Travel Queen Travel & Tour

Travel Queen Travel & Tour For happier trips connecting with Travel Queen. Travel at your leisure. Travel in style. Travel in

အရမ်းလှပတဲ့ မြိတ်ကျွန်းစုကို အတူတူ သွားလည် ကြရအောင်
15/12/2017

အရမ်းလှပတဲ့ မြိတ်ကျွန်းစုကို အတူတူ သွားလည် ကြရအောင်

မြန်မာနိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ အလွန်မှ လှပပြီး မြင်သက်ရှုမြောဖွယ်ကောင်းတဲ့ ရေအောက်ကမ္ဘာတစ်ခုရှိတယ်ဆိုတာ သင်သိပါသလား။ ကျွ...
15/12/2017

မြန်မာနိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ အလွန်မှ လှပပြီး မြင်သက်ရှုမြောဖွယ်ကောင်းတဲ့ ရေအောက်ကမ္ဘာတစ်ခုရှိတယ်ဆိုတာ သင်သိပါသလား။ ကျွန်းပေါင်း ၈၀၀ကျော်ရှိနဲ့ ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစုမှာ ဖြူဖွေးပြီးနူးညံ့အိစက်လွန်းတဲ့ သဲဖြူကမ်းခြေတွေ၊ ကျောက်စရစ်ခဲချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ်းခြေတွေ၊ စိမ်းလဲ့ကြည်ပြာနေတဲ့ ရေပြင်ကျယ်၊ သန္တာကျောက်အမျိုးမျိုးနဲ့ ရေသတ္တဝါမျိုးစုံတွေ ရှိပါတယ်။

ခုအချိန်ဟာ ခရီးသွားရာသီဖြစ်တာနဲ့ အညီ ကျွန်းတွေကို လည်ပတ်လို့ ကောင်းတဲ့ အချိန်လည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တောင်ဖျားမြို့တော်ဖြစ်တဲ့ ကောင့်သောင်းနဲ့ လှပလွန်းတဲ့ ရေအောက်ကမ္ဘာကို သွားရောက်လည်ပတ်ချင်သူများအတွက် ခရီးစဉ်လေးတွေ တင်ပြပေးလိုက်ပါတယ်နော်။

ရန်ကုန် - ကော့သောင်း - ညောင်ဦးဖီး ခရီးစဉ်
Package A (၂ည ၃ရက်) : 645,000
Package B (၃ည ၄ရက်) : 789,000
Package C (၄ည ၅ရက်) : 890,000

ပါဝင်တဲ့ ဝင်ဆောင်မှုတွေကတော့
✔️ ရန်ကုန် - ကော့သောင်းအသွားအပြန် လေယာဉ်လက်မှတ်
✔️ မနက်စာ၊ နေ့လယ်စာ၊ ညစာ
✔️ ကြယ်၅ပွင့်အဆင့်ရှိ Victoria Cliff Hotel & Resort တွင် နှစ်ယောက်တစ်ခန်းနှုန်းဖြင့် ညအိပ်ခွင့်
✔️ ညောင်ဦးဖီးကျွန်းပေါ်တွင် Bungalow Tent များဖြင့် ညအိပ်ခွင့်
✔️ စက်လှေအကြိုအပို့
✔️ ကော့သောင်းမြို့၊ မလိဝမ်းရေတံခွန်များလည်ပတ်ရန် အစီအစဉ်
✔️ Snorkeling လုပ်ရန်အတွက် လိုအပ်သည့် ပစ္စည်းများ

(လူဦးရေပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိနိုင်ပါသည်။)

အပန်းလည်းပြေ စိတ်ကြည်လင်မှုလည်းရ လေကောင်းလေသန့်ရှိပြီး သဘာဝတရားကြီးနဲ့ ထိတွေ့မှု ရရှိဖို့ ခုပဲ ဝန်ဆောင်မှုအကောင်းဆုံးပေးမယ့် Travel Queen Travel & Tour ရဲ့ ဖုန်း 09 253 099 905, 09 450 449 355 ကို ဖုန်းဆက်လိုက်နော်။ Chat Box ကနေလည်း စုံစမ်းလို့ ရတယ်နော်။

