Real Myanmar Low Cost Airline Public Company Limited

Real Myanmar Low Cost Airline Public Company Limited We,Myanmar enterprenures are going to support the public to get treval by air within myanmar by low cost and have confort & safety for any destinations.

01/01/2016

မင်္ဂလာရှိသော ၂၀၁၆ နှစ်သစ်အချိန်အခါ ဖြစ်ပါသည်

မြန်မာပြည်သူပြည်သားအပေါင်း စိတ်ဧ။်ချမ်းသာခြင်း၊ကိုယ်ဧ။်ကျန်းမာခြင်းနှင့်ပြည့်စုံ၍
ကောင်းသောအလုပ် ၊ ကောင်းသောအမှု တို့ သည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ကြပါစေ။ စီးပွားဥစ္စာ တိုးပွားကြ၍ အလှူဒါနပြုနိုင်ကြပါစေ။

လက်ရှိလေကြောင်းလိုင်းများအခြေအနေယနေ့ နိုင်ငံတကာလေကြောင်းလိုင်းကြီးတွေထဲက စရိတ်သက်သာလေကြောင်းလိုင်းတွေ ဘာကြောင့်ဖွံ့ ဖြို...
04/12/2015

လက်ရှိလေကြောင်းလိုင်းများအခြေအနေ

ယနေ့ နိုင်ငံတကာလေကြောင်းလိုင်းကြီးတွေထဲက စရိတ်သက်သာလေကြောင်းလိုင်းတွေ ဘာကြောင့်ဖွံ့ ဖြိုးတိုးတက်နေရသလဲ ။

မြန်မာနိုင်ငံအတွင်းမှ လေကြောင်းလိုင်းများ ဘာကြောင့်ဈေးအပြိုင်လျှော့ပီး အချင်းချင်းပြိုင်နေကြရသလဲ၊ ဘာကြောင့် အကြွေးတွေတင်နေရသလဲ၊ ဘာကြောင့် ခရီးသွားရာသီအချိန်လေးကိုပဲ အားထားပြီး အသက်ဆက်နေကြရသလဲလို့ ထင်ပါသလဲ။

မြန်မာပြည်ခရီးသွားလာရေးဖွံ့ ဖြိုးတိုးတက်လာသည်ဆိုတာ အထိုက်အလျောက်တော့ မှန်ပါသည်။
သို့သော် ခရီးသွားလာရေး စရိတ်များ မြင့်မားဆဲဖြစ်သလို၊ ပြည်တွင်းခရီးသွားလာရေးဒေသများတွင်လည်း အစစအရာရာ ဈေးမြင့်မားနေကြပါတယ်။

မြန်မာပြည်ခရီးသွားလာရေးဒေသအတော်များများမှ ဒေသခံများသည်လည်း ခရီးသွားရာသီ ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်ကြသော ခရီးသွားများဧ။် အိတ်ကပ်ထဲမှ ပိုက်ဆံများကိုသာ မှီခိုနေကြရလေသည်။
ခရီးသွားရာသီ ကုန်ချိန်များမှာတော့ ယောင်ချာချာနှင့် ချာလည်နေဆဲဖြစ်ရပေသည်။

ထိုဒေသတွေမှာ ဘာကြောင့်ဈေးမြင့်မားနေရသလဲဆိုတာကတော့ ခရီးသွားရာသီမှာ လာသမျှ ခရီးသွားတွေဆီက ပိုက်ဆံများများရမှ ခရီးသွားရာသီကုန်ချိန်နှင့် ၀င်ငွေမရှိတော့သည့်အချိန်တွင် အသက်ဆက်နိုင်ဖို့  အစစအရာရာကို ဈေးနှုန်းများဟာ ၂ ဆ နီးပါးသတ်မှတ်ထားရသလို ဖြစ်နေသောကြောင့်သာမည်ပေဧ။်။

ထိုနည်းတူ လေကြောင်းလိုင်းများသည်လည်း ရသခိုက်ဈေးတင် ၊ မရတော့သည့်အချိန် ဈေးလျှော့ နှင့် အပြိုင်အဆိုင် ငွေရှာကြရပေသည်။
ထို့ ကြောင့် လေကြောင်းလိုင်းတစ်ခု ရပ်တည်နိုင်ဖို့  ၀င်ငွေကိုဘယ်လိုရှာရမလဲဆိုတဲ့ ငွေဝင်လမ်းကို ချဲ့ထွင်စဉ်းစားသည့်အခါ မြန်မာပြည်မှာ ဈေးအပြိုင်လျှော့တာအပြင် ဘာမှလုပ်လိုမရတော့ပေ။

ထိုကဲ့သို့ ဈေးအပြိုင်လျှော့သည့်အတွက်ကြောင့် ခရီးသည်များလာသည်မှန်သော်လည်း ခဏသာအဆင်ပြေပြီး၊ တခြားလေကြောင်းလိုင်းက ထပ်လျှော့သည့်ဈေးနှုန်းပြောင်းသွားသည့်အခါ ခရီးသည်က မိမိတို့ ဆီမှာ အနုတ်လက္ခဏာပြလာလေသည်။ ၀င်ငွေများတိုးမလာသည့်အခါ ၀န်ထမ်းလစာနှင့် ခံစားခွင့်များ ကနဦးက ပြောထားသလို တိုးမလာတော့ပဲ။
ဝန်ထမ်းများဧ။် အနာဂါတ်မဲ့လာရတော့သည်။

