BTR Book Club

BTR Book Club Born To Rise Myanmar Book Club

ဒီစာအုပ်လေးဟာ စာအုပ်အဖုံးလေးလိုပဲ ရှုပ်ထွေးပြီး ကာမတွေကြားထဲမှာမိန်းမောနေကြတဲ့လူတွေအတွက်တော့ အများကြီးအလင်းပွင့်သွားစေမယ...
02/06/2026

ဒီစာအုပ်လေးဟာ စာအုပ်အဖုံးလေးလိုပဲ ရှုပ်ထွေးပြီး ကာမတွေကြားထဲမှာမိန်းမောနေကြတဲ့လူတွေအတွက်တော့ အများကြီးအလင်းပွင့်သွားစေမယ့်စာအုပ်လေးဖြစ်တယ်ဆိုတာအာမခံရဲပါတယ်။
အခုခေတ်ပြောနေကြတဲ့ relationship ဆိုတဲ့ အချစ်ဟာ နောက်ကွယ် မှာ
လူတွေကို ဘီလူးစီးသွားသလို ကာမအမှောင်နဲ့ ရစ်ပတ်နှောင်ဖွဲ့မှုတွေကို
အလှဆုံးသောစကားလုံးဖြစ်တဲ့ “အချစ်” ဆိုတဲ့စကားလုံး လေးနဲ့ ဖုံးအုပ်ထားတာပါ။
ဒီလိုပြောလို့ တရားပေါက်သွားတယ်တော့ မဟုတ်ပါဘူး အကျိုးအကြောင်းအကောင်းအဆိုး
ကိုသိနေတော့ Depression ဖြစ်တာတွေ စိတ်ခံစားချက်ကြောင့် ဘဝကိုရေစုန်
မျှောဖို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် “သတိ” ဆိုတဲ့ အသိလေးရသွားစေလိမ့်မယ်
ဆိုတာယုံကြည်ပါတယ်။ တွေးတက်ခေါ်တက်ဖြစ်လာပြီး အမှားဖြစ်နေရင် အမှားမှန်းသိပြီး
အမှန်ကိုပြန်ပြင်နိုင်ပါလိမ့်မယ်။ ကိုယ်လုပ်ခဲ့တဲ့အကြောင်းတရားတိုင်းဟာ ဒီဘဝလွန်သွားရင်တောင်
အကျိုးတရားတွေခံစားရမယ်ဆိုတာကို ဗုဒ္ဓဘာသာတို့ရဲ့ နှလုံးသားဖြစ်တဲ့ မြတ်စွာဘုရားရဲ့
တရားတော်တွေနဲ့ မီးမောင်းထိုးပြီး သက်သေသာဓက နဲ့တကွဖော်ပြထားတဲ့ စာအုပ်ဖြစ်ပြီး
စာရေးသူ ဆရာကြီးဦးနုရဲ့ အရေးအသားပြောင်မြောက်မှုတွေဟာဖြင့် ကွင်းကွင်းကွက်ကွက်
မြင်သာအောင်ကိုစကားလုံးတွေနဲ့ ရေးသားဖော်ပြထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ဟာ လူ့ဘဝကို အကောင်းဆုံး သော တရားသောနည်းလမ်းနဲ့ရှင်သန်
နေထိုင်သွားဖို့ ဆုံးမထားတဲ့စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။ အရာရာတိုင်းဟာ ဖြစ်ပြီးရင်
ပျက်တက်တယ်ဆိုတဲ့သဘောတရား နဲ့ဘဝကိုကြိုးစားနေထိုင်သွားဖို့ အသိတရား
ရစေမယ့်စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ အညွှန်းတွေကိုတော့ အများကြီးထပ်မပြောတော့ပါဘူးရှင့် စာရေးဆရာကြီးရဲ့ တောက်ပြောင်တဲ့စကားအသုံးအနှုန်း
တွေနဲ့ ဘဝကို ဘယ်လိုမီးမောင်းထိုးဆုံးမထားတယ်ဆိုတာသိချင်ရင်ပဲဖြစ်ဖြစ်၊
ဘဝကို အကောင်းဆုံးနေထိုင်တက်ချင်ရင်ပဲဖြစ်ဖြစ်
“ကာမတဏှာ” ဆိုတဲ့ စာအုပ်လေးကို မဖြစ်မနေဖတ်ကြည့်ဖို့အသိပေး မျှဝေပေးလိုက်ရပါတယ်ရှင့်။


"မင်း ငြင်းပယ်သမျှအရာတွေဟာ မင်းရဲ့ တည်ရှိမှုကို ပိုပြီး စိုးမိုးလာလိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒီအရာတွေကို ရင်ဆိုင်ပြီး လက်...
23/05/2026

