Tint's Travel Tales

Tint's Travel Tales Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tint's Travel Tales, Travel and transport, Paleik.

St. Joseph's Cathedral – Hanoi⛪ Hanoi ရောက်ရင် Hoàn Kiếm Lake နဲ့ Old Quarter ဘက်ပဲသွားလည်ဖြစ်ကြပြီး မြို့လယ်ခေါင်က ရှေး...
11/06/2026

St. Joseph's Cathedral – Hanoi⛪

Hanoi ရောက်ရင် Hoàn Kiếm Lake နဲ့ Old Quarter ဘက်ပဲသွားလည်ဖြစ်ကြပြီး မြို့လယ်ခေါင်က ရှေးဟောင်းဘုရားရှိခိုးကျောင်းကြီး ကိုတော့ ကျော်ကျော်သွားကြတယ်မဟုတ်လား။

ဒီတစ်ခါ Hanoi ရဲ့ St. Joseph's Cathedral အကြောင်း ပြောပြမယ်။

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် Hanoi မှာရှိတဲ့ ဒီဘုရားရှိခိုးကျောင်းဟာ လူစည်ကားလှတဲ့ လမ်းတွေ၊ ဆိုင်ကယ်တွေ၊ ဆူညံသံတွေကနေ ခွဲထွက်လိုက်ရင် ဥရောပအလယ်ခေတ်ရဲ့ အေးချမ်းတိတ်ဆိတ်မှု ကို စိတ်အေးချမ်းသာစွာ ခံစားနိုင်မယ့် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

---

ဒီဘုရားရှိခိုးကျောင်းကို သွားဖို့ အကောင်းဆုံး အစပြုရာနေရာ

ဒီနေရာကို စတင်လေ့လာဖို့ အကောင်းဆုံးနေရာကတော့ Hoàn Kiếm Lake ပဲ ဖြစ်ပါတယ်။

🚶 ခြေလျင်ဖြင့် သွားလိုပါက:
Hoàn Kiếm Lake ကနေ အနောက်ဘက်ကို ဖြတ်ပြီး လမ်းလျှောက်ရင် ၅-၇ မိနစ်လောက်ပဲ ကြာပါတယ်။ လမ်းတစ်လျှောက် ကော်ဖီဆိုင်တွေ၊ အမှတ်တရလက်ဆောင်ဆိုင်တွေကို ဖြတ်သန်းရပါတယ်။

🛵 Grab ဖြင့် သွားလိုပါက:
Old Quarter ကနေ Grab နဲ့ သွားရင် ၁၅,၀၀၀ - ၂၀,၀၀၀ VND လောက်ပါ။

အပြင်ဘက်က လမ်းဘေးကော်ဖီဆိုင်လေးမှာ ထိုင်ပြီး ဘုရားရှိခိုးကျောင်းကို ကြည့်ရင်း ဗီယက်နမ်ကော်ဖီတစ်ခွက် သောက်လို့လည်းရပါတယ်။

---

St. Joseph's Cathedral ဆိုတာ ဘာလဲ။

ဒီဘုရားရှိခိုးကျောင်းကြီးဟာ ၁၈၈၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ပြင်သစ်ကိုလိုနီခေတ်ရဲ့ ဗိသုကာအမွေအနှစ် တစ်ခု ဖြစ်ပါတယ်။

• ဗိသုကာလက်ရာ – ပါရီမြို့က Notre Dame Cathedral ကို အတုယူတည်ဆောက်ထားတာပါ။ ဂေါ်သွစ် (Gothic) ပုံစံ – ချွန်ထက်တဲ့မျှော်စင်၊ ရောင်စုံဖန်ချပ်တွေ၊ ရှေးဟောင်းခေါင်းလောင်းကြီးတွေ။

• သမိုင်းအမွေ – ပြင်သစ်တို့ အင်ဒိုချိုင်းနားကို စတင်အုပ်ချုပ်ချိန်မှာ တည်ဆောက်ခဲ့တာပါ။ ဒီကနေ ဟနွိုင်းမြို့ရဲ့ သမိုင်းကြောင်းကို တစ်စိတ်တစ်ပိုင်း လေ့လာလို့ရပါတယ်။

• ဖွင့်ချိန် – အပြင်ဘက်ကို အချိန်မရွေး လည်နိုင်ပြီး အတွင်းဘက်ကို စနေ၊ တနင်္ဂနွေ နဲ့ အားလပ်ရက်တွေမှာ ဝင်ခွင့်ပြုပါတယ်။

