18/08/2026
ဘန်ကောက်ရောက်လို့ Dinner Cruise စီးမယ်ဆိုရင် ဒီအချက်လေးတွေ ကြိုဖတ်ထားပါနော်…
Chao Phraya မြစ်ရဲ့ ညအလှကိုကြည့်ရင်း Dinner Cruise စီးမယ်ဆိုရင် စီးမယ့်နေ့မှ Booking လုပ်ရင် လိုချင်တဲ့နေရာ ရဖို့ခဲရင်းပါတယ်။
အထူးသဖြင့် Rooftop, Upper Deck, Edge Seat လိုချင်ရင် ပုံမှန်အားဖြင့် အနည်းဆုံး ၁ ပတ်ခန့်၊ လူကြိုက်များတဲ့ Cruise တွေဆို ၂ ပတ်ခန့် ကြိုတင် Booking လုပ်ထားရပါတယ်။
Holiday နဲ့ ပွဲတော်ရက်တွေရှိခဲ့မယ်ဆိုရင်တော့ ၁ လ၊ ၂လအထိ ကြိုတင်စီစဉ်ရတာလည်း ရှိပါတယ်။
အချိန်နီးမှ Booking လုပ်မယ်ဆိုရင် Cruise အများစု Full Book ဖြစ်နေတတ်သလို Edge Seat တွေလည်း Close Booking ဖြစ်နေတတ်ပါတယ်။
Dinner Cruise တွေက အဓိကအားဖြင့် ICONSIAM Pier နဲ့ Asiatique Pier ဆိုပြီး ဆိပ်ကမ်း ၂ ခုကနေ ထွက်ပါတယ်။
ICONSIAM Pier က စီးချင်သူတွေအတွက် ဈေးဝယ်ထွက် လည်ပတ်ရင်းနဲ့ စီးချင်တာမျိုး၊ ဟိုတယ်တွေနဲ့ နီးတာ၊ Transportation အဆင်ပြေတာတွေကြောင့် ရွေးချယ်လို့ကောင်းပါတယ်။
ဒါပေမယ့် ICONSIAM က ထွက်တဲ့ Cruise တွေက Asiatique ကထွက်တဲ့ Cruise တွေထက် ဈေးအနည်းငယ်ပိုပါတယ်။
Dinner Cruise တွေက ကြိုတင် Booking စနစ်ဖြစ်ပြီး မစီးဖြစ်လို့ Cancel လုတ်တွေ၊ Refund ပြန်ထုတ်တာ မရပါဘူး။
Date Change လို့ရတဲ့ အခါရပေမယ့် Date Change မရတာများပြီး ရခဲ့ရင်လည်း Charge Fee ပေးရပါတယ်။
ဒါကြောင့် Booking မလုပ်ခင် သေချာစဉ်းစားပြီးမှ ရက်စွဲနဲ့ အချိန်ကို သေချာစီစဉ်ထားဖို့ လိုပါတယ်။
Dinner Cruise တွေက လက်မှတ်တွေကို Walk in စနစ်နဲ့ရောင်းချလေ့မရှိဘဲ Agent တွေကိုသာ ပေးရောင်းထားတာများပါတယ်။
Cruise ဘက်ကနေ Voucher သို့မဟုတ် Booking Number ကို ပေးတာမဟုတ်ဘဲ Agent တွေက ကိုယ်ပိုင် Voucher နဲ့ ပြန်ထုတ်ပေးတာမျိုး ဖြစ်ပါတယ်။
Payment ကလည်း Deposit လောက်ပေးပြီး Voucher ထုတ်ပေးတာမျိုးမဟုတ်ဘဲ Full Payment ပေးချေပြီးမှ Voucher ပြန်ပို့ပေးကြတာ ဖြစ်ပါတယ်။
💰 Dinner Cruise Ticket ဈေးနှုန်းနဲ့ Package အသေးစိတ်တွေကို
🌐 www.tumtamtours.com မှာ ဝင်ကြည့်နိုင်ပါတယ်။
Knowledge About Thailand မှာလာဝယ်ရင်တော့ Ticket ဘယ်မှာထုတ်ရမလဲ၊ ဘယ်အချိန်ကြိုရောက်ရမလဲ၊ ကိုယ့်အတွက် ဘယ် Cruise သင့်တော်လဲ စတာတွေကိုလည်း အသေးစိတ်ညွှန်ကြားပေးပါတယ်။
Dinner Cruise စီးချင်ပြီး ကိုယ့်အတွက် သင့်တော်တဲ့ Cruise ကို ရွေးချယ်ချင်တယ်ဆိုရင် Contact ကနေ အသေးစိတ်မေးမြန်းနိုင်ပါတယ်။ 🚢✨
=========================
📞 Call Us / ဆက်သွယ်ရန်
🆔 ID : channyei1234
💟 Viber : +66618015397
📳 Phone : (+66) 061-801-5397
🆔 ID : lovepeace88
💟 Viber : +66846197340
📳 Phone : (+66) 084-619-7340
📧 Email – [email protected]
📌 TumTam Travel & Tours Co.,Ltd.
📋 TAT License: 11/13396