Min Travel Myanmar

Min Travel Myanmar Min Internatioal Education

အခုလိုမျိုး Recommend တွေပေးကြတာ ကြိုးစားရကျိုးနပ်ပါတယ်။😘
04/08/2026

အခုလိုမျိုး Recommend တွေပေးကြတာ ကြိုးစားရကျိုးနပ်ပါတယ်။😘

30/07/2026

**🇬🇧 UK Visit Visa မရဘူးဆိုတာ လူတိုင်းမဟုတ်ပါဘူး။ ရတဲ့သူတွေကတော့ ရနေကြပါတယ်။**

UK Visit Visa အတွက် Visa Officer က အဓိကကြည့်တာက **လျှောက်ထားသူရဲ့ ငွေကြေးအခြေအနေဟာ သဘာဝကျပြီး ယုံကြည်စိတ်ချရမှုရှိမရှိ** ဆိုတာပါ။

Bank Statement မှာ ပုံမှန်ဝင်ငွေ၊ ပုံမှန်အသုံးစရိတ်တွေရှိပြီး ကိုယ့်အလုပ်အကိုင်၊ ဝင်ငွေနဲ့ ကိုက်ညီနေမယ်ဆိုရင် Visa ရရှိနေတဲ့သူတွေ အများကြီးရှိပါတယ်။

ဒါပေမယ့် Statement ထဲမှာ ရုတ်တရက် ငွေအမြောက်အများဝင်လာတာ၊ မကြာခဏ ငွေဝင်ငွေထွက်အလွန်များတာ၊ ဘဏ်အကောင့်အပြောင်းအရွှေ့တွေရှုပ်ထွေးနေတာမျိုးတွေရှိရင် Visa Officer က ငွေရဲ့ရင်းမြစ်ကို ပိုပြီးအသေးစိတ်စိစစ်ပါတယ်။

ကျွန်မတို့ Customer တစ်ဦးဆိုရင် Saving Account ထဲက ငွေအားလုံးကို Current Account ထဲကို အမြဲပြောင်းပြီး လဆန်း ၁ ရက်ကနေ ၅ ရက်အတွင်း အတိုးထုတ်ယူတဲ့ အလေ့အကျင့်ရှိပါတယ်။ ဘဏ်ဘက်က အကြံပေးလို့လုပ်တာလား၊ ကိုယ်တိုင်စီမံတာလားတော့ မသိပါဘူး။ Statement ကို ကြည့်ရသူအနေနဲ့တောင် နားလည်ဖို့ခက်တဲ့ Transaction Pattern ဖြစ်နေပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ Explanation Letter ရေးပေးနိုင်ပေမယ့် Visa Officer က လုံလောက်တယ်လို့ မမြင်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

တချို့လျှောက်ထားသူတွေမှာလည်း Fixed Deposit ကနေ ငွေဝင်၊ ပြန်ထုတ်၊ ပြန်သွင်း စတဲ့ Transaction တွေ များလွန်းတဲ့အတွက် Statement ကို သဘာဝကျအောင် နားလည်ဖို့ခက်သွားတာမျိုးတွေ တွေ့ရပါတယ်။

**အရေးကြီးဆုံးကတော့ UK Visit Visa က "မပေးဘူး" ဆိုတာ မဟုတ်ပါဘူး။**

✔️ Career နဲ့ Income ကို သက်သေအထောက်အထားအပြည့်အစုံ ပြနိုင်သူ
✔️ Bank Statement မှာ ပုံမှန်ဝင်ငွေ၊ အသုံးစရိတ်တွေ သဘာဝကျသူ
✔️ Financial Documents တွေ ရှင်းလင်းသူတွေက Visa ရရှိနေကြပါတယ်။

📌 UK Visit Visa လျှောက်မယ်ဆိုရင် Bank Statement ကို **အနည်းဆုံး ၄ လခန့်ကြိုတင်စီမံထားဖို့** အကြံပြုပါတယ်။