"မင်း ငြင်းပယ်သမျှအရာတွေဟာ မင်းရဲ့ တည်ရှိမှုကို ပိုပြီး စိုးမိုးလာလိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒီအရာတွေကို ရင်ဆိုင်ပြီး လက်ခံလိုက်တဲ့အခါ သူတို့ဟာ ပျောက်ကွယ်သွားလိမ့်မယ်။" ✨ ဒါလေးကိုသေချာပြန်စဥ်းစားကြည့်ပါနော် အဓိပ္ပာယ်တွေအများကြီးနဲ့ကိုယ့်ကိုယ်ကိုပြန်မြင်လာရပါတယ်။

ဒီစာအုပ်ဟာ စိတ်ပညာစာအုပ် ဆိုပေမဲ့ ဖတ်ရတာ heavy မဟုတ်ဘဲ ဇာတ်လမ်းလေးနဲ့မို့လို့ ဖတ်ရင်း ဖတ်ရင်း ဇာတ်ကောင်နေရာမှာ ကိုယ့်ကိုယ်ကိုယ် အစားထိုးမိသွားစေမယ့် စာအုပ်မျိုးပါ။

ခိုင် တို့ တိုက်ခိုက်နေရတဲ့ ပြဿနာတော်တော်များများဟာ အပြင်လူကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းစိတ် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်ဆိုတာကို မြင်သာအောင် ပြပေးသွားပါတယ်။

ပေးချင်တဲ့ Message က ရှင်းရှင်းလေးပါ—
"ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ခင် မင်းရဲ့ အတွင်းစိတ်ကို အရင်ပြောင်းလဲပါ"

စိတ်ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး စိတ်အေးချမ်းမှု စစ်စစ်ကို ရှာချင်တယ်ဆိုရင်တော့ ဒီစာအုပ်က အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာမှာ အသေအချာပါပဲ။ 💯

ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?
• အမြဲတမ်း စိတ်ဖိစီးပြီး အတွေးလွန် (Overthinking) ဖြစ်နေတတ်သူများ
• ကိုယ့်ရဲ့ Emotional ကို ကောင်းကောင်း ထိန်းချုပ်ချင်သူများ
• စိတ်ခွန်အားသစ် ပြန်လည်ဖြည့်တင်းချင်သူများ

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး Gift တစ်ခု ပေးချင်တယ်ဆိုရင် ဒီစာအုပ်လေးကိုသာ အရင်ဆုံး ဖတ်လိုက်ပါတော့လို့ ညွှန်းပေးပါရစေ။ ❤️

Khaing
23.5.2026

#စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း
#စိတ်သက်တန့်မေရီ


" တစ်ပွဲ​တော့ ရှုံးခဲ့ပြီ။ သို့​သော် နိုင်ခြင်း၊ ရှုံးခြင်းဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှုသ​ဘောထား​ပေါ်၌ တည်၏။ ရှ...
20/05/2026

" တစ်ပွဲ​တော့ ရှုံးခဲ့ပြီ။ သို့​သော် နိုင်ခြင်း၊ ရှုံးခြင်းဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှုသ​ဘောထား​ပေါ်၌ တည်၏။ ရှုံးခြင်း၏ရလဒ်ကို ကိုယ်ကြံ့ကြံ့ခံနိုင်လျှင် ကိုယ့်ကိုရှုံးသူဟု မည်သူ​ခေါ်နိုင်မည်နည်း။ "

ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ပြင်သစ် ​​မြေ​အောက်​လောကရဲ့ လူသတ်မှုတစ်ခု​ကြောင့် စွပ်စွဲခံရပြီး တစ်ကျွန်းပြစ်ဒဏ်ချခံရ​သော ပါပီလွန်ရဲ့ ​အကြိမ်ကြိမ်ထောင်​ဖောက်​ပြေးပုံ ၊ တစ်ကျွန်းမှ အကြိမ်ကြိမ် ထွက်​ပြေးပုံ​တွေမှာ စွန့်စားခန်းတစ်ခုဆိုတာထက် အရှုံးကို ကြံ့ကြံ့ခိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ကို မ​ရောက်မချင်း ဇွဲမ​လျှော့ပုံ​တွေကို သင်ခန်းစာရခဲ့တယ်။

ပါပီလွန်ဟာ အလုံပိတ်​အ​မှောင်အခန်းကျဥ်း​လေးထဲမှာ​တောင် စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ သူလွတ်​မြောက်ဖို့ပန်းတိုင်ကိုပဲ အာရုံပြုပြီး ​ကျော်ဖြတ်ခဲ့တယ်။ အကြိမ်ကြိမ်ရှုံးနိမ့်လည်း အသစ်အသစ်​သော အိုင်ဒီယာ​တွေနဲ့သူပြန်ထခဲ့တယ်။ ပါပီလွန်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ အရှုံးမ​ပေးမှု၊ လွတ်​မြောက်ခြင်းရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးစားပုံ​တွေမှာ စာဖတ်သူအတွက် သင်ခန်းစာ မှတ်သားအတုယူစရာ စိတ်ဓါတ်တိုက်ပွဲများဖြစ်လာခဲ့တယ်။