ဝန်ထမ်းအလိုရှိသည်။ကျွန်မတို့ Travel Queen Travel & Tour Co., Ltd. တွင် အောက်ပါ ရာထူးကို June လ 10 ရက်နေ့ နောက်ဆုံးထား၍ေ...
25/05/2017

ဝန်ထမ်းအလိုရှိသည်။

ကျွန်မတို့ Travel Queen Travel & Tour Co., Ltd. တွင် အောက်ပါ ရာထူးကို June လ 10 ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

Tour Operation Staff ကျား(၂)ဦး
• အခြေခံပညာ အထက်တန်းအဆင့် အနည်းဆုံး အောင်မြင်ပြီးသူ
ဖြစ်ရမည်။
• အသက် (၂၄) နှစ်မှ (၃၀) အတွင်းဖြစ်ရမည်။
• အချိန်မရွေး ခရီးသွားနိုင်ရမည်။
• ခရီးသွား ဝါသနာပါရမည်။
• အင်္ဂလိပ်စာ (4 Skills) သို့ ဘာသာစကားတစ်ခုခု
တက်မြောက်သူအား ဦးစားပေးမည်။
• အဖွဲ့အစည်းဖြင့် အလုပ်လုပ်နိုင်ရမည်။
• အပြောအဆို ယဉ်ကျေးချိုသာပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
• Tour Operation အားအမှန်တကယ် စိတ်ဝင်စားသူ ဖြစ်ရမည်။
• အတွေ့အကြုံရှိရန်မလို
• အလုပ် ချက်ချင်းစနိုင်သူဖြစ်ရမည်။

အခြေခံလစာ -- ညှိနှိုင်း

အထက်ဖော်ပြပါ ရာထူးအား အမှန်တကယ် စိတ်ဝင်စား၍ လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင် အပြည့်အစုံ၊ ပညာရေး ထောက်ခံစာ မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံ (၁)ပုံ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ မူရင်း၊ အလုပ်သမား မှတ်ပုံတင် မူရင်းနှင့် မိတ္တူများနှင့် အတူ ၁၀-၆-၂၀၁၇ နောက်ဆုံးထားပြီး Travel Queen Travel & Tour ရုံးခန်းသို့ ရုံးဖွင့်ချိန် အတွင်း လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။

Comment, Message Box, Email တို့မှ လျှောက်ထားခြင်းများအား လက်ခံမည် မဟုတ်ပါ။

၁၄၉-၁၅၁ (မြေညီထပ်) ဗိုလ်တထောင်ဘုရားလမ်း (မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း -- 09450449355, 09450449366, 09253099905

26/03/2017
27/02/2017

MYANMAR!!! LOVELY PEOPLE. LOVELY PLACE. HISTORIC, UNEXPLORED, FRIENDLY. COME AND VISIT US!!!

26/01/2017

Travel Queen Travels & Tours Co., Ltd.

We are a team of well-experienced and well-trained people who have been in the Tourism industry for over a decade. We started from the bottom and with a lot of hard works and experience, finally, we can establish a travel company of ourselves after saving our hard-earned money for many months. Our solid team’s main goal is to give the best service to each and every visitor, considering their comfort, accommodation and stay with full satisfaction within the budgetary provisions of the visitor. We strongly believe we can and will give the best services based on our experiences. Our promise to you is the safety, standard and satisfaction for you. Our top priority is safety for our visitors because we care about you. The standard we provide you will be well maintained for you because we are not prepared to compromise on the quality we provide to you. Simultaneously we want to fulfill your desire to achieve your full satisfaction because our success can only be measured by your satisfaction.

