CNX Eats&Travels

CNX Eats&Travels ချင်းမိုင်စားမယ်သွားမယ်
(1)

  in  #ချင်းမိုင် ပန်းခင်းတွေ ဘုရားတွေ သွားပြီးပြီဆိုရင် လူငယ်တွေ အကြိုက်တရက်စာ Activities  #နမူနာခရီးစဉ် 1️⃣မနက် 8:00 A...
15/03/2026

in #ချင်းမိုင် ပန်းခင်းတွေ ဘုရားတွေ သွားပြီးပြီဆိုရင် လူငယ်တွေ အကြိုက်
တရက်စာ Activities #နမူနာခရီးစဉ်

1️⃣မနက် 8:00 AM
ဟိုတယ်ကို လာခေါ်ပေးပြီး
မနက်စာကို
မြို့ထဲက မြန်မာမနက်စာဆိုင်သွားလဲရပြီး

ဒါမှမဟုတ်
အရမ်းလှတဲ့ ချင်းမိုင်ရဲ့ အလှဆုံး
ဒီဆိုင်ကိုအရင်သွားပြီး ဗိုက်ဖြည့်လဲရပါတယ်။
မြို့ကနေ တနာရီသွားရပါမယ်။
2️⃣ Breakfast at Dantewada
📍 Dantewada Land of Angels Waterfall Park
Enjoy breakfast at the café with beautiful waterfall scenery.

ပြီးရင်တော့ တောင်ပေါ်ကို ဆက်ချီတက်ပါမယ်။

3️⃣🎢 Jungle Coaster Adventure

📍 Pong Yaeng Jungle Coaster & Zipline
Ride the famous Jungle Coaster through the forest. It’s one of the most exciting activities in Chiang Mai.
Jungle Coaster 🎢 က
Chiang Mai ရဲ့ Singanature adventure activity တစ်ခုပါ။

ပြီးတော့ အခြား Activities Zipline

Giant swing တွေလဲရှိပါတယ်။

4️⃣ ပြီးရင်တော့ ရှေ့ရက်မှာ တောင်ပေါ်သွားပြီးသားသူတွေက View Point ပြန်မသွားတော့ဘဲ
Shooting Experience အတွက်

📍 333 Shooting Range Chiang Mai ကို
ပြန်ချီတက်ပါမယ်။
Try pistol or rifle shooting with professional safety instruction.

Professional instructor တွေနဲ့ pistol
သို့မဟုတ်
rifle shooting လက်တွေ့ ‌စမ်းကြည့်နိုင်ပါတယ်
shooting challenge အနေနဲ့
သူငယ်ချင်းအချင်းချင်း
Couple competition လေးတွေ လုပ်ပြီး
ပျော်ပျော်ပါးပါးကစားနိုင်ပါတယ်။

ပြီးရင်တော့

နေ့လည်စာအတွက်

Mae Taeng အနီးက Thai local restaurant
တခုမှာ နေ့လည်စာစားနိုင်ပါတယ်။

Activities တွေအားလုံးက မနက်8ခွဲညနေ3ခွဲနောက်ဆုံးထိပဲရှိတာမို့ နေ့လည်2နာရီလောက်မှာ

River Activity (Optional)အနေနဲ့
ဆက်သွားလို့ရပါသေးတယ်။

Option 1 – Bamboo Rafting
📍 Mae Taeng River Bamboo Rafting

Relax on a bamboo raft and enjoy the peaceful jungle river scenery.

ဝါးဖောင်လှေလှော်ပြီး
တောအလှအပနဲ့ မြစ်ရှုခင်းတွေကို
အေးအေးချမ်းချမ်းကြည့်နိုင်ပါတယ်။

ဒါမှမဟုတ်

Option 2 – White Water Rafting

📍 Mae Taeng River White Water Rafting

For adventure lovers, try exciting white-water rafting.