• ဓာတ်ပုံရိုက်စရာ – မနက်ခင်းနေရောင်ခြည် ကျရောက်တဲ့အချိန်မှာ အကောင်းဆုံးပါ။ ညနေပိုင်းဆိုရင် မီးလင်းတဲ့အချိန် သွားရင်လည်းလှပါတယ်။

---

အနီးအနားက စိတ်ဝင်စားဖွယ်နေရာများ

☕ Cong Caphe
ဘုရားရှိခိုးကျောင်းရဲ့ မျက်နှာချင်းဆိုင်။ အပေါ်ထပ်က ထိုင်ပြီး အောက်ဘက်က ဘုရားရှိခိုးကျောင်းကို ငုံ့ကြည့်ရင်း ကော်ဖီသောက်လို့ရပါတယ်။ အထူးသဖြင့် Coconut Coffee က နာမည်ကြီးပါတယ်။

📖 Hanoi Book Street
ဘုရားရှိခိုးကျောင်းနဲ့ ကပ်လျက်မှာပါ။ စာအုပ်ဆိုင်တွေ၊ လက်မှုပစ္စည်းဆိုင်တွေ၊ ကော်ဖီဆိုင်တွေ စီတန်းနေပါတယ်။ စာအုပ်စာပေချစ်သူတွေအတွက် နိဗ္ဗိာန်ဘုံပါပဲ။

🛍️ Old Quarter လမ်းများ
ဘုရားရှိခိုးကျောင်းကနေ ခြေလျင်နဲ့ ၅ မိနစ်ဆို Old Quarter ရဲ့ လမ်းတွေထဲ ရောက်ပါပြီ။ အဲဒီမှာ ရိုးရာအဝတ်၊ လက်ဆောင်ပစ္စည်း၊ လက်မှုပစ္စည်းတွေ ဝယ်လို့ရပါတယ်။

---

ဒီဘုရားရှိခိုးကျောင်းက နှစ်ပေါင်း ၁၄၀ ကျော် ရှိနေခဲ့တယ်။
စစ်ပွဲတွေ၊ ပြောင်းလဲမှုတွေ၊ လူတွေ အကုန်ပြောင်းသွားပေမယ့်
ဒီဘုရားကျောင်းကတော့ အရင်အတိုင်းရှိနေတုန်းပဲ။

🤍⛪

---



---

09/06/2026

Hanoi 🇻🇳

Hoàn Kiếm Lake – မေမေနဲ့ အတူ👩‍❤️‍👩Hanoi ရောက်ရင် ပထမဆုံးပြေးကြတာ Hoàn Kiếm Lake ပဲ။ငါတို့လည်း အဲဒီလိုပဲ။ဒါပေမယ့် ငါတို့က...
06/06/2026

Hoàn Kiếm Lake – မေမေနဲ့ အတူ👩‍❤️‍👩

Hanoi ရောက်ရင် ပထမဆုံးပြေးကြတာ Hoàn Kiếm Lake ပဲ။
ငါတို့လည်း အဲဒီလိုပဲ။

ဒါပေမယ့် ငါတို့က ရေကြည့်ရုံ၊ လမ်းလျှောက်ရုံနဲ့ မရဘူး။
မေမေကို ခေါ်သွားတယ်။
ရိုးရာအဝတ် ငှားမယ်။ ဓာတ်ပုံဆရာငှားမယ်။ ပုံရိုက်မယ်။

---

ရိုးရာအဝတ်ငှားတာ…

Lake နားတစ်ဝိုက်မှာ ဆိုင်တွေ အများကြီးရှိတယ်။
တစ်ဆိုင်ကို ဝင်ကြည့်လိုက်တော့… ရောင်စုံတဲ့ Vietnamရိုးရာအထည်တွေ။
မေမေက ချက်ချင်း ရွေးလိုက်တယ် – ပန်းရောင်။
ငါကတော့ အဖြူလေးပါ။

ငှားခက တစ်နေကို ၂၀၀,၀၀၀ - ၃၀၀,၀၀၀ VND လောက်ပါ။
မိတ်ကပ်လေးလည်း လုပ်ပေးတယ်။ ဆံပင်လည်း ညှပ်ပေးတယ်။
မေမေ့ကို ကြည့်လိုက်ရင်… ဗီယက်နမ်အလှမယ်တစ်ယောက်လို။ 😍

