Cherry Han Delivery Service

Cherry Han Delivery Service ယုံကြည် မြန်ဆန် အားထားရန် ချယ်ရီဟန်

04/01/2022

Myanmar Independence Day
January 4


19/07/2021

🇲🇲 အာဇာနည်နေ့ ဒို့မမေ့🇲🇲
************************
🇲🇲 ၁၉ ဇူလိုင် မမေ့နိုင်...🇲🇲

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော
(၇၃) ကြိမ်မြောက် အာဇာနည်နေ့မှာ ကျဆုံးလေသော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား
အောက်မေ့သတိရစွာဖြင့် Cherry Han Travel & Transport မိသားစု မှ
ဦးညွှတ်ဂါရဝပြုအပ်ပါသည် 😔😔😌😌😌

🇲🇲 ကားလက်မှတ်အရောင်းဌာန Cherry Han Ticket Agent 🇲🇲

🇲🇲 Cherry Han Car Rental Service🇲🇲

“ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ “ ကို ကြိုဆိုဂုဏ်ပြုပါသည်။♥️ချယ်ရီဟန်၏ လုပ်ငန်းများ ရပ်နားထားပါသည်။♥️လုပ်ငန်းများ စတင်မည...
01/05/2021

“ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ “ ကို ကြိုဆိုဂုဏ်ပြုပါသည်။
♥️ချယ်ရီဟန်၏ လုပ်ငန်းများ ရပ်နားထားပါသည်။
♥️လုပ်ငန်းများ စတင်မည့်အချိန်ကို အကြောင်းကြားပေးပါမည်။
♥️ချယ်ရီဟန် ကို ယုံကြည်လက်တွဲအားပေးသူ တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင့်။♥️♥️♥️

1-5-2021 (Labor Day)
" အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ " ကို
ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

ကာယ ဉာဏ လုပ်သားထုအားလုံး ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှစပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိအဆင်ပြေနိုင်ကြပါစေ။

ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း ချယ်ရီဟန် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

" အလုပ်သမားများသည် အမျိုးသားစီးပွားရေးကိုမောင်းနှင်ရာတွင် အဓိကပါဝင်သူများဖြစ်သည်။ "


ကရင်ရွာတွေ တိုက်လေယာဉ်တွေ သုံးပြီး အတိုက်အခိုက်ခံနေရတယ်၊-ရွာသား ၁၃ယောက်ခန့်ကျဆုံးမှုရှိပြီး ၊ ထိခိုက်ဒဏ်သူများစွာရှိပါတယ...
01/04/2021

ကရင်ရွာတွေ တိုက်လေယာဉ်တွေ သုံးပြီး အတိုက်အခိုက်ခံနေရတယ်၊
-ရွာသား ၁၃ယောက်ခန့်ကျဆုံးမှုရှိပြီး ၊ ထိခိုက်ဒဏ်သူများစွာရှိပါတယ်၊
-ငါးနှစ်သမီးလေး ကျဆုံးတဲ့ထဲမှာပါခဲ့ပါတယ်၊
-သောင်းနဲ့ချီပြီး စစ်ဘေးရှောင် တောခိုနေရပါတယ်။
-စားဝတ်နေရေး အခက်အခဲများစွာကြုံနေရပါတယ်၊
-စစ်အင်အားအလုံးအရင်းဖြင့်အဖိအနှိပ်ခံနေရပါတယ်
ဒါတွေအားလုံးဟာကျွန်တော်တော်အားလုံးအပေါ်မှာတာဝန်ရှိပါတယ်။
သူတို့ဘက်ကို ဖိနှိပ်တာပေါ့လျော့အောင် ကျွန်တော်တို့ နိုင်ရာတာဝန်ထမ်းဖို့ လိုပါမယ်။
ကျွန်တော်တို့ရောက်နိုင်သလောက်ရောက်အောင်ပံပိုးမှုတွေ ပေးဖို့လိုပါမယ်။
ကျွန်တော်တို့ SpeakOut များများလုပ်ဖို့လိုပါမယ်။


၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက် နေ့တွင်ချယ်ရီဟန် ၏ ဝန်ဆောင်မှုများကိုအားလုံးနဲ့ အတူတကွ ရပ်နားထားမှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။မှ...
23/03/2021

၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက် နေ့တွင်
ချယ်ရီဟန် ၏ ဝန်ဆောင်မှုများကို
အားလုံးနဲ့ အတူတကွ ရပ်နားထားမှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက်။ ။ အရင်နေ့တွေကလည်း
မဖွင့်သလို ၂၄ ရက်နေ့နောက်ပိုင်းမှာလည်းရပ်နားထားမှာဖြစ်ပါတယ်။ အားပေးသူတိုင်းကို
အထူးကျေးဇူးတင်ပါတယ်။ ပြန်ဖွင့်မယ့်အချိန်ကို ထပ်မံကြေညာပေးပါ့မယ်နော်။


🔔🔔🔔🔔🔔🔴ဒီပွဲပြီး လို့ရွှေဝယ်ရင် အောင်သမာဓိကလွဲ လို့ ဘယ်ဆိုင်မှာမှမဝယ်နဲ့  🔴ဒီပွဲပြီးလို့ ခရီးဝေးသွားရင် မြန်မာ့မီးရထား ကိ...
17/03/2021

🔔🔔🔔🔔🔔
🔴ဒီပွဲပြီး လို့ရွှေဝယ်ရင် အောင်သမာဓိကလွဲ လို့ ဘယ်ဆိုင်မှာမှမဝယ်နဲ့
🔴ဒီပွဲပြီးလို့ ခရီးဝေးသွားရင် မြန်မာ့မီးရထား ကို ပိုအားပေးကြ
🔴ဒီပွဲပြီးလို့ ဘဏ်တွေအသုံးပြုရင် ဦးဇော်ဇော်ရဲ့ ဘဏ်ကို ပိုအားပေးကြ
🔴ဒီပွဲပြီး လို့ပုံမှန်ဖြစ်သွားရင် ထပ်လုပ်ရမည့်အရေးကလူအခွင့်အရေးတန်းတူရရှိပြီး ကျူးကျော်ဆင်းရဲသားပပျောက်ရေးပဲ
🔴ဒီပွဲပြီးရင် မြန်မာပြည်ကရေပေါ်ဆီတွေ$ရမ်းမက်တဲ့ $သုဓမ္မဆုပေးပွဲတွေဝိုင်းသပိတ်မှောက်ကြ
သူတို့လှူနေတာ အားအားရှိ ရွှေရောင်တောက်နေတဲ့ဘုရားတွေကိုပဲ ထပ်ပြီး ဂုဏ်လိုချင်လို့လှူနေကြတာ
🔴ဒီအချိန်မှာ အချင်းချင်း အားပေးပြီးလှူနေကြတာ အများအားဖြင့် အခြေခံလူတန်းစားတွေရယ် လက်လုပ်လက်စားတွေရယ်ပဲ များတယ်
🔴ဒီပွဲပြီးရင် လူငယ်တွေကို ပိုပြီးရှေ့တန်းတင်ကြ
🔴အမေ့စိတ်တိုင်းကျလုပ် အဖေ့စိတ်တိုင်းကျ ပြောစကားနားထောင်ဆိုပြီးဖိအားမပေးကြနဲ့တော့
🔴ဒီပွဲပြီးရင် နိုင်ငံခြားဖြစ် ထက် ပြည်တွင်းဖြစ်ကို ပိုအားပေးကြ
🔴ဒီပွဲပြီးရင် ပြည်ပ ခရီးထွက်မည့် အစား ပြည်တွင်းက လည်စရာတွေ တနယ်တနယ် ကူးပြီး လျှောက်လည်ကြ
🔴ဒီပွဲပြီးရင် ငါတို့မှာ လုပ်စရာတွေအများကြီး ကျန်သေးတယ်
🔴ဒီပွဲမြန်မြန်ပြီးမှဖြစ်မယ်
🔴ဒီပွဲပြီးရင် လုပ်ရမည့် အရာတွေ ထပ်ဖြည့်ပေးပါအုံးနော်

