မော် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • မော် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

မော် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မြန်မာပြည်အနှံ့ အဝေးပြေးကားလတ်မှတ်နှင့်ကုန်စည်ပို့ဆောင်ရေး

30/11/2024

09250498170 ဖုန်းပျောက်သွားပါသဖြင့်
Social media facebook/instagram/telegram/viber/messenger / Ph:များမှ တဆင့်
ငွေကြေးဆိုင်ရာကိစ္စရပ်များဖြစ်စေ
ချေးဌားခြင်း ရှိခဲ့ပါက

အခြားမည်သည့်ကိစ္စ အရှုပ်အရှင်းများမဆို
ကြုံလာပါက တာဝန်ယူဖြေရှင်းပေးမည်
မဟုတ်ပါကြောင်း အသိပေးပါသည်။

28/09/2024

နေ့တိုင်းဖတ်ရန် ❝ မိတ္တဗလဋီကာ ❞

(၁) ပြုံးပါ။

(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။

(၃) တစ်ဖတ်သား၏ အယူအဆကို
အလေးဂရုပြုပါ။

(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။

(၅) မိမိ အမှားကို လျှင်လျှင်မြန်မြန်
လေးလေးနက်နက် ၀န်ခံပါ။

(၆) ချိုချို သာသာနှင့် စကား စ,ပြောပါ။

(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။

(၈) တစ်ဖတ်သားကို သူပြောချင်တာ
၀,အောင် ပြောပါစေ။
( ဂရုတစိုက်နှင့် နားထောင်ပါ )

(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု
အထင်ရောက်ပါစေ။

(၁၀) ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။

(၁၁) ရိုးသားစွာ ချီးကျူးပါ။
(ရက်ရက်ရောရော ရှိပါစေ)

(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီးစေမည့် မေးခွန်းများမေးပါ။

(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။

(၁၄) သင်လုပ်စေချင်သော အလုပ်ကို
တစ်ဖက်သားအား
၀မ်းမြောက် ၀မ်းသာစွာနှင့်
လုပ်ချင်အောင် ခိုင်းပါ။

(၁၅) အခြားသူများပေါ်တွင်
အဟုတ်အဟတ် စိတ်၀င်စားပါ။

(၁၆) မိမိ မိတ်ဆွေတို့ ၏ နာမည်များကို
မှတ်သားထားပါ။

(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ
အထင်ကြီးလာအောင် လုပ်ပေးပါ။

(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။

(၁၉) တစ်ဖက်သားကို
ကြင်နာယုယပါ။ (ရိုသေလေးစားပါ)

(၂၀) တစ်ဖက်သားဘက်မှ နေ၍
အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင်
စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။

(၂၁) မိမိ ကိုယ်ကို နှိမ့်ချစွာ ပြောဆိုတတ်ပါစေ။

(၂၂) "အကြင်သူသည်
ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊
ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊
အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊
ထိုသူသည် တစ်ယောက်တည်းနေရအံ့၊ ''

အထက်ပါ စာကြောင်းလေးများသည်
အကျဉ်းချုပ်၍သာ ရေးသားထားခြင်း ဖြစ်ပါသည်။

နေ့စဥ်လူအများနှင့်ပြောဆိုဆက်ဆံရာ၌စကားအရာကြွယ်ဝပြီးဆရာတစ်ဆူဖြစ်စေဖို့ လူ့သဘောလူ့မနောကို
ခန့်မှန်းတတ်သူဖြစ်ဖို့ဒီစာအုပ်ကလမ်းပြပေးနိုင်ပါတယ်။

#မိတ်တဗလဋီကာ
#ဦးနု

28/09/2024

နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း
နိမိတ်ပြလက္ခဏာ (၈) ချက်
================================

ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို အရေးပေါ် တက်ရောက်ကုသရသူတွေဟာ မဖြစ်ခင် တစ်လအတွင်း ခန္ဓာကိုယ်က ဒါဖြစ်တော့မယ်ဆိုတာကို ကြိုတင်သတိပေးနေတတ်ပါသတဲ့။

၁။ အလိုလိုနေရင်း နုန်းနေခြင်း - နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

၂။ မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း - နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

၃။ မောပန်းမယ် - အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

၄။ ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် - ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ် ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

၅။ ချွေးစေးတွေ ပြန်လာတတ်မယ် - ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

၆။ ရင်တလှပ်လှပ်တုန်ခြင်း - ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၇။ ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် - နှလုံးက စတင်ခုန်နှုန်းကျလာတာမို့ ခန္ဓာကိုယ် အစွန်အဖျား၊ ခြေတွေ လက်တွေကို သွေးအရောက် နည်းလာပြီး ခြေဖျား အေးလာတတ်ပါတယ်။ ရာသီဥတု မှန်ပါလျက်နဲ့ ခြေဖျား လက်ဖျားလေးတွေ အေးစက်စက် ခံစားရပါမယ်။