---

ဓာတ်ပုံဆရာငှားတာ…

Lakeနားမှာ ဓာတ်ပုံဆရာတွေ အဆင်သင့်ရှိတယ်။
တစ်နာရီကို ၃၀၀,၀၀၀ - ၅၀၀,၀၀၀ VND လောက်။
သူတို့က နေရာကောင်းတွေ သိတယ်။ ထောင့်ကောင်းတွေ သိတယ်။
"ဒီမှာရပ်… ဒီဘက်ကြည့်… ပြုံးလိုက်…"အကုန်သူတို့ပြောပေးတယ်။

---

အဲဒီတစ်နေ့က…

မေမေရယ်၊ ငါရယ် ရိုးရာအဝတ်လေးတွေ ဝတ်ပြီး
Hoàn Kiếm Lake ဘေးမှာ လမ်းလျှောက်ရင်း
ဗီယက်နမ်ရဲ့ ဟိုးရှေးတုန်းက အလှမယ်နှစ်ယောက် လိုမျိုးခံစားရတယ်။ 🤍

---

📌 သွားချင်ရင် သွားလိုက်နော်

📍 နေရာ – Hoàn Kiếm Lake၊ Hanoi (မြို့လယ်ခေါင်မှာ)
👗 ရိုးရာအဝတ်ငှား – Lakeတစ်ဝိုက်မှာ ဆိုင်တွေ အများကြီး
📸 ဓာတ်ပုံဆရာ – အဲဒီနေရာမှာပဲ ခေါ်လို့ရ
⏰ အကောင်းဆုံးအချိန် – မနက်စော (၈:၀၀-၁၀:၀၀) လူရှင်း၊ အလင်းလှ

ဒီအတွေ့အကြုံ
ဒီပုံတွေက ငါနဲ့မေမေ
နှစ်ယောက်လုံး ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

🤍📸🌿

#ရိုးရာအဝတ်ငှား #ဓာတ်ပုံဆရာငှား #တိုင်းမှာ

06/06/2026

🛑 Some People Are Just Like an Ad – Skip Them!

ခေတ်ကြီးထဲမှာ ငါတို့ဘဝရဲ့ feed ထဲကို နေ့စဉ်ဝင်လာတဲ့အရာတွေထဲမှာ…

💬 အချို့သော စကားတွေ၊ လူတွေ၊ အပြုအမူတွေဟာ
ကြော်ငြာတစ်ခုလိုပါပဲ။

➡️ စက္ကန့်ပိုင်းအတွင်း မင်းရဲ့အာရုံကို ဖမ်းစားဖို့ ကြိုးစားတယ်
➡️ မလိုအပ်ဘဲ ဘဝထဲနေရာယူချင်တယ်
➡️ တန်ဖိုးထားလောက်တဲ့ အကြောင်းအရာ (သို့) ခံစားချက်ကြတော့ မပါဘူး
➡️ ကြာလာတော့ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။

---

✨ သတင်းကောင်းကတော့…

အင်တာနက်မှာ Ad ကို Skip လို့ရသလို
လက်တွေ့ဘဝမှာလည်း
အဆိပ်သင့်စရာ၊ စွမ်းအင်ကုန်စရာ၊ စိတ်ညစ်ညူးစရာလူတွေကို
သင်လည်း Skip လို့ရတယ်။

---

⏭️ Skip လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။
မင်းရဲ့ စိတ်ငြိမ်းချမ်းမှု၊ အချိန်၊ စွမ်းအင်တွေဟာ
အကြောင်းမဲ့ပြသမယ့် "လူ့ကြော်ငြာ" အတွက် မဟုတ်ဘူး။

---

🔥 Highlights လေးတွေ

· 🧠 မင်းရဲ့ဘဝဟာ သူများရဲ့ stage မဟုတ်ဘူး
· 🚫 တန်ဖိုးမရှိတဲ့အရာကို အာရုံမစိုက်ပါနဲ့
· ⏩ Skip ခလုတ်က မင်းလက်ထဲမှာရှိတယ်
· 💎 တန်ဖိုးရှိတဲ့သူတွေကို သိမ်းထား၊ ကျန်တာကို ကျော်လိုက်

---

📌 ဒါကြောင့်…

တစ်ချိန်ချိန်မှာ
တစ်ယောက်ယောက်က မင်းရဲ့စိတ်ငြိမ်းချမ်းမှုကို အနှောင့်အယှက်ပေးလာတဲ့အခါ
တစ်ချက်ပြုံးပြီး…

“Sorry, this content doesn’t add value to my life.
⏭️ Skip.”