*****Honeymoon အတွက် Special Tour Package -  I ဖြစ်ပါတယ်****  1: Yangon – Bagan (L, D)◙ မင်္ဂလာဇနီးမောင်နှံစုံတွဲ၏ တည်နေရာ...
07/09/2016

*****Honeymoon အတွက် Special Tour Package - I ဖြစ်ပါတယ်****

1: Yangon – Bagan (L, D)

◙ မင်္ဂလာဇနီးမောင်နှံစုံတွဲ၏ တည်နေရာမှ လေဆိပ်သို့ သီးသန့် Air-coned ကားဖြင့်ပို့ဆောင်ပေးပါမည်။
◙ ညောင်ဦးသို့ လေယာဉ်ဖြင့်သွားပြီး ဆိုက်ရောက်လျှင် သီးသန့် Air-coned ကားဖြင့် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး နေ့လည်ထိ နားနေနိုင်ပါသည်။
◙ နေ့လည်စာ ထွက်စားပြီးလျှင် ရှေးဟောင်းသုတေသနနယ်မြေအား လည်ပတ်ရင်း ဘုရားများအား ဖူမျှော်ပြီး ရာသက်ပန်အချစ်ခရီးအတွက် လိုရာဆုတောင်းနိုင်ပါမည်။
◙ လှပတဲ့ ညနေ နေဝင်ချိန်ကို ပုထိုးပေါ်ကနေ ကြည့်ရင်း ကြင်စဦးဇနီးမောင်နှံတို့ အသက်တွေကြီးသွားတဲ့အထိ မရိုးသွားမယ့် နေဝင်ရီတရောအချိန်ကို နောင်မျိုးဆက်လေးတွေကို ပြလို့ရအောင် ဓါတ်ပုံတွေ အဝရိုက်ကြမယ်။
◙ ညစာစားသောက်ပြီး ဟိုတယ်မှာ စိတ်လက်သက်သာစွာ အနားယူရင်း နောင်ရေးတွေ ဆွေးနွေးကြမယ်။

2: Bagan – Popa – Bagan (B, L, D)

◙ ဟိုတယ်မှ တည်ခင်းကျွေးမွေးသော အရသာရှိလှသော မနက်စာကို သုံးဆောင်ပြီးလျှင် သီးသန့် Air-coned ကားဖြင့် မြန်မာနိုင်ငံ၏ အိုအေစစ်လေးတစ်ခုဖြစ်သော ပုပ္ပါးတောင်သို့ ခရီးထွက်ပါမည်။ ချစ်သူနှင့်အတူ လှေကားထစ်ပေါင်း ၇၇၇ ကိုကျော်ဖြတ် တစ်ယောက်ကမောပြီး ချွေးထွက်နေရင် တစ်ယောက်က ရေတိုက် ချွေးသုတ်ပေးနဲ့ တစ်သက်လုံးအမှတ်ရနေမယ့် ရင်ခုန်ဖွယ်အချိန်လေးတွေကို ဖန်တီးယူလိုက်ပါ။
◙ နေ့လည်စာစားပြီးချိန်မှာတော့ ပုပ္ပါးတောင်ကလပ်ကိုတက်ရလို့ မောပန်းမှုတွေကို ဟိုတယ်မှာ ပြန်ပြီး ခေတ္တ အနားယူလိုက်ပါ။
◙ အနားယူပြီး အပြင်ပြန်ထွက်ချိန်မှာတော့ မင်္ဂလာမောင်နှံစိတ်တိုင်းကြ ဘုရားဖူးမလား နန်းတော်ထဲလည်မလား ယွန်းထည်ပစ္စည်းတွေနှင့် လက်ဆောင်တွေဝယ်ကြမလား ကော်ဖီဆိုင်ကောင်းကောင်းမှာထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကော်ဖီ အအေးတွေ သောက်ပြီး စကားတွေဖောင်ဖွဲ့မလား ဆိုတာစဉ်းစားထားလိုက်ပါနော်။
◙ ညစာကိုတော့ မြစ်တို့၏ဘုရင် ရာဇဝင်ထဲကသတို့သမီးဖြစ်တဲ့ ဧရာဝတီမြစ်ကို မျက်နှာမူ တစ်မျိုးလေးလှပြီး Romantic အရမ်းဆန်တဲ့ မြစ်ထဲ နေဝင်ချိန်ကို ချစ်သူလက်ကလေးကိုကိုင် ခေါင်းလေးမှီ ပုခုံးလေးကိုဖက်ပြီး ကြည့်လို့ရအောင် စီစဉ်ပေးဦးမှာပါ။
◙ မိုးချုပ်နေဝင်သွားပြီး ပင်ပန်းပြီဆိုရင်တော့ ဟိုတယ်ပြန်အနားယူဖို့ ကားလည်း အဆင်သင့်ပါပဲ။

