Travel with Bosco

Travel with Bosco The Journey of Life

ခရီးတစ်ခုမသွားခင် ဘယ်ဟာက အရေးကြီးဆုံးလဲ???
22/02/2026

ခရီးတစ်ခုမသွားခင် ဘယ်ဟာက အရေးကြီးဆုံးလဲ???

၃။ ငါဘာလုပ်သင့်လဲ??? What should I do???ဒီတစ်ချက်ကတော့ ရိုးရှင်းသွားပါပြီ။ အပေါ်က နံပါတ်(၁) နဲ့ နံပါတ်(၂) ကိုသေချာနားလည်...
01/02/2026

၃။ ငါဘာလုပ်သင့်လဲ??? What should I do???

ဒီတစ်ချက်ကတော့ ရိုးရှင်းသွားပါပြီ။ အပေါ်က နံပါတ်(၁) နဲ့ နံပါတ်(၂) ကိုသေချာနားလည်သဘောပေါက်သွားရင်တော နံပါတ်(၃)အတွက် အစီအစဉ်ဆွဲလို့ရပါပြီ။ မြန်ဖို့မလိုပါဘူး တိတိကျကျနဲ့ သတ်မှတ်ထားတဲ့အရည်အသွေးအတိုင်း တစ်စိုက်မတ်မတ်သွားရင်တော့ ကိုယ်လိုချင်တဲ့ပန်းတိုင် ကိုယ်နဲ့သင့်တော်တဲ့ပန်းတိုင် တစ်နေ့ရောက်မှာ အသေအချာပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
✍️ မောင်မင်းခေါင်

၂။ငါဘာလုပ်​နေလဲ???(What am I doing???)ဒီအချက်မှာတော့ ကိုယ်ရဲ့လက်ရှိပစ္စုပ္ပန်နဲ့ဆိုင်ပါတယ်။ ကိုယ်ဘာလုပ်နေလဲပေါ့။ ကိုယ်ဘယ...
28/01/2026

၂။ငါဘာလုပ်​နေလဲ???(What am I doing???)

ဒီအချက်မှာတော့ ကိုယ်ရဲ့လက်ရှိပစ္စုပ္ပန်နဲ့ဆိုင်ပါတယ်။ ကိုယ်ဘာလုပ်နေလဲပေါ့။ ကိုယ်ဘယ်သူလဲသိတဲ့အခါ ကိုယ်လုပ်ရမှာနဲ့ ကိုယ်လုပ်နေတာနဲ့ ကိုကြည့်ရတော့မှာဖြစ်ပါတယ်။ ကာလံဒေသံပေါ်မူတည်ပြီး လုပ်နေရတာလား??? ရှောင်လွဲလို့မရတဲ့ ကိစ္စတွေကြောင့် လက်ရှိလုပ်နေရတာတွေနဲ့ လွဲနေပြီလား
ဒါဆို ကျွန်တော်တို့က ငါဘယ်သူလဲဆိုတဲ့အချက်ကို ပြန်စဉ်းစားပြီး ပြန်လည်ညှိရမှာဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှာရောက်နေရပြီး အလှမ်းဝေးတဲ့ရည်မှန်းချက်တစ်ခုရှိခဲ့ရင်တော့ အသေအချာလေးစဉ်းစားဖို့လိုပါတယ်။

တစ်နေ့တစ်လံပုဂံပြေးမလဲဆိုတဲ့ ဆိုရိုးရှိပေမယ့် ယနေ့လိုတိုးတက်နေတဲ့ခေတ်မှာတော့ အရမ်းနောက်ကျမကျန်ခဲ့အောင် အချိန်သိပ်မယူဖို့လိုအပ်ပါတယ်။ ဒါကြောင့်မလို့ လက်ရှိမှာ ကိုယ်ဘာလုပ်နေလဲဆိုတာလည်းအရေးကြီးပါတယ်။