🛎️🛎️🛎️🔺ယုံကြည်စိတ်ချစွာဖြင့် အားပေးသော မိတ်ဆွေများရှင့်🚚🚚🚚🔺ချယ်ရီဟန် ၏ ဝန်ဆောင်မှု လုပ်ငန်းများကို ယာယီရပ်နားထားပါမည်📢📢📢...
03/03/2021

🛎️🛎️🛎️
🔺ယုံကြည်စိတ်ချစွာဖြင့် အားပေးသော မိတ်ဆွေများရှင့်
🚚🚚🚚
🔺ချယ်ရီဟန် ၏ ဝန်ဆောင်မှု လုပ်ငန်းများကို ယာယီရပ်နားထားပါမည်
📢📢📢
🔺ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်မည့်နေ့ကို အကြောင်းကြားပေးသွားပါမည်
🎈🎈🎈🎈🎈
🔺ပြည်သူ နှင့်အတူ တစ်သားတည်း ရပ်တည်သွားပါမည်

01/03/2021

လွန်ခဲ့တဲ့ တစ်လလောက်က တည်ငြိမ်အေးချမ်းစွာ လည်ပတ်နေတဲ့ ရန်ကုန်မြို့ကြီး။ ရန်ကုန်က Gen zလေးတွေဟာ ဒီနှစ်မှာ သင်္ကြန်လုပ်ပေးဖို့ အမေစု နဲ့ ကွီးဖြိုးကို ပူဆာကြမယ်လို့ ဂိမ်းဆော့ရင်းတွေးကောင်းတွေးနေခဲ့ကြမှာပေါ့။ တချို့ သက်လတ်ပိုင်း လူငယ်လေးတွေကလည်း ကာကွယ်ဆေးထိုးပြီးရင် ဘယ်တွေ ခရီးထွက်ကြမယ်ဆိုတာ plan ချရင်း အူမြူးနေကြမှာပဲ။ သူတို့ အိမ်ထဲမှာနေခဲ့တာ နှစ်ချီနေပြီလေ။ ဘွဲ့ယူရမယ့်ကျောင်းသားတွေလည်း နောက်ဆုံးနှစ်အတွက် စာတမ်းသွင်းဖို့ပြင်ဆင်နေကြလေရဲ့။ အင်တာနက်က ကြိုက်သလို လွတ်လွတ်လပ်လပ်သုံးနေရတော့ တဖက်တလမ်းကလည်း online learning တွေကလည်း စာတွေလေ့လာကြတာပေါ့။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း စီးပွားရေးတွေ ပြန်အဆင်ပြေလာဖို့ မျှော့်လင့်နေတယ်တဲ့။ အမေစုက ခရီးသွားလာခွင့် ဖွင့်ပေးလိုက်ပြီဆိုတော့ ခရီးသွားလုပ်ငန်းတွေကလည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်ကြပြီလေ။ နိုင်ငံတကာကလည်း မြန်မာပြည်ဟာ covid ကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ အပြင် GDP က အပေါင်းဆောင်နေသေးလို့ ချီးကျူးပါတယ်တဲ့။ ပြည်သူလူထုကလည်း အမေစု ကာကွယ်ဆေးထိုးမယ့်နေ့ကို ရုပ်မြင်သံကြားကနေကြည့်ချင်လှပြီ။ ကိုယ့်ခေါင်းဆောင် ကာကွယ်ဆေးထိုးခဲ့တဲ့ပုံကို နိုင်ငံတကာမှာ ပတ်ကြွားရမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ လူတိုင်းဟာ ကိုယ့်အတွေးနဲ့ကိုယ် ပျော်ရွှင်နေကြတဲ့ မြို့ကြီးတမြို့ပါပဲ။
ရန်ကုန်မြို့ရဲ့ အသည်းနှလုံး လှည်းတန်းမှာဆိုရင်လည်း street food စားဖို့ လက်တွဲကြည်နူးစွာ လမ်းလျှောက်ကြည့်နေတဲ့ အတွဲလေးတွေကိုတွေ့နိုင်တယ်။

