04/10/2026
⚡အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီကျွန်း ပေါ်မှာရှိတဲ့ Byodo-In ဘုရားကျောင်းဝန်းထဲက ဝါးတောဟာ ခရီးသွားတွေ လာရောက်အပန်းဖြေလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်...
ဒါပေမဲ့ မကောင်းတာတစ်ခုက ခရီးသွားအများအပြားဟာ ဝါးပင်တွေပေါ်မှာ သူတို့ရဲ့ နာမည်တွေ၊ ရက်စွဲတွေနဲ့ အမှတ်တရ စာတန်းတွေကို ရေးထွင်း ထိုးခဲ့ကြလို့ ဝါးပင်တွေဟာ အနာအဆာတွေနဲ့ ကြည့်မကောင်းရှု့မကောင်းဖြစ်ခဲ့ရပါတယ်...
⚡ဒါပေမယ့် ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ ကျောင်းဝင်းကြီးကို ကာလရှည် ပိတ်ထားခဲ့ရတဲ့ အချိန်အတွင်းမှာ တော့ပေါက်ရောက်လာတဲ့ ဝါးပင်အသစ်တစ်ပင်ဟာ အစိမ်းရောင် တောက်ပြောင်ပြီး လုံးဝ အစင်းရာ၊ အနာအဆာကင်းစွာ သဘာဝအတိုင်း အပြစ်ပြောပယ်စရာမရှိအောင် လှပနေတာကို ဓာတ်ပုံဆရာတစ်ဦးက ရိုက်ကူးခဲ့ပါတယ်....
⚡စာတန်းတွေ ပြည့်နှက်နေတဲ့ ဝါးပင်ဟောင်းတွေကြားထဲက ဒီအစင်းရာကင်းတဲ့ ဝါးပင်သစ်ရဲ့ ပုံရိပ်ဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး "သဘာဝတရားဟာ လူသားတွေရဲ့ နှောင့်ယှက်ဖျက်ဆီးမှု မရှိရင် သူ့ဘာသာသူ အကောင်းဆုံးနဲ့ အလှပဆုံး တည်ရှိနိုင်တယ်ဆိုတာသက်သေပြနေပါတယ်....
#သဘာဝပတ်ဝန်းကျင်