လွန်ခဲ့သော 5နှစ်တုန်းက မှတ်စုတစ်ခုကိုပြန်ဖတ်ရင်း ရမိတဲ့အတွေးလေးကိုချဲ့ထွင်ကာ စကားလက်ဆောင်လေး(၃)ခုလောက်ပေးပါရစေ……၁။ငါဘယ်သ...
20/01/2026

လွန်ခဲ့သော 5နှစ်တုန်းက မှတ်စုတစ်ခုကိုပြန်ဖတ်ရင်း ရမိတဲ့အတွေးလေးကိုချဲ့ထွင်ကာ စကားလက်ဆောင်လေး(၃)ခုလောက်ပေးပါရစေ……

၁။ငါဘယ်သူလဲ???(WHO AM I??)

ကျွန်တော်တို့အများစုက နင်ဘယ်သူလဲ? ဆိုတဲ့မေးခွန်းကိုသုံးလေ့ရှိကြပါတယ်။ နင်ဘယ်သူလဲ? လို့အမေးခံရရင် နာမည်ကိုအရင်ဖြေလေ့ရှိကြပါတယ်။ ဒါပေမယ့် လူတော်တော်များများ သုံးဖို့ ခဲယဉ်းတဲ့မေးခွန်းက ငါဘယ်သူလဲ? ဆိုတာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် မေးဖို့မေ့နေတက်သလို တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် ပြန်ဖြေဖို့ခက်ခဲတဲ့မေးခွန်းလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ လွယ်မလိုလိုနဲ့ခက်နေသယောင်ဖြစ်တက်တဲ့မေးခွန်းဖြစ်နေလို့ပါ။ အောင်မြင်တဲ့သူ (သို့မဟုတ်) အောင်မြင်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာသိဖို့အရေးကြီးတဲ့ အခြေခံကျတဲ့အချက်ပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ နောက်ကကပ်လိုက်လာတဲ့မေးခွန်းတချို့လည်းရှိပါတယ်။ ငါဘာဖြစ်ချင်တာလဲ? ဒါကတော့ရှင်းပါတယ်။ ကိုယ်ဘယ်သူလဲသိတဲ့အခါမှာ ကိုယ်ဖြစ်ချင်တာလည်းသိလာပါတယ်။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေဖြစ်လာမှာ ဖြစ်လာတာကိုလည်းလက်ခံတက်လာပါတယ်။ ဒါကြောင့် ကိုယ်ဘယ်သူလဲဆိုတာသိဖို့လိုအပ်ပါတယ်။

အိမ်ပြန်မယ့်ရက် လက်ချိုးရေတွက်ရင်း……….             ゚viralシfypシ゚viralシalシ
19/01/2026

အိမ်ပြန်မယ့်ရက် လက်ချိုးရေတွက်ရင်း……….

゚viralシfypシ゚viralシalシ

18/01/2026

Queen of the Sky 👸is coming
゚viralシfypシ゚viralシalシ

17/01/2026

သေချာကြည့်ပါ စေ့စေ့ကြည့်ပါ ရေးရေးမြင်ရင် ကျေနပ်ပါတယ်😊 ဘာမြင်ခဲ့လဲ???🤔🤔
゚viralシfypシ゚viralシalシ

16/01/2026

Time to take off 🛫🛫🛫
゚viralシfypシ゚viralシalシ

ခရီးသွားရင် ဘယ်ကိုသွားရတာနှစ်သက်လဲ??၁။မြို့ပြ၂။ကျေးလက်တောရွာ၃။တော၊တောင်များ၄။ပင်လယ်ကမ်းခြေ၅။ခြေဦးတည့်ရာအပန်းမကြီးရင်ဖြေပ...
16/01/2026

ခရီးသွားရင် ဘယ်ကိုသွားရတာနှစ်သက်လဲ??

