Poh Mel Express ကာဂိုအမြန်အချောပို့

  • Home
  • Myanmar
  • Yangon
  • Poh Mel Express ကာဂိုအမြန်အချောပို့

Poh Mel Express ကာဂိုအမြန်အချောပို့ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတွင်တရားဝင်မှတ်ပုံတင်ထားသောကုမ္ပဏီ(ထိုင်းမြန်မာတရားဝင်အမြန်ချောပို့နှင့်ကုန်စည်ဝန်ဆောင်မှု့)✅

29/12/2025

ဟဲလိုဟဲလို ကာကာတို့ page reply admin တွေ 6ရက်နေ့ထိနားပါတယ်
ပစ္စည်းရောက်ထားတာတွေကို ကာကာတို့ ရန်ကုန်ဘက်ကိုဖုန်းဆက်မေးကြပါနော်🙆🏻‍♀️
ဒီကြားထဲ မင်မင်တို့စာမပြန်ပါရှင့် နားပါတယ်ရှင့် 🙏

15/12/2025

အခြေအနေကတော့ မြင်တဲ့တိုင်းပါပဲရှင့်
မလောကြပါနဲ့နော် ကာကာတို့ရေ🙏

02/12/2025

Taobao နဲ့မှာထားတဲ့ customers များ cb လာပေးပါနော်
အသိမပေးပဲ လိပ်စာသုံးပီးမှာထားရင် တာဝန်မယူပါရှင်
3 ထုတ်ရှိနေပါတယ် 🙏 လာပြောပေးကြပါနော်🙇🏼‍♀️

Hello “ပို့မယ်” customers များရှင့်🎁ဒီနေ့က Happy Black Friday Sales ပါနော်🙇🏼‍♀️❤️Online shopping sales မှာချင်တဲ့သူများ ...
28/11/2025

Hello “ပို့မယ်” customers များရှင့်🎁
ဒီနေ့က Happy Black Friday Sales ပါနော်🙇🏼‍♀️❤️
Online shopping sales မှာချင်တဲ့သူများ supplier fees 3% နဲ့ဝယ်ပေးနေပါပီ🙂‍↔️💸


#ပို့မယ်အမြန်အချောပို့
#ဘန်ကောက်
#အမြန်အချောပို့ #ကုန်စီမြန်မာ #ရန်ကုန်

📢🔺Holiday Notice & Office Hours ပါရှင် ''ပို့မယ်'' ကာကာများရှင့်မင်မင်တို့ Page Admin Team က Sunday တိုင်း Off ဖြစ်လို့ ...
22/11/2025

📢🔺Holiday Notice & Office Hours ပါရှင် ''ပို့မယ်'' ကာကာများရှင့်

မင်မင်တို့ Page Admin Team က Sunday တိုင်း Off ဖြစ်လို့ Sunday Messages တွေ Monday မှပြန်ပေးပါမယ်နော် 🙆🏻‍♀️

Monday-Saturday 9:00am to 9:00pm ထိ မင်မင် စာပြန်ပေးပါတယ်နော် 🙇🏻‍♀️

🫵🏻🫵🏻ဝယ်မယ် သယ်မယ် ပို့မယ်ဟေ့…တစ်နေရာထဲတွင်ရနိုင်မဲ့ One Stop Express Service💁🏻‍♀️✔️🤝🏻ဝယ်မယ် - လူကြီးမင်းတို့ ပစ္စည်းများ...
21/11/2025

🫵🏻🫵🏻ဝယ်မယ် သယ်မယ် ပို့မယ်ဟေ့…တစ်နေရာထဲတွင်ရနိုင်မဲ့ One Stop Express Service💁🏻‍♀️✔️

🤝🏻ဝယ်မယ် - လူကြီးမင်းတို့ ပစ္စည်းများကို တစ်နေရာထဲမှာယုံကြည်စိတ်ချစွာဝယ်ယူပေးချင်း။

🤝🏻သယ်မယ် - ပစ္စည်းကို ဂရုစိုက်ပီး အပျောက်အပျက်ဆီးမရှိအောင်သယ်ယူပေးချင်း။

🤝🏻ပို့မယ် - All In One Stop Shop Service
သင့်လက်ထဲ ပစ္စည်းအမြန်အဆန်ရောက်ရောက်အောင်ပို့ဆောင်ပေးချင်း။

အဲ့ 3 ချက်လုံးနဲ့ကိုက်ညီတဲ့ Service ကိုရှာနေရင်
Poh Mel ကိုသာလာခဲ့နော်။ 🙇🏼‍♀️✈️📦

“ပို့မယ်” တစ်နေရာထဲတွင် supplier service များပါပေးနေသောကြောင့် Messenger မှာ အမြန်ဆုံးလာရောက်ဆက်သွယ် လိုက်တော့နော်😉📲

