အိမ်မက်တွေကို ဆက်ပြီး ပုံအောမလောင်းကြပါနဲ့တော့။ ဝမ်းနည်းစရာကောင်းပေမဲ့ ဒါဟာ အမှန်တရားပဲ။
ဒါပေမဲ့ "သွားမယ်" လို့ စိတ်ကူးရုံနဲ့ မရဘူး။ လက်နက်ခဲယမ်း မပါဘဲ စစ်တိုက်ထွက်သလို ဖြစ်နေမယ်။
၁။ ဘာသာစကားဆိုတာ မင်းတို့ရဲ့ ဓားပဲ
ဂျပန်သွားမလား၊ ကိုရီးယားသွားမလား၊ ထိုင်းသွားမလား၊ အနောက်နိုင်ငံတွေ သွားမလား။ ဘယ်ကိုပဲသွားသွား အဲ့ဒီနိုင်ငံရဲ့ ဘာသာစကားကို "မဖြစ်မနေ" သင်ပါ။ ရောက်မှ သင်မယ်ဆိုတဲ့ အတွေးကို ဖျောက်လိုက်ပါ။ နိုင်ငံခြားမှာ ရေခြားမြေခြား ရောက်နေတဲ့အချိန် စကားမပြောတတ်ရင် အားငယ်ရတာလောက် ဆိုးတာမရှိဘူး။ ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ဘာသာစကားမရရင် သူများနိုင်ငံမှာ ဒုက္ခရောက်တတ်တယ်။ ဘာသာစကားဆိုတာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဒိုင်းလွှားပဲ။
၂။ AI နည်းပညာဆိုတာ မင်းတို့ရဲ့ အတောင်ပံပဲ
မင်းတို့ ဘယ်အလုပ်ပဲ လုပ်လုပ်၊ ပန်းကန်ဆေးမလား၊ ကုမ္ပဏီထောင်မလား၊ စာရေးမလား... AI ကို သုံးတတ်တဲ့သူက မသုံးတတ်တဲ့သူထက် အမြဲတမ်း ခြေလှမ်းသာနေလိမ့်မယ်။ ဒါဟာ ဒီခေတ်ရဲ့ ရေစီးကြောင်းကြီးပဲ။ ChatGPT ပဲဖြစ်ဖြစ်၊ Gemini ပဲဖြစ်ဖြစ်၊ Claude ပဲဖြစ်ဖြစ် အခုကတည်းက မိတ်ဆွေဖွဲ့ထားကြ။ ဒါတွေက မင်းတို့ရဲ့ အိမ်မက်တွေကို ပိုမြန်မြန် အကောင်အထည်ဖော်ပေးမယ့် လက်ထောက်တွေပဲ။ AI ကို နားလည်ထားရင် သူများနိုင်ငံမှာ ကိုယ့်နေရာကိုယ် ပိုခိုင်မာအောင် တည်ဆောက်နိုင်လိမ့်မယ်။ ကိုယ့်ထက်သာတဲ့သူ ဖြစ်လာဖို့ AI က ကူညီပေးလိမ့်မယ်။
၃။ တစ်သီးပုဂ္ဂလ ရပ်တည်နိုင်မှု
ဒါက အခက်ခဲဆုံးပဲ။
နိုင်ငံခြားထွက်မယ်ဆိုရင် အမေချက်ကျွေးတဲ့ မနက်စာ ထမင်းဝိုင်း မရှိတော့ဘူးနော်။ အဖေ မုန့်ဖိုးပေးမယ့်ရက်တွေ ကုန်သွားပြီ။ ကိုယ့်အဝတ်အစား ကိုယ်လျှော်ရမယ်။ ကိုယ့်အိမ်သာ ကိုယ်ဆေးရမယ်။ နေမကောင်းဖြစ်ရင်တောင် ရေတိုက်မယ့်သူ မရှိတဲ့ညတွေကို ဖြတ်ကျော်ရလိမ့်မယ်။
"အထီးကျန်ခြင်း" (Loneliness) ကို ကြောက်မနေပါနဲ့။ အဲဒီ အထီးကျန်မှုကပဲ မင်းတို့ကို ပိုရင့်ကျက်တဲ့၊ ပိုသန်မာတဲ့ လူသားတွေ ဖြစ်လာစေမှာ။ ကိုယ့်ကိုယ်ကို အားကိုးတတ်လာတဲ့အခါ ဘယ်သူ့ကိုမှ မျက်နှာငယ်စရာ မလိုတော့ဘူး။ အထီးကျန်တယ်ဆိုတာ ကိုယ့်ရဲ့ အမြင့်ဆုံး အလားအလာ (Highest Self) ဆီကို သွားတဲ့ လမ်းစပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
နောက်ဆုံးအနေနဲ့ ကျွန်တော် ဆုတောင်းပေးချင်တာကတော့...
၂၀၂၆ မှာ မင်းတို့ရဲ့ အိမ်မက်တွေ အောင်မြင်ကြပါစေ။ ဒီမြေကနေ ခေတ္တခွာပြီး လွတ်လပ်တဲ့ ကောင်းကင်မှာ အတောင်ပံဖြန့်နိုင်ကြပါစေ။ တချိန်ချိန်မှာ ပြည့်စုံလုံလောက်တဲ့ သူတွေအဖြစ်နဲ့ ပြန်ဆုံချင်ပါသေးတယ်။
ဝမ်းနည်းစရာကောင်းပေမဲ့... ရဲရဲသာ ထွက်သွားကြပါတော့...။




ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ My Day Travel & Transportผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์