Adventure ကြိုက်သူတွေ အတွက်
မြစ်ရေလှိုင်းကြားမှာ
white-water rafting လုပ်နိုင်ပါတယ်။

အချိန်ဆက်ရသေးရင်တော့
ညနေ3နာရီထိပဲရှိသေးခဲ့ရင်
Sticky Waterfall (Optional)

📍 Bua Thong Sticky Waterfall ဘက်ကို
ဆက်သွားလို့ရပါသေးတယ်

This unique waterfall allows you to climb up the rocks because they are naturally non-slippery.
ဒီရေတံခွန်မှာ ကျောက်တုံးတွေက
မချော်တဲ့ limestone ဖြစ်လို့
ရေတံခွန်ကို လက်နဲ့ကိုင်ပြီး တက်လို့ရပါတယ်။

Unique experience ရဖို့ must try ထဲပါပါတယ်။
နွေရာသီမှာကတော့ လူနည်းနည်းများတတ်ပါတယ်။(အခုမတ်လကတော့ အရမ်းများ 🥲)

ပြီးရင်တော့ တနာရီကျော် ပြန်မောင်းပြီး
ချင်းမိုင်မြို့လေးထဲ ပြန်နားကြပါမယ်။

#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင်စားမယ်သွားမယ် #နွေဦး
09 40202 6867 (+95) Viber Whatsapp Line
🫶🤙

 #၀င်ကြေးပေးစရာလဲမလိုဘူး ပြီးတော့ဘယ်ချိန်လာလာ  #၃ရာသီလုံးအမြဲတမ်းလှနေတဲ့ဒီနေရာလေးက ရောက်တဲ့သူတိုင်း  #သဘောကျတဲ့နေရာလေးဒါ...
15/03/2026

#၀င်ကြေးပေးစရာလဲမလိုဘူး ပြီးတော့
ဘယ်ချိန်လာလာ #၃ရာသီလုံးအမြဲတမ်းလှနေတဲ့
ဒီနေရာလေးက ရောက်တဲ့သူတိုင်း
#သဘောကျတဲ့
နေရာလေး

ဒါပေမဲ့ ဆိုင်မှာက လည်နည်း အထှာလေးရှိတယ်။

1️⃣ကားကရပ်ပေးပြီဆိုတာနဲ့
ဒီဆိုင် [၁] လေးကို အရင်၀င်
ဘယ်မှမသွားကြည့်သေးဘဲ
Table အရင်ရှာပြီး Menu လေးဖတ်
၁၂_၁ခွဲဆို လူအရမ်းများလို့ လူအများသွားရင် Staff တွေဆီက Token Q ယူရတတ်တယ်.
Table ယူပြီး မှာစရာရှိတာမှာပြီးပြီဆို တဆိုင်လုံးလျှောက်လည်ပေးတော့ပဲ

ဆိုင် [၁] Mai Heun 60
ไม้เฮือน 60
📍 https://maps.app.goo.gl/M14cyziB6FREWdGm6

2️⃣ဆိုင် ၁ကို လည်ပြီးရင်
လက်ဆောင်တွေရောင်းတဲ့ ဆိုင်အနောက်နားမှာ ဘေးက ဒီဆိုင်လေးကိုသွားတဲ့
ညွှန်ထားတဲ့ လမ်းလေးရှိတယ်။
တခါတလေ ဆိုင်ရှင်နဲ့တွေ့ရင်တော့
အဲ့ဆိုင်ကိုလဲ ၀င်လည်ပါအူံးလို့ ခေါ်တတ်တယ်🫶
မခေါ်လဲ ကိုယ့်ဘာသာသွားလို့ရပါတယ် 😅

ဆိုင် [၂] Doi Chaang Coffee Mae Rim
Doi Chang Mae Rim กาแฟดอยช้างแม่ริม
📍
https://maps.app.goo.gl/uhWsSGkQZ9Ga1ekw6