၈။ မူးဝေလာတတ်မယ် - တရိပ်ရိပ်နဲ့ မူးနေတတ်တာ နေရင်းထိုင်ရင်း ခေါင်းထဲမှာ ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက် မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။ နှလုံးသွေးကြော လုံးဝပိတ်မသွားခင် ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊ နှလုံးသွေးကြော ပိတ်နေပြီလား၊ နှလုံးရောဂါ ခံစားရနိုင်တဲ့ အရိပ်အယောင်ရှိမလားလို့ မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

အနည်းဆုံး သုံးလေးခုလောက် ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်။

# Credit
_____________________________________
#အာရုံကြောအားနည်းသူတွေအတွက်
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ​ကြောအား​ဆေး
#တိုင်းရင်း ​ဆေး
#မြန်မာ ​ဆေး

29/10/2023

ပုဂံဘုရားဖူးသွားမယ့် မန္တလေးကအမျိုးတွေအတွက် ဂျေဂျေက မန္တလေး-ပုဂံ ကြားခြားနေတဲ့တံခါးတစ်ချပ်ကိုဖွင့်လှစ်လိုက်ပြီနော် 😍
🚌၂၀ရက်နေ့က စတင်ပြီး ပြေးဆွဲပေးတော့မှာဖြစ်လို့ လက်မှတ်များကြိုတင်ဝယ်ယူနိုင်ပါပြီ
စိတ်ကြိုက်ထိုင်ခုံရွေးချယ်နိုင်ဖို့ အရင်ဦးအောင်လက်မှတ်ဖြတ်ထားမှ ပိုစိတ်ချရပါမယ်🧳🚶
လက်မှတ်ဖြတ်ဖို့ စိတ်မပူပါနဲ့ KBZPay ကနေအလွယ်တကူလက်မှတ်ဖြတ်နိုင်သလို
page messenger /Viber/Telegram တို့မှာ ဝယ်ယူနိုင်ပါပြီ
Online Sales: 09458808289
Yangon Gate: 09 977 181 230
Mandalay Gate: 09 402 564 443
Naypyitaw Gate: 09 458 809 315
Taung Gyi Gate: 09 256 181 181
Bagan Gate: 09 421 152 860
Pyin Oo Lwin Gate: 09 402 564 441
ကြည်နူးပျော်ရွှင်ခရီးစဥ်အတွက် ဂျေဂျေနဲ့အတူခရီးသွားလိုက်ပါ 💜💜



29/10/2023

မတန်ဘူးထင်ရင် နှုတ်ဆိတ်နေပါ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူပါ
အရာရာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့လောကမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလွဲသွားတဲ့ အတိတ်တွေ ရှိချင်ရှိကြမှာပါ။

ကိုယ်ကျတော့ လက်မခံနိူင်တဲ့ အရာတစ်ခုကို သူတစ်ပါးအလှည့်ကျ ပြုံးပြီး ကျေနပ်နေတတ်တဲ့ လူတစ်ချို့တွေ့တဲ့အခါ အသိတရားလေးတစ်ခုထည့်ပေးချင်ပါတယ်။

ကိုယ်တိုင်ခံစားရမှ နာကျင်မှုမှန်းသိတဲ့ သူတွေအတွက် ကိုယ်ချင်းစာနာတတ်တဲ့စိတ်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။
ဒါပေမယ့် သူများနစ်နာမှ ကိုယ့်အကျိုးရှိမယ့်သူဆိုတာ တော်တော်အဆင့်နိမ့်တဲ့သူတွေပါ ဒီလိုပဲ သူများ ဒုက္ခရောက်မှ ကိုယ်အဆင်ပြေမယ့်သူတွေဟာလည်း တော်တော်အဆင့်နိမ့်တဲ့အထဲမှာပါ ပါတယ်။

လူတစ်ယောက်ရဲ့ဘဝ နဲ့အဆင့်အတန်းကို နှုတ်နဲ့လုပ်ရပ်တွေက သက်သေပြသွားတာပါ။ ဒါကိုတစ်ချို့က အမှန်တရားက နားခါးတယ်ဆိုပြီး သူတစ်ပါးအကြောင်းကို အောက်တန်းကျတဲ့စိတ်နဲ့ ပြောနေတာကို ဂုဏ်ယူတဲ့သူတွေလည်းရှိကြပြန်ပါတယ်။