ထို့အတူ လေကြောင်းလိုင်းအမှုထမ်းများသည်လည်း ဘယ်လေကြောင်းလိုင်းက လစာများသလဲ၊ ဘယ်လေကြောင်းလိုင်းက အလုပ်ခေါ်သလဲပဲအာရုံများကာ မိမိတို့ လက်ရှိအလုပ်ထက် တခြားလေကြောင်းလိုင်းက အလုပ်က ပိုကောင်းသည်ဟု ထင်ယောင်ထင်မှားဖြစ်လာကြတော့သည်။

၎င်းနည်းတူ လေကြောင်းလိုင်း ဦးဆောင်သူများသည်လည်း
ဝင်ငွေနှင့် အသုံးစရိတ် မကာမိလာခြင်းများလာသည့်အခါ မိမိလေကြောင်းလိုင်းက ၀န်ထမ်းများထက် အခြားလေကြောင်းလိုင်းက ၀န်ထမ်းတွေက ပိုတော်သည်ဟုထင်လာကြလေသည်။ ထို့ ကြောင့် အခြားလေကြောင်းလိုင်းမှ ၀န်ထမ်းများကို လစာများများပေးပြီး အပြိုင်ခေါ်ကာ ၊မိမိတို့ လေကြောင်းလိုင်းမှာ ခန့်ထားလိုက်ကြသည့်အခါ ၀န်ထမ်းစရိတ်များ ပိုမိုကုန်ကျလာလေတော့သည်။
ထို့ အပြင် ၀န်ထမ်းများအကြား စိတ်ဓါတ်ပျက်ပြားမှုများလည်း တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သောပုံစံများဖြင့် ပေါ်ပေါက်လာရပေတော့သည်။

ဆိုတော့
ပိုမိုများပြားလာသည့် ၀န်ထမ်းစရိတ်များ၊ထို့အတူ မြင့်မားလာသည့်လေဆိပ်အခွန်အခများနှင့် လေယာဉ်အသုံးပြုမှုကုန်ကျစရိတ်များက ၂ ဆနီးပါးတိုးလာသည့်အခါ ခရီးသွားရာသီကာလများမှာ အထိုက်အလျောက် အဆင်ပြေပြေဖြတ်ကျော်နိုင်ပေမယ့် ၊ ရာသီကုန်အချိန်ပြောင်းမှာတော့ လေကြောင်းလိုင်းတွေအကြား လေယာဉ်လက်မှတ်ဈေးအပြိုင်ထပ်လျှော့ကြရအုံးမှာပေါ့။

ထိုကဲ့သို့ ဈေးနှုန်းအပြိုင်လျှော့ချပြီး ပြိုင်ဆိုင်ပျံသန်းပို့ ဆောင်ပေးနေရခြင်းသည် စရိတ်သက်သာ လေကြောင်းလိုင်း မည်ပါသလား။

တကယ်တော့ ထိုကဲ့သို့သော လေကြောင်းလိုင်းသည် စရိတ်သက်သာလေကြောင်းလိုင်းမမည်ပါ။ ဈေးဖျက်တဲ့ လေကြောင်းလိုင်းသာမည်ပေသည်။ထို့အတူ နိုင်ငံတော်ဧ။် စီးပွားရေးအဆောက်အအုံးကြီးတစ်ခုလုံးကို ဒုက္ခဖြစ်စေသည့် ကင်ဆာဝေဒနာခံစားနေရသော လေကြောင်းလိုင်းမည်ပေသည်။

အမှန်တကယ် စရိတ်သက်သာလေကြောင်းလိုင်းဆိုတာ ခရီးသွားသူ၊ ခရီးသွားလုပ်ငန်းလုပ်သူ၊ လုပ်ငန်းနှင့်စပ်ဆိုင်သောသူများ၊ နိုင်ငံတော်ဧ။်စီးပွားရေးဖွံ့ ဖြိုးမှုနှင့် နိုင်ငံသူ/သား အားလုံးဧ။်အကျိုးအတွက် စရိတ်သက်သာစွာဖြင့် အကျိုးကျေးဇူးများစွာ သက်ရောက် ခံစားရစေကာ၊ ရေရှည်ခရီးကို မြော်လင့်ချက်မပျက်မစီးပဲ ခေါင်းဆောင်နှင့်နောက်လိုက်များလက်တွဲအတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် လေကြောင်းလိုင်းမျိုးကသာ
Real Myanmar Low Cost Airline ဖြစ်ပေမည်။

ဒီလိုလေကြောင်းလိုင်းတစ်ခုကို အတူပူးပေါင်းအကောင်အထည်ဖော်ပြီး မလုပ်ဆောင်ချင်ဖူးလား

မြန်မာနိုင်ငံသား အားလုံးပူပေါင်းရင် လွယ်ပါတယ်
အရင်းအနှီးတော့ လိုတာပေါ့
နှမ်းတစ်စေ့နဲ့တော့ ဆီ ဘယ်ဖြစ်မလဲ
ဒါပေမယ့် မြန်မာနိုင်ငံသားတိုင်းက နှမ်းစေ့ဖြစ်ဖို့ တော့လိုတာပေါ့

