ÝÃĐÃ ÑÃR

ÝÃĐÃ ÑÃR မလေးရှားနိုင်ငံ အတွင်း
မြန်မာစာအုပ်ဆိုင် 📚📖🙏

WhatsApp 0189051489

book shop 📖

စီးပွားရေး ငွေရေးကြေးရေး အတွက် ဖတ်သင့်သော စာအုပ် များ💛🌠   #မလေးရှားစာအုပ်ချစ်သူများမှာလို့ရပါပြီ #မလေးရှားတစ်နိုင်ငံလုံး...
11/09/2024

စီးပွားရေး ငွေရေးကြေးရေး အတွက် ဖတ်သင့်သော စာအုပ် များ💛🌠


#မလေးရှားစာအုပ်ချစ်သူများမှာလို့ရပါပြီ
#မလေးရှားတစ်နိုင်ငံလုံးမြို့နယ်စုံကိုပို့ပေးပါတယ်ယ်စုံကိုပို့ပေးပါတယ်

ဘဝဆိုတာ ဆွဲမပြီးသေးတဲ့ ပန်းချီကား တစ်ခုလိုပါပဲထပ်ပြီး ဝင်လာဦးမယ့်အရောင်တွေရှိတယ်။ ဖြည့်စွက်ရဦးမယ့် အစိတ်အပိုင်းတွေ ရှိတယ...
07/09/2024

ဘဝဆိုတာ ဆွဲမပြီးသေးတဲ့ ပန်းချီကား တစ်ခုလိုပါပဲ

ထပ်ပြီး ဝင်လာဦးမယ့်အရောင်တွေရှိတယ်။
ဖြည့်စွက်ရဦးမယ့် အစိတ်အပိုင်းတွေ ရှိတယ်။
ပျက်ပြယ်၊လွင့်ပြယ် သွားဦးမယ့် အရာတွေ ရှိတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဘဝဟာ ကိုယ့်ပိုင်တဲ့ အရာဖြစ်ပြီး ကိုယ့်သဘောထားသလို ဖြစ်တည်လာမှာပါ။
နေပျော်တဲ့အခါ ပျော်နိုင်မှာပါ

အရာအားလုံးကို ကိုယ့်ဘက်ကနေပဲ ဗဟိုပြုပြီး လည်ပတ်ပါလို့ အမြဲပြောဖြစ်ခဲ့တယ်။

သို့ပေမယ့် တစ်ခါတလေ ကိုယ်က အဖြူပေးလည်း အဖြူပြန်မပေးနိုင်တဲ့လူတွေ၊ကိုယ်က အကောင်းဘက်ကပြောလည်း အကောင်းမမြင်နိုင်လည်း၊ ကိုယ်တိုင်လည်း သိပ်ပြီး အဆက်အဆံမလုပ်ချင်တဲ့ လူတွေတော့ ရှိကြမှာပါပဲ ။

ဖြစ်နိုင်ရင်လည်း ချစ်ခြင်းမေတ္တာကိုပဲ
အိတ်ကလေးထဲထည့်ပြီး သိမ်းဆည်းစေချင်တာပါ

ကြားဖူးတဲ့ စာဆိုလေးတစ်ခုအရ
“လူတွေဟာ ကောင်းတာတွေကို ရေပေါ်မှာရေးမှတ်ထားကြပြီး မကောင်းတဲ့အမှတ်တရတွေ၊မှတ်ညဏ်တွေကိုတော့ နှလုံးသားထဲက ကျောက်တုံးပေါ်မှာ ရေးမှတ်ထားကြတယ်”တဲ့

မကောင်းတာကို ပိုမြင်တတ်တာဟာ လူ့သဘာဝပါပဲ

ဒါကြောင့် သင့်လည်းဘာတွေကို ဖယ်ပြီး
ဘာတွေကို ယူမလဲဆိုတာက
နေ့ရက်တွေရဲ့ အေးချမ်းမှု၊ပူလောင်မှုတွေကို
အသွင်ဆောင်ပေးလာလိမ့်မယ်။

#ပျော်ရွှင်ခြင်းလမ်းညွှန်
#မလေးရှားစာအုပ်ဆိုင်
#မလေးရှားတစ်နိုင်ငံလုံးမြို့နယ်စုံကိုပို့ပေးပါတယ်ယ်စုံကိုပို့ပေးပါတယ်
ြန်မာကုန်စုံဆိုင်

အမှားနည်းချင်ရင် စကားနည်းနည်းပဲပြော *********************************************လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို...
06/09/2024

