Shwe Yi Myanmar Travel & Tours

Shwe Yi Myanmar Travel & Tours We provide wide variety of tour packages across Myanmar. We provide the best services and make sure

တန်တန်လေးသွားချင်သူများအတွက် promotion လာပါပြီ page messenger မှာအသေးစိတ်စုံစမ်းနိုင်ပါတယ်
13/02/2023

တန်တန်လေးသွားချင်သူများအတွက် promotion လာပါပြီ page messenger မှာအသေးစိတ်စုံစမ်းနိုင်ပါတယ်

Merry Christmas 🎁🎄 & Happy New Year 🎈🎆🎊
24/12/2022

Merry Christmas 🎁🎄 & Happy New Year 🎈🎆🎊

24/10/2022
Happy Thadingyut မိဘပြည်သူအပေါင်းကိုယ်စိတ်နှလုံးငြိမ်းချမ်းသာယာပြီးစီးပွားဥစ္စာများ ဒီရေအလားတိုးပွားကြပါစေ 🙏🙏🙏
09/10/2022

Happy Thadingyut
မိဘပြည်သူအပေါင်းကိုယ်စိတ်နှလုံးငြိမ်းချမ်းသာယာပြီးစီးပွားဥစ္စာများ ဒီရေအလားတိုးပွားကြပါစေ 🙏🙏🙏

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ (ဓမ္မစကြာအခါတော်နေ့) တွင်ဘေးရန်ကင်းကွာ၍လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ဝနိုင်ပါစေကြောင်း ဆုမွန...
12/07/2022

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ (ဓမ္မစကြာအခါတော်နေ့) တွင်ဘေးရန်ကင်းကွာ၍လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ခရီးသွားပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ကြပါစေ 🙏
03/07/2022

ခရီးသွားပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ကြပါစေ 🙏

အခုကာလမှာ အဝေးပြေးကားနဲ့ခရီးသွားတဲ့အခါ
ညကားတွေစီးရင် လမ်းမှာ အိပ်ရလားဆိုတာ အမေးများကြပါတယ်...

ဟုတ်ကဲ့... ညကားတွေ စီးရင် လမ်းမှာကားရပ်ပြီး အိပ်ရပါတယ်။

ညမထွက်ရအမိန့်ရှိနေသေးတာကြောင့် အရင်လို ခရီးစဉ်အစအဆုံး တောက်လျှောက်မောင်းလို့ မရပါဘူး။

ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ရောက်ရင် အမြန်လမ်းပေါ်နဲ့ အခြားလမ်းကြောင်းတွေက တိုးဂိတ်တွေ၊ မြို့ဝင်ဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းသွားလာခွင့်မပေးတော့တဲ့အတွက် ကားတွေရပ်ထားပြီး မနက် (၄)နာရီထိုးတဲ့အထိစောင့်ရပါတယ်။

ဒါဆို ဘယ်မှာအိပ်ရတာလဲ... စားသောက်ဆိုင်တွေမှာ အိပ်ရတာလား...အိပ်စရာနေရာစီစဉ်ပေးလားဆိုတာတွေ ထပ်မေးကြပါတယ်။

စားသောက်ဆိုင်တွေလည်း ညမထွက်ရအချိန်မှာ ပိတ်ထားရပါတယ်။ အိပ်စရာနေရာလည်း မစီစဉ်ပေးပါဘူး။

ကားပေါ်မှာပဲ အိပ်ရပါတယ်

ကားတွေစုရပ်လေ့ရှိတဲ့ တချို့နေရာတွေမှာတော့ လမ်းဘေးစျေးသည်လေးတွေရှိတတ်ပါတယ်။ ဖျာတို့၊ စောင်ခေါင်းအုံးတို့ ငှားပေးတဲ့သူတွေလည်း ရှိပါတယ်။ ကားပေါ်မှာမအိပ်ချင်ရင် လမ်းပေါ် သို့မဟုတ် လမ်းဘေးမှာ ဆင်းအိပ်လို့ရပါတယ်။

ဒါက လက်ရှိအချိန်မှာ အဝေးပြေးညကားတွေ စီးတဲ့အခါ ကြုံတွေ့နေရတဲ့ အခြေအနေအမှန်ပါပဲ။

လမ်းမှာကားရပ်ပြီး ညအိပ်ရတာကို အဆင်မပြေဘူးဆိုရင်တော့ မနက်ကားတွေ စီးဖို့ တိုက်တွန်းချင်ပါတယ်။

ညကားပဲစီးစီး၊ မနက်ကားပဲ စီးစီး ဘယ်ခရီးပဲသွားသွား မှတ်ပုံတင်(မူရင်း)တော့ ဆောင်သွားဖို့ လိုပါတယ်။