Real Myanmar Low Cost Airline ကို မြန်မာနိုင်ငံသားအများပိုင် ကုမ္ပဏီ ပုံစံဖြင့် တည်ထောင်ပြီးစတင်မယ်

နှမ်းစေ့ဖြစ်တဲ့ မြန်မာနိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

ပူးပေါင်းပါဝင်လိုသူတွေ စာရင်းပေးသွင်းထားလို့ ရပါသည်

ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို
ထိုင်နေလို့တော့ ဘာမှဖြစ်မလာပါဘူး

မျက်စိမြင်ပေမယ့် မကြည့်ရင်မမြင်ရသလို၊ နားကြားပေမယ့် နားမထောင်ရင် မကြားရဘူး။

မြင်သောမျက်စိ ကြည့်မြင်တက်၍
ကြားသောနားသည် ကြားသိပါစေ

မိတ်ဆွှေ

http://goo.gl/forms/zcXfKRFMVd

Real Myanmar Low Cost Airline မှ မြန်မာနိုင်ငံသားတိုင်းအတွက် ATR 72-600 (2)ATR 42-600 (3) စင်း ဖြင့် ၀န်ဆောင်မှုအပြည့်ပေး...
01/12/2015

Real Myanmar Low Cost Airline မှ မြန်မာနိုင်ငံသားတိုင်းအတွက်
ATR 72-600 (2)
ATR 42-600 (3)
စင်း ဖြင့် ၀န်ဆောင်မှုအပြည့်ပေးလျက်
ဈေးနှုန်းချိုသာစွာဖြင့် ပြေးဆွဲပျံသန်းပို့ဆောင်ပေးမည့် မြန်မာပြည်တွင်း(လျာထား)လေယာဉ်ခရီးစဉ်များ

ဤခရီးစဉ်များသည် မြန်မာပြည်တွင်း လေဆိပ်များမှ လက်တလော လေယာဉ်ဆီပံ့ပိုးပေးနိုင်မှုနှင့် night Landing ပံ့ပိုးပေးနိုင်မှုများကိုလည်းအခြေခံလျာထားခြင်းဖြစ်သလို နောက်ပိုင်း လေဆိပ်မြေပြင်ပံ့ပိုးမှုများပိုမိုကောင်းမွန်ပြည့်စုံလာပါက
ခရီးစဉ်များ တိုးချဲပျံသန်းပို့ဆောင်ပေးသွားနိုင်မည်ဖြစ်ပါသည်။

၁။ ရန်ကုန်-ဟဲဟိုး-တာချီလိတ်-ကျိုင်းတုံ-ဟဲဟိုး-လားရှိုး-မန္တလေး-ဟဲဟိုး-ကျိုင်းတုံ-ရန်ကုန်

၂။ ရန်ကုန်-မြစ်ကြီးနား-ဗန်းမော်-မြစ်ကြီးနား-ပူတာအို-မြစ်ကြီနား-ခန္တီး-မြစ်ကြီးနား-မန္တလေး-ရန်ကုန်

၃။ ရန်ကုန်-မန္တလေး-လားရှိုး-မန္တလေး-ဗန်းမော်-မန္တလေး-ဟုမ္မလင်း-မန္တလေး-ဟဲဟိုး-ရန်ကုန်

၎။ ရန်ကုန်-သံတွဲ-စစ်တွေ-ပုဂံ-မန္တလေး-ဟဲဟိုး-သံတွဲ-ရန်ကုန်

၅။ ရန်ကုန်-နေပြည်တော်-သံတွဲ-ဟဲဟိုး-မန္တလေး-ရန်ကုန်

၆။ရန်ကုန်-ပုဂံ-မန္တလေး-မြစ်ကြီးနား-လားရှိုး-ဟဲဟိုး-ရန်ကုန်

၇။ရန်ကုန်-သံတွဲ-မန္တလေး-နေပြည်တော်-ရန်ကုန်

၈။ ရန်ကုန်- နေပြည်တော်-ပုဂံ-မန္တလေး-ဟဲဟိုး-မန္တလေး-ရန်ကုန်

၉။ ရန်ကုန်-ကျောက်ဖြူ-စစ်တွေ-ပုဂံ-ရန်ကုန်

၁၀။ရန်ကုန်-မန္တလေး-ဟုမ္မလင်း-မန္တလေး-ကလေး-မန္တလေး-ရန်ကုန်

၁၁။ ရန်ကုန်-မော်လမြိုင်-ထားဝယ်-ရန်ကုန်

၁၂။ရန်ကုန်-လွိုင်ကော်-ဟဲဟိုး-ပုဂံ-ရန်ကုန်

၁၃။ ရန်ကုန်-မော်လမြိုင်-ထားဝယ်-ကော့သောင်း-ရန်ကုန်

၁၄။ ရန်ကုန်-ကော့သောင်း-ထားဝယ်-မော်လမြိုင်-ရန်ကုန်

၁၅။ရန်ကုန်-ဟဲဟိုး-မြစ်ကြီနား-မန္တလေး-ပုဂံ-နေပြည်တော်-ရန်ကုန်

ထို့အပြင် ခရီးသည်များအတွက် ရန်ကုန်လေဆိပ်အဆင်းခရီးသည်များအတွက်
လေဆိပ်-၈မိုင်-လှည်းတန်း-ဆူးလေ
လေဆိပ်-ခရေပင်လမ်းခွဲ-ရွှေပြည်သာ
လေဆိပ်-မြောက်ဒဂုံ-တောင်ဥက္ကလာပ
လေဆိပ်-မြောက်ဥက္ကလာ-ဆူးလေ
အထိ ခရီးသည်ပို့ဆောင်ရေးဘက်စ်ကားများစီစဉ်ပေးမည်