ပါပီလွန် လွတ်​မြောက်ပြီး သူ့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ သူ့ကိုအမှုဆင် ​ချောက်ချသူ​တွေကို လက်စား​ချေရဖို့အ​ရေး အသက်​မွေးဝမ်း​ကြောင်းတစ်ခု ဟုတ်တိပတ်တိမတတ်ပဲ စွန့်စားခန်း​တွေသာ နှစ်သက်တဲ့ပါပီလွန်ဟာ သူ့ကိုလက်ခံထားတဲ့ ဗင်နီဇွဲလားနိုင်ငံမှ ပြင်သစ်နိုင်ငံ ပါရီမြို့ပြန်ပြီး လက်စား​ချေဖို့အတွက် လိုအပ်တဲ့​ငွေ​ကြေးကို စွန့်စားခန်း ဒုစရိုက်​တွေနဲ့ ရှာ​ဖွေခဲ့ပြန်တယ်။ စွန့်စားခန့်​တွေ​အောင်မြင်​ပေမယ့် ​ငွေ​တွေဟာအဖတ်မတင်ခဲ့။ ဒီမှာ တစ်ခု ထပ်သင်ယူမိတာက မ​ကောင်းမှုနဲ့အသက်​မွေးဝမ်း​ကြောင်းပြုပြီး ရလာတဲ့​ငွေဟာ ကြာရှည်မခံ မမြဲတာပဲ။ ဒီအလုပ်​တွေလုပ်ရင်း အသတ်ခံရမလို၊ အဖမ်းခံရမလိုနဲ့ကပ်သီ​လေး လွတ်ခဲ့တာကို ပါပီလွန်က ​ငွေ​တွေမရလိုက်လို့ ကံမ​ကောင်းဘူးယူဆ​ပေမယ့် စာဖတ်သူက​တော့ လွတ်​မြောက်ခြင်းကို ကပ်သီ​လေးရလိုက်လို့ ကံ​ကောင်းသွားတယ်ပဲမြင်မိတယ်။

​နောက်ဆုံး ပါပီလွန်ဟာ အချစ်နဲ့​တွေ့ပြီး လက်စား​​ချေစစရာ​တွေစွန့်လွှတ် ​ကောင်း​ရောင်း​ကောင်းဝယ်ပြုပြီး ကျန်ရှိတဲ့ဘဝကို ​အေးချမ်းစွာ​နေသွားတဲ့ ပါပီလွန်ဟာ ဘဝကို အနိုင်ရသူတစ်ဦးပဲ။ ပါပီလွန်ရဲ့ အထ္ထုပတ္တိက စိတ်ဓါတ်ကြံ့ခိုင်မှု၊ လူသားခြင်းစာနာ​ထောက်ထားမှု၊ ဇွဲရှိမှု၊ အရှုံးကိုရင်ဆိုင်နိုင်မှု၊ ချစ်ခြင်း​မေတ္တာ၊ စွန့်လွှတ်တတ်မှု၊ ပန်းတိုင်တစ်ခုကို​ရောက်​အောင် အကြိမ်ကြိမ်ကြိုးစားမှု​တွေနဲ့ ရသ စုံလင်စွာ သင်ခန်းစာများစွာ ရရှိခဲ့တယ်။

"ပါပီ ဒီရုန်းကန်မှုမှာ ​နောက်ဆုံး အနိုင်ရတဲ့လူဟာ မင်းပါ။ မင်းကို မတရား တကျွန်းပို့ခဲ့တဲ့ လူ​တွေဟာ အနိုင်ရခဲ့တဲ့လူ​တွေမဟုတ်ပါဘူး။ ဒီ​နေ့ဘဝကို စိုးပိုင်နိုင်သူဟာ မင်းပါ။ အ​ပျော်ရွှင်ရဆုံး လူဟာလည်း မင်းပါပဲ"

Ida
20.05.2026

#ပါပီလွန်

16/05/2026

တိမ်တွေက ပုံစံပြောင်းသလို လူတွေကလည်း ပုံစံအမျိုးမျိုးပြောင်းတတ်တာမလို့ မျက်စိစုံမှတ်ပြီး မယုံလိုက်ပါနဲ့!