အသွားများတဲ့ ခရီးစဉ်လမ်းကြောင်းတွေနဲ့ ညကားတွေ အများစုညအိပ်ရပ်နားလေ့ရှိတဲ့နေရာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ရန်ကုန် - မန္တလေး ခရီးစဉ်
ညအိပ်ရပ်နားသည့်နေရာ - 285 မိုင် တိုးဂိတ်

မန္တလေး - ရန်ကုန် ခရီးစဉ်
ညအိပ်ရပ်နားသည့်နေရာ - 173 မိုင် (သို့မဟုတ်) 115 မိုင်

ရန်ကုန် - ကလော - တောင်ကြီး ခရီးစဉ်
ညအိပ်ရပ်နားသည့်နေရာ - ယင်းမာပင်

တောင်ကြီး - ကလော - ရန်ကုန် ခရီးစဉ်
ညအိပ်ရပ်နားသည့်နေရာ - 173 မိုင် (သို့မဟုတ်) 115 မိုင်

ရန်ကုန် - ပုဂံ/ညောင်ဉီး - ပခုက္ကူ
ညအိပ်ရပ်နားသည့်နေရာ - 285 မိုင် (သို့မဟုတ်) ကျောက်ပန်းတောင်း တိုးဂိတ်

ပခုက္ကူ - ပုဂံ/ညောင်ဉီး - ရန်ကုန် ခရီးစဉ်
ညအိပ်ရပ်နားသည့်နေရာ - 173 မိုင် (သို့မဟုတ်) 115 မိုင်

ညဖက် အဝေးပြေးကားစီးပြီး ခရီးသွားမယ့်သူတွေအနေနဲ့ ကြိုတင်သိရှိပြင်ဆင်ထားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

Crd....

Calm down….take rest
06/04/2022

Calm down….take rest

28/11/2021
Every Saturday & Sunday 📆အထူးအစီအစဉ်၁ ဦးလျင် ၂၅၀၀၀ ကျပ်ကြားရက်ဆိုရင်တော့ booking အတွက် ဖုန်းဆက်ကြည့်နော် Day return trip...
09/10/2021

Every Saturday & Sunday 📆
အထူးအစီအစဉ်
၁ ဦးလျင် ၂၅၀၀၀ ကျပ်

ကြားရက်ဆိုရင်တော့ booking အတွက် ဖုန်းဆက်ကြည့်နော်

Day return trip လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

မနက် ၇:၃၀ စထွက်မယ်🚌

🙏ကျိုက် ၃ ကျိုက်ဘုရားဖူးမယ်🙏
( ကျိုက်ကလို့ - ကျိုက်ကလဲ့ - ကျိုက်ဒေးစတိုး)

ပြီးရင်

YeMon Garden (လှည်းကူး)

ခြံထဲမှာ ⛺️ထိုးပြီး အေးဆေးနားမယ်

Lunch box + ရေသန့် ပါမယ်

ကိုယ်နှစ်သက်ရာ ကိုယ့်အချိန်တွေ မှာ 🍻🚣‍♀️🚴🎤

ခြံထဲမှာ လှေလှော်မယ်၊ စက်ဘီးစီးမယ် ၊ လေးဘီးဆိုက်ကယ်လဲ စီးလို့ရတယ်၊ ဓါတ်ပုံတွေ ရိုက်မယ် ၊
ယုန်ကလေးတွေ အစာကျွေးမယ်
*သီးသန့် charge တော့ ပေးရမှာပါ*

🍷ကန်စပ်မှာဘဲ အေးဆေးထိုင်သောက်ရင်လဲဖြစ်တယ်🍺

ညနေ ၄ နာရီမှာ ပြန်ထွက်မယ်
**လူဦးရေ ကန့်သတ်ထားတာမို့ အမြန်လေးသာဆက်သွယ်လိုက်နော်**

လမ်းကြောင်း

တာမွေအဝိုင်းထိပ်-ကမ္ဘာအေးဘုရားလမ်း-၈မိုင်-စော်ဘွားကြီးကုန်း-ပြည်လမ်း

တာမွေ ocean ရှေ့ဘုရားလေးက ၇:၃၀ မှာစထွက်ပါမယ်။ လမ်းကြောင်း ပေါ်ကြုံလဲ နီးတဲ့နေရာကစီးလို့ရပါတယ်။

Booking များကို စတင်လက်ခံပေးနေပါပြီ

စုံစမ်းရန်ဖုန်း/viber - 09761550294

08/02/2021

MAI လေကြောင်းလိုင်းသည် 9.2.2021 တွင် ပျံသန်းမည့် 8M 801 ရန်ကုန်-ဆိုးလ်ခရီးစဉ်အား ယခုဖြစ်ပေါ်နေသောအခြေအနေများကြောင့်ဖျက်သိမ်းလိုက်ကြောင်း ခရီးသွားမိတ်ဆွေများအား သိပေးအကြောင်းကြားအပ်ပါသည်။

ခရီးစဥ် ပြန်လည်ထွက်ခွာမည့်နေ့ကို အချိန်နဲ့တပြေးညီ ပြန်လည်အကြောင်းကြားပေးပါမည်။

Fly with Embraer E190
21/12/2020

Fly with Embraer E190

Enhance Your Domestic Travel with Our Embraer E190!
=================================

MAI will operate its Embraer flights from Yangon to Sittwe, Myeik, Mandalay and Myitkyina effective from 21 to 31 Dec 2020, code-sharing with Air KBZ as part of our providing more travel options to our guests.