ဒီအိပ်မက်တွေ ကြည်နူးမှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ ကိုယ်ကျိုးစီးပွားကိုပဲကြည့်ခဲ့တဲ့ လက်နက်ကိုင်တပ်က ဂျပု တကောင်ရဲ့မိုက်ရူးရဲဆန်မှုကြောင့် အကုန်ပျက်စီးသွားခဲ့ပြီ။လူငယ်တွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်ပြီး အင်တာနက်တွေကို ကန့်သတ်ပစ်ခဲ့တယ်။ လူငယ်တွေရဲ့ အနာဂတ်တွေ ဘဝအိပ်မက်တွေကို အကုန်ဖျက်ဆီးဖြစ်လိုက်တယ်။ သူ့အကျိုးစီးပွားနဲ့ပတ်သက်လာရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးဖို့ဝန်မလေးဘူး။ ဂိမ်းဆော့နေတဲ့ ကောင်လေးတွေရဲ့ လက်က မျက်ရည်ယိုဗုံးတွေကို ကာကွယ်ရတဲ့လက်တွေဖြစ်လာတယ်။ shopping ထွက်နေကျ ကောင်မလေးရဲ့ခြေထောက်ကပြေးလွှားဖို့ အကြောင်းဖန်လာရတယ်။ လူတိုင်းက စိတ်မချမ်းသာမှုတွေအပြည့်နဲ့ နိုးထလာရတယ်။ ဘယ်သူမှ ကိုယ့်အနာဂတ်က ဘာဖြစ်လာမယ်ဆိုတာ ဝေဝါးနေဆဲပဲ။ သူတို့ရဲ့ရည်မှန်းချက်ကတော့ ဒီစနစ်ကြီးကို အပြုတ်တိုက်မယ်ဆိုပြီး ခက်ထန်နေလေရဲ့။

ကွမ်းတံတွေးပဲ စွန်းခဲ့တဲ့ လှည်းတန်း ပလက်ဖောင်းတွေဟာ ဒီနေ့ သွေးစွန်းခဲ့ရပြီ။ ညတိုင်းဂိမ်းဆော့ရကောင်းလားဆိုပြီးသားငယ်ကို ဆူနေကျ တချို့မိခင်တွေလည်း ဒီညမှာငိုကြွေးနေရလေရဲ့။ ဒီအနိဋ္ဌာရုံတွေလည်း ကျွန်တော်တို့လက်ထက်မှာပဲ နိဋ္ဌိတံပါစေ။...

Crd. .

27/02/2021

Sorry,we close on
28-2-2021
Sunday

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြသည့် မြန်မာနိုင်ငံကိုယ်စားပြု ကုလသမဂ္ဂအမြဲတမ်းအတွင်းဝန် ဦးကျော်မိုးထွန်း၏ မိန့်ခွန်းအပြည...
27/02/2021

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြသည့် မြန်မာနိုင်ငံကိုယ်စားပြု ကုလသမဂ္ဂအမြဲတမ်းအတွင်းဝန် ဦးကျော်မိုးထွန်း၏ မိန့်ခွန်းအပြည့်အစုံ
(နယူးယောက်၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁)

သဘာပတိကြီးခင်ဗျား

အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ ပြည့်စုံတဲ့ ရှင်းလင်းတင်ပြချက်နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆက်လက်ထောက်ခံ ပြောဆိုသွားတာတွေအပေါ် ကျေးဇူးတင်ပါတယ်။

ကျနော့်အနေနဲ့ မြန်မာလူထုကရွေးချယ်ထားတဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုသွားမယ်ဆိုတာကို ကနဦးအားဖြင့် တင်ပြလိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးမျှတဲ့ ရွေးကောက်ပွဲကနေ မြန်မာလူထုက ဒီမိုကရေစီနည်းကျရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