နေပြည်တော်၊ လေဆိပ်အဆင်းခရီးသည်များအတွက်
လေဆိပ်မှမြို့ မဈေးအထိ ခရီးသည်ပို့ ဆောင်ရေးဘက်စ်ကားများစီစဉ်ပေးမည်

မန္တလေး လေဆိပ်အဆင်းခရီးသည်များ
လေဆိပ်မှ မန္တလေးမြို့ တွင်းအထိ

၊ပုဂံ လေဆိပ်အဆင်းခရီးသည်များအတွက်
လေဆိပ်မှ ပုဂံမြို့ သစ် လောကနန္ဒာဘုရားအထိ ခရီးသည်ပို့ ဆောင်ရေး ဘက်စ်ကားများစီစဉ်ပေးထားမည်ဖြစ်သည်။

ကျန်လေဆိပ်များတွင် ဈေးနှုန်းသက်သာသော ကုမ္ပဏီနှင်အကျိုးတူအငှားယာဉ်များစီစဉ်ပေးထားမည်ဖြစ်သည်။

၎င်းအပြင် မြန်မာပြည်တွင်း တစ်နယ်မှ တစ်နယ်သို့  မိတ်ဆွှေသူငယ်ချင်းမိသားစုအလိုက် ဘုရားဖူး၊လေ့လာရေးခရီးသွားသူ ခရီးသွားအဖွဲ့ များ ဈေးနှုန်းသက်သာစွာဖြင့် သက်သောင့်သက်သာ တည်းခိုနေထိုင်နိုင်မည့် ကုမ္ပဏီဧ။်အကျိုးတူ ဧည့်ရိပ်သာများကိုလည်း စီစဉ်ပေးထားမည်ဖြစ်သည်

လေယာဉ်လက်မှတ်များကိုလည်း မိမိတို့ နှင့် နီးစပ်ရာ လေယာဉ်လက်မှတ်အရောင်းဌာနများတွင် လွယ်ကူစွာဝယ်ယူနိုင်ရန် စီစဉ်ထားမည့်အပြင် ခရီးသွားလိုသူတိုင်း ပြည်တွင်းဘဏ်တခုခုဧ။် Credit ကဒ်များဖြင့် အင်တာနက်အွန်လိုင်းမှ အချိန်မရွေးတိုက်ရိုက်ဝယ်ယူနိုင်အောင်စီစဉ်ထားမည်ဖြစ်သည်။

ဘယ်နေရာ-ဘယ်အချိန်ဝယ်ဝယ် ဈေးနှုန်းတမျိုးတည်းဖြင့်ဝယ်ယူနိုင်ပြီး၊ ၀ယ်ယူပြီး လက်မှတ်များကို ခရီးသွားမည့်နေ့ရက်ကို ပြောင်းလဲနိုင်သလို၊ သွားမည့်ခရီးသည်အမည်ပြောင်းလဲခွင့်ရှိပေမည်။ ပြောင်းလဲခြင်းအတွက် အခကြေးငွေပ် အနည်းငယ်ထပ်ပေးရမည်ဖြစ်သည်။ သို့ သော် ၀ယ်ပြီးလက်မှတ်အတွက် ခရီးသည်မှ မသုံးဖြစ်ပါက ငွေပြန်အမ်းခြင်းမရှိပေ။

လေယာဉ်လက်မှတ်များကို အင်တာနက်မှအွန်လိုင်းစံနစ်ဖြင်း ရောင်းချခြင်း၊ငွေပေးခြင်းအသုံးပြုမှာဖြစ်သည့်အတွက်
မသေချာသောထိုင်ခုံနေရာများအတွက် ကြိုတင် ဘွက်ကင်လုပ်ထားခွင့်မရှိပေ။ မိမိတို့ သွားလိုသည့် ခရီးစဉ်၊နေ့ရက်အတွက် ကြိုတင်ဝယ်ယူထားခွင့်ပေးထားပြီး။ ၎င်း လက်မှတ်သက်တမ်းသည် ၆ လအတွင်း အသုံးပြုရမည်ဖြစ်သည်။

လေယာဉ်လက်မှခများကို ငွေကြေးတန်ဖိုးအတက်အကျကိုလိုက်၍ တစ်နှစ်လျင် တစ်ကြိမ်သာ အပြောင်းအလဲရှိမည်ဖြစ်သည်။