အမှားနည်းချင်ရင် စကားနည်းနည်းပဲပြော
*********************************************

လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့ ပြောဆိုဆက်ဆံခြင်းပါပဲ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိဖို့နဲ့ သူများကို မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။

လူတော်တော်များများက အနိုင်ရလိုဇောနဲ့ စကားတွေကို မထိန်းဘဲ ငါ့စကားနွားရ ပြောတတ်ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ပြတ်တောက်သွားစေတဲ့ အဓိက တရားခံကလဲ စကားလုံးတွေကြောင့်ပဲဖြစ်နေတတ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား ပြန်စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ပြောမဲ့ စကားရဲ့ အတိမ် အနက်ကို ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။ စကားလုံးတွေက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်တဲ့အတွက် ကောင်းတဲ့စကားတွေပဲ ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာတွေဖတ်ရမယ်။ စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်တွေကို ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုးရှိတဲ့ စကားလား။ အကျိုးမရှိတဲ့ စကားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။

ဒီတော့စကားများများပြောရင် အမှားများများပါတတ်လို့ ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။ စကားကောင်းတွေပြောနိုင်ဖို့ ဗဟုသုတရရှိတဲ့ စာအုပ်တွေကို နေ့စဉ်ဖတ်ပါ။

#မျက်ကွယ်ပြုလို့မရအောင်ထူးချွန်ပြလိုက်ပါ
#မောရိသျှ
MK Book Store & စင်္ကာပူ

တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ ။ ********************************ကျွန်တော်တို့က မွေးဖွားလာကတည်းက တစ်ယောက် တည်းပဲလေ ။ ...
03/09/2024

တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ ။
********************************

ကျွန်တော်တို့က မွေးဖွားလာကတည်းက တစ်ယောက် တည်းပဲလေ ။ အဖော်ရယ်လို့မှ ပါမလာတာ ။ ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ အနားမှာ တိုင်ပင်ဖော် ရှိသင့်တယ်ဆိုတာကိုတော့ လက်ခံပါတယ် ။ ဒါပေမဲ့ တိုင်ပင်ဖော်အပေါ်မှာ အပြည့်အဝ မှီခိုနေတာမျိုးတော့မဖြစ်သင့်ပါဘူး။ ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ထားပါ ။ တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ဖို့အတွက်. . .

(က) အနားမှာရှိတဲ့သူအပေါ် အများကြီးမမှီခိုနဲ့ ။
(ခ) သံယောဇဉ်တွေ နည်းအောင်နေပါ။
(ဂ) မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါ။
(ဃ) လေ့လာချင်တာတွေ လေ့လာပါ ။

(က) အနားမှာရှိတဲ့သူအပေါ် အများကြီးမမှီခိုနဲ့

ကိစ္စတစ်ခုခုလုပ်တော့မယ် ၊ ကိစ္စတစ်ခုခုကို ဆုံးဖြတ်တော့မယ် ဆိုရင် အနားမှာရှိတဲ့ ယုံကြည်ရတဲ့သူတွေကို တိုင်ပင်ဖို့ အရင်ဆုံး တွေးဖူးတယ်မလား ။ ဘာလို့ ဒီလိုတွေးလိုက်တာလဲဆိုတာ မေးကြည့်ဖူးလား ။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာမျိုးပါ ။ Self-Confidence မရှိတာကို ဖော်ပြနေတာပါ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ဖို့ လိုပါတယ် ။ သူများကို မှီခိုပြီး ရှင်သန်နေရတာက ပျော့ညံ့ရာ ရောက်ပါတယ် ။ တစ်ခုခု ဆုံးဖြတ်ချင်တဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားပါ ။ စကားတွေ အများကြီး ပြောချင်တာမျိုးကို ထိန်းပါ ။ စကားတွေ အများကြီး ပြောတာက ကိုယ့်အားနည်းချက်ကို ပြောပြလိုက်တာနဲ့ အတူတူပါပဲ ။ အားနည်းချက်တွေ သိသွားတော့ ကူညီဖို့ထက် လှောင်ပြောင်မယ့်သူက ပိုများပါတယ် ။ ဒါကြောင့် ရင်ဖွင့်နေမဲ့အစား သီချင်းတွေ အော်ဆိုလိုက်ပါ ။ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ပါ။