ဒီလိုလူတွေနဲ့ တွေ့တဲ့အခါ သိပ်ရှင်းပြမနေပါနဲ့ ပတ်ဝန်းကျင်ရဲ့နားတွေဆိုတာ သူတို့ကြားချင်တာကိုပဲ ရွေးပြီးကြားတတ်တာပါ
အချိန်တန်လို့ သူလမ်းသူလျှောက် ကိုယ့်လမ်းကိုယ်ဖောက်ရတဲ့ ဘဝတွေချည်းပဲ
ကိုယ့်အကြောင်း ပြောလို့ ဝသွားတဲ့အခါ နောက်လူတစ်ယောက်အကြောင်းရောက်သွားလိမ့်မယ် သိပ်ပြီး ဦးနှောက်စားမခံပါနဲ့
တိတ်ဆိတ်ခြင်းက ပညာပဲလေ​
နူတ်ဆိတ်နေလိုက်တာ ပိုကောင်းပါတယ်။

လေးစားစွာဖြင့်
မေဆု(ရာမညမြေ)4-2-2022

#မေဆုရာမညမြေအတွေးစာစုလေးများ

29/10/2023

ဆေးလိပ်ငွေ့ သင့် သော ကိုယ်ဝန်
🚭🚭🚭🚭🚭🚭🚭🚭🚭🚭🚭

အမျိုးသမီး တွေ အတွက် ကိုယ်ဝန်ဆောင်ချိန်ဟာ.. မျှော်လင့်ချက် ဆန္ဒတွေ ပြည့်ဝ စေမယ့် စိတ်လှုပ်ရှား ပျော်ရွှင်စရာ ခရီးတစ်ခု စ တင်တာမျိုး ဖြစ်နိုင်သလို…
မမျှော်မှန်းထားတဲ့ မလိုချင်..မရင်ဆိုင်ချင်တဲ့ စိတ်မကောင်းစရာ..ဝမ်းနည်း ကြေကွဲစရာ..ဖြေမဆည်နိုင်စရာ..ရလဒ်မျိုး နဲ့ အဆုံးသတ်လိုက်ရတဲ့ ..ခရီး တစ်ခုလည်း ဖြစ် သွားနိုင်ပါတယ်…

ကိုယ်ဝန်ဆောင် အများစုက ..ရလဒ်ကောင်းတွေ ရရှိကြမှာ ဆိုပေမယ့် လို့..
အနည်းစု ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ..မကောင်းတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ကြရတာတော့ အသေအချာပါဘဲ..

အမျိုးသမီး အနည်းစု လို့. အရည်အတွက်အားဖြင့် ပြောပေမယ့်.. အဲ့ဒီ အမျိုးသမီး တစ်ဦးတစ်ယောက်ချင်း နဲ့..သူတို့ရဲ့ မိသားစုဝင်တွေ .. ပြီးတော့ လူ့ဘဝ ထဲ ကို အားနည်းချက်၊ ချို့ယွင်းချက်တွေနဲ့ ဝင်ရောက်လာရတဲ့ ကလေးလေးတွေ..တချို့ဆို လူသားလေး တစ်ယောက် အဖြစ် အသက်ရှင်ခွင့် မရလိုက်တဲ့ ကလေးလေး တွေ ..
သူတို့..သူတို့ တွေအတွက်က.. အလွန့်အလွန် ကြီး မားတဲ့ ထိခိုက် ခံစားမှုတွေ ဖြစ်သွားစေတယ် ..ဆိုတာသိသာ ထင်ရှားတဲ့ ကိစ္စတစ်ခုပါဘဲ…

ဒါကြောင့်.အဲ့ဒီလို ရလဒ်ဆိုးမျိုး မကြုံကြိုက် ရလေအောင်.. တနည်းအားဖြင့်.. ရလဒ်ဆိုးနဲ့ အဆုံးသတ်တဲ့ ကိုယ်ဝန်ဆောင် အရည်အတွက် နည်း ပါးနိုင်သမျှ နည်းပါးစေဖို့….
တစ်ဖက် ကလှည့်ပြောရရင်..
မွေးဖွားလာမယ့် ကလေးလေး တွေရဲ့ အသက်တွေကို ကယ် တင်နိုင်ဖို့….
ကျန်းမာ ဖွံ့ဖြိုးတဲ့ ကလေးလေးတွေ ကို မွေးဖွားပြီး ဉာဏ်ရည် ပြည့်မီတဲ့ သားသား မီးမီးလေးတွေ ကို မေမေတို့ ပိုင်ဆိုင်နိုင်ကြဖို့..
ကိုယ်ဝန်နဲ့ သန္ဓေသား ကို ဆိုးကျိုး ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေကြတဲ့အခါ.. တွေ့ရှိရတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်ငွေ့ဟာကိုယ်ဝန် ကို ကြီးမားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေတာကို တွေ့ရပါတယ်…

ဘာလို့လဲ ဆိုတော့..