လေယာဉ်လက်မှတ်ကိုယ်စားလှယ်ရောင်းလိုသူများသည် မိမိတို့ဧ။်အစီအစဉ်ဖြင့် အင်တာနက်အသုံးပြုကာ ရောင်းချရမည်ဖြစ်ပြီး၊ မိမိတို့အတွက် အကျိုးအမြတ်ကို လေယာဉ်လက်မှတ်ခဧ။် ၁၀ % ရရှိမည်ဖြစ်သည်။
ငွေပေးချေမှုအတွက် ပြည်တွင်းဘဏ်တခုခုဧ။် credit ကဒ်ကို အသုံးပြု၍ပေးချေနိုင်သလို ၊ ကုမ္ပဏီသို့ ကြိုတင်ပေးချေငွေအပ်နှံကာ ရောင်းချနိုင်မည်အထိ အဆင်ပြေအောင် စီစဉ်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသားတိုင်း လေယာဉ်စီးပြီး ခရီးသွားနိုင်ရမည်
မြန်မာနိုင်ငံသားတိုင်း အခွင့်အရေးတန်းတူရှိသည်။
မြန်မာနိုင်ငံသားတိုင်း REAL MYANMAR LOW COST AIRLINE ဧ။် ပိုင်ရှင်အဖွဲ့ဝင်များဖြစ်ခွင့်ရှိသည်။

အကျိုးအမြတ်သည် ကာလရှည်အတွက် အခွင့်အရေးကောင်းဖြစ်သည်။

မြန်မာနိုင်ငံသားတစ်ယောက်သည် အနည်းဆုံး share ၁ ယူနစ်မှ ယူနစ် ၁၀၀ အထိ ရယူခွင့်ရှိသည်။

မိမိတို့ ရယူထားသောရှယ်ယာများသည် နောင်တစ်ချိန်တွင် မြန်မာပြည် ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်မှာ ထိပ်ဆုံးမှ နေရာယူလာသော ရောင်းဝယ် ဖလှယ်ကုန်တစ်ခုဖြစ်လာပေမည်။

ယခုအခါ ပဏာမ အဖွင့် Capital share အတွက် ရှယ်ယာ
ယူနစ် (၁) သန်းကို ခေါ်ယူမည်ဖြစ်ပြီး
မြန်မာနိုင်ငံသားတိုင်း လွတ်လပ်စွာ ပူးပေါင်းပါဝင် ရယူခွင့်ရှိသည်။

ရှယ်ယာ (၁)ယူနစ် ကို မြန်မာငွေ ကျပ် (၅) သိန်းသတ်မှတ်ထားပါသည်။

လောလောဆယ် ရှယ်ယာဝယ်ယူထည့်ဝင်လိုသူများအတွက် ကြိုတင်စာရင်းဖြည့်စွက်ပေးပို့ ထားနိုင်ပြီး ၊ ငွေပေးသွင်းမှုအတွက် နိုင်ငံတော်အစိုးရခွင့်ပြုချက်ရပြီးချိန်တွင် ပြန်လည်ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားတိုင်း ကိုယ်ပိုင်အားဖြင့် မြန်မာနိုင်ငံသားအများပိုင် လေကြောင်းလိုင်းကို အကောင်းဆုံးထူထောင်ပြီး မြန်မာနိုင်ငံသား ဆင်းရဲချမ်းသာမရွေး မြန်မာပြည်အတွင်း ဒေသမရွေး၊အချိန်မရွေး၊ လေယာဉ်စီးပြီးခရီးသွားနိုင်ဖို့ 
မြန်မာနိုင်ငံသားတို့ ဝိုင်းဝန်းထူထောင်အကောင်အထည်ဖော်နိုင်ကြဖို့  ဖိတ်ခေါ်လိုက်ရပါသည်။

ယခုလက်ရှိအချိန်တွင် Public company rule & regulation ကိုပူးတွဲ၍ Airline business planning အပြည့်အစုံကို ရေးဆွဲ တင်ပြ နိုင်ရေးအတွက်
စိတ်ပါဝင်စားသူ- share capital များအမှန်တကယ် ထည့်ဝင်လိုသူ ၊ပြည်သူလူထုပိုင်တဲ့ အများပိုင်ကုမ္ပဏီ အဖြစ် ပူးပေါင်းပါဝင်လုပ်ကိုင်လိုသူများကို စာရင်းကောက်ယူနေခြင်းဖြစ်ပါသည်။


ပူးပေါင်လက်တွဲပါဝင်လိုသူများ ဤ Entry Form ကို ဖြည့်စွက်ပြီး ပို့ပေးနိုင်ပါသည


http://goo.gl/forms/zcXfKRFMVd

we  are drawing a plan to found for low cost Airline as public company limited by initiated founders and also arrange to...
27/11/2015

we are drawing a plan to found for low cost Airline as public company limited by initiated founders and also arrange to call for share from Myanmar Citizen and arrange to invite other business owners who are doing in the fields of bank, hotel and livestock Market for additional share capital.

We submitted for share capital is US$ 400 million first step and divided into 1 million units of share and one unit price is 500000 MMK (USD 400/share by current exchange rate).

In December 2015, Yangon stock exchange will be opened and when after our airline have a certificate to operate from DCA & Government, we will connect with Yangon Stock Exchange to register our public company in to stock market for all share holders to buy & sell our company's stock share.