3: Bagan – Yangon (B)

◙ မနက်စာကို ဟိုတယ်အခန်းထဲမှာပဲ သုံးဆောင်ချင်သူများအတွက် သီးသန့်စီစဉ်ပေးပါမည်။
◙ မနက်ပိုင်းကို မင်္ဂလာမောင်နှံစိတ်ကြိုက် ဟိုတယ်မှာ အနားယူတာပဲဖြစ်ဖြစ် ညောင်ဦးဈေးကို သွားရောက်လည်ပတ်တာပဲဖြစ်ဖြစ် တန်ခိုးကြီးဘုရားတွေ ထပ်ဖူးတာပဲဖြစ်ဖြစ် ကြင်စဦးဇနီးမောင်နှံ သဘောအတိုင်း ဖြစ်စေရပါမည်။
◙ နေ့လည်မှာတော့ ဟိုတယ်ကနေ Check-out လုပ် နေ့လည်စာစားပြီး ရန်ကုန်ပြန်ရန် ညောင်ဦးလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။
◙ ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလျှင် အသင့်စောင့်နေသော သီးသန့် Air-coned ကားဖြင့် နေအိပ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။

Budget ခရီးစဉ်အတွက် ကြယ်သုံးပွင့်အဆင့်ရှိ Famous Hotel နှင့် Luxury ခရီးစဉ်အတွက် ကြယ်လေးပွင့်အဆင့်ရှိ Zfreeti Hotel တွင် (၂)ည တည်းခိုပါမည်။ သုံးရက်မြောက်နေ့မနက်မှာ စောစောထပြီး နေထွက်ချိန်ကို မိုးပျံပူဖောင်းပေါ်ကနေကြည့်ချင်ရင်လည်း ဈေးနှုန်းသက်သာစွာနှင့် စီစဉ်ပေးနိုင်ပါတယ်နော်(ငွေသပ်သပ်ထပ်ပေးရပါမည်)။ ညနေ ဟိုတယ်ပြန်ရောက်လို့ မအိပ်ချင်သူများအတွက် ရေကူးမလား လှပတဲ့ ဟိုတယ်ကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်မလား အခန်းထဲမှာပဲ နားမလား ဘားမှာ ယမကာသောက်မလား စိတ်တိုင်းကြလုပ်ဆောင်လို့ရပါတယ်နော်။

#ပါဝင်သော ဝန်ဆောင်မှုများ

◙ နှစ်ယောက်ခန်းတစ်ခန်းနှင့် နေ့စဉ် နံနက်စာ
◙ ပို့ဆောင်ရေးအားလုံး
◙ မင်္ဂလာဇနီးမောင်နှံအတွက် သီးသန့် Air-coned ကား (မှတ်ချက်။ ။ကားအလှဆင်ခြင်းမှာ တစ်ကြိမ်သာ ဖြစ်သည်။)
◙ အင်းလေးတွင် လည်ပတ်ရန် သီးသန့်လှေ
◙ မနက်စာ၊ နေ့လည်စာနှင့် ညစာတို့မှာ ခရီးစဉ်အတွင်း ပါဝင်သတ်မှတ်ထားသည့်အတိုင်းသာ
◙ အသွားအပြန်လေယာဉ်လက်မှတ်