ဆေးလိပ်ထဲမှာ ရာပေါင်းများစွာသော ဓါတု ပစ္စည်းတွေ ပါဝင်ပါတယ်.. အဲ့ဒီ ဓါတုပစ္စည်းတွေဟာ ဆေးလိပ်မီးညှိ ပြီး လောင်ကျွမ်းသွားတာနဲ့ တပြိုင်နက်.. ပိုပြီး အဆိပ်အတောက် ပြင်း တဲ့ ထောင်ပေါင်းများစွာ ( ၇၀၀၀..နီးပါး) သော ဓါတုပစ္စည်း တွေကို ထပ်မံထုတ်လုပ်ပါတယ်..
အဲ့ဒီ ထောင်ပေါင်းများစွာသော။ ဓါတုပစ္စည်း တွေဟာ ..ကိုယ်ခန္ဓာ အတွက် အဆိပ်အတောက် ဖြစ်စေရုံသာ မက.. အဲ့ဒီထဲ ဓါတု စ္စည်းတွေ ထဲ က အနည်းဆုံး..၆၉ မျိုးသော ဓါတုပစ္စည်းတွေဟာ လူ့ကိုယ်ခန္ဓာမှာ..ကင်ဆာရောဂါကို ဖြစ်စေတယ် ဆိုတာ ကို အတိအကျ သိရှိထားပါတယ်..

ဆေးလိပ်သောက်ခြင်းဟာ အဆုပ်ကင်ဆာ ရောဂါ ဖြစ်စေနိုင်တယ်လို့ လူတော်များများက သိထားကြပါတယ်.. တကယ်တော့.. အဆုပ်သာမက… လူရဲ့ ခန္ဓာကိုယ် မှာ ဖြစ်တတ်တဲ့ ကင်ဆာ ရောဂါ အမျိုးအစား တော်တော်များများကို ဆေးလိပ်ငွေ့ က ဖြစ်စေနိင်ပါတယ်..

အဲ့ဒီလောက် အဆိပ်အတောက်ပြင်း တဲ့ ဆေးလိပ်ငွေ့ကို ..ကိုယ်ဝန်ဆောင် အမျိုးသမီး က ရှုလိုက် တဲ့ အခါ..အဲ့ဒီ အဆိပ်အတောက်တွေဟာ.. မိခင်ရဲ့ သွေးကြောတွေကတဆင့် သားအိမ်မှာရှိတဲ့ အချင်း ဆီ ကို ရောက်သွားပါတယ်..

အချင်းဆိုတဲ့ အင်္ဂါဟာ သန္ဓေသားဆီ ကို လိုအပ်တဲ့..သွေး နဲ့ အတူ၊ အောက်ဆီဂျင်တွေ..အာဟာရတွေကို ပို့ပေးတဲ့ ကိုယ်ဝန်တစ်ခုရဲ့ အရေးအကြီးဆုံး အင်္ဂါ တစ်ခုဖြစ်ပါတယ်..

အဲ့ဒီလို ကလေးဆီ လိုအပ်တာတွေပို့ပေးနိုင်ဖို့အတွက်..အချင်းမှာ သွေးကြောလေးတွေမြောက်မြားစွာ ဖြစ်ပေါ်ပါဝင်ရသလို..အဲ့ဒီသွေးကြောလေးတွေက သန်စွမ်းအားကောင်း နေဖို့လည်း လိုအပ်ပါတယ်..

ဆေးလိပ်ငွေ့ရဲ့ အဆိပ်အတောက် ဓါတုပစ္စည်းတွေဟာ.. အချင်းမှာ..သွေးကြောလေးတွေ ဖြစ်ပေါ်မှုကို ကျဆင်းစေနိုင်တဲ့အပြင်..ဖြစ်ပြီးသားသွေးကြောလေးတွေကိုလည်း ရောင်ရမ်းပြီး ကျဉ်းသွားစေတာကြောင့် ကလေးဆီ ကို ပို့ နိုင်တဲ့ သွေး၊ အောက်ဆီဂျင် နဲ့ အာဟာရတွေ ဟာ ကလေးလေးဆီ လုံလောက်အောင် မရောက်ရှိတော့ပါဘူး..

ဒါကြောင့်..ကလေး က သေးငယ်တာ..မဖွံ့ဖြိုးတာ..လမစေ့ဘဲမွေးတာ..မွေးလာတဲ့ အချိန်မှာ အသက်ပါမလာတာ..ဆိုတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်..