လို့ ကိုယ့်ကိုယ်ကို ပြောလိုက်ပါ။

---




#ကျော်သွားလိုက်ပါ
#ငြိမ်းချမ်းရေးပထမ
#ဘဝတွင်တန်ဖိုးထားပါ

ဒီတစ်ခါ Singapore Botanic Gardens ထဲက The White House (Burkill Hall) အကြောင်း ပြောပြမယ်။ စင်ကာပူနိုင်ငံရဲ့ တစ်ခုတည်းသော ...
04/06/2026

ဒီတစ်ခါ Singapore Botanic Gardens ထဲက The White House (Burkill Hall) အကြောင်း ပြောပြမယ်။

စင်ကာပူနိုင်ငံရဲ့ တစ်ခုတည်းသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်တဲ့ Singapore Botanic Gardens ဟာ လူစည်ကားလှတဲ့ ဈေးဝယ်စင်တာတွေ၊ ဆူညံလှတဲ့ Orchard Road လမ်းတွေကနေ ခွဲထွက်လိုက်ရင် ကိုလိုနီခေတ်ရဲ့ အမွေအနှစ်ဖြစ်တဲ့ အိမ်ဖြူကြီး၊ သက်တမ်းရာစုနှစ်ချီတဲ့ ရှားပါးအပင်တွေ၊ ပြီးတော့ မြို့လယ်ခေါင်မှာ ရှိနေမှန်းမသိတဲ့ စိမ်းလန်းငြိမ်းချမ်းမှု ကို စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်မယ့် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

---

ဒီအိမ်ဖြူကြီးကို သွားဖို့ အကောင်းဆုံး အစပြုရာနေရာ

ဒီနေရာကို စတင်လေ့လာဖို့ အကောင်းဆုံးနေရာကတော့ Botanic Gardens MRT Station (Circle Line) ပဲ ဖြစ်ပါတယ်။

🚇 ရထားဖြင့် သွားလိုပါက:
Botanic Gardens MRT (CC19/DT9) က ဆင်းပါ။ Station ရဲ့ ထွက်ပေါက် A ကနေ ဥယျာဉ်ထဲကို တိုက်ရိုက် ဝင်ရောက်နိုင်ပါတယ်။

🚌 ဘတ်စ်ကားဖြင့် သွားလိုပါက:
Bus No. 7, 14, 66, 74, 77, 105, 106, 123, 174 တို့က ဥယျာဉ်ရဲ့ အဓိကဂိတ်တွေမှာ ရပ်ပါတယ်။

🚶 ခြေလျင်ဖြင့် သွားလိုပါက:
Orchard Road ကနေ ဆိုရင် ၁၅-၂၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ လမ်းတစ်လျှောက် သစ်ပင်တွေ၊ ပန်းတွေနဲ့ လမ်းလျှောက်ရတာ ပျော်စရာကောင်းပါတယ်။

အိမ်ဖြူကြီးကို မရောက်ခင် တောင်အာရှရှိ အကြီးဆုံး Orchid ဥယျာဉ် (National Orchid Garden) ကို ဝင်ရောက်လေ့လာပါ။ ဝင်ကြေး လူကြီး S$5 (၁၃,၀၀၀ ကျပ်) ရှိပြီး အဲဒီမှာ ရှားပါး သစ်ခွမျိုးစိတ် ၁၀၀၀ ကျော်ကို လေ့လာနိုင်ပါတယ်။ အဲဒီကနေ အပေါ်ကို ဆက်သွားရင် Burkill Hall – လူသိများတဲ့ အိမ်ဖြူကြီး ကို ရောက်ရှိပါလိမ့်မယ်။

---

Burkill Hall (အိမ်ဖြူကြီး) ဆိုတာ ဘာလဲ။

ဒီအိမ်ဖြူကြီးဟာ ၁၈၆၈ ခုနှစ်လောက်က စတင်ဆောက်လုပ်ခဲ့တဲ့ ကိုလိုနီခေတ် အင်္ဂလိပ်ရှိ အိမ်ကြီးပုံစံ ဖြစ်ပါတယ်။