ဒီ CRPH က ပေးပို့လိုက်တဲ့ စာကို အခု ဒီအစည်အးဝေးကြီးမှာ ဖတ်ကြားလိုပါတယ်။

- - - - (CPRH ကြေညာချက်) - - - -

သဘာပတိကြီးခင်ဗျား

" ဒီမိုကရေစီဖွံ့ဖြိုးစ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပြီး၊ ဒါဟာ သမိုင်းမှာ အထင်ကရလည်းရှိခဲ့ပါတယ်။ မြန်မာလူထုဟာ ရွေးကောက်ပွဲမှာ သူတို့မဲပြားတွေကတဆင့် ဒီမိုကရေစီလိုလား ထက်သန်မှုတွေကို ပြသခဲ့ပြီးပါပြီ။ ဒီမိုကရေစီ စံနှုန်း စံထားတွေ ပြည့်ဝတဲ့နိုင်ငံ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်နိုင်တဲ့ နိုင်ငံ အဖြစ် တည်ဆောက်လိုတယ်ဆိုတဲ့ ဆန္ဒကို သူတို့ပြသခဲ့ပါပြီ။ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေအရ ငြိမ်းချမ်းပြီး အလားအလာကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်လာစေရေး ခရီးလမ်းကြောင်းမှာ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီတညွတ်တည်းရပ်တည်နေတယ်ဆိုတာကို ပြလိုက်တာပါပဲ။"

သဘာပတိကြီးခင်ဗျား ။

ပြည်သူလူထုရဲ့ ဒီလို ဆန္ဒသဘောထားတွေကို မျက်ကွယ်ပြုပြီး၊ တပ်မတော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပါတယ်။ အဲဒီနေ့ဟာ လွတ်တော်သစ်ကို စတင်ခေါ်ယူရမယ့်နေ့လည်းဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အရပ်ဖက်တတ်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အလွှာပေါင်းစုံပြည်သူလူထုဟာ လမ်းမတွေပေါ်ထွက်ပြီး စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်ဘူးဆိုတာ ပြသခဲ့ပါတယ်။ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့နဲ့ ရွေးချယ်ခံအစိုးရကတဆင့် နိုင်ငံတော်အာဏာကို လူထုကို ပြန်အပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာလူထုဟာ ဒီတောင်းဆိုချက်တွေ အောင်မြင်လာရမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာဟာ ဒီနေ့ခေတ်ကမ္ဘာမှာ ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတဲ့ အတွင်းရေးမှုးချုပ်ပြောဆိုတာကို ကျနော်သဘောတူပါတယ်၊ အာဏာသိမ်းမှု ကျရှုံးရမှာပါ။

စစ်အာဏာသိမ်းမှု ကျရှုံးဖို့ ဥပဒေနဲ့မညီဖမ်းဆီးခံရသူတွေ ချက်ချင်းလွတ်လာဖို့ နိုင်ငံတော်အာဏာကို ပြည်သူကို ပြန်အပ်ဖို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို့တွေအတွက် မြန်မာလူထုဟာ တညီတညွတ်တည်း ဆက်လက်ရုန်းကန်ရပ်တည်သွားကြမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝှမ်း တလျှောက်လုံးဖြစ်လာနေတဲ့ ဆန္ဒပြမှုတွေက သက်သေခံနေပါတယ်။ ဟိုးအရင်တုန်းကြုံခဲ့ရတဲ့ စနစ်မျိုး ကျနော်တို့ ပြန်မသွားလိုကြဘူးဆိုတာ အတော့်ကို ရှင်းလင်းပြတ်သားနေပါတယ်။ ဒီနေရာမှာ Freedom from Fear ကြောက်ရွံ့မှုက လွတ်ကင်းရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ထဲက စကားကို ပြန်လည်ကိုးကားလိုပါတယ်။