အဲ့ဆိုင်ထဲ
ချင်းမိုင်ရဲ့ နာမယ်ကြီးတဲ့ကော်ဖီနဲ့ကိတ်ရပြီး
ဈေးအနည်းငယ်ပိုပေမဲ့ အခြားနေရာတွေ ၀င်ကြေးခလောက်ပဲရှိတာမို့ ဆိုင်၂ဆိုင် စာတန်တယ်လို့
ပြောရမှာပါပဲ။

3️⃣ ဆိုင်[၁]ရော ဆိုင်[၂] ရော လည်ပြီးပြီဆိုရင်တော့
ဆိုင် [၁] မှာ Table ယူပြီး
မှာထားတာတွေ ရလောက်ပါပြီ။ 😝
ပီဇာ အရမ်းကောင်းပါတယ်။
လာမှ ဂျုံနယ် ဖုတ်သလားတော့ Admin မသိပါဘူး 😅
အောင်မဲညိုရယ် အခြား ၃ရောင်နဲ့
၄ရောင်ခြယ်ထမင်းလေးရယ်
ခေါက်ဆွိုင်ရယ်လဲကောင်းပါတယ်။
Kid Menu လဲရှိတော့ Family Friendly ဖြစ်ပါတယ်။

ပြီးရင်တော့ Car Park က ပတ်ပတ်လည်ရှိပြီး
ဂငယ်ကွေ့မို့ ကားရပ်ထားတဲ့ဆီကို
နည်းနည်းတော့ ပြန်လျှောက်သွားရပါတယ်။

လူရှင်းနေချိန်ဆိုရင်တော့
Parking ရှေ့မှာကွက်တိရခဲ့ရင်တော့
ကံကောင်းသူကြီးများပါ 😅😍

#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင်စားမယ်သွားမယ်
#ချင်းမိုင်
09 40202 6867 Viber Whatsapp Line 🫶🤙☘️

ချင်းမိုင်မြို့ရဲ့ check-in spot အသစ်တစ်ခုလို့မျှော်လင့်ထားကြတဲ့  #ညဈေး In  #ချင်းမိုင်Mae Kha Canal Bridge (Tha Phaeဘက်...
15/03/2026

ချင်းမိုင်မြို့ရဲ့ check-in spot အသစ်တစ်ခုလို့မျှော်လင့်ထားကြတဲ့ #ညဈေး In #ချင်းမိုင်

Mae Kha Canal Bridge (Tha Phaeဘက်ခြမ်းပါ)

Chiang Mai University ရဲ့
Faculty of Education (Art Education)

Chiang Mai Rajabhat University ရဲ့ Faculty of Education (Art Education)

Chiang Mai Vocational College ရဲ့
Fine Arts Department (Visual Arts Program)

က ကျောင်းသားများပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်တဲ့

ဒီစိတ်ကူးလေးကို
Tha Phae Inn Hotel ပိုင်ရှင်က
စပြီးအကြံပြုပေးပြီး ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်တဲ့

ပန်းချီထဲမှာ “สะพาน” (တံတား) ဆိုတဲ့ စကားလုံးကို “สพาน” လို့ ရေးထားတာကိုလဲ တွေ့ရပါတယ်။

ကျောင်းသားတွေကတော့ 1923 ခုနှစ်အခါက
သုံးခဲ့တဲ့ စာလုံးပုံစံအတိုင်း
အမှန်တကယ်ကိုးကားရေးဆွဲထားတာဖြစ်တယ်လို့လဲ ပြောပါတယ်။

ပန်းချီကို ကာကွယ်ဖို့အတွက်ကတော့
ဟိုတယ်ဘက်က CCTV ကင်မရာများ
တပ်ဆင်ထားပြီး
ဒီလှပတဲ့ အနုပညာလက်ရာကို ကာကွယ်ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။

သတင်းတွေနဲ့ Update Photo ကို
CM News ကနေ Reference ယူထားပါတယ် 🫶

#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင် #နွေဦး #နွေရာသီ
#ချင်းမိုင်စားမယ်သွားမယ်