ဒီနေရာရဲ့ အဓိက ထူးခြားချက်တွေကတော့ –

• ဗိသုကာလက်ရာ – Black and white ပုံစံ (အဖြူနံရံ၊ အနက်ရောင် ထုပ်တန်း၊ ဝရန်တာကျယ်ကျယ်)။ ဒါဟာ ရှေးဟောင်း အင်္ဂလိပ်တိုင်းရင်းသားပုံစံကို အပူပိုင်းရာသီဥတုနဲ့ လိုက်ဖက်အောင် ပြုပြင်ထားတာပါ။

• သမိုင်းအမွေ – ဒီအဆောက်အအုံကို ရှေးတုန်းက Botanic Gardens ရဲ့ ညွှန်ကြားရေးမှူးနေအိမ် အဖြစ် အသုံးပြုခဲ့ပါတယ်။ Burkill မိသားစု (ဥယျာဉ်ရဲ့ ကျော်ကြားတဲ့ ဒါရိုက်တာ I. H. Burkill) ရဲ့အမည်ကို စွဲပြီး ခေါ်တာပါ။

• ယခုအသုံးပြုပုံ – ယနေ့ခေတ်မှာတော့ သစ်ခွနှီးနှောဖလှယ်ပွဲများ၊ အထူးပွဲများ အတွက် အသုံးပြုပါတယ်။ တစ်ခါတစ်ရံမှာ လက်ထပ်ပွဲများ အတွက်လည်း ငှားရမ်းပေးပါတယ်။

• ဓာတ်ပုံရိုက်စရာ – ဒီနေရာက Singapore မှာ ဓာတ်ပုံအကောင်းဆုံးရနိုင်တဲ့နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မနက်ခင်း (၈:၀၀-၁၀:၀၀) မှာ အလင်းအကောင်းဆုံးရပါတယ်။

---

အနီးအနားက စိတ်ဝင်စားဖွယ်နေရာများ

🌿 National Orchid Garden (နိုင်ငံတော်သစ်ခွဥယျာဉ်)
ကမ္ဘာ့အကောင်းဆုံး သစ်ခွစုဆောင်းမှုတွေထဲက တစ်ခု။ VIP သစ်ခွတွေ (နိုင်ငံခေါင်းဆောင်တွေရဲ့အမည် ပေးထားတဲ့) ကိုလည်း တွေ့ရပါလိမ့်မယ်။

🌳 Rain Forest (အပူပိုင်းမိုးသစ်တော)
မြို့လယ်ခေါင်မှာ တည်ရှိနေတဲ့ ၆ ဟက်တာ ကျယ်ဝန်းတဲ့ ရှေးဟောင်းမိုးသစ်တော။ အပင်အမျိုးပေါင်း ၃၀၀ ကျော် ရှိပါတယ်။ ဒီနေရာရဲ့သက်တမ်းက Botanic Gardens ထက်တောင် ပိုရှေးကျပါတယ်။

🪷 Swan Lake (ငန်းအိုင်)
ဥယျာဉ်ရဲ့ ရှေးအကျဆုံးအိုင် (၁၈၆၆ ခုနှစ်က တူးဖော်ခဲ့)။ ငန်းနက်တွေ ကူးခတ်နေတာကို ကြည့်ရင်း အပန်းဖြေလို့ရပါတယ်။

⛲ Bandstand (ဂီတခန်း)
ကိုလိုနီခေတ်က ကြေးဝါတီးဝိုင်းတွေ ဖျော်ဖြေခဲ့တဲ့ နေရာ။ အိမ်ဖြူကြီးအနီးမှာ တည်ရှိပြီး ဓာတ်ပုံရိုက်ဖို့ လှပပါတယ်။

🌿 Palm Valley (စွန်ပလွံချိုင့်ဝှမ်း)
အိမ်ဖြူကြီးရဲ့ အောက်ဘက်မှာ တည်ရှိပြီး ပျော်ပွဲရွှင်ပွဲတွေ၊ ကွန်ဆာတွေ ကျင်းပလေ့ရှိတဲ့ မြက်ခင်းပြင်ကျယ်ကြီးပါ။