အခြေခံအကျဆုံးလူ့အခွင့်အရေးတွေ ငြင်းပယ်ခံရတဲ့ စနစ်ကြီးထဲမှာ အကြောက်တရားဆိုတာဟာ နေ့စဉ်ကြုံရမယ့်အရာ ဆိုတာပါပဲ။

ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက် အခိုင်အမာ ထောက်ခံဖို့က အရေးကြီးလှပါတယ်။ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း အလေးအနက် အားပေးကြတဲ့ နိုင်ငံအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အတွင်းရေးမှူးချုပ်၊ အထူးကိုယ်စားလှယ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ကူမယ့်သူ ကင်းမဲ့နေဆဲပါဘဲ။ သဘာပတိကြီးနဲ့ သံအမတ်ကြီးများခင်ဗျား၊ လက်ရှိထောက်ခံမှုတွေအပြင်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အာဏာသိမ်းမှုချက်ချင်း အဆုံးသတ်ရေး၊ အပြစ်မဲ့ပြည်သူတွေကို နှိပ်ကွပ်တာတွေ ရပ်တန့်ရေး၊ နိုင်ငံတော်အာဏာပြည်သူတွေထံ ပြန်လည်အပ်နှင်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက် အပြင်းထန်ဆုံးအရေးယူမှုတွေ ကျနော်တို့ လိုအပ်နေဆဲဖြစ်ပါတယ်။ဒါ့ကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို အောက် ဖေါ်ပြပါအချက်တွေ ဆောင်ကျဉ်းပေးဖို့ ပန်ကြားပါရစေ။

၁။ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း လူသိရှင်ကြားထုတ်ပြန်ပေးရန်။

၂။ အုပ်ချုပ်မှုကောင်စီနဲ့ စစ်အစိုးရကို ဘယ်လိုနည်းနဲ့မှ အသိအမှတ် မပြုရန်။

၃။ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ လေးစားလိုက်နာဖို့ တိုက်တွန်းပေးပါရန်။

၄။ နိုင်ငံတော်ရဲ့ အာဏာကို ရွေးကောက်ခံအစိုးရကတဆင့် ပြည်သူ့ထံ ပြန်လည် မအပ်နှင်း မချင်း၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါရန်။

၅။ လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက်၊ အင်အားသုံးနှိပ်ကွပ်တဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် အပြင်းထန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး အရေးယူမှုတွေနဲ့ စစ်အာဏာသိမ်းမှု ချက်ချင်းရပ်တန့်အောင် ဟန့်တားပေးပါရန်။

၆။ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို တရားဝင်အစိုးရအဖြစ် ထောက်ခံပေးပါရန်။

နိဂုံးချုပ်အနေနဲ့၊ သဘာပတိကြီးခင်ဗျား။ ပြည်သူကနေ၊ ပြည်သူ့အတွက်ရွေးချယ်ပေးတဲ့ ပြည်သူ့အစိုးရ အတွက် ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ကြမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ကြဖို့အတွက် ပြည်သူတွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရက နှစ်ဆတိုး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား။

ကျနော်တို့ရဲ့ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေ၊ ဒီအစည်းအဝေးကို အထူးစိတ်ဝင်တစား ကြည့်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် မြန်မာလို စကားပြောခွင့်ပြုပါ ခင်ဗျား။

- - - - - - - - - - - -

မင်္ဂလာပါ။

ညီအစ်ကိုမောင်နှမများနဲ့ သွေးချင်း ညီနောင် သားချင်းများခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့ စစ်တပ် အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်း လွှတ်ပေးရေး၊ နိုင်ငံတော်အာဏာပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး နဲ့ ဒီအရေးတော်ပုံကြီးအောင်မြင်ရေးကို မိမိတို့အလွှာအသီးသီးမှာ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။

ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။

အရေးတော်ပုံ .. အောင်ရမည်။

ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။

27/02/2021
21/02/2021

Sorry,we close on
22-2-2021
Monday

Address

Yangon
11231,11232

Website

Alerts

Be the first to know and let us send you an email when Cherry Han Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share