“တောင်ပေါ်အလွမ်း အနမ်းရာသီ” ကို ဖတ်နေစဉ်တလျှောက်လုံးမှာ စာအုပ်တစ်အုပ်ကို မဖတ်နေတော့ဘဲ လူတစ်ယောက်ရဲ့ နာကျင်မှုတွေထဲကို တဖ...
08/05/2026

“တောင်ပေါ်အလွမ်း အနမ်းရာသီ” ကို ဖတ်နေစဉ်တလျှောက်လုံးမှာ စာအုပ်တစ်အုပ်ကို မဖတ်နေတော့ဘဲ လူတစ်ယောက်ရဲ့ နာကျင်မှုတွေထဲကို တဖြည်းဖြည်း ဆွဲခေါ်သွားနေသလို ခံစားရပါတယ်။ ကိုယ့်ဘဝကိုယ် အလွန်ခက်ခဲနေပြီလို့ ထင်မိခဲ့တဲ့ အချိန်တွေကိုတောင် ပြန်လည်ရှက်ရွံ့မိအောင် လောကမှာ ကိုယ်မသိသေးတဲ့ နာကျင်မှုတွေ အများကြီးရှိနေသေးတယ်ဆိုတာကို ဒီစာအုပ်က တိတ်တိတ်လေး သတိပေးနေပါတယ်။

ဒိုးကလေးအမေရဲ့ ဘဝဟာ အစပိုင်းကတည်းက မဖြစ်သင့်တဲ့ နာကျင်မှုတစ်ခုနဲ့ စတင်ခဲ့တာကို တွေ့ရပါတယ်။ မိဘဖြစ်သူရဲ့ လက်အောက်မှာပင် သူမရဲ့ ယုံကြည်မှုတွေ၊ လုံခြုံမှုတွေ ပြိုကွဲသွားခဲ့ပြီး အဲ့ဒီစိတ်ဒဏ်ရာတွေဟာ သူမဘဝတစ်လျှောက်လုံးကို တိတ်တိတ်လေး လိုက်ပါနေခဲ့ပါတယ်။ အဲ့ဒီအတွေ့အကြုံကြောင့်ပဲ သူမအတွက် “ယုံကြည်မှု” ဆိုတာဟာ လွယ်လွယ်ကူကူ မဖြစ်နိုင်တော့ဘဲ အိမ်ထောင်တစ်ခု ထူထောင်ပြီးနောက်မှာတောင် သူမရဲ့ ယောကျာ်းအပေါ်မှာ အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိခဲ့ပါဘူး။ သံသယတွေ၊ ကြောက်ရွံ့မှုတွေကို နှလုံးထဲမှာ တိတ်တိတ်လေး ထမ်းဆောင်နေရတဲ့ လူတစ်ယောက်လို သူမကို မြင်တွေ့ရပါတယ်။

သူမရဲ့ စိတ်ခံစားချက်တွေကို ဖတ်ရတဲ့အခါ စာဖတ်သူအနေနဲ့ မျက်နှာပြင်ပေါ်က စာတွေကိုသာ မကြည့်တော့ဘဲ သူ့နှလုံးသားထဲကို ဝင်ကြည့်နေသလို ခံစားရပါတယ်။ မပြောနိုင်တဲ့ နာကျင်မှုတွေ၊ မျိုသိမ်းထားရတဲ့ မျက်ရည်တွေ၊ မပြသနိုင်တဲ့ အားနည်းချက်တွေဟာ စာကြောင်းတိုင်းအောက်မှာ တိတ်တိတ်လေး တုန်ခါနေသလို ဖြစ်နေပါတယ်။

အယုံကြည်ရဆုံးဖြစ်သင့်တဲ့ မိဘကိုယ်တိုင်က စိတ်ဒဏ်ရာတွေနဲ့ ပြိုကွဲနေတဲ့အခါ အဲ့ဒီမိသားစုထဲမှာ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ရဲ့ လောကဟာ ဘယ်လောက်တောင် မလုံခြုံလောက်မလဲဆိုတာကို စဉ်းစားမိတဲ့အခါ နှလုံးထဲမှာ လေးလံလာပြီး အသက်ရှုတောင် မလွယ်ကူတော့သလို ဖြစ်လာပါတယ်။

ဒိုးကလေးရဲ့ ဘဝကို ဖတ်နေတဲ့အချိန်မှာတော့ စာဖတ်သူတစ်ယောက်အနေနဲ့ မဟုတ်တော့ဘဲ သူနဲ့အတူတူ နာကျင်နေတဲ့ လူတစ်ယောက်လို ခံစားရပါတယ်။ မိဘနှစ်ပါးလုံးကို ဆုံးရှုံးပြီး ဘဝတစ်ခုလုံး ပြိုကွဲသွားတဲ့ အချိန်မှာ သူ့နှလုံးသားထဲမှာ ဘယ်လောက်တောင် အော်ဟစ်နေမလဲဆိုတာကို စာဖတ်နေစဉ်တောင် ခံစားရပြီး မျက်ရည်ထွက်လာမိချင်သလို တိတ်တိတ်လေး နာကျင်လာစေပါတယ်။

