Myanmar Golden Buranchi Travels & Tours

Myanmar Golden Buranchi Travels & Tours If you are the nature-lovers, It's our pleasure to serve you with our bests !

Tachileik International Hotel ဟိုတယ်အသစ်ကြီး အပြင်အဆင်တွေကလုံးဝခမ်းနားတယ်၊ စီစဉ်ပေးထားတဲ့ ဟိုတယ်အသုံးအဆောင်တွေလည်း သန့်ရ...
27/11/2025

Tachileik International Hotel

ဟိုတယ်အသစ်ကြီး အပြင်အဆင်တွေက
လုံးဝခမ်းနားတယ်၊ စီစဉ်ပေးထားတဲ့ ဟိုတယ်အသုံးအဆောင်တွေလည်း သန့်ရှင်းပြီး
ပြည့်စုံတယ်။ စျေးနှုန်းတွေကတော့ A Little လေး များတယ် ခံစားရပေမဲ့ တာချီလိတ်လို
ဘတ်သုံးရတဲ့ မြို့မှာတော့ ပုံမှန်ထက် နည်းနည်းဘဲ ပိုလိမ့်မယ်။

နှစ်ယောက်ခန်းကို 1280 Baht ၊ အခန်းနည်းနည်းကျယ်တာယူမယ်ဆို 1480 Baht ပါ

တည်းခိုရတာ လုံးဝ အဆင်ပြေတယ်။
ဟိုတယ် အခန်းတွေလည်းကျယ်တယ်။
Hotel Decorations အပြင်အဆင်တွေကလည်း အဆင့်တန်းမြင့်တယ် Smart ဖြစ်တယ်။
နှစ်ယောက်ခန်းကို Twin နဲ့ Double Bed ရွေးချယ်လို့ရပြီး၊ နှစ်ယောက်ခန်းကိုမှ အခန်းနည်းနည်းကျယ်တာ ထပ်ရွေးချယ်လို့ရတယ်။
Family Room တော့ မရှိဘူးတဲ့။

ဟိုတယ်မှာ ကားသုံးချင်ရင် ဝန်ဆောင်မှု အခမဲ့၊ ဟိုတယ်ရဲ့ Service တွေထဲမှာပါတယ်
အဲ့တာကတော့ အမိုက်စားကြီးဗျို့။

မနက်စာကတော့ ပုံမှန်ပါဘဲ
ရွေးချယ်စရာ
- အီကြာကွေး၊ ပဲနို့
- ထမင်းကြော် ခေါက်ဆွဲကြော်နဲ့ ဟင်း ၂ မျိုး ၃ မျို:၊
- ခေါက်ဆွဲပြုတ်စားချင်ရင်လည်းရတယ်
- တရုတ်ဟိုတယ်ဆိုတော့ ဆန်ပြုတ်ကတော့ မေးစရာမလို ပါပြီးသားဘဲ 😊

Dine In Restaurant Service ရှိတဲ့အတွက်တော့ စားသောက်ဖို့အတွက် မပူရဘူး
တရုတ်နဲ့မြန်မာစာဖိုမှူးတွေရှိတယ် အရသာလည်း ကောင်းတယ် စားလို့အဆင်ပြေတယ်
Baht နဲ့တွက်ယူထားတော့ စျေးလေး နည်းနည်း များတယ်ထင်ရပေမဲ့ ဒီဟိုတယ်မှာ လာတည်းတဲ့သူတွေအတွက်တော့ ပုံမှန်အနေနဲ့ လက်ခံလို့ရလောက်ပါတယ်။

ဟိုတယ်ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းမွန်ပါတယ်။

Hotel Facilities

- 24 နာရီ လျှပ်စစ်မီး
- 24 နာရီ Wifi
- Breakfast
- Dine in Restaurant
- Body Massage

Address: 101/102, City Ring Road, Sansai, Tachileik.

📞: 09669509386 , 09669509914

19th July 🫡
19/07/2025

19th July 🫡

“ဝါဆိုလပြည့်နေ့ @ ဓမ္မစကြာအခါတော်နေ့”ဝါဆိုလပြည့် ၁၃၈၇သာသနာနှစ် ၂၅၆၉'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို' ဒီနေ့ဟာဗု...
09/07/2025

“ဝါဆိုလပြည့်နေ့ @ ဓမ္မစကြာအခါတော်နေ့”

ဝါဆိုလပြည့် ၁၃၈၇
သာသနာနှစ် ၂၅၆၉

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို'