#မပါဝင်သော ဝန်ဆောင်မှုများ

◙ နေ့လည်စာနှင့် ညစာတွင် ရေမှလွဲ၍ အခြားသော သောက်သုံးစရာများ
◙ ခရီးစဉ်အတွင်းမပါဝင်သော စားသောက်စရာများ
◙ ခရီးသွားအာမခံနှင့် ကျန်းမာရေးအာမခံ
◙ ဗီဒီယိုနှင့် ကင်မရာအခွန်ကြေးများ
◙ တစ်ကိုယ်ရည် သုံးစွဲမှု (ယမကာ၊ အဝတ်လျှော်ခ၊ ပေါ်တာခ၊ မုန့်ဖို့ပေးခြင်း)
◙ ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများနှင့် လည်ပတ်မည့်နေရာများ

TOUR CODE ►
HMB32BGN (Budget)
HML32BGN (Luxury)

PROGRAM NAME ►
Eat Pray Love

COVERAGE►
Yangon-Bagan-Yangon

TYPE OF PROGRAM►
Budget, Luxury
TRAVEL DATE Around the year except from December 22nd to January 6th & from April 10th to April 18th

NO OF PAX►
2 (Two)

MEALS►
As mentioned in the itinerary

TOUR OPERATOR ►
Travel Queen Travel & Tour
[email protected]
09450449355, 09450449366, 09450449377, 09253099905

CONSULTANT►
Ms. Su Wai Toe, Mr. Kumar, Mr. Hein Min Zaw

DATE►
TBA

*****Honeymoon အတွက် Special Tour Package - II ဖြစ်ပါတယ်**** -1: Yangon – Kalaw (L, D) ◙ ဇနီးမောင်နှံစုံတွဲ၏ တည်နေရာမှေ...
07/09/2016

*****Honeymoon အတွက် Special Tour Package - II ဖြစ်ပါတယ်****

-1: Yangon – Kalaw (L, D)
◙ ဇနီးမောင်နှံစုံတွဲ၏ တည်နေရာမှ လေဆိပ်သို့ သီးသန့် Air-coned ကားဖြင့်ပို့ဆောင်ပေးပါမည်။
◙ ဟဲဟိုးသို့ လေယာဉ်ဖြင့်သွားပြီး ဆိုက်ရောက်လျှင် ကလောသို့ သီးသန့် Air-coned ကားဖြင့် ဆက်လက်ထွက်ခွာပါမည်
◙ ကလောသို့ရောက်လျှင် ဟိုတယ်တွင် ခေတ္တ အပန်းဖြေ အနားယူပါမည်။
◙ နေ့လည်စာစားပြီး ကလောမြို့နှင့် ကလောညနေဈေးအား လည်ပတ်ပါမည်။ လည်ပတ်ရင်း ကျီးကန်းတွေကို ရေတွက်တည့် ကစားနည်းလေးလည်း ကစားကြည့်ပြီး ဘယ်သူနိုင်မလဲ ဆိုတာကြည့်လိုက်ပါနော်။
◙ ညနေစာကိုတည်ခင်းကျွေးမွေးပြီး ဟိုတယ်တွင် အေးချမ်း စိတ်သာယာစွာ အနားယူပါမည်။

-2: Kalaw – Inle (B, L, D)
◙ ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ပင်းတယဂူသို့ သီးသန့် Air-coned ကားဖြင့် ခရီးဆက်ပါမည်။
◙ ဂူတွင်းရှိ သပ္ပါယ်သော ဘုရားများအား ဖူးမျှော်ပြီး ဘုတ်တလုတ်ရေကန်မှ Green Tea Restaurant တွင် ကန်ရေပြင်ကိုကြည့်ပြီး နေ့လည်စာ သုံးဆောင်ကြပါမည်။
◙ ထိုမှ အင်းလေးကန်သို့ ဆက်လက်ထွက်ခွါပြီး ဟိုတယ်သို့ ရောက်ရှိအနားယူပါမည်။
◙ ဟိုတယ်တွင်းရှိ စားသောက်ဆိုင်တွင် လှပစွာ တည်ခင်းထားသောညစာကို အေးအေးဆေးဆေး စားသောက်ပါမည်။