09 40202 6867 (+95) Viber Whatsapp Line
🫶 🤙 ☘️

 #နွေဦး မဟုတ်တော့တဲ့  #ချင်းမိုင် ရဲ့  #နွေရာသီ ကို အံတုဖို့ တနှစ်ကို တလပဲဖွင့်တဲ့ #ချင်းမိုင် ရဲ့  #ညောင်ချောင်းသာ ပြန်...
10/03/2026

#နွေဦး မဟုတ်တော့တဲ့ #ချင်းမိုင် ရဲ့
#နွေရာသီ ကို အံတုဖို့
တနှစ်ကို တလပဲဖွင့်တဲ့
#ချင်းမိုင် ရဲ့ #ညောင်ချောင်းသာ
ပြန်ဖွင့်ပါပြီနော်။
🤩

Map 🗺️ လေးက please see the last photo captions and comment please.
#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ


09 40202 6867 (+95)
Viber Whatsapp Line 🤙☘️🫶

 #မဲ့ကပေါင် ဘာရှိလဲ Admin ရေဆို ဘာမှမရှိပါဘူးလို့ 🥲 ဒါပေမဲ့  #မဲ့ကပေါင် မရောက်ခဲ့ဘူးဆို  #ချင်းမိုင် မရောက်ဖူးဘူးလို့လူတ...
10/03/2026

#မဲ့ကပေါင် ဘာရှိလဲ Admin ရေဆို
ဘာမှမရှိပါဘူးလို့ 🥲 ဒါပေမဲ့
#မဲ့ကပေါင်
မရောက်ခဲ့ဘူးဆို #ချင်းမိုင် မရောက်ဖူးဘူးလို့
လူတိုင်းကပြောကြတဲ့ ပါပဲရှင်။

Admin တဦးထဲအမြင်ကတော့
Admin ကတော့ မဲ့ကပေါင်ရွာလေးကို
သွားလည်ရတာ ကြိုက်ပါတယ်။
အကြိုက်ဆုံးအချိန်ကတော့ မြို့ကနေ
မနက်7နာရီထွက်ပြီး
မနက်8နာရီလောက် Walking Street မှာ
မြောက်ပိုင်းအစားစာတွေနဲ့ စုံစုံလင်လင်
မနက်စာစားရတာကို သဘောကျပါတယ်။

ပြီးမှ တောင်ပေါ်ကို ရွာကားနဲ့
ဘတ်20ပေးတက်ပါတယ်။

1️⃣ပုံထဲက ကားပါကင်နားက Walking Street လေးရှိပါမယ်။

2️⃣Car Park ကနေ ရွာကားတဆင့်စီးပြီးမှရောက်တဲ့
View Point လေးရှိပါမယ်။
View Point ကနေ မဲ့ကပေါင်ရွာလေးတရွာလုံးကို ပြန်မြင်ရတဲ့ကော်ဖီဆိုင်လေးကို ရွာကား တယောက်ကို ဘတ်၂၀ ဘတ်
တခါတလေ ၃၀ ပေးရတတ်ပါတယ်။
အဲ့ ၂၀က အသွားတခေါက်ပဲရပါတယ်။
ဘယ်လောက်စီးရလဲဆို ခဏပါပဲ။
ဒါပေမဲ့ ရွာကားနဲ့သာ သွားဖို့ အကြံပြုပါတယ်။
မြို့ကကားတွေ ပြင်ပကားတွေက အဲ့လမ်းကို
ကျွမ်းကျင်မှုမရှိဘဲ တက်သွားကြပြီး
လမ်းလျှောက်နေတဲ့သူတွေအတွက် အင်မတန်ကို အန္တရယ်များပါတယ်။

3️⃣ဒီ ရွာ View Point Cafe လေးပြီးရင်တော့
ရေတံခွန်အသေးလေးရှိပါတယ်။ အရမ်းမကြီးပါဘူး။