ဒီနေ့ဟာဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါသည်။

🙏.လဝါဆို.🙏

"ဝါ''မှာ ဝါသ ဟူသော ပါဠိမှလာသည်။
နေခြင်းဖြစ်သည်။

'ဆို' မှာ ရွတ်ဆိုသည့် အဓိပ္ပာယ်ရှိသည်။
ရဟန်းတော်များ မိုးသုံးလ ကာလပတ်လုံးကျောင်း၌သီတင်းသုံးပါမည်ဟု ရွတ်ဆိုကတိနေသောလဖြစ်သည်။

ရှေးကဝါဆိုလကို 'မြွက်တာလ'ဟုခေါ်ရာ 'မြွက်'မှာ လယ်မြေဖြစ်၍ 'တာ'မှာ တိုင်းတာခြင်း ဖြစ်သည်။
'လယ်မြေတိုင်းတာသော' ဟုအဓိပ္ပါယ် ရရှိသည်။

ဝါဆိုလ၏ပွဲ၊ပန်း၊နက္ခတ်တာရာနှင့်ရာသီရုပ်ပုံများမှာ-ကရကဋ်ရာသီ၊ ဝါဆိုလ၊ ပဉ္စင်းခံပွဲသဘင်၊ ဓမ္မစကြာခါတော်သဘင်၊ အလောင်းတော် သန္ဓေတည်သောလ၊တောထွက်သောလ၊ပုန်းညက်ပန်း၊ အာသဠိခေါ် ဥတ္တရာ သန်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်စုံကား ပုစွန်လုံး ဂဏန်းသတ္တဝါပုံ။

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ်သတ်မှတ်ထားပါသည်။

သက္ကရာဇ် ၁၀၃ ဝါဆိုလပြည့်နေ့ စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာ တရားတော်ကိုဟောကြားခဲ့သည်။

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်ဝါဆို' ဟုဝါဆို ဝါလ ဝိသေ သကို ဆိုစမှတ်ပြုကြသည်။

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားအလောင်းတော်သည် သန္ဓေတည်သည်။

ထိုနေ့မှာပင် တောထွက်တော်မူသည်။
ထိုနေ့မှာပင် ဓမ္မစကြာ တရားထူးဟောကြားတော်မူလေသည်။

ဝါတွင်းကာလအတွင်းတွင် ရဟန်းတော်များ
ဝါဆိုကြခြင်းမှာ မြတ်စွာဘုရားသခင်သည်
ပညတ်ခဲ့၍ဖြစ်သည်။

အကြောင်းမှာ.
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ်ကဖြစ်သည်။

ထိုစဉ်က ရဟန်းတော်များ နွေမိုးဆောင်း ဥတုသုံးလီ ခရီးသွားလာနေကြသည်။

မိုးလရာသီ သွားလာကြရာ ပြည်သူများစိုက်ပျိုးထားသော သီးနှံများကို နင်းမိသည်လည်းရှိခဲ့သည်။
ထိုအခါ သီးနှံများပျက်စီးရသည်။ပြည်သူများက မိုးကာလမှာ အယူလွဲမှား မိစ္ဆာဒိဋ္ဌိ များပင်ခရီးသွားကြ၊ ငှက်များအသိုက်မပြောင်း၊ ရဟန်းများကားနွေမိုးမရှောင် ခရီးသွားလျက် အများပြည်သူစိုက်ပျိုးထားသော သီးနှံများ နင်းချေမိနေသည်ဟု အပြစ်တင် ပြောဆိုကြလေသည်။

ဤသည်ကိုအကြောင်းပြု၍ မြတ်စွာဘုရားကား ဝါတွင်းကာလပတ်လုံး ရဟန်းတော်များ ညဉ့်အိပ်ညဉ့်နေ ခရီးမထွက်ရန် ပညတ်တော်မူခဲ့ခြင်းဖြစ်သည်။

ကာလမှာ ဝါဆိုလပြည့်ကျော် ၁ ရက်မှသီတင်းကျွတ်လပြည့်နေ့အထိဖြစ်သည်။ဝါဆိုအတွင်း ဝါပန်၍ညဉ့်အိပ်ညဉ့်နေ ၇ ရက်ကျော်၍
မသွားနိုင်ပေ။

ဝါဆိုလပြည့်ကျော်၁ရက်နေ့တွင် ဝါဆိုပန်းကပ်ခြင်းနှင့် ဝါဆို သကန်း ကပ်လှူပူဇော်လေ့ရှိသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့မှာ ထူးခြားချက် (၈)ချက်
ရှိပါတယ်။၎င်းတို့မှာ....

