15/09/2026
https://www.facebook.com/share/p/1Ep1gKPtMe/?mibextid=wwXIfr
ခက်ခက်ခဲခဲရှာရတဲ့ပိုက်ဆံကို အကျိုးရှိစေချင်လို့ပါ
အသစ်ထွက်တဲ့ အိုင်ဖုန်းတွေကို ပြည်တွင်းမှာ CEIR အခွန်ပါလို့ဆိုပြီး မတရားဈေးတင်ရောင်းတာ မခံကျရအောင်ပါ
အသစ်ထွက် အိုင်ဖုန်းတွေကို ပြည်တွင်းမှာ ဝယ်ကိုင်တာထက်စာရင် ပြည်ပထွက်ဝယ်လာတာ ပိုဈေးသက်သာပြီး ဒီမှာ မတရားအပိုပေးရမယ့်ပိုက်ဆံကို ခရီးတစ်ခုထွက်လို့ရစေပါတယ်
ကျွန်တော့အတွေ့အကြုံအရ ဘန်ကောက်က ဝယ်လာတဲ့ ဖုန်းကို အခွန်ဆောင်တဲ့ဖြစ်စဉ်နဲ့ ကုန်ကျစရိတ်ကို ရှင်းပြပေးပါမယ်
ဘန်ကောက်က ဘတ် 20000 နဲ့ဝယ်လာတဲ့ ဖုန်းတစ်လုံးကို ဘန်ကောက် လေဆိပ်မှာ VAT Refund ထုတ်ရင် ဘတ် 1400 ခန့်ပြန်ရပါတယ်
တစ်ခုသတိပြုရမှာက ဘတ် 20000 ကျော်တဲ့ပစ္စည်းတွေကို ဝယ်တဲ့ဆိုင်မှာတည်း VAT ထုတ်ဖို့လိုအပ်တာတွေတောင်းခဲ့ပြီး လေဆိပ်မှာ ထုတ်မယ်ဆိုရင် Immigration မဖြတ်ခင် Custom မှာတစ်ခါတည်း စာရင်းအရင်ပေးခဲ့ပြီးမှ ထုတ်ခွင့်ရမှာပါ
မေ့သွားခဲ့ရင် immigration ဖြတ်ပြီးမှ ပြန်လုပ်လို့မရပါဘူး
လေဆိပ်အခွန်ဌာနက ညစ်ပါတယ်
လူတစ်ယောက်ကို ဖုန်း 2 လုံးဝယ်လာခွင့်ရှိပြီး
ရန်ကုန်လေဆိပ်က custom မှာ DB Form တောင်းယူရပါမယ်
ပြီးရင် တစ်လအတွင်း အစိုးရရုံးချိန်အတိုင်း ပန်းဆိုးတန်းက အကောက်ခွန်ရုံးမှာ လိုအပ်တဲ့စာရွက်စာတန်းတွေ ယူပြီး အခွန်သွားဆောင်လို့ရပါတယ်
အဲ့မှာ ဘာတွေလိုအပ်လဲဆိုတာ တင်ပေးထားတဲ့ပိုစ့်တွေအများကြီးမို့ တကူးတက မရေးပြတော့ပေမယ်
အခွန်သွားဆောင်မယ်ဆို မနက် 9နာရီလောက် ရုံးကိုအရောက်သွားတန်းစီမယ်ဆိုရင် မနက်10 နာရီရုံးဖွင့်ချိန်မှာ အရမ်းမစောင့်ရမှာဖြစ်ပါတယ်
ဖုန်း2လံုးဝယ်လာတဲ့သူေတွအခွန်ဆောင်မယ်ဆိုရင် အခွန်ကတစ်ကြိမ်သာဆောင်ခွင့်ရတာကြောင့် ဝယ်လာတဲ့ဖုန်း 2လုံးစလုံးကို တစ်ခါတည်းပေါင်းဆောင်ပါ
တစ်လုံးပြီးမှလို့ နောက်ရက်ေတွမှ နောက်တစ်လုံးဆောင်မယ်ဆိုရင် မရလို့ နစ်နာပါလိမ့်မယ်
အခွန်ဆောင်ဖို့က ငွေသားမရပဲ MMQR payment တစ်ခုခုရှိမှ အဆင်ပြေပါမယ်
ဆောင်ရမယ့် အခွန်ပမာဏက ဖုန်းဆိုင်တွေ မတရားဈေးတင်ထားတာထက် အများကြီး ပိုသက်သာပါတယ်
ဖုန်းရဲ့ ပေါက်ဈေးကို အစိုးရ exchange rate နဲ့ တွက်တာမလို့ ဘတ် 20000 တန်ဖုန်းကို 950000 ခန့်သာ တန်ဖိုးဖြတ်ထားပြီး အခွန်ဆောင်ရငွေကလည်း 12 ရာခိုင်နူန်းသာဖြစ်လို့ 98000 ခန့်သာဆောင်ခဲ့ရပါတယ်
တစ်လကျော်သွားရင်တော့ ဒဏ်ကြေး 25 ရာခိုင်နူန်းထပ်ပေါင်းတာမလို့ စုစုပေါင်း 37ရာခိုင်နူန်းဖြစ်တာ ဖုန်းတန်ဖိုးရဲ့ တဝက်နီးပါ ဖြစ်သွားပါလိမ့်မယ်
ဆိုတော့ iPhone Duo ကို ဘန်ကောက်မှာ ဘတ် 80000 ပေးခဲ့ရပါက
လေဆိပ်မှာ VAT Refund 8သိန်းခန့်ပြန်ရမှာဖြစ်သလို
အခွန်ဆောင်ရာမှာလည်း 5သိန်းခန့်သာကျသင့်မှာဖြစ်ပါတယ်
ထိုကြောင့်စုစုပေါင်း သိန်း 100 စွန်းစွန်းသာကျမှာဖြစ်ပြီး ပြည်တွင်းမှာ 140/150 သိန်းရောင်းတာ ဝယ်မယ့်အစား အပိုကုန်မယ့် 35/45 သိန်းကို ဘန်ကောက်ကို အလည်အပတ်ထွက်လိုက်တာ ပိုတန်ကြောင်း မျှဝေပေးလိုက်ရပါတယ်