ဆရာမ မွန်ဟော်စီရဲ့ စာရေးပုံစံက အပြင်မှာ တိတ်တိတ်ဆိတ်ဆိတ်ရှိပေမယ့် အတွင်းမှာတော့ မျက်ရည်တွေပြည့်နေတဲ့ အသံတိတ်အော်ဟစ်မှုတစ်ခုလို ဖြစ်နေပါတယ်။ စကားလုံးတိုင်းဟာ မပြောထားတဲ့ နာကျင်မှုတွေကို တင်ဆောင်ထားပြီး စာဖတ်သူရဲ့ နှလုံးသားထဲကို တဖြည်းဖြည်းနဲ့ ဝင်ရောက်သွားပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးနောက်မှာတော့ ကိုယ့်ဘဝကို ပြန်ကြည့်မိပါတယ်။ ကိုယ့်အခက်အခဲတွေကိုသာ ကြည့်နေမိခဲ့တာတွေကို လျော့နည်းလာစေပြီး လူတိုင်းမှာ ကိုယ်မမြင်ရတဲ့ အနာတရတွေရှိနေကြောင်းကို နားလည်လာစေပါတယ်။ တချို့နာကျင်မှုတွေက အသံမထွက်ပေမယ့် အလွန်ပြင်းထန်နိုင်ကြောင်းကိုလည်း ဒီစာအုပ်က သက်သေပြနေပါတယ်။

“တောင်ပေါ်အလွမ်း အနမ်းရာသီ” ဟာ ဖတ်ပြီးပျော်ရွှင်စေမယ့် စာအုပ်မဟုတ်ပါဘူး။ ဒါပေမယ့် ဖတ်ပြီးနောက် နှလုံးသားကို တိတ်တိတ်လေး ပြောင်းလဲသွားစေတဲ့ စာအုပ်တစ်အုပ်ပါ။ ဖတ်ပြီးသွားပေမယ့် မေ့မရဘဲ စိတ်ထဲမှာ တစ်နေရာမှာ ဆက်လက်နာကျင်နေမယ့် စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

Aung Myin
8.5.2026

#တောင်ပေါ်အလွမ်းအနမ်းရာသီ #မွန်​ဟော်စီ

‼️လမ်းပျောက်နေတယ်ဆိုတာ စိတ်နဲ့ ကိုယ်နဲ့ လုံးဝ Connect မဖြစ်တဲ့ အဓိပ္ပါယ်ပါပဲ။ ဆက်သွယ်မှု လုံးဝမရှိတော့ဘူး...ရောက်ချင်ရာရ...
30/04/2026

‼️လမ်းပျောက်နေတယ်ဆိုတာ စိတ်နဲ့ ကိုယ်နဲ့ လုံးဝ Connect မဖြစ်တဲ့ အဓိပ္ပါယ်ပါပဲ။ ဆက်သွယ်မှု လုံးဝမရှိတော့ဘူး...
ရောက်ချင်ရာရောက် သွားချင်ရာသွားနေတဲ့ အခြေအနေတွေကို ကိုယ်ကစပြီး ရပ်တန့်လို့ရပါတယ်။

-ကိုယ့်ကိုယ်နဲ့စိတ်ကို ပြန်ပြီး ဆက်သွယ်ပါ။
- ဒီအတွက် ကိုယ့်ကိုကိုယ် မေးသင့်တဲ့ မေးခွန်းတွေကို ရဲရဲကြီးသာ မေးပစ်လိုက်ပါ။

အခုဒီစာလေးကိုဖတ်နေတဲ့သူက Physical, Emotional, Social, Work/ Financial, Personal Growth, Mindfulness မှာ ညီတူညီမျှဖြစ်ချင်တယ် (ဒါမှမဟုတ်) ကိုယ်ဘာအားနည်းနေလဲဆိုတာ ခွဲခြမ်းစိတ်ဖြာချင်တယ်ဆိုရင် ဆရာမ မွန်ဟော်စီရေးသားထားတဲ့
"Balance Wheel Of Life" စာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။

တစ်အုပ်လုံးဖတ်ပြီးတဲ့အခါမှာ အသိနဲ့ သတိယှဉ်တွဲစရတာတွေများလာပါလိမ့်မယ်။ ဘဝမှာ ကောင်းမွန်ရပ်တည်နိုင်ဖို့ဆိုရင် ဒီထောင့် ၄ ထောင့်လုံးက ညီတူညီမျှဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ အရင်ကထပ် ပိုပြီး သဘောပေါက်နားလည်သွားပါလိမ့်မယ်။