---

• ဓာတ်ပုံရိုက်ရန်: အိမ်ဖြူကြီးရှေ့မှာ အနီရောင်တံခါး က နောက်ခံအကောင်းဆုံးပါ။ အိမ်နောက်ဘက်က ဝရန်တာ ကလည်း ဓာတ်ပုံအကောင်းဆုံးနေရာပါ။ တနင်္ဂနွေနေ့တွေမှာ လူများတာမို့ အပတ်စဉ် သွားတာ အကောင်းဆုံးပါ။

• အားအင်ရှိသေးရင်: အိမ်ဖြူကြီးကနေ အောက်ကို ဆက်သွားရင် Eco-Lake ကိုရောက်ပါတယ်။ အဲဒီကနေ Healing Garden (ဆေးဖက်ဝင်အပင်ဥယျာဉ်) ကို ဆက်လျှောက်နိုင်ပါတယ်။ လမ်းတစ်လျှောက် လိပ်တွေ၊ အိမ်မြှောင်တွေ၊ ငှက်တွေကို တွေ့ရနိုင်ပါတယ်။

---

#

02/06/2026

Running on a hill.
White house on my left.
Trees on my right.
Peace inside me.

ဘားအံ့တောင်ကြားလမ်းကို မရောက်ဖူးပေမယ့်… ဒီခံစားချက်က အတူတူပဲလို့ ထင်မိတယ်။

31/05/2026

What experience do you want in life?

More stuff?
Or more memories?

Your answer changes everything.

Share this with someone who needs to hear it 🫶

#

28/05/2026

Falling in love with travelling is dangerous.
Dangerous for my bank account.
But so good for my soul.

Worth it? Absolutely.



26/05/2026

Falling in love with travelling > falling in love with people.

At least travelling never cancels plans.

Share with your travel soulmate 🫶

24/05/2026

SAPA ရဲ့ နာမည်ကျော် Instagram Spot
Lonely tree 🌱

Sapa ရောက်ရင် Fansipan ဘက်ပဲသွားလည်ဖြစ်ကြပြီး O Quy Ho Pass ဘက်ကိုတော့ ကျော်ကျော်သွားကြတယ်မဟုတ်လား။

ဒီတစ်ခါ O Quy Ho Pass ပေါ်မှာရှိတဲ့ Sapa ရဲ့ Lonely Tree အကြောင်းပြောပြမယ်။

ဗီယက်နမ်နိုင်ငံ၊ Sapa မြို့ရဲ့အပြင်ဘက် O Quy Ho Pass ပေါ်မှာရှိတဲ့ ဒီနေရာဟာ လူစည်ကားတဲ့ Sapa မြို့လယ်ဈေးတန်းတွေ၊ လူသိများတဲ့ Fansipan ကေဘယ်ကားတွေကနေ ခွဲထွက်ပြီး တိမ်တွေ၊ လေတွေ၊ တောင်တန်းတွေကြားမှာ တစ်ပင်တည်းရပ်နေတဲ့ သစ်ပင်လေးကို သွားရောက်လေ့လာနိုင်မယ့် နေရာတစ်ခုပါ။

ဗီယက်နမ်လို့ "Cây Cô Đơn" (တစ်ပင်တည်းသစ်ပင်) တဲ့။ Sapa ရဲ့ Instagram ဓာတ်ပုံရိုက်စရာနေရာတွေထဲက တစ်ခုမို့သွားဖြစ်ခဲ့တယ်။

---

ဒီနေရာကို သွားဖို့

ကိုယ်က Sapa မြို့လယ်ကနေ ဆိုင်ကယ်ငှား သွားခဲ့တာ။ တစ်ရက်ကို ၁၅၀,၀၀၀ - ၂၀၀,၀၀၀ VND လောက်ပါ။
O Quy Ho Pass လမ်းအတိုင်း မောင်းလာရင်း Silver Waterfall ကိုကျော်၊ Heaven Gate မရောက်ခင် လမ်းဘေးဝဲဘက်မှာ တွေ့လိမ့်မယ်။

ကား နဲ့သွားချင်ရင်လည်း ရတယ်။ မြိုလယ်က တက်စီ/ကားငှားပြီး "Cây Cô Đơn on O Quy Ho Pass" လို့ပြောလိုက်။ ၃၀ မိနစ်လောက်ပဲကြာတယ်။ Silver Waterfall၊ Heaven Gate တို့နဲ့ တစ်ခါတည်း တွဲသွားလို့လည်းရတယ်။