ဒါ့အပြင်..အချင်း ကိုယ်တိုင်ကလည်း သားအိမ်နံရံကို ခိုင်မာအောင် တွယ်ထား နိုင်စွမ်းမရှိတာကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ အချိန်မတိုင်မီအချင်းကွာခြင်း၊ ကိုယ်ဝန်အတွင်း သန္ဓေသား သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်..

အမျိုးသမီးတွေမှာ..ကိုယ်ဝန်ရဖို့ ခက်ခဲတာ၊ ရလာပြန်တော့လည်း..နေရာလွဲပြီး သားဉပြွန်မှာ သန္ဓေတည်တာ.. မွေးရာပါကိုာ် အင်္ဂါ ချို့ယွင်းတာ.. အပေါ်မှာပြောထားသလို အချင်း မဖွံ့ဖြိုးတဲ့ အပြင်..အချင်းက အောက်ရောက် ပြီး မွေးလမ်းကြောင်းမှာခံနေတာ..ကလေးမမွေးမီ၊ မွေးနေရင်း၊ မွေးပြီး ချိန်တွေမှာ..သွေးဆင်းတာ၊ သွေးသွန်တာတို့လည်း ဖြစ်တတ်ပါတယ်၊

ဆေးလိပ်သောက်တဲ့ မိခင်တွေဟာ.. ကလေးမီးဖွားပြီးရင်လည်း..အဆုပ်နဲ့ လေပြွန်မှာပိုးဝင်တာ၊ ခြေထောက်သွေးပြန်ကြောနဲ့..အဆုပ်မှာ သွေးခဲပြီး ပိတ်တာ.. အစရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း ပိုခံစားရလေ့ရှိပါတယ်..

ကလေးလေးမှာ တွေ့ကြုံရတတ်တဲ့ အန္တရာယ် တွေကတော့..

⁃ နို့ကောင်းကောင်းမစို့ခြင်း
⁃ ကလေးက မအီမသာ အမြဲဖြစ်နေခြင်း
⁃ မွေးကင်းစအရွယ်မှာသေဆုံးခြင်း
⁃ အသက်တစ်နှစ်မပြည့်မီ..ကလေးရုတ်တရက် သေဆုံးခြင်း ( SIDS- Sudden Infant Death Syndrome - ကလေးက သိသိသာသာ နေမကောင်း မဖြစ်လိုက်ဘဲ..ရုတ်တရက် အသက်ဆုံးသွားတာမျိုးပါ.. အများစုက..အိပ်နေရင်း ရုတ်တရက် သေဆုံးသွားတာမျိုးပါ.)
⁃ ကလေးက ဉာဏ်ရည် မမှီခြင်း
⁃ အဆုပ်နှင့် အသက်ရှုလမ်းကြောင်းရောဂါ အဖြစ်များခြင်း
⁃ ရင်ကျပ်ပန်းနာရောဂါဖြစ်ခြင်း
⁃ ကလေးဘဝ က စတင်ပြီး အဝလွန်ခြင်း..

အခုလောက် ဖတ်ပြီးရင်တော့.. ဆေးလိပ်သောက်ခြင်း
က ဖြစ်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ဟာ.. ဘယ်လောက် အန္တရာယ် များ သလဲ..ဆိုတာ သဘောပေါက်လောက်ရောပေါ့..

ဒါပေမယ်.. တချို့က ကျွန်မ ကို မေးချင်နေလိမ့်မယ်…

“ ကျွန်မကတော့ ဆေးလိပ်မသောက်ပါဘူး ဆရာမ..ဒါပေမယ့်.. အမျိုးသား က ဆေးလိပ်သောက်တယ်..သို့မဟုတ်.. အိမ်က အဖေက.. ဆေးလိပ်သောက်တယ်….အဲ့ဒါဆိုရင်ကော..စိုးရိမ်ရလား???…”

အဲ့ဒါမျိုးကို.. Secondhand Smoke လို့ခေါ်တယ်..

သဘောက.. ကိုယ်ကတော့ ဆေးလိပ်မသောက်ဘူးး ဒါပေမယ့် ကိုယ့်နားက လူက ဆေးလိပ်သောက်လို့ ..ကိုယ်လည်း သူ့ရဲ့ ဆေးလိပ်ငွေ့ကို ရှူရတာမျိုးပေါ့…
အိမ်ထဲမှာ.. စားသောက်ဆိုင်မှာ.. ကားပေါ်မှာ..မီးရထားပေါ်မှာ.. တချို့ အဆောက်အဦး တွေထဲမှာ ကြုံရတာမျိုးပေါ့…

Secondhand Smoke လည်း အန္တရာယ် ရှိတာဘဲ.. ဘယ်လောက် အန္တရာယ် ကြီးသလဲ ဆိုတာကတော့.. ဘယ်လောက်ကြာကြာ နဲ့ ..ဘယ်လောက်များများ ရှူနေရ သလဲ..ဆိုတာပေါ်မူတည်ပါတယ်.