4️⃣ အချိန်ရတဲ့သူတွေက နောက်ထပ်ရွာကား ၁၀၀တန်ထပ်စီးပြီး နောက်ထပ် View Point ကိုထပ်သွားကြပါတယ်။

5️⃣ မဲ့ကပေါင် နားမှာ အခြား အထင်ကရ ကော်ဖီဆိုင်တွေရှိပါတယ်။ မိုးတွင်းကတော့ အရမ်း recommend မပေးပါဘူး။ ရွာကား တယောက်၁၀၀ပေးရပြီး လူ၅ယောက်ပြည့်မှ ကားထွက်ပါတယ်။

6️⃣ t Story တို့ ကြောင်ကော်ဖီဆိုင်လေးတွေက ‌မဲ့ကပေါင်တောင်ပေါ်ရပြန်ဆင်းတဲ့အခါ
ညနေ၄နာရီမတိုင်ခင်ဆို ၀င်လည်လို့ရပါတယ်။
၀င်ကြေးမရှိပေမဲ့ One Person,One Order ပါ
၀င်လည်သူများအားလုံး တယောက်ကိုတမျိုး မှာစားရပါတယ်။

7️⃣အချိန်ထပ်ရသေးသူများကတော့
ရွေးချယ်စရာ ဒါလေးတွေရှိပါတယ်
- ရေပူစမ်း
- Paramotor Flying
- 333 Shooting

တွေရှိပါတယ်။ 🫶
တော်တော်များများကတော့ မြို့ဟောင်းထဲက အထင်ကရ ရှေးဟောင်းဘုရားတွေနဲ့
တရက်စာ ခရီးစဥ်ဆွဲပြီး တွဲလည်ကြပါတယ်။ ☘️

#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင်စားမယ်သွားမယ်
#ချင်းမိုင်
09 40202 6867 (+95)
Viber Whatsapp Line 🤙☘️🫶

 #ချင်းမိုင် ကို ဘယ်ရာသီဥတုမှာပဲ လာလည်လည် #တောင်ပေါ်ဘုရား   ကိုတော့မသွားမဖြစ်သွားကြရတာပါပဲ။1️⃣တည်နေရာ နဲ့ Transportation...
10/03/2026

#ချင်းမိုင် ကို ဘယ်ရာသီဥတုမှာပဲ လာလည်လည်
#တောင်ပေါ်ဘုရား ကိုတော့
မသွားမဖြစ်သွားကြရတာပါပဲ။

1️⃣တည်နေရာ နဲ့ Transportation ကတော့
ချင်းမိုင်မြို့ကနေဆို အသွား၄၅မိနစ်
အပြန်၄၅မိနစ် ပဲသွားရပြီး
တောင်တက်လမ်း အနည်းငယ်ပဲတက်ရပေမဲ့
ခေါင်းမူးတတ်တဲ့သူတွေအတွက်ကတော့
ခဏမှေးပြီး လိုက်စီးသွားသင့်ပါတယ်။
ဘုရားပေါ်တက်ဖို့က
ဆိုင်ကယ် ကား အဆင်ပြေသလိုတက်လို့ရပြီး
Maya Shopping Mall ရှေ့ကနေ ကားနီတွေနဲ့ ဈေးညှိပြီးလဲ သွားလို့ရပါတယ်။
အပြန်မှာလဲ ဘုရားရှေ့ကားနီတွေအများကြီးပါပဲ။
ကားနီမစီးချင်သူတွေနဲ့ အေးအေးဆေးဆေး သွားချင်သူများကတော့ ကိုယ့်ကားနဲ့ကိုယ် သီးသန့်ငှားသွားကြပါတယ်။