That is our planning for initiated share capital accumulation process.

Our operating flight plans are especially for four main area of Myanmar. These are
1.Upper Myanmar area (base in Myitkyina to putao , khantee, Bahmaw- Kachin state area )

2. Eastern Area (base in Heho to Tachileik, kyington - shan state area)

3.Middle & west area( Mandalay to Thandwe,Sittway-Rakhine State area, Began )

4. Main base in Yangon for all flights and connecting flight for Other three base areas of Myitkyeena, Mandalay and Heho hub.

Our airline is especially dedicated to all Myanmar citizen to go and visit into all areas of Upper , eastern, middle & west and lower Myanmar area by air traveling with low cost.

At the current air traveling cost are very high for Myanmar citizens and much of Myanmar people have a no chance to fly for their trips and they could not able to buy air ticket.

If one Myanmar people have a chance to travel by air , that person is lucky person in this life and all people wanted to be lucky man.

At the time of moment, traveling by air within Myanmar only is Big Dream of all Myanmar people.

So, we are decided to found low cost airline public company limited for all Myanmar people to fly for their trip by low cost and convenience for all their destinations in the whole country area of Myanmar at anytime.

For low cost carrier to use, we selected ATR 600 series aircraft and its base on our country weathers and airports situations, air traveling market situation and fuel consumption and environmental safety and technical performance ,supporting services, spare parts available zone and engineering professional resources available.

That is our main idea and planning.

We encourage all Myanmar People come to joint with us by investing your little contribution and be a share holder and stock brokers in coming Stock Market developing...

if you interested to buy share from our airline,
fill up and submit your contribution list first please....

https://l.facebook.com/l.php?u=http%3A%2F%2Fgoo.gl%2Fforms%2FzcXfKRFMVd&h=qAQHi9fdZ

Collecting Data အတွက် အောက်ဖော်ပြပါ အချက်အလက်များကို ကျေးဇူးပြု၍ ပြန်လည်ဖြည့်စွက်ပါ

Just for learn about Capital & Share...
14/11/2015

Just for learn about Capital & Share...

လောလောဆယ် ဒီနေရာဒေသတွေကို ပျံးသန်းမည်ဟု အစီစဉ်ဆွဲထားပါသည်အဓိကခရီးစဉ်များကိုတော့ရန်ကုန် ဗဟိုပြုမန္တလေးဗဟိုပြုမြစ်ကြီးနား ဗ...
12/11/2015

လောလောဆယ် ဒီနေရာဒေသတွေကို ပျံးသန်းမည်ဟု အစီစဉ်ဆွဲထားပါသည်

အဓိကခရီးစဉ်များကိုတော့
ရန်ကုန် ဗဟိုပြု
မန္တလေးဗဟိုပြု
မြစ်ကြီးနား ဗဟိုပြု
ကျိုင်းတုံဒေသဗဟိုပြု
နေပြည်တော်ဗဟိုပြု
ပုဂံဒေသ ဗဟိုပြု့ ပျံသန်းမည်

ဈေးနှုန်းများကို အနည်းဆုံး ၃ သောင်း၊အများဆုံး ၇သောင်းခွဲ သတ်မှတ်ရန်စီစဉ်ထားသည်

မြန်မာနိုင်ငံသားတိုင်း မြန်မာပြည်ဒေသအနှံ့  ဈေးနှုန်းသက်သက်သာသာဖြင့် လေယာဉ်စီးပြီး ခရီးသွားနိုင်မည်။

ကမ္ဘာမပတ်နိုင်ရင်တောင် မြန်မာနိုင်ငံသားတိုင်း မြန်မာပြည်အနှံ့က အထင်ကရနေရာတွေ ကို အဖိုးအခသက်သာစွာဖြင့် ဘုရားဖူး၊ လေ့လာရေး၊အပန်းဖြေ၊စီးပွားချဲ့ထွင်၊ဘာကိစ္စဖြင့် သွားချင်သွားချင် အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာချင်တိုင်း အလွယ်တကူ၊ လျင်မြန်စွာ သွားလာလည်ပတ်နိုင်ဖို့  Real Myanmar Low Cost Airline ကတာဝန်ယူ ပို့ဆောင်ပေးမှာဖြစ်တယ်။

အင်တာနက်ဖြင့်ကမ္ဘာကြီးကို ရွာကြီးလိုပြောင်းနိုင်ပေမယ့်
မြန်ပြည်အနှံ့ ခြေဆန့်နိုင်ဖို့  လွယ်ကူလျင်မြန်သက်သာစွာ ၀န်ဆောင်မှုပေးမှာ Real Myanmar Low Cost Airline ပါ

မြန်မာနိုင်ငံသားတိုင်း အစုရှယ်ယာ တစ်ယူနစ်ကိုပင် မြန်မာငွေ ၅ သိန်း ဖြင့် ရင်းနှီးထည့်ဝင်ထားလိုက်ရုံဖြင့် မိမိတို့ မိသားစုတစ်ခုလုံးဧ။် ဘ၀တစ်သက်တာလုံး လေယာဉ်ခရီးဖြင့်မြန်ပြည်အတွင်းကို Real Myanmar Low Cost Airline ဧ။် ပိုင်ရှင် ၊ အထူးခရီးသွားပုဂ္ဂိုလ်အနေဖြင့်ပင် ဂုဏ်သိက္ခာရှိစွာဖြင့် စီးနှင်းသွားလာအသုံးပြုခွင့်ရနေမည်ဖြစ်သည်