သောက်နေသူ ကိုယ်တိုင်လောက်တော့ များများမရှူမိပေမယ့်..ကိုယ်ရှူလိုက်ရတဲ့ ဆေးလိပ်ငွေ့ထဲမှာလည်း.. အပေါ်မှာ ပြောပြ ထားတဲ့ အဆိပ်အတောက်တွေ ပါတာချင်း အတူတူဘဲမို့.. တွေးကြည့်လို့ရမှာပါ..

အဲ့ဒီလို ကိုယ်ကမသောက်ဘဲ ဘေးကနေရှူမိတဲ့ Secondhand smoke ကြောင့် ..

⁃ အဆုပ်ကင်ဆာ ဖြစ်နိုင်ချေ..ကိုယ့်မှာ..၂၀-၃၀ ရာခိုင်နှုန်းပိုတက်သွားတယ်
⁃ လေဖြတ်ရောဂါ..နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါ…တခြားသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်ဖို့..၂၀-၃၀ ရာခိုင်နှုန်း ပိုတက်သွားတယ်.
⁃ အပေါ်မှာပြောပြသွားတဲ့ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်မှာ ဖြစ်တတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေနဲ့ အတူ..သန္ဓေသား၊ မွေးကင်းစ ကလေး၊ ကြီးပြင်းလာတဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဆိုးကျိုး အန္တရာယ်တွေလည်း ဖြစ်နိုင်ချေ ပို များသွားပါတယ်…

👉 ဒါကြောင့်..အကောင်းဆုံး ကျန်းမာရေး ရလဒ်တွေ ရချင်ရင်တော့..

⁃ မိဘ နှစ်ပါး လုံး ဆေးလိပ်မသောက်သင့်ပါ..
⁃ ကိုယ့်အိမ်ဟာ..Smoke Free / ဆေးလိပ်ငွေ့ ကင်းစင်တဲ့ နေရာ ဖြစ်သင့်ပါတယ်…
⁃ ဘယ်လောက် အတိုင်းအတာဘဲ သောက်သောက် ( နည်း/ များ)..ဆေးလိပ်ငွေ့ဟာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ၊ ကိုယ့်ရဲ့ သားသမီး နဲ့ မိသားစုဝင်တွေကို အဆိပ်အတောက် ဖြစ်​စေတယ် ဆိုတာကို နှလုံးသွင်းပါ၊
⁃ ဆေးလိပ်သောက်သူတွေရဲ့ တစ်ဝက်လောက်ဟာ..ဆေးလိပ်က သတ်လို့ စောစော သေကြပါတယ်..
⁃ ကမ္ဘာ ပေါ်မှာ နှစ်တိုင်းနှစ်တိုင်း.. လူတစ်သန်းကျော်ဟာ..ကိုယ်က ဆေးလိပ်မသောက်ဘဲ..သူများ သောက်တဲ့ ဆေးလိပ်ငွေ့ကိုရှုပြီး ရလာတာတဲ့ ရောဂါတွေကြောင့် သေဆုံး ကြရပါတယ်..
⁃ ဆေးလိပ်ဖြတ်ချင်သူများ..ဒီအတိုင်း လုံးဝ မသောက်ဘဲ နေဖို့ ..အရမ်း အခက်အခဲ ဖြစ်နေတယ်.. ဆိုရင်..ကြားခံ အဆင့်အနေနဲ့..Vape/ E- Ci******es.. တို့ကို သုံးလို့ရပါတယ်.. V**E / E- ci******es တို့က လုံးဝ အန္တရာယ် ကင်း တာမျိုး မဟုတ်ပေမယ့်.. ဆေးလိပ်ငွေ့ နဲ့ ယှဉ်ရင်.. ၉၅ ရာခိုင်နှုန်းလောက် အန္တရာယ် ပို နည်း တာကို တွေ့ရပါတယ်..
⁃ နီကိုတင်းပါတဲ့ ကပ်ခွါ၊ နှာခေါင်း ရှူဆေး၊ ဖျန်းဆေး၊ gum တွေကိုလည်း ဆေးလိပ်ဖြတ်ခါစ မှာ ကြား တစ်ဆင့်ခံ အနေနဲ့ အသုံး ပြုလို့ရပါတယ်..