—————————————————————————

#ပို့မယ်အမြန်အချောပို့
#ဘန်ကောက်
#အမြန်အချောပို့ #ကုန်စီမြန်မာ #ရန်ကုန်

⬇️ဒီအပတ်အတွက် Yangon ရုံးပစ္စည်းအဝင်လေးတွေပါရှင့်Hello 🙌🏻 ''ပို့မယ်" customer များရှင့်မင်မင်တို့ဒီအပတ်အတွက် Bangkok ရန်...
18/11/2025

⬇️ဒီအပတ်အတွက် Yangon ရုံးပစ္စည်းအဝင်လေးတွေပါရှင့်

Hello 🙌🏻 ''ပို့မယ်" customer များရှင့်မင်မင်တို့ဒီအပတ်အတွက် Bangkok ရန်ကုန် Kg 300 ကျော် ပစ္စည်းဝင်ပါပြီရှင့် 🎉📦
ရုံးမှာလာထုတ်ကျမယ့် customer များအတွက် Receipt slip ပြပြီးရုံးမှာလာထုတ်လို့ရပါပြီရှင့်📃📦

Delivery service ယူထားတဲ့
Customerတွေအတွက်လဲ way စီစဥ်ပြီး ၂ရက်အတွင်းပို့ပေးမှာဖြစ်လို့ ပြန်ရောင်းကာကာတွေအတွက် ကြိုပြီး post တွေတင်ထားလို့ရနေပြီနော်🙌🏻

Commercial item တွေလဲ ဒီတသုတ်နဲ့တဖြတ်ပါတာမို့ မင်မင်တို့ ရန့ကုန်ရုံးအဝင်စစ်ပြီးတာနဲ့အကြောင်းကြားပေးသွားပါမယ်ရှင်☺️❤️

“ပို့မယ်” ကိုစိတ်ချယုံကြည်ပီးပို့ပေးလိုက်သော customer တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ရှိပါတယ်🥺❤️❤️

လူကြီးမင်းတို့အသေးစိတ်သိရှိလိုသောအကြောင်းအရာများကို page chat box တွင်ဖြစ်စေ အောက်ပါဖုန်းနံပါတ်များမှဖြစ်စေ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်


#ပို့မယ်အမြန်အချောပို့
#ဘန်ကောက်
#အမြန်အချောပို့ #ကုန်စီမြန်မာ #ရန်ကုန်

📢 Air Cago Schedule ထွက်ပြီဗျို့ 💃✈📦📦November လအတွက် ''ပို့မယ်''ဝန်ဆောင်မှု့ ရဲ့ Yangon-Bangkok & Bangkok-Yangon Air Car...
14/11/2025

📢 Air Cago Schedule ထွက်ပြီဗျို့ 💃✈📦📦
November လအတွက် ''ပို့မယ်''ဝန်ဆောင်မှု့ ရဲ့ Yangon-Bangkok & Bangkok-Yangon Air Cargo Schedule လေးတွေပါရှင်🗓

အနည်းဆုံး ၁ ကီလိုမှစ၍ လူကြီးမင်းတို့ကုန်ပစ္စည်းများကိုယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါပြီရှင့် 😊
စျေးနှုန်းသင့်တင့်စွာဖြင့် အမြန်ဆုံးပို့ဆောင်ပေးနေလို့ စိတ်ချလက်ချအပ်နှံနိုင်ပါပြီရှင်👉🏻✈️

ရန်ကုန်-ဘန်ကောက်၊ဘန်​ကောက်-ရန်ကုန် တစ်ပတ်တွင် ၂ကြိမ်မှ ၃ ကြိမ်အထိ cargo schedule တွေရှိတာမို့ အမြန်ဆုံးလာရောက် စုံစမ်းအပ်နှံနိုင်ပါပြီရှင့် 😊🙏✈
——
လူကြီးမင်းတို့အသေးစိတ်သိရှိလိုသောအကြောင်းအရာများကို page chat box တွင်ဖြစ်စေ အောက်ပါဖုန်းနံပါတ်များမှဖြစ်စေ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်⬇⬇⬇💁🏼‍♀️