(ခ) သံယောဇဉ်တွေ နည်းအောင်နေပါ ။

တစ်ယာက်အပေါ်တစ်ယောက် သံယောဇဉ်ထားတာက ကောင်းတဲ့ အကျင့်တစ်ခုပါ ။ ဒါပေမဲ့ လိုတာထက်ပိုပြီး စွဲလမ်းတတ်တဲ့အထိ သံယောဇဉ် ထားတာကတော့ မကောင်းဘူးလေ ။ ကျွန်တော်တို့အနားမှာ အမြဲတမ်းနေရမယ်လို့ အခြားဘယ်သူမှာမှ တစ်သီးတခြား တာဝန်ရှိမနေဘူးလေ ။ ရင်းနှီးကြတယ် ၊ ခင်မင်ကြတယ် ၊ သံယောဇဉ်တွေ ရှိကြတယ် ။ မိသားစုတာဝန်တွေ ၊ အလုပ်ရဲ့တာဝန်တွေ ၊ ရာထူးတိုးတာဝန်တွေရယ် စသည်ဖြင့် မခွဲချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာရတာတွေ ရှိတယ် ။ သူငယ်ချင်းအချင်းချင်း ချစ်ကြတယ် ။ ညီမတွေလို ခင်ကြတယ် ။ ညီကိုတွေလို ပေါင်းသင်းကြတယ် ။ မောင်နှမတွေလို ရင်းနှီးကြတယ် ။ ဘယ်လောက်ပဲ ခင်ခင် ၊ဘယ်လောက်ထိပဲ ချစ်ချစ် တစ်နေ့မှာတော့ ခွဲခွာရမှာပါ ။ သံယောဇဉ်တွေက မထားတတ်တဲ့အခါ ပူလောင်ရတယ်တဲ့ ။ ခွဲခွာရတဲ့အခါ ခွဲခွာရတဲ့အပေါ် နားလည်ပေးနိုင်ရပါမယ် ။ ငါက သူ့ကို ခင်လို့ ၊ သူက ငါနဲ့ ရင်းနှီးလို့ဆိုပြီး သံယောဇဉ်တွေ တွယ်နေလို့ မရပါဘူး ။ ဘဝတက်လမ်းတွေအတွက် ခွဲခွာသင့်ရင် ခွဲခွာရပါလိမ့်မယ် ။ သံယောဇဉ်ရှိရင် နောင်တစ်ချိန်ကျ ပြန်ဆုံလို့ရတာပဲ ။ ခွဲခွာရမယ့်အချိန်မှာ သံယောဇဉ်ကြီးတဲ့သူက ပိုနာကျင်ရတယ် ၊ ပိုသတိရ ရစမြဲပါပဲ ။ သံယောဇဉ်က ပူလောင်ရတဲ့အခါတွေလည်း ရှိတယ် ။ ဝမ်းနည်းရတာတွေလည်း ရှိတာမို့ သံယောဇဉ်တွေ ကင်းအောင် နေနိုင်ရင်တော့ အကောင်းဆုံးပါ ။

(ဂ) မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါ ။

ရည်မှန်းချက် ၊ မျှော်လင့်ချက်ထားတာက ကောင်းပါတယ် ။ တစ်ပါးသူဆီက လိုတာထက် ပိုပြီး မျှော်လင့်နေရတာက ပင်ပန်းတယ် ။ ကိုယ်က ဘာလိုချင်တယ် ၊ ညာလိုချင်တယ်လို့ မျှော်လင့်ချက်နဲ့ ပူဆာနေတာမျိုး ၊ တောင်းခံနေတာမျိုးက တစ်ပါးသူကိုလည်း အခက်အခဲ ဖြစ်စေပါတယ် ။ မျှော်လင့်ချက်ကြီးနဲ့ စောင့်နေရတာ အချိန်တွေ ကြာမြင့်စေပါတယ် ။ စိတ်တွေ ပိုလေးလံစေပါတယ် ။ ကိုယ့်စိတ်ကို နှိပ်စက်ရာ ရောက်ပါတယ် ။ စိတ်ကို ပင်ပန်းစေပါတယ် ။ WMA မျှော်လင့်ချက်ကြီးတွေ နည်းပါးလာတဲ့အခါ စိတ်ရောကိုယ်ပါ ပေါ့ပါးသွားလိမ့်မယ် ။ ရှင်သန်ရတာ ကျေနပ်စရာ ကောင်းလာပါလိမ့်မယ် ။ အရာရာကို ပိုချစ်တတ်လာပါလိမ့်မယ် ။ ဖြစ်ပျက်သမျှကို အကောင်းမြင်လာပါလိမ့်မယ် ။ မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါဆိုလို့ မျှော်လင့်ချက်တွေ မထားဖို့ ပြောတာမဟုတ်ဘူး ။ နေ့ရက်တိုင်းကို လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ဖို့ ။ မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါလို့ ပြောပါရစေ ။