မိမိတို့ဧ။် ထည့်ဝင်ရှယ်ယာဧ။် နှစ်စဉ်အမြတ်ဝေစုများသည်လည်း တစ်သက်တာရရှိနေမှာဖြစ်ပါတယ်။
မိမိမရှိတော့ရင်လည်း မိမိတို့ ဧ။် မျိုးဆက်နာမည်ဖြင့်လွှဲပြောင်းထားနိုင်မည်ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံဧ။် စတော့အိပ်ချိန်းများတိုးတက်ဖွံ့ ဖြိုးလာချိန်တွင်လည်း ရှယ်ယာများ ရောင်းချဝယ်ယူနိုင်ခွင့်ရလာကြမှာဖြစ်ပါတယ်

မြန်မာနိုင်ငံသားတိုင်း ဆင်းရဲသား၊လူချမ်းသာ၊ ပညာတက်၊ပညာမတက်၊ဘွဲ့ ရရ-ဘွဲ့ မရရ-မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆို
အရင်းအနီှး တစ်စုအခြေပြုပြီး မြန်မာနိုင်ငံသားအများပိုင်လေကြောင်းလိုင်း Real Myanmar Low Cost Airline မှာ ရှယ်ယာထည့်ဝင်ပြီး ၊ လေကြောင်းလိုင်းပိုင်ရှင်၊ အထူးခရီးသွားပုဂ္ဂိုလ်အဖြစ် ဂုဏ်ရှိရှိရပ်တည်သွားကြရအောင် မိတ်ဆွှေတို့

You Myanmar Citizen,
Real Myanmar is Your best Airline for your Trip ....

Get it now...
Invest your little contribution for your family long life....

http://goo.gl/forms/zcXfKRFMVd

Real Myanmar Low Cost Airline. အနေဖြင့် မြန်မာနိုင်ငံဧ။် နေရာဒေသ ရာသီဥတု  သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော၊ပြည်သူပြည်သား...
10/11/2015

Real Myanmar Low Cost Airline. အနေဖြင့် မြန်မာနိုင်ငံဧ။် နေရာဒေသ ရာသီဥတု သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော၊ပြည်သူပြည်သားတို့ဧ။်ခရီးသွားလာနိုင်မှုအခြေအနေများနှင့် လေကြောင်းလိုင်းဈေးကွက်နှင့်အသင့်တော်ဆုံးဖြစ်သော၊ ဈေးနှုန်းသက်သာလေကြောင်းလိုင်းများအတွက် အထူးစီစဉ်ထုတ်လုပ်ထားသော ၊ ပြင်သစ်နိုင်ငံထုတ်
ATR 72-600. (2) Aircraft & ATR- 42-600 (3) Aircraft
လေယာဉ်အသစ်အမျိုးအစားများဖြင့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင်စတင်သွားမည်ဖြစ်ပါသည်။

လေကြောင်းလိုင်းတွင်တာဝန်ထမ်းဆောင်မည့်
လေယာဉ်အမှုထမ်းများအားလုံးကို အသက် ၁၈ နှစ်မှ အသက် ၅၀ အတွင်းရှိသူများကိုသာ ခန့်အပ်မည်ဖြစ်ပြီး၊
ဝန်ထမ်းလစာများကို လုပ်ငန်းအမျိုးအစားအလိုက် ပထမ ၂ နှစ်ကာလအတွင်းမှာတော့ မြန်မာငွေဖြင့် အနည်းဆုံး ၁သိန်းခွဲမှ အများဆုံး ကျပ် ၁၅ သိန်းအထိသာ ပေးမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် လစာများကို နိုင်ငံတော်ဧ။်စံသတ်မှတ်ချက်များနှင့်အညီ ပေးနိုင်မည်ဖြစ်ပါသည်။

လေယာဉ်အမှုထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများထဲမှ
အိမ်ခန်းငှား ၀န်ထမ်း လူပျို/အပျို လူလွတ်များအတွက် ကုမ္ပဏီမှ တိုက်ခန်းများစီစဉ်ပေးမည်ဖြစ်ပြီး ၊ နေထိုင်သူဝန်ထမ်းအနေဖြင့်ရေမီးမိလ္လာခများသာ စုပေါင်းကျခံရမည်ဖြစ်ပါသည်။

ဝန်ထမ်းများသည် လုပ်သက်အလိုက် အကျိုးခံစားခွင့်ကို သီးခြားစီစဉ်ပေးထားမည်ဖြစ်ပြီး၊ကျန်းမာရေးနှင့် ပင်စင်ထောက်ပံ့စရိတ်များအတွက် စီစဉ်ထားမည်ဖြစ်သည်။

ဝန်ထမ်းတိုင်းသည် မြန်မာနိုင်ငံအလုပ်သမားဥပဒေအရသတ်မှတ်ထားသော အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ကို ချုပ်ဆိုရမည်ဖြစ်သည်။