24/04/2026

မြန်မာပြည်ကပဲ...
တစ်စုံတစ်ယောက်က ဆွစ်ဇာလန်ဘဏ်မှာ သားစဥ်မြေးဆက် သုံးစွဲလို့မကုန်အောင် များပြားတဲ့ ဒေါ်လာငွေကြေးတွေကို ငွေစာရင်းဖွင့်ကောင်းဖွင့်နေပေလိမ့်မယ်။
မြန်မာပြည်ကပဲ။
တစ်စုံတစ်ယောက်ပေါင်းများစွာအဖို့တော့ မစားရက်၊ မ သောက်ရက် စုဆောင်းလာခဲ့သမျှ ငွေစက္ကူတွေဟာ ဖြုန်းခနဲ လက်ထဲမှာတင် သစ်ရွက်ခြောက်တွေလို ကြေမွသွားတယ်။ ဘာမှမရှိတော့ဘူး။
အရမ်းကွာခြားလွန်းသွားတယ်နော်။
အဲဒီ လူသန်းပေါင်းများစွာမှာ ဘာအပြစ်ရှိလို့လဲ။ 'သူတို့အားလုံး အတိတ်ဘဝက ဒါနမျိုးစေ့ နည်းခဲ့လို့ပါ' လို့ ဖြေမယ်ဆိုရင်တော့ ဒါဟာ ဒီဘက်ခေတ်ရဲ့ အရယ်ရဆုံး ပြက်လုံးပဲ။

အရူးစိတ်ချမ်းသာရင် တိုင်းပြည်အေးချမ်းတယ်တဲ့။
ခုတော့...
အရူးကိုရှာပြီး မေးကြည့်ရတော့မှာပဲ။
'စိတ်ချမ်းသာနေပါသလား'လို့...။

📘 စာအုပ် – သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ
🕯️ အခန်း - ၁၆+၁၇+၁၈(ဇာတ်သိမ်း)
✍️ စာရေးသူ – မင်းခိုက်စိုးစန်
🎙️ ဖတ်ပြသူ – Ida

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ #မင်းခိုက်စိုးစန်

Universe ဟာ ကိုယ်လိုချင်တဲ့အရာရာတိုင်းကိုဖန်တီးပေးနိုင်တဲ့ ဖန်ဆင်းရှင်တော့မဟုတ်ဘူး။ တကယ်တော့ ကိုယ်လိုချင်တဲ့အရာတွေကို ဖန...
24/03/2026

Universe ဟာ ကိုယ်လိုချင်တဲ့အရာရာတိုင်းကိုဖန်တီးပေးနိုင်တဲ့ ဖန်ဆင်းရှင်တော့မဟုတ်ဘူး။ တကယ်တော့ ကိုယ်လိုချင်တဲ့အရာတွေကို ဖန်တီးနိုင်တာက ကိုယ်ကိုယ်တိုင်သာဖြစ်တယ်။

ဆရာမ မွန်ဟော်စီရဲ့ "You are your Universe" "သင်သည်သာသင့်ရဲ့စကြာဝဠာ" ဆိုတဲ့စာအုပ်လေးက ခုခတ်စားလာတဲ့ "Universe က ပေးလိမ့်မယ်" ဆိုတဲ့စကားအရ Universe ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သေချာလေးရှင်းပြထားတယ်။

Energy အသုံးပြုပုံ ၊ Transformation ၊ Abundance Power ၊ Healing ၊ Manifestation ၊ Visualization ၊ Karma Block ၊ Ego ၊ Will power ၊ Acceptance အစရှိတဲ့ Spirituality ကို အသေးစိတ်ရှင်းပြထားတာလေး ဖတ်ခဲ့ရတယ်။

စာဖတ်သူနားလည်ခဲ့သလောက် Universe ဟာဖန်ဆင်းရှင်မဟုတ်ဖူး။ ကိုယ်တိုင်ပြုလုပ်သမျှ ကောင်းတာ ဆိုးတာ အကုန် တချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ကိုယ့်စီပြန်လာမှာပဲ။ ကောင်းတာတွေလုပ်ဖြစ်ဖို့ စိတ်ကောင်းထားရမယ်။ ဖြစ်ချင်တဲ့အရာကောင်းတာတွေကိုပုံဖော်မြင်ယောင်ပြီး အတွေးကောင်းတွေတွေးရမယ်။inner peace လေးစစ်မှန်တဲ့အေးချမ်းမှုနဲ့ Self-talk ကောင်းတာတွေပြောရမယ်။ အတ္တ (ego) ကိုလွှတ်ချရမယ်။ Acceptance လက်ခံတတ်ရမယ်။ ကုသိုလ်ကိုလည်းမစွဲနဲ့ ။ အကုသိုလ်ကိုလည်းမစွဲနဲ့ ။ awareness ရှိရှိနဲ့ လက်ခံရရှိနေတာလေးတွေကို ကျေးဇူးတင်ရင်း စိတ်ဆန္ဒပြင်းပြပြီးကြိုးစားခဲ့ရင် ကိုယ်ဖြစ်ချင် လိုချင်တဲ့အရာတွေဟာ ကိုယ့်ဆီရောက်လာမယ်ဆိုတာပါပဲ။

Ida
24.3.2026


#မွန်ဟော်စီ

#သင်သည်သာသင့်ရဲ့စကြာဝဠာ

"ကိုယ့်အပေါ်မကောင်းခဲ့သူတစ်ဦးထံမှာပင်လျှင် ကောင်းသည့်အချက်ကလေးတွေ၊ ကျေးဇူးတင်စရာလေးတွေရှိနေတတ်ပါလား..."ဆရာမ မွန်ဟော်စီရ...
12/02/2026

"ကိုယ့်အပေါ်မကောင်းခဲ့သူတစ်ဦးထံမှာပင်လျှင် ကောင်းသည့်အချက်ကလေးတွေ၊ ကျေးဇူးတင်စရာလေးတွေရှိနေတတ်ပါလား..."