2️⃣လက်မှတ်ခ ဘုရားပေါ်ဘယ်လိုတက်မလဲ။
၀င်ကြေးက တယောက်-၃၀ဘတ်ပါ။
တောင်ပေါ်ထိဘုရားရင်ပြင်တက်ဖို့က ရွေးချယ်စရာ
၂မျိုးရှိပါတယ်
လှေကားထစ် ၃၀၀ကျော်ကို ခြေလျှင်တက်တာရယ်
Cable 🚠 Lift 🛗စီးပြီး တက်ဖို့ရယ်။
Cable 🛗က တယောက်ကို ၂၀ဘတ်ပေးရပါတယ်။
အဲ့ Cable 🛗 Ticket က အပြန်စီးမယ်ဆို
သေချာသိမ်းထားရပါတယ်။
မသိမ်းထားရင် ၁၀ထပ်ပေးရပါတယ်။
စုစုပေါင်း လှေကားနဲ့တက်မယ်ဆို ၃၀ဘတ်
Cable 🛗နဲ့ဆို ၅၀ဘတ် ကျသင့်ပါတယ်။
ဘာနဲ့ပဲလာလာ ကားတွေဆိုင်ကယ်တွေက ဘုရားရှေ့ကားရပ်လို့မရပါဘူး။
ပါကင်ကို ကျော်ပြီး သွားရပ်ရပါတယ်။

3️⃣အစားအသောက်အတွက် မနက်၈_၅နာရီထိကတော့ ဘုရားစောင်းတန်းမှာ
Food Court ရှိပါတယ်။

4️⃣‌နေ့တပိုင်းနဲ့ သွားလည်လို့ရပြီး
မြို့ဟောင်းထဲက ဘုရား သို့မဟုတ်
အခြားတောင်ပေါ်ဘုရားတဆူနဲ့ တနေကုန်ပေါင်းလည်လို့ရတဲ့နေရာလေးပါ 🫶
Wat Pha Lat တို့ အခြားတောင်တွေ အခြားနေရာတွေနဲ့ တွဲသွားမယ်ဆို
သီးသန့်ကားငှားပြီး
တရက်စာခရီးစဉ်ဆွဲပြီး ကြိုစီစဉ်ပြီး အချိန်တွက်ချက်သွားကြပါတယ်။

5️⃣ဘုရားရင်ပြင်တော် အပြင်ဘက်မှာ ချင်းမိုင်တမြို့လုံးကို မြင်ရတဲ့ View Point လေးလဲ ကြည့်ခဲ့ ဓာတ်ပုံရိုက်ခဲ့ဖို့ မမေ့ပါနဲ့အုံးနော်။

#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင်
#ချင်းမိုင်စားမယ်သွားမယ်
09 40202 6867 (+95)
Viber Whatsapp Line 🤙☘️🫶

မနေ့က  #လန်ပန်း  #နေ့ချင်းပြန် နဲ့  #တညအိပ်အကြောင်းရေးပြီးတကယ်လို့ အချိန်ရလို့  #၂ညအိပ်အထက်ဆို ဒီနေရာလေးကလဲ အရမ်းအေးချမ်...
10/03/2026

မနေ့က #လန်ပန်း #နေ့ချင်းပြန် နဲ့ #တညအိပ်
အကြောင်းရေးပြီး
တကယ်လို့ အချိန်ရလို့ #၂ညအိပ်အထက်ဆို
ဒီနေရာလေးကလဲ အရမ်းအေးချမ်းပြီး
သွားသင့်ထဲပါပါတယ်။

တခုက 1️⃣📍 Chae Son Hot Springs,
Chae Son National Park ထဲမှာရှိတဲ့ ရေပူစမ်းပါ။

Lampang ရဲ့ သဘာဝအလှတရားတွေထဲက
စိတ်ကို အရမ်းအေးချမ်းစေတဲ့နေရာတစ်ခုဆိုလဲ
မမှားပါဘူး။

သစ်တောအလယ်မှာ
မြူလိုလို အပူငွေ့တွေ တဖြည်းဖြည်း ထွက်နေတဲ့
Hot Spring ရေကန်ဘေးမှာ လမ်းလျှောက်ရတာက
တကယ်ကို Relax ဖြစ်စေတယ်။