၁။မြို့ပြ
၂။ကျေးလက်တောရွာ
၃။တော၊တောင်များ
၄။ပင်လယ်ကမ်းခြေ
၅။ခြေဦးတည့်ရာ

အပန်းမကြီးရင်ဖြေပေးသွားပါဦး😅😅😅


Hello………I’m coming back 😄😄😄😄စာမရေးရတာကြာတော့ ဒီ Page လေးကို မေ့နေလောက်ကြမယ်ထင်ပါတယ်။ စာတို၊အခန်းဆက်လေးတွေနဲ့ပြန်လာဖို့ ပ...
15/01/2026

Hello………I’m coming back 😄😄😄😄
စာမရေးရတာကြာတော့ ဒီ Page လေးကို မေ့နေလောက်ကြမယ်ထင်ပါတယ်။ စာတို၊အခန်းဆက်လေးတွေနဲ့ပြန်လာဖို့ ပြင်ဆင်နေပါတယ်။

2025 မှာခရီးအ​တော်များများထွက်ခဲ့ပြီး 2026မှာ ခရီးသွားတာ​လျှော့ စာများများ​ရေးဖို့​မျှော်လင့်ထားပါတယ်။


you 😇😇

Hello မတွေ့တာကြာပြီနော် အလုပ်မအားလို့အမြဲ Active မဖြစ်တာနားလည်ပေးပါဦး ဒီတစ်ခါမျှဝေပေးချင်တာက "ပိုလှတဲ့မနက်ဖြန်"ဆိုတဲ့စာတ...
20/07/2024

Hello မတွေ့တာကြာပြီနော် အလုပ်မအားလို့အမြဲ Active မဖြစ်တာနားလည်ပေးပါဦး ဒီတစ်ခါမျှဝေပေးချင်တာက "ပိုလှတဲ့မနက်ဖြန်"ဆိုတဲ့စာတိုလေးပါ....

"ပိုလှတဲ့မနက်ဖြန်"

မနက်ဖြန်ကိုလူတိုင်းပိုင်ဆိုင်နိုင်မှာမဟုတ်ပေမယ့် လူတိုင်းက မနက်ဖြန်အတွက်ကြိုး‌စားနေကြပါတယ်။ ကျောင်းသားတစ်ယောက်ဟာ သူ့ဘဝအတွက်ကောင်းမွန်တဲ့ဘဝရဖို့ ပညာကိုကြိုးစားသင်နေသလို လူနာတစ်ယောက်ဟာလည်း သူ့အတွက်မနက်ဖြန်ရဖို့ ဆရာဝန်တွေနဲ့အတူ ကြိုးစားကုသနေတာကိုလည်း ဆေးရုံတွေမှာတွေ့ရမှာပါ။

ဘန်ကောက်ရောက်တော့ ဟိုဟိုဒီဒီလျှောက်လည်ရင်း ကယားဝက်အူချောင်းဝယ်ချင်တာနဲ့ပဲ KhlongToei Market ရောက်သွားတယ်။ အများဆုံးမြန်မာတွေတွေ့ရတယ်။ ဒါပေမယ့် အများစုက တိုင်းရင်းသားတွေပါ။ သူတို့ကိုမေးကြည့်တော့ ပန်းရံအလုပ်၊ကျပန်းအလုပ်တွေလုပ်ကျတယ်တဲ့။ လုပ်ခလစာကလည်းအင်မတန်နည်းပါတယ်။ ဒါပေမယ့်သူတို့ရဲ့မနက်ဖြန်အတွက် သူတို့ကြိုးစားနေကြတယ်။

ရတဲ့လုပ်ခစာနဲ့မနက်ည လောက်အောင်စားဖို့ရယ်၊ အဆောင်ခရယ်ကို ကာမိအောင်အတော်ရုန်းကန်ရတယ်လို့ပြောပါတယ်။ အဆင်မပြေလို့ပြန်မယ်လုပ်တော့လည်း နေစရာအိမ်မရှိတော့ဘူး။ တချို့နေရာကစစ်မြေပြင်ဖြစ်နေတုန်းပဲ။ တချို့ကလည်းတရားမဝင်တဲ့ပုံစံမျိုး‌နဲ့ ဒီမှာနေနေကြရတာ။ ပြန်ပို့ခံရမှာလည်း စိုးပါတယ်။ သောကအပူတွေနဲ့ ရှင်သန်နေထိုင်ကြရပါတယ်။ ဒါပေမယ့်အကောင်းဆုံးရှင်သန်နေကြတယ်။ အကောင်းဆုံးရှင်သန်ကြရတယ်။ သူတို့မှာမျှော်လင့်ချက်တွေရှိတယ် ပိုကောင်းတဲ့မနက်ဖြန်အတွက်ပေါ့။

