29/09/2026
✈️🏆 ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆုကို ထပ်ခါထပ်ခါ ရထားတဲ့ Changi Airport ကြီးထဲမှာ... ခရီးသည်အများစု သတိမထားမိတဲ့ လျှို့ဝှက်နေရာလေး တစ်ခု ရှိတယ်ဆိုတာ သိလား? 👀
ဒီနေရာလေးက ဘာလဲဆိုတော့...
သူ့နာမည်ကတော့ "Calm Room" ။ Terminal 2 ရဲ့ departure transit area မှာ တည်ရှိပါတယ်။
ဒီနေရာလေးမှာ ဇုန် (၄) ပိုင်း ခွဲခြားထားပြီး အထူးခြားဆုံးကတော့ private room ပုံစံလေး ၂ ခန်း ပါဝင်ပါတယ်။ အဲ့ဒီ room လေးကတော့ first come first serve ပါ။ ဒါကြောင့် အရောက်လေး သွားကြိုဖို့ အကြံပေးချင်ပါတယ်။
ဇုန်တွေကတော့ အောက်ပါအတိုင်းပါ -
🌿 The Forest – ငှက်သံတွေ၊ ရေစီးသံတွေနဲ့ သဘာဝပုံရိပ်တွေကြားမှာ စိတ်ကို ငြိမ်းစေမယ့်နေရာ
🧘 The Den – ခေါင်းအုံးပျော့ပျော့တွေ၊ ပျော့ပျောင်းတဲ့ကြမ်းပြင်တွေနဲ့ လွတ်လပ်စွာ လှုပ်ရှားအနားယူနိုင်တဲ့နေရာ
🕊️ The Nest – အသံလုံတဲ့ private room ၂ ခန်း (first come first serve)၊ အလင်းရောင်ကိုပါ ကိုယ်ကြိုက်သလို ချိန်ညှိနိုင်တယ်
🚪 Welcome Area – ခရီးဆောင်အိတ်တွေ၊ ဖိနပ်တွေ ချထားပြီး စိတ်အေးအေးနဲ့ ဝင်ရောက်နားခိုနိုင်တဲ့နေရာ
ဒီ Calm Room လေးဟာ အထူးသဖြင့် အာရုံကြောဆိုင်ရာ အာရုံခံစားမှုမြင့်မားတဲ့သူတွေအတွက် ရည်ရွယ်ထားပေမယ့် ဘယ်သူမဆို ဝင်ရောက်အသုံးပြုလို့ရပါတယ်။
ဒါကြောင့် နောက်တစ်ခါ Changi Airport ရောက်ရင် "အချိန်ကုန်ခံရမယ်" လို့ မတွေးပါနဲ့။ "စိတ်ကိုအနားပေးပြီး အားပြန်ဖြည့်မယ်" လို့ တွေးလိုက်ပါ။
အထူးသဖြင့် ညဘက်ပျံသန်းမယ့်သူတွေ၊ ရက်ရှည်ခရီးစဉ်တွေကြားမှာ အနားယူချင်တဲ့သူတွေအတွက် ဒီနေရာလေးက သင့်ရဲ့ အကောင်းဆုံးအဖော်ဖြစ်မှာ သေချာပါတယ်။
ပြီးရင် အားအင်အပြည့်နဲ့ သင့်ခရီးကို ဆက်လက်ပျံသန်းလိုက်ပါ။ ✈️💆
#စင်ကာပူလေဆိပ် #အေးဆေးတည်ငြိမ်သောနေရာ #စိတ်အနားယူခရီး #စင်ကာပူခရီးစဉ်