-3: Inle (B, L, D)
◙ ဟိုတယ်မှ တည်ခင်းကျွေးမွေးသော နံနက်စာအား စားသုံးပြီး အင်းလေး အင်းတိန်တွင်း သီးသန့်လှေဖြင့် လည်ပတ်ပါမည်။ လှေစီးရင်း ဇင်ယော်တွေကို အစာကျွေးကြမယ်။ ဈေးတွေဝယ်ကြမယ်။
◙ နေ့လည်စာကို အင်းလေးကန်ထဲမှာပဲ စားသောက်ပြီး ဟိုတယ်ကို ပြန်အနားယူပါမည်။
◙ ညနေပိုင်းမှာ ညောင်ရွှေကို လှည့်ပတ်ကြည့်ရှု ညစာစားပြီး ဟိုတယ်သို့ ပြန်ပါမည်။

-4: Inle – Yangon (B)
◙ မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ရန်ကုန်သို့ပြန်ရန် ဟဲဟိုလေဆိပ်သို့ သီးသန့် Air-coned ကားဖြင့်ထွက်ခွါပါမည်။
◙ ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလျှင် အသင့်စောင့်နေသော သီးသန့် Air-coned ကားဖြင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။

#ကလောတွင်
◙ Budget ခရီးစဉ်အတွက် ကြယ်သုံးပွင့်အဆင့် Ramona Hotel နှင့် Luxury ခရီးအတွက် ကြယ်လေးပွင့်အဆင့် Hill Top Villa Resort တွင် (၁)ည တည်းခိုပါမည်။ ညစာစားပြီး အခန်းရောက်လို့ မအိပ်ချင်သူများအတွက် အခန်းရှေ့ ဝရန်တာတွင် ကော်ဖီပူပူလေးနှင့်ထိုင်ပြီး ချစ်ရသူနှင့် ရှေ့ရေးတွေ တိုင်ပင်ဆွေးနွေး တိတ်ဆိတ်မှုကိုခံစားကြမယ်။ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး Romantic အရမ်းဆန်တဲ့ ညကိုဖန်တီးယူကြမယ်။ နှီးဘုရားသို့လည်း အအေးဒါဏ်ကို အံတု ချစ်သူလေးကိုဖက်ပြီး လမ်းပြတော်တဲ့ ပိုးစုန်းကြူးလေးတွေနောက်လိုက် လမ်းလျှောက်ရင်း သွားရောက်ဖူးမျှော်နိုင်ပါတယ်။

#အင်းလေးတွင်
◙ Budget ခရီးစဉ်အတွက် ကြယ်သုံးပွင့်အဆင့် Paramount Inle Resort နှင့် Luxury ခရီးစဉ်အတွက် ကြယ်လေးပွင့်အဆင့် Hu Pin Inle Khaung Daing Village Resort တွင် (၂)ည တည်းခိုပါမည်။ ရေပြင်ကို မျက်နှာမူနေတဲ့ အခန်းရဲ့ ဝရန်တာမှာ ချစ်ခြင်းတွေ ဖလှယ်ရင်း လှပပြီး အဓိပ္ပါယ်များစွာနှင့်ပြည့်နက်နေတဲ့ အင်းလေးအိုင်ရေပြင်နဲ့ တောင်တန်းသဘာဝအလှအပတရားတွေကို ခံစားကြမယ်။ ဆောင်းလေအေးအေးက ချစ်သူတွေကြားကို မတိုးဝင်နိုင်သလို ချစ်သူတွေကလည်း အအေးဒဏ်ကို ချစ်ခြင်းတွေကြောင့် မမှုတော့ပဲ အရာအားလုံးကို မေ့ပျောက်ပြီး နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်ကြမယ်။