Poh Mel Express Cargo အမြန်အချောပို့📦


#ပို့မယ်အမြန်အချောပို့
#ဘန်ကောက်
#အမြန်အချောပို့ #ကုန်စီမြန်မာ #ရန်ကုန်

11/11/2025

Incoterms အကြောင်း✅

Supply Chain
Incoterms (International Commerical Terms) များကို အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်း (International Chamber Of Commerce) (ICC) မှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင်စတင် ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် တစ်ကမ္ဘာလုံး အနေအထားဖြင့် လိုက်နာကျင့်သုံးလျက်ရှိပါသည်။ Incoterms အကြောင်း အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1. FOB (Free On Board)
========================
FOB တွင် ရောင်းသူသည် ရောင်းချမည့် ကုန်ပစ္စည်းကို တင်ပို့ရမည့် သင်္ဘာပေါ်သို့ ရောက်ရှိသည်အထိ တင်ပို့ပေးရန်တာဝန်ရှိသည်။ ရောင်းသူသည် တင်ပို့မည့်ကုန်ပစ္စည်းအတွက်ကျသင့်သည့် အကောက် ခွန်များကို တာဝန်ယူဆောင်ရွက်ရမည်။ ဝယ်သူသည် ကုန်ပစ္စည်း သင်္ဘောပေါ်သို့ ရောက်ရှိပြီးသည်နှင့် တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာ သည့်ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း ၊ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။

2. FAS (Free Along side Ship)
===========================
ရောင်းသူသည် ကုန်ပစ္စည်းအားတင်ပို့မည့် သင်္ဘာပေါ် (သို့) ဆိုက်ကပ်မည့် ဆိပ်ကမ်းရှိ သင်္ဘာနံဘေးအရောက် ပို့ဆောင်ပေးပြီး ရောင်းချခြင်းကို လွှဲပြောင်းပေးရမည်ဖြစ်သည်။ ရောင်းသူသည် တင်ပို့မည့် ကုန်ပစ္စည်းအတွက် အကောက်ခွန် ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး၊ ဝယ်သူသည် ကုန်ပစ္စည်းလက်ခံသည့် အချိန်မှစ၍ ကုန်ပစ္စည်း ဆုံးရှုံးမှုနှင့် အခြားကုန်ကျစရိတ်များအားလုံးကို ကျခံရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက် သာအသုံးပြုရမည်။

3. CFR ( Cost and Freight )
==========================
ရောင်းသူသည် ကုန်ပစ္စည်းများ တင်ပို့ရာတွင် တင်ပို့မည့်ကုန်ပစ္စည်းသင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများ ကို လွှဲပြောင်းပေးပြီးဖြစ်သည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် ကျသင့်သည့် သင်္ဘောခနှင့် အခြားကုန်ကျစရိတ်များ အားလုံးကို တာဝန်ယူရ မည်ဖြစ်သည်။ ဝယ်သူသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စရိတ်စက များ၊ ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်စီးမှုများအားလုံးကို တာဝန်ယူရမည် ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။

4. CIF (Cost, Insurance & Freight)
==============================
ရောင်းသူသည် ကုန်ပစ္စည်းများ တင်ပို့ရာတွင် တင်ပို့မည့်ကုန်ပစ္စည်း သင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများကို လွှဲပြောင်းပေးပြီး ဖြစ်ပါသည်။ ရောင်းသူသည် ဝယ်သူသို့ ရောင်းချမည့် ကုန်ပစ္စည်းအပေါ်အာမခံကြေးပေးဆောင်ပြီး ကုန်ပစ္စည်းကို ပို့ဆောင်ပေးရမည် ဟူသောအချက်မှလွဲ၍ ကျန်ကိစ္စရပ်များအားလုံးမှာ CFR နှင့် အတူတူပင်ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်း ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။

5. EXW (Ex Works)
===================
ဝယ်သူအတွက် တာဝန်အကြီးမားဆုံး ဖြစ်စေပြီး ရောင်းသူအတွက် တာဝန်အနည်းဆုံး ဖြစ်စေသည်။ ရောင်းသူသည် ၎င်း၏ အဆောက်အဦးနှင့် မြေယာနေရာ (အလုပ်နေရာ၊ စက်ရုံ ၊ ဂိုဒေါင်)တွင် ဝယ်သူနှင့် သဘောတူညီထားသောနေ့၌ ကုန်ပစ္စည်း စုစည်းပေးရန် တာဝန်ရှိ သည်။ ဝယ်သူသည် ကုန်ပစ္စည်းများ နောက်ဆုံး ရောက်ရှိရာနေရာအထိ သယ်ယူပို့ဆောင် စရိတ်အားလုံးနှင့် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များ ကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်။

Source – Awards Logistics

နယ်စပ်နှင့် ပင်လယ်ရေကြောင်းကုန်စည် ယာယီခွင့်မပြုပစ္စည်းများ⬇⬇⬇
11/11/2025

နယ်စပ်နှင့် ပင်လယ်ရေကြောင်းကုန်စည် ယာယီခွင့်မပြုပစ္စည်းများ⬇⬇⬇

Address

No-202, Shwe Gabar Housing, Mindama Street
Yangon
11061

Website

Alerts

Be the first to know and let us send you an email when Poh Mel Express ကာဂိုအမြန်အချောပို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share