ငွေကို Visa လျှောက်ခါနီးမှ ရုတ်တရက်ထည့်တာ၊ အကြောင်းမရှိဘဲ ငွေဝင်ငွေထွက်အလွန်များတာတွေက မလိုအပ်တဲ့ မေးခွန်းတွေကို ဖြစ်စေနိုင်ပါတယ်။

**မှတ်ချက်** – Visa ဆုံးဖြတ်ချက်ကို Bank Statement တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။ လျှောက်ထားသူရဲ့ အလုပ်အကိုင်၊ ဝင်ငွေ၊ ခရီးသွားရည်ရွယ်ချက်၊ နိုင်ငံကို ပြန်လာမယ့်အခြေအနေ စတဲ့အချက်အလက်အားလုံးကို စုစုပေါင်းသုံးသပ်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။

**Min Travel Myanmar**

25/06/2026

ခရီးသွားလုပ်ငန်းနှင့် ပြည်ဝင်ခွင့် ဗီဇာများ.ကျွမ်းကျင်စွာလျောက်ထားတတ်ပြီး
ခရီးသွားလုပ်ငန်း မှာ အောင်မြင်တဲ့ carrer တစ်ခုတည်ဆောက်နိုင်ရန် Min Travel Myanmar မှ အတူလက်တွဲလုပ်ရန် ဝန်ထမ်းနှစ်ဦးလိုအပ်နေပါတယ်။ လုပ်ငန်းအတွေ့အကြုံမလိုပေမဲ့
ကောင်းပြီး

✅ ခရီးသွားလုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားသူ ...
✅ သင်ယူလိုစိတ်ရှိပြီး တိုးတက်လိုသူ ...
✅ စကားပြောဆိုဆက်ဆံရေး ကောင်းမွန်သူ ...
✅ တာဝန်ယူမှုရှိပြီး အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူ ...
✅ ကွန်ပျူတာနှင့် Social Media ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ...များလျောက်ထားနိုင်ပါတယ်။
ကျန်တာတွေသင်ကြားပေးမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်
095188026
CV to
[email protected]

03/06/2026


အငြိမ်းစားဆရာမကြီးနှစ်ဦး အပျိုကြီးတွေ
ဘုရင်နောင်က​နေရုံးကို bus စီးပြီးလာကြတယ်။
ပင်စင်စားပြီး အမွေရတဲ့ ပိုက်ဆံကို Fixed deposit လေးထားထားတယ်တဲ့။ဘဏ်တိုးရတယ်ပေါ့။
တူမလေးမဂ်လာ​ေဆောင်ကို ကနေဒါသွားမယ်။
မဂ်လာ​ဆောင်ဆိုတာထက်
ထိုင်ဝမ်နှင့် အမေရိကားက မောင်နှစ်မတွေပါ ကနေဒါမှာ အတူဆုံကြမှာ။မြန်မာပြည်မှာက သူတို့နှစ်ဦးထဲကျန်။
သူတို့နှစ်ဦးကိုစလက်ခံတော့ ဖုန်းထဲကနေ ပြောပြီးရီကြရတယ်
အန်တီ အပျိုကြီးလဲဖြစ် ပင်စင်စားလဲဖြစ်
တခြားဆွေမျိုးလဲ မြန်မာပြည် မှာမရှိနော်
အန်တီရေ Visa ရအောင်ဘယ်လိုလျောက်ပေးရပါ့ပေါ့ ။ ကိုယ်ရီတော့ သူတို့ကလဲရီကြတယ်။
ကြိုးစားပေးမယ်အန်တီရေဆိုပြီး
ဖြစ်ကြောင်းကုန်စင်လေး သံရုံးကိုစာရေး
ရှိတာလေးတွေတင်ပေါ့။
ဒီနေ့ ညီမနှစ်ဦးမှ တစ်ဦးက Visa ရကြောင်း သိရပြီ။
နောက်တစ်ဦးကမနက်ဖန်လာမယ်ထင်တယ်။
ဝမ်းသာရတယ်။
ဘယ်သူကညွှန်းလိုက်တာလဲဆိုတော့
ကို Hla Oo
ကိုလှဦးရဲ့ ဆရာမတဲ့။

