Star Zone Travels

Star Zone Travels The place where you can get one-stop travel service in Myanmar - Air Ticket, Hotels, Outbound Tour Package
(496)

Travel Around the World with Unique Experience and Unforgettable moment with Star Zone Travels !

25/07/2026

💁‍♀️Visa အတွက်ဆို တိကျသေချာတဲ့ Star Zone ရှိတယ်နော်

🗎 လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အမှားအယွင်းမရှိအောင် သေချာ ပြင်ဆင်ပေးပြီး Visa Success Rate အမြင့်ဆုံးနဲ့မို့ ယုံကြည်စိတ်ချနိုင်ပါတယ်ရှင့်..💯

🍁 လွမ်းမောဖွယ် ဆောင်းဦးအလှတွေနဲ့အတူ သီတင်းကျွတ်ပိတ်ရက်ရှည်ကို ဖြတ်သန်းမယ့် Korea Premium ခရီးစဉ် 🍁ဆိုးလ်၊ ဂျယ်ဂျူ၊ ဘူဆန်...
24/07/2026

🍁 လွမ်းမောဖွယ် ဆောင်းဦးအလှတွေနဲ့အတူ သီတင်းကျွတ်ပိတ်ရက်ရှည်ကို ဖြတ်သန်းမယ့် Korea Premium ခရီးစဉ် 🍁

ဆိုးလ်၊ ဂျယ်ဂျူ၊ ဘူဆန် မြို့ကြီး ၃ မြို့အပြင် သဘာဝအလှတွေ စုဝေးရာ နာမီကျွန်း၊ရင်ခုန်စရာ ကစားနည်းပေါင်းစုံရှိရာ 𝐄𝐯𝐞𝐫𝐥𝐚𝐧𝐝 𝐓𝐡𝐞𝐦𝐞 𝐏𝐚𝐫𝐤 တွေကို လည်ပတ်သွားမှာမို့ ကိုရီးယားကို တစ်ခေါက်တည်းအောင် စုံလင်အောင် ခံစားချင်သူတွေ ရွေးချယ်သင့်တဲ့ ခရီးစဉ်လေး ဖြစ်ပါတယ်။

🌊 𝑩𝒖𝒔𝒂𝒏ပင်လယ်ပြင်ကြီးကို အပေါ်စီးကနေ ငေးမောရင်း 𝑺𝒆𝒂 𝑻𝒓𝒂𝒊𝒏 လေး စီးမလား…

👘 ကိုရီးယားရိုးရာ 𝑯𝒂𝒏𝒃𝒐𝒌 ဝတ်စုံလှလှလေးနဲ့ 𝑮𝒚𝒆𝒐𝒏𝒈𝒃𝒐𝒌𝒈𝒖𝒏𝒈 နန်းတော်ထဲမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ရင်း K Drama ဆန်မလား

🍂 Nami Island က ကြွေရွက်ဝါ လမ်းမကြီးပေါ်မှာ ချစ်ရသူနဲ့အတူ နွေးထွေးတဲ့ အမှတ်တရတွေ ဖန်တီးမလား

🏝️ ဒါမှမဟုတ် သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ Jeju ကျွန်းရဲ့ ပင်လယ်ကမ်းခြေတစ်လျှောက် ရှုခင်းတွေကို တစ်ဝကြီး ခံစားမလား

🌟Star Zone ရဲ့ ကိုရီးယားခရီးစဉ်လေးက သင့်ရဲ့ အားလပ်ရက်တွေကို အလှပဆုံး memory တွေနဲ့အတူ မှတ်တမ်းသစ် ရေးထိုးပေးမှာပါ။
--------------------------------------------
Jeju - Busan - Seoul - Nami Island - Everland Theme Park
🗓️ 22 - 29 Oct 2026 ( 8 𝗗𝗮𝘆𝘀 / 7 𝗡𝗶𝗴𝗵𝘁𝘀 )
💵Price - 2,450 USD
--------------------------------------------
💎 ဧည့်သည်တော်ကြီးများ သက်သောင့်သက်သာ ရှိစေဖို့ Star Zone ရဲ့ Premium Services များ