အမှန်အတိုင်းပြောရရင် အဲ့အချိန်ဟာ ကိုယ်တွေအလုပ်ရဲ့ Bonus နဲ့ပတ်သတ်ပြီး အလုပ်ထွက်ချင်စိတ်ဖြစ်နေခဲ့တာပါ။ အလုပ်ပြောင်းဖို့အတွက်လည်း တစ်ခြားအလုပ်လည်းရှာနေပေမယ့် မတွေ့သေးတဲအချိန်ပါ။ ဆိုတော့ ခွင့်ယူပြီးစိတ်ထွက်ပေါက်အနေနဲ့ခရီးထွက်လာခဲ့တာပါ။ ခြေဦးတည့်ရာသွားမယ်။ ရောက်တဲ့ Hotel တည်းမယ် စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူတို့နဲ့ကြုံတွေ့ရပြီး ကိုယ်ထက်အခြေအနေဆိုးတဲ့သူတွေရှိပါသေးတယ် အားတင်းထားပါဦးဆိုတဲ့ စိတ်ကလေးရခဲ့ပါတယ်။ သူတို့ကိုလည်း ပိုစာနာမိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီခရီးစဉ်လေးကို Sympathy Trip လို့မှည့်ခဲ့တာပါ။

ဒီကာလကြီးမှာ အားလုံးရဲ့မနက်ဖြန်ကခက်ခဲနေကြပါတယ်။ ပြည်တွင်းကလူကခက်ခဲသလို ပြည်ပကလူတွေလည်း ခက်ခဲနေကြပါတယ်။ အ‌နေအစားဆင်းရဲစွာနဲ့ ရှင်သန်နေကြရပါတယ်။ တချို့အဖိုးအဖွားတွေဆို သူတို့အခုအသက်အရွယ်အထိမကြုံဖူးတဲ့ ဘေးဒုက္ခကို ရင်ဆိုင်နေရတယ်လို့ မှတ်ချက်ပေးကြပါတယ်။ လူငယ်လူရွယ်တွေရဲ့လုပ်အားတွေလည်း အဆုံးအရှူံးခံနေရပါတယ်။ ပညာတက် ပညာရှင်အများစုကလည်း သူများနိုင်ငံမှာ အခြေအနေမပေးတဲ့အတွက် အခြေခံအလုပ်တွေနဲ့လုပ်နေကြရတာတွေကလည်း မျက်မြင်ပါပဲ။ ပိုလှတဲ့မနက်ဖြန်ဖြစ်ဖို့ မျှော်လင့်ရင်း ကြိုးစားကြတယ်။ မျှော်လည်းမျှော်လင့်ကြတယ်။

အခုအချိန်မှာကျွန်တော်တို့ရဲ့မနက်ဖြန်ဟာ ဒီနေ့ထက်ပိုဆိုးချင်ဆိုးမယ် ဒါပေမယ့် အကောင်းဆုံးရှင်သန်ကြတယ်။ ဒီကြားထဲမှာမှ အခက်အခဲကြားထဲအချင်းချင်းဖေးမကူညီနေကြရင် မနက်ဖြန်တွေဟာ ပိုလှလာနိုင်ပါတယ်။ အမှောင်ထုကြီးစိုးနေတဲ့ ညပြီးဆုံးသွားရင် ရောင်နီသာတဲ့နေ့သစ်တစ်နေ့ကိုရရှိလာမှာကိုမျှော်လင့်ရင်း......

‌မောင်မင်းခေါင်
၂၀.၇.၂၀၂၄

Address

Singapore

Telephone

+6587961326

Website

Alerts

Be the first to know and let us send you an email when Travel with Bosco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category