15/02/2019
🙏🙏🙏 Please Help 🙏🙏🙏
++ အရေးတကြီး စကားပြန်များ အလှူခရီးစဉ်အတွက် လိုအပ်နေခြင်း ++
16 Feb မှ 25 Feb နေ့များတွင် မျိုးစပါးများ လှူဒါန်းမည့် ထိုင်ဝမ်မှ အလှူရှင်များသည် အင်္ဂလိပ်လိုနှင့် တရုတ်ဘာသာများသာ ပြောဆိုနိုင်သည် ဖြစ်သောကြောင့် အင်္ဂလိပ်လို (သို့မဟုတ်) တရုတ်လို ကောင်းကောင်း ဘာသာပြန် ပြောဆိုပေးနိုင်သည့် Volunteer interpreter တစ်ဦးနှင့်အထက် လိုအပ်နေသည် ဖြစ်သောကြောင့် ပါဝင် ပူးပေါင်းနိုင်ပါက မိမိတို့နှင့် ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်..
အဖွဲ့တည်ထောင်သူ မစမ်းစမ်းထွေးကိုယ်တိုင် 16 Feb နှင့် 17 Feb ရက်တို့တွင် ပါဝင် သွားရောက်လှူဒါန်းမည် ဖြစ်ပြီး အခြား အဖွဲ့ဝင် သုံးဦးလဲ ပါဝင်ပါမည်.. လိုက်ပါ ပါဝင် ကူညီလိုသူ အဖွဲ့ဝင်များကိုလဲ ဖိတ်ကြားအပ်ပါတယ်..
မျိုးစပါးပေးဝေလှုဒါန်းခြင်း (10)ရက်
- 16.02.2019 ( SAT ) ခရမ်း,သုံးခွ,ကျောက်တန်း
- 17.02.2019 ( SUN ) ပဲခူး
- 18.02.2019 ( MON ) ဒိုက်ဦး,သနပ်ပင်
- 19.02.2019 ( TUE ) ကဝ
- 20.02.2019 ( WED ) ကဝ
- 21.02.2019 ( THU ) ဝေါ
- 22.02.2019 ( FRI ) ဝေါ
- 23.02.2019 ( SAT ) ညောင်လေးပင်
- 24.02.2019 ( SUN ) ဝေါ,ရွှေကျင်,ကျောက်တံခါး
- 25.02.2019 ( MON ) ရွှေကျင်,ကျောက်တံခါး
လိုက်ပါ ကုသိုလ်ပါ ဝင်ကြမည့် ရက်အား
မိမိတို့၏ အဖွဲ့ခေါင်းဆောင်ထံသို့ အမည်စာရင်းပေးသွင်းပေးကြပါရန်
လေးစားစွာဖြင့် မေတ္တာရပ်ခံ အကူအညီတောင်းအပ်ပါသည်။
စာရင်းခွဲ၍ ပေးသွင်းပေးကြပါရန်အကူအညီတောင်းအပ်ပါသည်။
( ညအိပ် / နေ့ချင်းပြန် )
(စားသောက်ရန်၊ညအိပ်ရန် နှင့် ကားများအတွက်
ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပါသောကြောင့်
အမည်စာရင်းအား ပေးသွင်းပေးမှသာ
အဆင်ပြေလွယ်ကူမည်ဖြစ်ပါသည်။)