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ
မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ
မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့
နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

ဓမ္မဒါန ကူးယူဖော်ပြပါသည်။

မင်္ဂလာပါလူငယ်ပရဟိတအသင်း

ခရစ်ယာန်ဘာသာဝင်မိတ်ဆွေတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ Christmas နေ့မှာ စိတ်နှလုံးအေးချမ်းပြီး ပျော်ရွင်ဖွယ်ခရစ်စမတ်နေ့လေးဖြ...
25/12/2024

ခရစ်ယာန်ဘာသာဝင်မိတ်ဆွေတို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ Christmas နေ့မှာ
စိတ်နှလုံးအေးချမ်းပြီး ပျော်ရွင်ဖွယ်ခရစ်စမတ်နေ့လေးဖြစ်ပါစေလို့ Myanmar Golden Buranchi မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာ ရွှင်လန်း ချမ်း...
15/11/2024

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်

သာမညဖလအခါတော်နေ့မှစပြီး

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး

ကျန်းမာ ရွှင်လန်း ချမ်းမြေ့ပါစေ၊

စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကာ

ကြံစည်သမျှအရာအားလုံး အောင်မြင်ကြပါစေလို့

‎ Myanmar Golden Buranchi Travels & Tours မိသားစုမှ

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

ထု−ဓမ္မရံ၊ ဉာဏ်−သဗ္ဗညု၊ အနု−အာနန္ဒာ၊ တန်ခိုး-​ရွှေစည်းခုံ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။အနက်အဓိပ္ပာယ်———————->ပုဂံဘုရားတ...
24/05/2024

ထု−ဓမ္မရံ၊ ဉာဏ်−သဗ္ဗညု၊ အနု−အာနန္ဒာ၊ တန်ခိုး-​ရွှေစည်းခုံ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။

အနက်အဓိပ္ပာယ်
———————->
ပုဂံဘုရားတို့တွင် ထုထည်အကြီးမားဆုံးမှာ ဓမ္မရံဘုရားဖြစ်သည်၊ ဉာဏ်တော်အမြင့်ဆုံးမှာ သဗ္ဗညုဘုရား ဖြစ်သည်၊ အနုပညာလက်ရာ အမြောက်ဆုံးမှာ အာနန္ဒာဘုရား တန်ခိုး အကြီးဆုံးမှာ ​ရွှေစည်းခုံ​စေတီ ဖြစ်သည်။

ကိုးကား
————>
မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။

မြန်မာနှစ်သစ်ကူး အခါသမယ သင်္ကြန်တွင်းကာလ April ၁၂ ရက်နေ့မှ နှစ်ဆန်းနှစ်ရက် April ၁၈ ရက်နေ့အထိ ရုံးပိတ်သွားမည်ဖြစ်ကြောင်း...
12/04/2024

မြန်မာနှစ်သစ်ကူး အခါသမယ သင်္ကြန်တွင်းကာလ April ၁၂ ရက်နေ့မှ နှစ်ဆန်းနှစ်ရက် April ၁၈ ရက်နေ့အထိ ရုံးပိတ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့် 🙏

ရှင်ပင်စက္ကိန်းတဲစေတီတော်
01/11/2023

ရှင်ပင်စက္ကိန်းတဲစေတီတော်

နဂါးပွက်တောင်တော် - မင်းဘူးမြို့
29/10/2023

နဂါးပွက်တောင်တော် - မင်းဘူးမြို့

မကွေးမြို့ မြသလွန်စေတီတော် 🙏🙏🙏သီချင်းလေးထဲကလိုပေါ့လေ ☺️မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ … 🎶သတိရနိုင်ပါပေ … 🎶အခွင...
28/10/2023

မကွေးမြို့ မြသလွန်စေတီတော် 🙏🙏🙏

သီချင်းလေးထဲကလိုပေါ့လေ ☺️

မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ … 🎶
သတိရနိုင်ပါပေ … 🎶
အခွင့်ရယ်သာတဲ့ တစ်နေ့မှာ အရောက်တော့လာခဲ့ဦးမည် … 🎶
ရွှေညာသူရေ … ကိုယ်လာရင် ကြိုမှာလားလို့လေ … 🎶

မွန်ပြည်နယ် ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး 🙏🙏🙏
27/10/2023

မွန်ပြည်နယ် ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး 🙏🙏🙏

Address

Yangon
11081

Alerts

Be the first to know and let us send you an email when Myanmar Golden Buranchi Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Golden Buranchi Travels & Tours:

Share