မှတ်ထားစရာလေးတစ်ခု – လမ်းဘေးမှာ အနီရောင်ဆိုင်းဘုတ်သေးသေးလေး "Cây Cô Đơn" ဆိုပြီးရေးထားတဲ့နေရာကနေ ဝင်ရတယ်။ မြင်ဖို့သိပ်မလွယ်ဘူး။ ဖြေးဖြေးမောင်းပြီး ရှာကြည့်လိုက်နော်။

---

ဝင်ကြေး

၂၀,၀၀၀ VND ပေးရတယ်။

ဝင်လိုက်ရင် ဓာတ်ပုံရိုက်ဖို့ သစ်သားပျဉ်ခင်းထားတဲ့ Photo Platform တွေရှိတယ်။ ဆိုင်ကလေးတစ်ဆိုင်လည်းရှိသေးတယ်။ ရေခဲမုန့်၊ ကော်ဖီ၊ ရေ သောက်လို့ရတယ်။ တိမ်တွေကြားမှာ ကော်ဖီတစ်ခွက်သောက်ရတာ အတွေ့အကြုံကောင်းတစ်ခုပဲ။

---

ဒီနေရာမှာ ဘာတွေရှိလဲ

🌳 တစ်ပင်တည်းသောသစ်ပင် (The Lonely Tree)
တောင်စောင်းပေါ်မှာ ဘေးပတ်ဝန်းကျင်မှာ အခြားသစ်ပင်တစ်ပင်မှမရှိဘဲ တစ်ပင်တည်းရပ်နေတယ်။ နောက်ခံမှာ တိမ်တွေ၊ ဝေးလံတဲ့ တောင်တန်းတွေ။

📸 ဓာတ်ပုံရိုက်စရာ Photo Platform များ
သစ်ပင်ကို အကောင်းဆုံးထောင့်ကရိုက်နိုင်အောင် သစ်သားပျဉ်ခင်းထားတဲ့ နေရာလေးတွေ ရှိတယ်။ တိမ်တွေပေါ်မှာ ရပ်နေသလို အနုပညာမြောက်တဲ့ ပုံတွေရိုက်လို့ရတယ်။

☕ တောင်ပေါ်ကော်ဖီဆိုင်လေး
ဓာတ်ပုံရိုက်ပြီးရင် ဆိုင်ကလေးမှာ ဗီယက်နမ်ကော်ဖီတစ်ခွက် ဒါမှမဟုတ် ရေခဲမုန့်တစ်ခွက်လောက် မှာစားပြီး တိမ်တွေကြားမှာ လေညှင်းခံလို့ရတယ်။

---

ကိုယ်သွားတုန်းက အတွေ့အကြည့် (December လ)

ကိုယ်က December လ သွားခဲ့တာ။

ပြောရရင်… မြူပိတ်လို့ သစ်ပင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ 😅

ဓာတ်ပုံကောင်းကောင်းရဖို့ စိတ်ကူးထားတာ လုံးဝပျက်တယ်။ ဘယ်ကိုကြည့်ကြည့် မြူတွေပဲ။ တစ်ခါတလေ မြူတွေ ဟိုးအောက်ခြေထိ ပိတ်နေတယ်။

ဒါပေမယ့်… အဲဒီ မြူပိတ်နေတဲ့မနက်ခင်းလေးက ကိုယ့်ရဲ့ Sapa trip အတွက် အကောင်းဆုံး memories တစ်ခု ဖြစ်သွားတယ်။

---

📍 နေရာအတိအကျ
9Q46+HG4, QL4D, Sơn Bình, Tam Đường, Lào Cai, Vietnam

⏰ ဖွင့်ချိန်
မနက် ၇:၀၀ မှ ညနေ ၆:၀၀ ထိ

---

ဒီ Reel ကိုမြင်ရင် သင်သွားဖူးတဲ့ မြူပိတ်တဲ့နေရာလေးတစ်နေရာ ရှိရင် Comment မှာ ပြောပြခဲ့ပါ။
မသွားရသေးရင် "Someday" လို့ရေးခဲ့။

Follow for more travel memories (clear or foggy, doesn't matter) ✨

---



Address

Paleik

Telephone

+959983116411

Website

Alerts

Be the first to know and let us send you an email when Tint's Travel Tales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share