ဒီနေရာမှာ ထူးခြားတာက
Hot Spring ရေနဲ့
ကြက်ဥပြုတ်စားလို့ရတာပါ 🥚♨️

ပြီးတော့ ရေချိုးရေစိမ်ကန်တွေ
ချောင်းတွေလဲရှိပြီး
တရက်လုံး အေးအေးဆေးဆေးသွားပြီး
ညအိပ် အနားယူကြတဲ့ နေရာမျိုးပါ။

သဘာဝနဲ့အတူ အေးအေးဆေးဆေး
အနားယူချင်ရင်
Lampang ကိုလာတဲ့သူတိုင်း မလွတ်မဖြစ်သွားသင့်တဲ့ place ဖြစ်ပါတယ်။

2️⃣နောက်တခုကတော့
Chae Son National Park ထဲက ရေတံခွန်ပါ။
သဘာ၀ငါးတွေအများကြီးဖြစ်ပြီး
ရေပူစမ်း နဲ့ ပထမနေ့မှာ အေးဆေးနားပြီးရင်
ဒုတိယနေ့မှာ Trekking လေးလျှောက်ရင်း
ရေတံခွန်ဘက်ကို သွားလည်လို့ရပါတယ်။

3️⃣တတိယနေရာကတော့ သပ်သပ်ထပ်သွားရတာပါ။
၀င်ကြေးက တယောက် ၄၀၀_၅၀၀ မို့
ဓာတ်ပုံရိုက်ချင်သူနဲ့ Hiking သမားတွေအတွက်ကလွဲပြီး မသွားစေချင်ပါဘူး။
တတိယနေရာလေးက ပုံထဲကြည့်ပေးနော်။

#လန်ပန်း
ကတော့
ကိုယ့်ကားနဲ့ကိုယ် ၂ရက်၃ရက် အချိန်ပေးသွားနားတဲ့နေရာမျိုးပါ။
#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင်စားမယ်သွားမယ်
#ချင်းမိုင်

 #စတုတ္ထအကြိမ်မြောက် လန်ပန်းအကြောင်း 🫶- ချင်းမိုင်မှာ အကုန်လည်ဖူးပြီးပြီ- မြန်မာကို မပြန်တာကြာပြီး မြန်မာပြည် Vibe လေး သ...
09/03/2026

#စတုတ္ထအကြိမ်မြောက် လန်ပန်းအကြောင်း 🫶
- ချင်းမိုင်မှာ အကုန်လည်ဖူးပြီးပြီ
- မြန်မာကို မပြန်တာကြာပြီး
မြန်မာပြည် Vibe လေး သတိရနေတယ်ဆို
- ချင်းမိုင်ရဲ့ 3ဆ Slow Life ဖြစ်ချင်တယ်ဆို
- မြင်းလှည်းရထားလုံးလေးတွေရယ်
- ဒေသအစားစာလေးတွေရယ် ရှိတဲ့
#လန်ပန်း ကို သွားဖြစ်အောင်သွားခဲ့ပါ။

1️⃣ ဘယ်လိုသွားကြမလဲ ❓
Rush ဖြစ်နေတဲ့ နေ့ရက်တွေကနေ
ခဏတဖြုတ် အနားယူမယ်ဆို
Lampang ကို #ချင်းမိုင် ကနေ
ကိုယ့်ကားနဲ့ကိုယ်ဆို တနာရီခွဲ
လိုင်းကားနဲ့ဆို တနာရီမိနစ်၄၀ကျော်
ရထားနဲ့ဆို ၂နာရီ သွားရပြီး
နေ့ချင်းပြန်ရော ညအိပ်ပြီးရော
သွားလည်လို့ရပါတယ်။