#ပါဝင်သော ဝန်ဆောင်မှုများ
◙ နှစ်ယောက်ခန်းတစ်ခန်းနှင့် နေ့စဉ် နံနက်စာ
◙ ပို့ဆောင်ရေးအားလုံး
◙ မင်္ဂလာဇနီးမောင်နှံအတွက် သီးသန့် Air-coned ကား (မှတ်ချက်။ ။ကားအလှဆင်ခြင်းမှာ တစ်ကြိမ်သာ ဖြစ်သည်။)
◙ အင်းလေးတွင် လည်ပတ်ရန် သီးသန့်လှေ
◙ မနက်စာ၊ နေ့လည်စာနှင့် ညစာတို့မှာ ခရီးစဉ်အတွင်း ပါဝင်သတ်မှတ်ထားသည့်အတိုင်းသာ
◙ အသွားအပြန်လေယာဉ်လက်မှတ်

#မပါဝင်သော ဝန်ဆောင်မှုများ
◙ နေ့လည်စာနှင့် ညစာတွင် ရေမှလွဲ၍ အခြားသော သောက်သုံးစရာများ
◙ ခရီးစဉ်အတွင်းမပါဝင်သော စားသောက်စရာများ
◙ ခရီးသွားအာမခံနှင့် ကျန်းမာရေးအာမခံ
◙ ဗီဒီယိုနှင့် ကင်မရာအခွန်ကြေးများ
◙ တစ်ကိုယ်ရည် သုံးစွဲမှု (ယမကာ၊ အဝတ်လျှော်ခ၊ ပေါ်တာခ၊ မုန့်ဖို့ပေးခြင်း)
◙ ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများနှင့် လည်ပတ်မည့်နေရာများ

TOUR CODE ►
HMB43SKI (Budget) / HML43SKI (Luxury)

PROGRAM NAME ►
Southern Shan State Honeymoon

COVERAGE ►
Yangon - Kalaw - Inle - Yangon

TYPE OF PROGRAM ►
Normal, Budget, Luxury

TRAVEL DATE ►
Around the year except from December 22nd to January 6th and from April 10th to April 20th

NO OF PAX ►
2 (Two)

Meals ►
As mentioned in the itinerary

TOUR OPERATOR ►
Travel Queen Travel & Tour
[email protected]
09450449355, 09450449366, 09450449377, 09253099905
CONSULTANT Ms. Su Wai Toe, Mr. Kumar, Mr. Hein Min Zaw

DATE ►TBA

Myanmar National Airlines (MNA) မှမိဘပြည်သူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို USD 19...
13/07/2016

Myanmar National Airlines (MNA) မှမိဘပြည်သူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို USD 192 ဖြင့် Buy1 Get2 Promotion အား 11 July 2016 မှ 30 September 2016 အတွင်း ဝယ်ယူအားပေးနိုင်ပါသည်။

ခရီးသွားကာလမှာ 11 July 2016 မှ 31 October 2016 အထိဖြစ်ပါသည်။

ကန့်သတ်ချက်များမှာ...

၁) အသွားအပြန်လက်မှတ်အတွက်သာဖြစ်ပါသည်။
၂) Economy Class တစ်ခုအတွက်သာဖြစ်ပါသည်။
၃) ထိုင်ခုံရွေးချယ်ခွင့်မပြုပါ။

အသေးစိတ်သိရှိလိုပါက ကျွန်မတို့ Travel Queen Travel & Tour Co., Ltd. အား ဖုန်းဖြင့်ဖြစ်စေ Viber/Line ဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

အမှတ် ၁၄၉-၁၅၁ (မြေညီထပ်) ဗိုလ်တထောင်ဘုရားလမ်း (ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း ၀၁ ၂၉၀၇၂၈
Mobile/Viber/Line: ၀၉ ၄၅၀ ၄၄၉ ၃၅၅

အားပေးမှုအား အထူးကျေးဇူးတင်ပါတယ်ရှင်

"For your happier trips, connecting with Travel Queen".

Address

149, 151Botataung Pagoda Road, Botataung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:30

Telephone

+959450449355

Alerts

Be the first to know and let us send you an email when Travel Queen Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share