အားလုံးဘဲ..ကျန်းမာ ပျော်ရွှင်မှုတွေပြည့်ပြီး..ဆေးလိပ်ငွေ့ကင်းတဲ့ အိမ်ကလေးများကို ပိုင်ဆိုင်နိုင်ကြပါစေ…

Helping, Hands, Caring Heart
ဒေါက်တာမျိုးနန္ဒာ
သားဖွား နှင့် မီးယပ်/ အမျိုးသမီးရောဂါ အထူးကု ( UK)

29/10/2023

"ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်"
"ကိုယ့်ကိုကိုယ် ကောင်းအောင်နေ"


ကိုယ့်သိက္ခာ ကိုယ်ယုံရင်
ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး..

ကိုယ့်အရည်အချင်း ကိုယ်ယုံရင်
ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာမလိုဘူး..

ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင်
ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘူး..

ကိုယ့်စေတနာ ကိုယ်မှန်နေရင်
ဘယ်သူ့ကိုမှ ဟန်လုပ်စရာမလိုဘူး..

ကိုယ့်အကြောင်း ကိုယ်သိနေရင်
ဘယ်သူ့ကိုမှ ကြွားပြောနေစရာမလိုဘူး..

သီလမလုံတဲ့သူက
လူတိုင်းကို ကြောက်နေရတတ်တယ်..

အရည်အချင်းမရှိတဲ့သူက
ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်တယ်..

ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့သူက
သူများကို မယုံမကြည်ဖြစ်တတ်တယ်..

ကိုယ့်စေတနာ မမှန်တဲ့သူက
စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်..

ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတဲ့သူက
သူများသိအောင် ကြွားတတ်ကြတယ်..

အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ
ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ဖို့ပဲ..

ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ရင်
ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို
ကြောက်နေဖို့လည်း မလိုဘူး..
ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး..
ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး..
ကိုယ်ကောင်းအောင်နေဖို့ပဲ လိုတယ်...။

မနာပဒါယီ အရှင်ဝိစိတ္တ

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်...။

29/10/2023

ငွေမကုန်ဘဲ ကျန်းမာစေနည်း
--------------------------------
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။

၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။

၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေးပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။

၆။ fb ကြည့်တဲ့အခါ …
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။

ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။

Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။

၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။

၈။ တကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။

ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။

မိတ်ဆွေ...
တပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။

သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင် …

Viaရှာဖွေ

15/09/2023

Elite Express မှ ပြည်တွင်းမြို့အချင်းချင်းကုန်ပစ္စည်းပို့ဆောင်ရေးအတွက် ဝန်ဆောင်မှုများတိုးချဲ့ဆောင်ရွက်နေရုံသာမက
မြန်မာနိုင်ငံအတွင်း ဒေသပို့ဆောင်ရေးလုပ်ငန်းမှာလည်း Elite Express မှ ခရီးသွားချစ်မိတ်ဆွေများနှင့်လုပ်ငန်းရှင် များအား အကောင်းဆုံးဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပါတယ်...................🙏

🆕အခုဆိုရင်Elite Exprees တွင် Customer များ လာရောက်ပို့ဆောင်သော ကုန်ပစ္စည်းများကိုစနစ်တကျ Scan ဖတ်ပြီး ဆက်လက်ပို့ဆောင်ပေးရမယ့် မြို့နယ်အလိုက် ခွဲခြား၍ သိမ်းဆည်းပို့ဆောင်ပေးသည့် အပြင် ထုတ်ယူတဲ့အခါမှာလည်း လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်သော လုပ်ငန်းစဉ်တွေကို Elite Express ပင်မဂိတ်အသီးသီးတွင် နေ့စဉ် နေ့ရက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း Customer များအား အသိပေးမျှဝေလိုက်ရပါတယ်...........

🆕Customer များအနေဖြင့် ကိုယ်တိုင်ပေးပို့သော ကုန်ပစ္စည်းအခြေအနေကိုလည်း www.elitecargomm.com ၏ Track Cargo နေရာတွင် ပြေစာ Code No အား ရိုက်နှိပ်၍ စစ်ဆေးနိုင်တယ်ဆိုတာလေးလည်း အသိပေးလိုက်ရပါတယ်...

📦📦📦သတ်မှတ်ထားတဲ့ပစ္စည်းတွေနဲ့ဉပဒေမလွတ်ကင်းတဲ့ပစ္စည်းတွေကလွဲလို့ ပို့ဆောင်ပေးနေတာကြောင့် အသေးစိတ်သိလိုတာများရှိပါက Chat Box (သို့) Get Started လေးနှိပ်ပြီး ဟိုင်းသာလုပ်လိုက်ပါ။

လူကြီးမင်းသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြန်လည် ဖြေကြားပေးသွားမှာဖြစ်ပါတယ်............