2️⃣ Hotel 🏨 နေဖို့ ဘယ်လိုရှာကြမလဲ ❓
ညအိပ်သွားမယ်ဆို ဟိုတယ်အတွက်က
- Foodie တွေဆို ညဈေးနား စည်စည်ကားကားနေပါ။(အခန်းကျဉ်း but အစားအသောက်အဆင်ပြေ)
- ကိုယ့်ဘာသာကိုယ်ချက်စားမယ်ဆို Homestay တွေနေပါနော်။( မြို့နဲ့ဝေး ကိုယ့်ဘာသာချက်ဖို့ သယ်သွားရမယ်)
- ကျယ်ကျယ်၀န်း၀န်းနေမယ်ဆို Resort တွေရှိပါတယ်( ကျယ်၀န်းပြီး စိတ်အပန်းဖြေ ကိုယ့်ကားနဲ့ကိုယ်သွားမှ ရပါမယ်)
- Camp နေချင်သူများဆို National Park တွေလဲရှိပါတယ်။
- March to October ကတော့ Walk in ရနိုင်ပြီး
November to February ကတော့ Booking ကြိုလုပ်သွားသင့်ပါတယ်။

3️⃣ 🍲🍚🥗🫕 စားရေးသောက်ရေး
- ခဏခဏစားနေတတ်သူများဆို ကြို၀ယ်သွားရပါတယ်။
- ဘန်ကောက် ချင်းမိုင်လို ရွေးချယ်စရာ တော့ နည်းပါတယ်

4️⃣ အဓိက ဘယ်တွေလည်ရမလဲဆို
📍နေမပူခင် Wat Phara That Lampang Laung ကိုသွားဖူးပြီး နေ့လည်စာကို အဲ့က Parking မှာ ဈေး၀ယ်ရင်း သွားလို့ရပါတယ်
📍 နေ့လည်စာ အဲ့မှာ မဖြစ်ခဲ့ရင်တော့
မြို့ထဲရောက်မှ မြို့ထဲက museum တွေ
ceramic တွေ သွား၀ယ်‌ရင်း သွားလို့ရပါတယ်။
📍နေ့လည် ၂နာရီခွဲလောက် တောင်ပေါ်ဘုရား
Wat Prathat Doi Prachan ဘက်ကိုလဲ အချိန်ပေးပြီးသွားသင့်ပါတယ်။
📍 ညအိပ်မဲ့သူတွေကတော့ မောင်ငွေဇင်ရဲ့ လက်ဖက်ရည်ဆိုင်ရှ်ိတဲ့ ညဈေးကို
တခေါက်လောက်တော့ သွားလည်စေချင်ပါတယ်နော်

#ချင်းမိုင် ရောက်ရင် Ancient City Vibe ကို
မြတ်နိုးတန်ဖိုးထားကြတဲ့သူတွေဆိုရင်တော့
မြို့လေးကို
တရက်သီးသန့်အချိန်ပေးပြီး သွားလည်ခဲ့ပါနော် 🫶

Admin တဦးထဲအမြင်ကတော့
ထိုင်းမှာ အကြိုက်ဆုံး မြို့လေးတမြို့ပါ
1990 ခေတ်ကို
ပြန်ရောက်သွားသလိုလေး Vibe ရပြီး
အေးအေးဆေးဆေး သွားနားသင့်တဲ့ မြို့လေးပါ။

#ပျော်ရွှင်ချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
#ချင်းမိုင်စားမယ်သွားမယ်
#ချင်းမိုင်

09 40202 6867 (+95)
Viber Whatsapp Line 🤙☘️ 🫶

25/02/2026

Review လေးတွေရော
ချင်းမိုင်စားမယ်သွားမယ် နဲ့
လည်ပေးတဲ့အတွက်ရော
ကျေးဇူးအများကြီးတင်ပါတယ်နော် 🫶🏼😍🫶🏼

Address

Singapore

Telephone

+66972292304

Website

Alerts

Be the first to know and let us send you an email when CNX Eats&Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CNX Eats&Travels:

Share