🏨 နိုင်ငံတကာ အဆင့်မီ 𝟒 𝐒𝐭𝐚𝐫𝐬 ဟိုတယ်များတွင်သာ တည်းခိုရမှာဖြစ်ပြီး ကိုရီးယား အတွေ့အကြုံရင့် Tour Leader ရဲ့ ဦးဆောင်မှု နဲ့ အတူ စိတ်ကြိုက်ဆွဲလို့ရမယ့် ရှယ် Buffet အစီအစဉ်များ၊ကိုရီးယားရိုးရာ အစားအသောက်များနဲ့ တည်ခင်းဧည့်ခံသွားမှာပါ။

🕒 Star Zone Travels မှစီစဉ်ပေးတဲ့ ခရီးစဉ်တိုင်းဟာ 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐒𝐡𝐨𝐩 တွေ လုံးဝ ထည့်သွင်းထားခြင်းမရှိဘဲ နေရာတစ်ခု ချင်းစီကို အေးဆေးလည်ပတ်နိုင်အောင် အချိန်လုံလုံလောက်လောက်ပေးထားမှာ ဖြစ်ပါတယ် ။

🚄 ဘူဆန်ကနေ ဆိုးလ်မြို့ကို ကျည်ဆံရထားစီးပြီး ခရီးဆက်ရမယ့်အခါမှာလည်း Luggage အိတ်ကြီးတွေဆွဲပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် အိတ်တွေကို ဟိုတယ်ထိ တန်းပို့ပေးမယ့် ကားသီးသန့် စီစဉ်ထားတာမို့ ကိုယ်က Hand Carry လေးနဲ့ အေးဆေး လိုက်ပါရုံပါပဲ 🌟 (Star Zone မှာပဲ ရနိုင်တဲ့ Extra Service လေးဖြစ်ပါတယ်)

🎁 ဒါ့အပြင် 𝐒𝐭𝐚𝐫 𝐙𝐨𝐧𝐞 ရဲ့ အထူးလက်ဆောင်အဖြစ် 𝐇𝐨𝐭𝐞𝐥 𝐁𝐮𝐟𝐟𝐞𝐭 နဲ့ 𝐂𝐢𝐭𝐲 𝐌𝐚𝐫𝐭 𝐆𝐢𝐟𝐭 𝐕𝐨𝐮𝐜𝐡𝐞𝐫 များကို မဲဖောက်ပေးမယ့် 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰အစီအစဉ်လည်း ပါဝင်ပါသေးတယ်။

🛂 လူကြီးမင်းတို့ စိတ်ပူနေတဲ့ ဗီဇာလျှောက်ထားဖို့ အတွက်လည်း Star Zone ရဲ့ အတွေ့အကြုံရင့် Visa Team က အစအဆုံးတာဝန်ယူပေးသွားမှာမို့ စိတ်ချလက်ချပုံအပ်လိုက်ပါလို့ ပြောပါရစေ..
--------------------------------------------
📍 ခရီးစဉ် 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 နေရာများ