We encourage guests to strictly adhere to the common prevention tips recommended by MOHS & Local Authorities and to present COVID-19 RDT test results at the check-in counter and on arrival at the final destination.

For passenger who are tested COVID-19 positive, Air KBZ will offer the following options with travel dates during this period:

1. One-time date change free to the next available flight based on seat availability

2. Full refund

*For bookings made through Travel Agents, including Online Travel Agents (OTA), date change and refund requests to be made via respective Travel Agents accordingly.

Please check the domestic flight COVID-19 Travel Advisory, Standard Operation Procedure - SOP, and Clinical Management Guidelines by MOHS and other relevant authorities. You can also visit the following link for your easy reference:

Standard Operation Procedure - SOP: https://www.facebook.com/199295433433103/posts/4046636478698960/?extid=0&d=n

Clinical Management Guidelines for COVID-19: https://www.facebook.com/199295433433103/posts/4057073170988624/

Remark: Subject to change based on the latest updates/circular/guidance from MOHS and other relevant authorities.

Book your journey with us NOW! You can purchase your ticket across all channels, including at our Passenger Sales Agents (PSAs), and feel free to reach out to us via:

Visit our website:
www.airkbz.com
www.maiair.com

Connect via K7 Chatbot:
https://m.facebook.com/K7chat

Download our mobile app:

Android:
https://play.google.com/store/apps/details?id=com.techfun.k78m

iOS:
https://apps.apple.com/sg/app/air-kbz-mai/id1463916652







ပြည်တွင်းခရီးစဉ်များသို့ Embraer E190 လေယာဉ်ဖြင့် ပျံသန်းကြစို့!
==================================

MAI အနေဖြင့် ခရီးသည်များအတွက် ပိုမိုကောင်းမွန်သည့် ခရီးသွားလာခြင်းနှင့်ပတ်သက်သောရွေးချယ်စရာများကို ပေးစွမ်းနိုင်ရန် ရန်ကုန်မှ စစ်တွေ၊ မြိတ်၊ မန္တလေးနှင့် မြစ်ကြီးနားခရီးစဉ်များကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် မှ ၃၁ ရက်နေ့အထိ Air KBZ နှင့်အကျိုးတူပူးပေါင်း၍ Embraer လေယာဉ်ကြီးဖြင့် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် ဒေသအာဏာပိုင်များမှ ချမှတ်ထားသည့် ခရီးသွားလာခြင်းအတွက်လိုအပ်သည့် အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန်နှင့် လေဆိပ် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း စစ်ဆေးထားသော COVID RDT Test Result ပါရှိရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လက်မှတ်ဝယ်ယူပြီး COVID RDT TEST POSITIVE ရလာဒ်ထွက်သော ခရီးသည်များအနေဖြင့် အောက်ပါရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၁။ ခရီးစဉ်ပြေးဆွဲသည့်ရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့တစ်ကြိမ် ရက်အပြောင်းအလဲပြုလုပ်ပေးပါမည်။

၂။ ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးပါမည်။

*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒေသအာဏာပိုင်များမှထုတ်ပြန်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို ပူးတွဲပါ link မှတစ်ဆင့်ဖတ်ရှုပေးပါရန်နှင့် တိကျစွာလိုက်နာပေးပါရန် ထပ်မံအကြံပြုအပ်ပါသည်။

မှတ်ချက်။ ။ ဖော်ပြပါ​ကြေညာစာအချက်အလက်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒေသအာဏာပိုင်များမှ အသစ်ထုတ်ပြန်မည့်အမိန့်လမ်းညွှန်ချက်များအရ အပြောင်းအလဲရှိနိုင်သည်။

သင့်ရဲ့ခရီးစဉ်ကို အခုပဲ Booking တင်ဝယ်ယူလိုက်ပါနော်! Booking တင်ခြင်းနှင့် လက်မှတ်ဝယ်ယူစုံစမ်းမေးမြန်းခြင်းဆိုင်ရာများကို Air KBZ & MAI Mobile App, K7 Chatbot နှင့် Website တို့တွင် ကိုယ်တိုင် Booking တင်၀ယ်ယူနိုင်ပြီး Agent များတွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။

Address

Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959761550294

Website

Alerts

Be the first to know and let us send you an email when Shwe Yi Myanmar Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Yi Myanmar Travel & Tours:

Share