03/06/2026

Japan visa လျောက်ခက အနောက်နိုင်ငံတွေကိုလျောက်ပေးခထက်အများကြီးနည်းပါတယ်။
ဒါပေမဲ့ အ​နောက်နိုင်ငံတွေ visa လျောက်သလိုပဲ
သေချာပြင်စင်ပေးတဲ့အခါ Visa ရကြတော့ဝမ်းသာရတယ်။
နယ်ကနေလာလျောက်ကြရတာလွယ်တာမဟုတ်။

ပထမတခါ အခြေအနေကိုစိတ်တိုင်းမကျဘူးဆိုပြီး
မနက်ဖန်တင်မှာကို မတင်နဲ့ဦးဆိုပြီး နယ်ကိုပြန်လွတ်လိုက်တါ။
စေတနာကိုနားလည်လို့သာ စေတနာနားမလည်တဲ့သူဆို အချိန်ရော စရိတ်ရောအကုန်ခံလာရရှာတာ
မတင်​သေးဘူးဆိုပြီးပြန်လွတ်တာ စိတ်ဆိုးမှာ။

ဒီလိုပဲ စိတ်တိုင်းမကျသေးရင် လျောက်မဲ့ရက်ကို ဆိုင်းငံထားလိုက်ရတယ် သေချာချင်တာကို
Customer တွေကနားလည်ပေးကြတယ်။

Visa ရခြင်းမှာအရေးကြီးတာတွေထဲက တစ်ခုက
SOP letter ခေါ် Letter to embassy ပါ။

အဲ့စာအရေးအသားမှာတော့
မမင်းကို ဘယ်သူမှကျော်မရဘူးသေချာတယ်။
customize ရေးရတာ။ နဂိုကတည်းကစာရေးဝါသနာပါသူမို့ပေမဲ့
Mood လိုတယ် အဲ့စာရေးဖို့
ဧည်သည်အကြောင်း နောကြေအောင်မေးမြန်းရတယ်။ လောရင် အဆင်မပြေဘူး။
တချို့ကြ သူတို့အကြောင်းတကူးတက ခဏခဏလာ​ပြောပြတာကရှိသေးတယ်
များတော့ စာအုပ်နဲ့ချမှတ်ရတာ။

Min Travel Myanmar ကမြန်မာ visa တွေလုပ်သလို အခုဆို သက်တမ်းတိုးများကို3 months ,6 months & 1 year ကိုမှSingle or Multiple...
29/04/2026

Min Travel Myanmar က
မြန်မာ visa တွေလုပ်သလို အခုဆို သက်တမ်းတိုးများကို
3 months ,6 months & 1 year ကိုမှ
Single or Multiple ရတဲ့အထိသက်တမ်းများလည်းတိုးပေးနေကြောင်း
FRC ကိုင်ထားသူများလဲ တိုးလို့ရကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

095188026

🎓 UK Student Program ပိတ်ထားသော်လည်း Graduation Season နီးလာပြီဖြစ်သောကြောင့်မိဘများ၊ ဆွေမျိုးသားချင်းများအတွက် UK Visit...
24/03/2026

🎓 UK Student Program ပိတ်ထား
သော်လည်း Graduation Season နီးလာပြီဖြစ်သောကြောင့်
မိဘများ၊ ဆွေမျိုးသားချင်းများအတွက် UK Visit Multi Visa လျှောက်ထားရန် အချိန်သင့်ပါပြီ။

🌟 Min Travel Myanmar – ယုံကြည်စိတ်ချရသော Visa ဝန်ဆောင်မှု 🌟
နိုင်ငံတကာသို့ အလည်အပတ်၊ စီးပွားရေး၊ ပညာရေး ခရီးစဉ်များအတွက်
အတွေ့အကြုံပြည့်ဝပြီး အောင်မြင်မှုနှုန်းမြင့်မားသော ဝန်ဆောင်မှုကို ပေးဆောင်လျက်ရှိပါသည်။

💼 Visa ဝန်ဆောင်မှုများ
• UK / USA / Canada / Ireland
• Australia / New Zealand / Turkey
• Schengen (Europe Countries)
• China / Hong Kong / Taiwan
• Korea / Japan / Thailand