03/09/2023

မိုးရေစက်လေးတွေ တဖွဲဖွဲကို Expressကားမှန် ပြတင်းလေးကနေ ငေးဖူးလား ...😍

🌧️ မိုးရာသီရဲ့ မိုးတိမ်သား၊ မိုးရေ အ‌ငွေ့အသက်နဲ့ တစ်ခါလောက် ခရီးထွက်ကြည့်လိုက်ပါ

Express ကားပြတင်းတံခါးပေါ် မိုးရေစက်လေးလာတင်တာကြည့်ရင်း တစ်စုံတစ်ခုကို လွမ်းဆွေးသွားမှာ အသေအချာပဲ...😘

🌧️ မိုးရာသီမှာ ခရီးထွက်ရင်းဖြစ်ဖြစ် ၊ အိမ်ပြန်ခရီးဖြစ်ဖြစ်
ကားစီးတဲ့အခါ ထီးမိုးပေးတဲ့ ဝန်ဆောင်မှုကစလို့ Customer Passenger ပေါ် care အရမ်းရှိတဲ့ King Express ကိုသတိရပေးပါနော် 🥰

💓 မိုးရာသီမှာ လွမ်းဆွေးဖို့ပဲကောင်းတယ် ရေစိုတာ၊ ရွံ့ပေပွတာနဲ့ စိတ်ရှုတ်ထွေးတတ်တဲ့အခါ ကိုယ်စီးတဲ့ကားကပါ အဆင်မပြေရင် လမ်းခရီးတစ်လျှောက် စိတ်အနှောက်အယှက်ဖြစ်စရာပါ

လူကြီးမင်းတို့ရဲ့ စိတ်ရော၊ ကိုယ်ပါအပန်းပြေဖို့ ခရီးထွက်ဖြစ်တဲ့အခါ King Express ကိုရွေးချယ်အားပေးစီးနင်းကြည့်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ..💕💕

လူကြီးမင်းတို့ လက်မှတ်ဝယ်ယူမဲ့ ဖုန်းခေါ်သံလေး၊ message request လေးတွေကို ဘုရင် Express မှ ဝန်ဆောင်မှုပေးဖို့ မျှော်နေပါပြီခင်ဗျာ... 📞 ✉️

page messenger -
m.me/kingexpressmyanmar
telegram -
https://t.me/kingexpressmyanmar
instagram -
https://www.instagram.com/kingexpressmyanmar
threads -
https://www.threads.net/

𝗛𝗼𝘁𝗟𝗶𝗻𝗲 - 09 777 1 888 60

𝗬𝗮𝗻𝗴𝗼𝗻 ↔️ 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆
𝗬𝗮𝗻𝗴𝗼𝗻 ↔️ 𝗦𝗵𝘄𝗲 𝗕𝗼
𝗬𝗮𝗻𝗴𝗼𝗻 ↔️ 𝗦𝗵𝘄𝗲 𝗕𝗼 ↔️ 𝗭𝗶𝗴𝗼𝗻
𝗬𝗮𝗻𝗴𝗼𝗻 ↔️ 𝗠𝗼𝗵𝗻𝘆𝗶𝗻 ↔️ 𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮
𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 ↔️ 𝗠𝗼𝗵𝗻𝘆𝗶𝗻 ↔️ 𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮

“တောင်သူလယ်သမားနေ့”2023 ခုနှစ် ၊ မတ်လ(2)ရက် (ကြာသာပတေး)နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ တ...
02/03/2023

“တောင်သူလယ်သမားနေ့”

2023 ခုနှစ် ၊ မတ်လ(2)ရက် (ကြာသာပတေး)နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့တွင်

မြန်မာနိုင်ငံအရပ်ရပ်ရှိ တောင်သူလယ်သမား ဦးကြီးများအားလုံးအတွက် ......

"အပင်သန်လို့ သီးနှံ ကြွယ်ဝ ၊ရာသီဉတု မှန်ပြီး အထွက်ကောင်းကြပါစေ၊ကိုယ်ကျန်းမာ စိတ်ချမ်းသာ စွာဖြင့်ဘေးရန်များ ကင်းကွာကြပါစေကြောင်း “

မော်(ရွေကံကော်)ခရီးသွားလုပ်ငန်း မိသားစုမှ ဆုတောင်း ပေးလိုက်ပါတယ်🙏🙏🙏

#တောင်သူလယ်သမားနေ့
#မော်ခရီးသွားလုပ်ငန်း

Address

Yangon
MAWTRAVEL&HIGHWAYBUSTICKET

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when မော် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category