ဆရာမ မွန်ဟော်စီရဲ့ အဖွားဖြစ်သူအတ္ထုပ္ပတိလေး "အမာ"

ဆံတောက်ကလေးနဲ့အမာ
မြန်မာနိုင်ငံရဲ့၆၁ယောက်မြောက်ဆရာဝန် အမာ

အမာဟာ ဆေးကျောင်းသူဘဝကနေ အဖေဆုံးရှုံး၊ စစ်ဘေးဒဏ် အလူးအလဲကြားက မောင်လေးပါဆုံးရှုံးရတဲ့အပြင် အမေတစ်ခု သမီးတစ်ခုဘဝကနေ သုညက ပြန်စခဲ့ရတဲ့အမာ။

သူများအိမ်အနောက်ခန်းမှာ လက်ချုပ်လိုက်ရင်း ကျောင်းစရိတ်ရှာခဲ့ရသောအမာ။

နူးညံ့သိမ်မွေ့တဲ့ အမာဟာ ဘဝရဲ့ လောကဓံ အလှည့်အပြောင်း တွေကြားမှာ ကြံကြံခံခဲ့ပြီး အဆုံးအဖြတ် ချီတုံချတုံဖြစ်နေတဲ့ မိန်းမပျိုလေးကနေ သူတန်ဖိုးထားတဲ့အရာကိုသူ ပြတ်ပြတ်သားသားရွေးချယ်ခဲ့တယ်။

ယောက်ျားရကံကောင်းသော်လည်း မိခင်ဖြစ်သူမကြည်ဖြူလို့ အမေနဲ့ ခင်ပွန်းအကြား ဖာထေးရင်း မိသားစု တစ်ခု မပြိုကွဲအောင် ကိုင်တွယ်နိုင်ခဲ့တယ်။

အမာရဲ့ခင်ပွန်းဖြစ်သူ ကိုဘမောင်ချိန်ရဲ့ အချစ်ဟာလည်း လေးစားစရာကောင်းလွန်းတယ်။ သူချစ်တဲ့သူကို ရအောင်ယူတယ်။ ယောက္ခမက ခွဲခဲ့တာတောင် သူချစ်သော အမျိုးသမီးကြောင့် အိမ်ပေါ်ခေါ်တင်ထားနိုင်ခဲ့တယ်။ သူ့မိန်းမရှေ့ရေးအတွက် အနောက်ကနေလည်း အကောင်းဆုံး support ပေးနိုင်တဲ့ အချစ်ကြီးပြီး ဦးဆောင်နိုင်ခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တယ်။

စစ်ဘေးဒဏ်မှာ မိသားစုဆုံးရှုံးခဲ့ရတဲ့အမာဟာ အောင်မြင်လာချိန်မှာ ရှေ့ဆက်ပြီး တိုးတက်ရေးထက် သူတန်ဖိုးထားတဲ့ မိသားစုဘဝကို ရွေးချယ်ပြီး ဆုံးဖြတ်ချက်ပြတ်သားနိုင်ခဲ့တယ်။

Self-reflection
စာဖတ်သူဟာ အမာကို ဖတ်ပြီး အခက်အခဲကြုံတွေ့တိုင်း ငါ့ဘဝက စစ်အတွင်းမှာမောင်အရင်းအလောင်းကို မြေမြှုပ် သဂြိုလ်ခွင့်မရဘဲ တွေ့တဲ့နေရာပစ်ထားခဲ့ရတဲ့ အမာလောက် မဆိုးသေးပါဘူးဆိုပြီး ဘာအခက်အခဲကြုံကြုံ easy going ပဲဖြစ်လာခဲ့တယ်။

အမာရဲ့မိသားစုကိုချစ်တဲ့စိတ်၊ ကျေးဇူးတင်တတ်တဲ့စိတ်၊ အကောင်းမြင်တဲ့စိတ်၊ နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ စိတ်ထားပြည့်ဝတာလည်း သင်ယူရရှိခဲ့တယ်။

အမာရဲ့ခင်ပွန်းကိုဘမောင်ချိန်ရဲ့ သူ့မိန်းမကို ယောက္ခမကပြန်သိမ်းပြီး ခွဲထားခဲ့ပေမယ့် ကိုယ်ချစ်တဲ့သူကို ရအောင်ထပ်ယူတဲ့ ဇွဲနဲ့ သစ္စာရှိမှုကိုလည်း လေးစားမိတယ်။