ပထမဦးစွာ အဲလိုင်းဧ။် မတည်ငွေများစုဆောင်းရန်အတွက် အစုရှယ်ယာများထဲမှ ယူနစ် ၁၀၀၀၀၀၀ ( ၁ သန်း) ကို စတင် ခေါ်ယူမှာဖြစ်ပါတယ်။
ရှယ်ယာ တစ်ယူနစ်ကို မြန်မာငွေ ( ၅) သိန်းကျပ်သတ်မှတ်ထားပြီး ၊ မြန်မာနိုင်ငံသားမှန်သမျှ ပါဝင်နိုင်ပါသည်။
မြန်မာနိုင်ငံသားတစ်ဦးလျှင် ရှယ်ယာ ၁ ယူနစ်မှ ယူနစ် ၁၀၀ အထိ ရယူနိုင်ပြီး ၊ ပြည်တွင်းမှာနေသူဖြစ်ဖြစ်၊ ပြည်ပမှာနေသူဖြစ်ဖြစ် ၊ မြန်မာနိုင်ငံသားမှန်သမျှ လူမျိုးဘာသာမရွေး၊ တောရွာ ၊ မြို့ တော်မရွေး နိုင်ငံသားတိုင်း မိမိတို့တက်စွမ်းနိုင်သည့် ပမာဏအလျောက် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါသည်။်

ရှယ်ယာရှင်များအတွက် နှစ်စဉ်အမြတ်ဝေစုများကို မိမိတို့ဧ။် အစုရှယ်ယာဧ။် ရာခိုင်နှုန်းအလိုက်ရရှိမည်ဖြစ်သည်။

ရှယ်ယာရှင်များအတွက် အထူးလေယာဉ်ခရီးသွားခွင့်ကဒ်ထုတ်ပေးထားပြီး ထိုကဒ်ဖြင့် ၎င်းဧ။် မိသားစု-သူငယ်ချင်း၊မိတ်ဆွှေ မည့်သူကိုမဆို အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး၊ မည်သည့်ရှယ်ယာဝင်ကိုမျှ အခမဲ့လေယာဉ်စီးခွင့်ပေးမည်မဟုတ်ပါ။

် ကုမ္ပဏီဧ။်လုပ်ငန်းပိုင်းများနှင့်အုပ်ချုပ်မှုအပိုင်းတွင် ပြင်ပသီးခြား ပညာရှင်များဖြင့်သာ ဖွဲ့စည်းလုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ရှယ်ယာရှင်များသည် အဲလိုင်းဧ။်ပိုင်ရှင်သူဌေးများအနေဖြင့်သာ ရပ်တည်နေရမည်ဖြစ်သည်။ ရှယ်ယာရှင်များဧ။်မိသားစုဝင်များမှ ကုမ္ပဏီတွင်အလုပ်လုပ်သောသူများသည်လည်း သက်ဆိုင်ရာအလုပ်နယ်ပယ်ဧ။် လိုအပ်သောအရည်အချင်းသတ်မှတ်ချက်များနှင့်ပြည့်မှီက ၀င်ရောက်လျှောက်ထားရွေးချယ်ခံခွင့်ရှိပါသည်။ သို့ သော ၀န်ထမ်းခန့်ထားရေးသည် အစုရှယ်ယာပိုင်ဆိုင်မှုဖြင့် လွှမ်းမိုးမှုမရှိပေ။

ဝန်ထမ်းများခန့်ထားမှုသည် ရှယ်ယာဝင်များဧ။် လွှမ်းမိုးမှုမရှိစေရဘဲ အုပ်ချုပ်မှုအဖွဲ့ဧ။်ရွေးချယ်ဆုံးဖြတ်ခန့်ထားခြင်းများဖြစ်သည်။
ဝန်ထမ်းများအနေဖြင့် ရှယ်ယာပါဝင်နိုင်ခွင့်ရှိသည်။
ရှယ်ယာရှင်များသည် မိမိတို့ ရှယ်ယာကို အခြားသူအား လွှဲပြောင်းခွင့်ရှိသည်။ သို့သော် ရှယ်ယာဝင်အချင်းချင်းသာလွှဲပြောင်းခွင့်ရှိပြီး လွှဲပြောင်းရှယ်ယာသည် တစ်ကြိမ်သာလွှဲပြောင်းခွင့်ရှိသည်။

ရှယ်ယာရှင်တိုင်းသည် ကုမ္ပဏီမှပြုလုပ်သော အမှတ်တရပွဲများ၊ပါတီပွဲများ၊ လူမှုရေးဆိုင်ရာပွဲများတွင် မိသားစုအားလုံး တရားဝင်တက်ရောက်ခွင့်ရမည်ဖြစ်ပြီး၊အခြားအကျိုးခံစားခွင့်များကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ပါသည်

အခြားအသေးစိတ် အချက်အလက်များနှင့် လုပ်ငန်းစဉ်အကြောင်းအရာများကို ဆက်လက်တင်ပြပါမည်

Dear our people of Myanmar over the World,
Real Myanmar is your best Airline....

Come and invest your little contributions for Big changes of our country development .

http://goo.gl/forms/zcXfKRFMVd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Real Myanmar Low Cost Airline Public Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share