(ဃ) လေ့လာချင်တာတွေလေ့လာပါ။

တစ်ယောက်တည်း နေတတ်ဖို့အတွက် အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ ။ ကျွန်တော်တို့က အားလပ်နေတဲ့အခါ တွေးချင်ရာတွေ လျှောက်တွေးနေတတ်ပါတယ် ။ အတွေးတွေ မလစ်ဟာစေဖို့ အားလပ်ချိန်မှာ စာဖတ်ပါ ။ လေ့လာချင်တာတွေ လေ့လာပါ ။ Computer ပညာရပ်တွေ စိတ်ဝင်စားရင် Computer တွေ လေ့လာပါ ။ အခြေခံ ဆိုင်ကယ်အကြောင်း ၊ ကားအကြောင်းဖြစ်စေ စိတ်ဝင်စားရင် လေ့လာပါ စသည်ဖြင့် ဘယ်အကြောင်းအရာကိုမဆို အားလပ်ချိန်မှာ လေ့လာလို့ရပါတယ် ။ လေ့လာထားတဲ့ပညာရပ်တစ်ခုက ဘဝတစ်ကွေ့ တစ်နေရာရာမှာတော့ အသုံးဝင်မှာ သေချာပါတယ် ။ အခွင့်အခါ သင့်ခဲ့တာပဲ ဖြစ်ဖြစ် ၊ အားလပ်ချိန်မှာပဲဖြစ်ဖြစ် လေ့လာချင်တာတွေ ၊ လေ့လာနေတာက စိတ်လေခြင်းကို ကာကွယ်ပါတယ် ။ ဘဝကို အေးချမ်းစွာ အပူပင်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ပါ ။
ဘယ်သူ့ကိုမှ မလိုအပ်အောင် လေ့ကျင့်ပါ ။

#ပျော်ရွှင်စွာနေထိုင်ပါ

#မလေးရှားစာအုပ်ဆိုင်

☘️"ရင့်ကျက်ခြင်း" ဆိုတာ လူတိုင်း လိုချင်ကြတဲ့ အရည်အသွေးတစ်ခုပါ။ ဒါပေမယ့် ဒီအရည်အသွေးကို ရဖို့ဟာ ထင်ထားတာထက် အများကြီးပို...
03/09/2024

☘️"ရင့်ကျက်ခြင်း" ဆိုတာ လူတိုင်း လိုချင်ကြတဲ့ အရည်အသွေးတစ်ခုပါ။ ဒါပေမယ့် ဒီအရည်အသွေးကို ရဖို့ဟာ ထင်ထားတာထက် အများကြီးပို ခက်ပါတယ်။ နာကျင်မှုတွေ၊ အရှုံးတွေနဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်အနစ်နာခံရမှုတွေနဲ့ရင်းနှီးပြီးမှ တဖြည်းဖြည်း ပိုင်ဆိုင်လာရတာမျိုးပါ။

☘️ရင့်ကျက်တဲ့သူဟာ တစ်ယောက်တည်းရှိနေတဲ့အချိန်မှာတောင် ရိုးသားဖြောင့်မတ်ခြင်းနှင့်အတူ ရပ်တည်နိုင်စွမ်းရှိတဲ့သူဖြစ်တယ်။

☘️အထီးကျန်ခြင်းဆိုတာ ကျွန်တော်တို့သိပ်ကြောက်ကြတယ်။ လူတွေက ကိုယ့်ကို အခေါ်အပြောမလုပ်ကြမှာ၊ ကွယ်ရာမှာမကောင်းပြောကြမှာ၊ ဝေဖန်အပြစ်တင်ကြမှာ၊ လှောင်ပြောင်ကဲ့ရဲ့ကြမှာတွေကိုလည်း မလိုချင်ကြဘူး။ ဒီလို ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ငြိုငြင်ခြင်းကိုမခံရဘဲ သူတို့ရဲ့ချစ်ခင်မှု၊ အသိအမှတ်ပြုမှုနဲ့ ချီးကျူးဂုဏ်ပြုတာတွေကိုခံရဖို့ မိမိကိုယ်ကို အပြစ်ကင်းအောင် တစ်နည်း မဟုတ် တစ်နည်း ကြိုးစားကြတယ်။