ကိုဘမောင်ချိန်သေတော့ အမာရဲ့မိခင် တဘဝလုံး တစောင်းနဲ့မျက်ချေးဖြစ်လာခဲ့သူက "မောင်ဘမောင်ချိန်ရေ...အရင်သေရမှာက ငါပါကွဲ...။ ငါ့ကိုခွင့်လွှတ်ပါကွယ်..." ဆိုတော့ လူတွေဟာ တကယ် သေမှ ငိုကြတယ်။ မသေခင်က အတ္တတွေဖုံးလွှမ်းပြီး မာနတွေထောင်လွှားခဲ့တာလည်း သံဝေဂရမိတယ်။

တဆက်တည်းမှာ ဆရာမမွန်ဟော်စီက သူ့အဘွားဖြစ်သူအကြောင်းရေးတာဖတ်ရင်း စာဖတ်သူရဲ့ ကွယ်လွန်သွားတဲ့အဖွားဖြစ်သူကို သွားသတိရမိတယ်။ အဖွားအမြဲပြောနေကျ တို့လင်မယားက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စခဲ့တာဆိုပြီး အဘိုးရှိစဥ်က ဘယ်လို မိသားစုစီးပွားရေးကို တိုးတက်အောင်လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေပြန်နားထောင်ချင်မိသွားတယ်။ ငယ်ငယ်တုန်းက အဘွားပြောနေကျပေမယ့် တော်တော်များများ မမှတ်မိတော့တာမို့ အဘိုးနဲ့အဘွားအကြောင်း၊ စစ်ကြီးအတွင်း သူတို့ဘယ်လိုဖြတ်သန်းခဲ့ကြောင်းတွေ မေးချင်တဲ့စိတ် ဝင်မိပေမယ့် ၂ဦးစလုံးကွယ်လွန်ခဲ့ပြီဆိုတော့ လွမ်းဆွတ်သတိရခြင်းများစွာနဲ့ အတွေးတစ်ခန်းရပ်ခဲ့တော့တယ်။

#အမာ
#မွန်ဟော်စီ

"လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရတယ်ဗျ။ ဒီခေတ်ကကျွန်တော်တို့ခေတ် မဟုတ်တော့ဘူး။ လူငယ်တွေရဲ့ခေတ် ဖြစ်နေပြီ"မိတ်တွေဖြစ်သူရဲ့ ဒီ...
01/02/2026

"လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရတယ်ဗျ။ ဒီခေတ်ကကျွန်တော်တို့ခေတ် မဟုတ်တော့ဘူး။ လူငယ်တွေရဲ့ခေတ် ဖြစ်နေပြီ"

မိတ်တွေဖြစ်သူရဲ့ ဒီခေတ်က ကိုယ့်ခေတ်မဟုတ်တော့ဘူးဆိုတဲ့ စကားတစ်ခွန်းဟာ အင်မတန်မှကို အဖိုးတန်တဲ့စကားဖြစ်ပါတယ်။ လောကမှာ သူများတွေအကြောင်း သိဖို့လွယ်ပေမဲ့ ကိုယ့်အကြောင်းကိုယ် သိဖို့ကျတော့ ခက်လှပါတယ်။ "ငါ" ဆိုတဲ့ အစွဲက သေခါမှ ကျွတ်တတ်ကြတာကလား။

ဆရာကြီးလူထုစိန်ဝင်းရဲ့ လူငယ်တွေကိုယုံပါ စာအုပ်ထဲမှာ လူငယ်တွေအတွက် ပညာရေးအတွေးအမြင်၊ ဇာနယ်ဇင်းရသ အတွေးအမြင်နှင့် ကိုယ်ကျင့်တရားနှင့်စိတ်ယဥ်ကျေးမှု ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲထားကာ ဆောင်းပါး ၅၁ ပုဒ်ပါဝင်ပါတယ်။

ဆရာကြီးက လူငယ်တွေအတွက် သတင်းစာ၊ စာနယ်ဇင်းလောကအကြောင်း၊ ပညာရေးအကြောင်း၊ လမ်းပျောက်နေတဲ့လူငယ်တွေအတွက် လမ်းမှားမလျှောက်မိအောင် လမ်းညွှန်ပေးတာတွေအပြင်၊ ဗဟုသုတ ဆောင်းပါးတွေပါ ဖော်ပြရေးဖွဲ့ထားတာမို့ စာဖတ်သူတွေရဲ့ စဥ်းစားချင့်ချိန်နိုင်စွမ်းတွေ မြင့်မားလာစေပါတယ်။

Ida
31.01 2026



#လူငယ်တွေကိုယုံပါ
#လူထုစိန်ဝင်း

Address

Singapore

Telephone

+959950400610

Website

Alerts

Be the first to know and let us send you an email when BTR Book Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BTR Book Club:

Share