✈️ လျှောက်ထားနိုင်သော Visa အမျိုးအစားများ
• Tourist / Visit Visa
• Business Visa
• Student Visa

🎯 သင့်အတွက်အကောင်းဆုံးဖြေရှင်းချက်များ
• အလည်အပတ်ခရီးသွားလိုသူများ
• နိုင်ငံခြားတွင် ပညာသင်ယူလိုသူများ
• စီးပွားရေးခရီးသွားလိုသူများ
• မိသားစုနှင့် ပြန်လည်တွေ့ဆုံလိုသူများ

📦 အခြားဝန်ဆောင်မှုများ
• လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း
• ဟိုတယ်ဘွတ်ကင်
• ခရီးစဉ်စီမံကိန်းရေးဆွဲခြင်း
• Travel Insurance

📞 ဆက်သွယ်ရန်

09-5188026
09-978531994
09-250646296

✨ လွယ်ကူမြန်ဆန်ပြီး ယုံကြည်စိတ်ချရသော Visa ဝန်ဆောင်မှုအတွက်
Min Travel Myanmar ကို ယနေ့ပဲ ဆက်သွယ်လိုက်ပါ။

 ိတ်ထားပေမဲ့ #ဘွဲ့ယူရာသီရောက်တော့မယ်ဆိုတော့ #မိဘဆွေမျိုးသားခြင်းများအနေဖြင့် ေးတွေကြိုလျောက်ဖို့အချိန်ရောက်ပါပြီ။တခြား V...
24/03/2026

ိတ်ထားပေမဲ့
#ဘွဲ့ယူရာသီရောက်တော့မယ်ဆိုတော့
#မိဘဆွေမျိုးသားခြင်းများအနေဖြင့်
ေးတွေကြိုလျောက်ဖို့အချိန်ရောက်ပါပြီ။
တခြား Visit visa အမျိုးမျိုးကိုလဲလျောက်ပေးပါတယ်ရှင့်။

💛 Visa ဝန်ဆောင်မှု အကောင်းဆုံး Min Travel Myanmar 💛

နိုင်ငံကြီးများသို့ အလည်အပတ်၊ စီးပွားရေး၊ ပညာရေး အတွက် Visa လျှောက်ထားရာတွင်
💛 အတွေ့အကြုံများစွာ
💛 ယုံကြည်စိတ်ချရမှု
💛 အောင်မြင်မှုနှုန်းမြင့်မားမှု

တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

💛 ဝန်ဆောင်မှုပေးသော Visa များ
UK / USA / Canada/Ireland
Australia / New Zealand / Turkey
Schengen Countries (Europe)
China / Hong Kong / Taiwan
Korea / Japan/Thailand

💛 ဝန်ဆောင်မှုအမျိုးအစားများ
Tourist / Visit Visa
Business Visa
Student Visa

အလည်အပတ်သွားချင်သူများ
ကျောင်းတက်လိုသူများ
Business Trip သွားလိုသူများ
မိသားစုနှင့် တွေ့ဆုံလိုသူများ

အားလုံးအတွက် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးပါသည်။

အခြားဝန်ဆောင်မှုများ
လေယာဉ်လက်မှတ်
ဟိုတယ်ဘွတ်ကင်
ခရီးစဉ်စီစဉ်ခြင်း
Insurance

💛 ဆက်သွယ်ရန်
09-978531994 / 09-5188026

04/03/2026

UK visit သွားလည်မည်သူများ Visa လျောက်ကြပါနော်။

04/03/2026

US နှင့် UK က မြန်မာ Student visa ပိတ်ပြီးရင်တခြားတိုင်းပြည်ကြီးတွေကလိုက်ပိတ်လာနိုင်တယ် လျောက်စရာ သွားစရာရှိသွက်သွက်သာလုပ်ကြပါ

Address

241 , Phoe Khaung Street, 14/2 QT, Southokkalapa, (Phoe Khaung Condominium)
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959404972705

Website

Alerts

Be the first to know and let us send you an email when Min Travel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Travel Myanmar:

Shortcuts

Share