☘️အနည်းနဲ့အများတော့ အားလုံးဟာ အဖော်မဲ့မှာကို မလိုလားဘူး။ အပေါင်းအသင်းမရှိမှာကို စိုးရိမ်ကြတာချည်းပဲ။ အဲဒီတော့ ကိုယ့်ရဲ့အမြင်တွေနဲ့ ခံယူချက်တွေဟာ လူအများရဲ့ စိတ်သဘောထားနဲ့ မကိုက်ညီတဲ့အခါ ၊ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အခါမျိုးတွေမှာ သူတစ်ပါးကျေနပ်အောင် မိမိယုံကြည်ချက်ကို အလွယ်တကူ စွန့်လွတ်တတ်ကြတယ်။ ဝေဖန်တာ မခံရအောင် ကိုယ့်ရခံစားချက်ကို ငြင်းပယ်ပစ်တယ်။ ဒါမှမဟုတ် မျိုးသိပ်ထားလိုက်တယ်။

☘️ဒါပေမဲ့ စိတ်ဓာတ်ရင့်ကျက်တဲ့သူတွေကတော့ မိမိယုံကြည်ရာကို ခိုင်ခိုင်မာမာ ကိုင်ဆွဲထားနိုင်ကြသူတွေဖြစ်တယ်။ သူတို့ဖြစ်ချင်တာကို သူတို့ သေသေချာချာသိပြီး ဘယ်လိုဖြစ်အောင် လုပ်ရမယ်၊ ဘယ်လမ်းစဉ်နဲ့ ကိုယ်ရည်မှန်းတာကို အကောင်အထည်‌ပေါ်အောင် ကြိုးစားရမယ်ဆိုတာကို ရှင်းလင်းစွာ သိကြတယ်။

📖ရင့်ကျက်တဲ့ သူတစ်ယောက်ဖြစ်ဖို့...
✍️ချမ်းမင်းခန့်

🌻 စာဖတ်ပါ၊ သင့်ဘဝကိုပြောင်းလဲပါ🌻🌻🌻
#မလေးရှားစာအုပ်ဆိုင်

အသားဖြူဝင်းပြီး Body Glow Glass Skin ရဖို့Billion Empress Lotion  လေးသာလိုမယ်နော်😉💗နေလောင်ဒဏ်ကာကွယ်ပေးမဲ့အပြင် Collegen ...
02/02/2023

အသားဖြူဝင်းပြီး Body Glow Glass Skin ရဖို့

Billion Empress Lotion လေးသာလိုမယ်နော်😉💗

နေလောင်ဒဏ်ကာကွယ်ပေးမဲ့အပြင်

Collegen & Glutaပါလို့

အသားရေကြည်လင်းပြီး ဖြူဖွေးဝင်းပစေပါတယ်💗


lotion

WhatsApp 0189507131 📞

Billion Empress 7in1 Whitening Body Lotion လေးထဲမှာ Gluta ပြည့်ဝစွာ ပါဝင်တာကြောင့် … ✨နေ့စဉ်မှန်မှန် အသားထဲ စိမ့်ဝင်အောင...
20/01/2023

Billion Empress 7in1 Whitening Body Lotion လေးထဲမှာ Gluta ပြည့်ဝစွာ ပါဝင်တာကြောင့် … ✨

နေ့စဉ်မှန်မှန် အသားထဲ စိမ့်ဝင်အောင် စွဲလိမ်းပေးခြင်းဖြင့် အသားအရည်ကို အလျင်မြန်ဆုံးနဲ့ သိသာစွာဖြူဖွေး ကြည်လင်ဝင်းပလာစေပါတယ် ✨

billion soapလေးပါတသွုံးပေးရချေိုးရင်း2မိနစ်ဘဲပေါင်းတင်ပေးကွာ✨

သိသာတဲ့resultကိုရရှိမှာအမှန်ဘဲနော်






မလေးရှားကိုယ်စာလှယ်💁💁

ကိုနှင့်စပြီးကေ့....သူများနှင့်မဆုံးစေချင်ကေ့🤞🤞🤞...............သေချာဂရုစိုက်ပီးပ👌👌👌👌👌👌👌👌
28/08/2021

ကိုနှင့်စပြီးကေ့....သူများနှင့်မဆုံးစေချင်ကေ့🤞🤞🤞
...............သေချာဂရုစိုက်ပီးပ👌👌👌👌👌👌👌👌

Adres

Amsterdam
1012AB

Website

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer ÝÃĐÃ ÑÃR nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Delen