🏝️ 𝐉𝐞𝐣𝐮 𝐈𝐬𝐥𝐚𝐧𝐝: 𝐘𝐨𝐧𝐠𝐝𝐮𝐚𝐦 𝐑𝐨𝐜𝐤၊ 𝐒𝐞𝐨𝐧𝐠𝐬𝐚𝐧 𝐏𝐞𝐚𝐤၊ 𝐂𝐡𝐞𝐨𝐧𝐣𝐢𝐲𝐞𝐨𝐧 𝐖𝐚𝐭𝐞𝐫𝐟𝐚𝐥𝐥၊ 𝐒𝐞𝐨𝐧𝐢𝐦 𝐁𝐫𝐢𝐝𝐠𝐞၊ 𝐃𝐨𝐧𝐠𝐦𝐮𝐧 𝐌𝐚𝐫𝐤𝐞𝐭
🚄 𝐁𝐮𝐬𝐚𝐧: 𝐁𝐮𝐬𝐚𝐧 𝐒𝐞𝐚 𝐓𝐫𝐚𝐢𝐧၊ 𝐆𝐚𝐦𝐜𝐡𝐞𝐨𝐧 ရောင်စုံကျေးရွာ၊ 𝐇𝐚𝐞𝐝𝐨𝐧𝐠 𝐘𝐨𝐧𝐠𝐠𝐮𝐧𝐠𝐬𝐚 ကျောင်းတော်၊ 𝐁𝐈𝐅𝐅 𝐒𝐪𝐮𝐚𝐫𝐞
👘𝐒𝐞𝐨𝐮𝐥: 𝐍𝐚𝐦𝐢 𝐈𝐬𝐥𝐚𝐧𝐝 ၊ 𝐆𝐲𝐞𝐨𝐧𝐠𝐛𝐨𝐤𝐠𝐮𝐧𝐠 𝐏𝐚𝐥𝐚𝐜𝐞၊ 𝐃𝐨𝐧𝐠𝐝𝐚𝐞𝐦𝐮𝐧 𝐍𝐢𝐠𝐡𝐭 𝐌𝐚𝐫𝐤𝐞𝐭၊𝐍 𝐒𝐞𝐨𝐮𝐥 𝐓𝐨𝐰𝐞𝐫
𝐌𝐲𝐞𝐨𝐧𝐠𝐝𝐨𝐧𝐠 𝐀𝐫𝐞𝐚 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠

⚠️ (ခရီးစဉ်ရဲ့ premium အရည်အသွေးကို ထိန်းသိမ်းတဲ့အနေနဲ့ လူဦးရေကိုတော့ အကန့်အသတ်ဖြင့်သာ လက်ခံသွားမှာပါ)⚠️
--------------------------------------------
📩 အသေးစိတ်သိရှိလိုတာလေးတွေအတွက် 𝐒𝐭𝐚𝐫 𝐙𝐨𝐧𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐬 ရဲ့ Page Messenger မှာ
" 𝐇𝐞𝐥𝐥𝐨 𝐊𝐨𝐫𝐞𝐚" ဆိုတာလေး ရိုက်ပို့ပေးလိုက်ပါနော်။

☎️ 𝟐𝟒/𝟕 𝐓𝐨𝐮𝐫 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 ကိုလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 𝐓𝐨𝐮𝐫 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
🙋‍♀️𝐒𝐚𝐥𝐞𝐬 𝐏𝐞𝐫𝐬𝐨𝐧𝐬 - 𝐘𝐨𝐨𝐧 𝐋𝐚𝐞 𝐇𝐭𝐨𝐨 / 𝐇𝐚𝐲 𝐙𝐢𝐧
📲 𝟎𝟗𝟗𝟕𝟕𝟕𝟐𝟑𝟎𝟎𝟓 / 𝟎𝟗𝟒𝟑𝟏𝟓𝟏𝟐𝟖𝟐
☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐨. - 𝟎𝟗 𝟖𝟖 𝟓𝟓𝟓𝟓 𝟖𝟎𝟔

🏢𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞
📍 𝐍𝐨.𝟑𝟏𝟑/𝐁, 𝐌𝐲𝐚 𝐍𝐚𝐧𝐝𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐚𝐮𝐤 𝐇𝐭𝐚𝐰, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐬𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📱 𝟎𝟏 - 𝟑𝟓𝟎𝟎 𝟖𝟔𝟏, 𝟑𝟓𝟎𝟎 𝟖𝟔𝟐, 𝟑𝟓𝟎𝟎 𝟖𝟔𝟑 𝟓
📱 𝟎𝟗 - 𝟐𝟓𝟑𝟓 𝟔𝟔 𝟓𝟓, 𝟐𝟓𝟑 𝟓𝟓 𝟔𝟔 𝟕𝟕, 𝟐𝟓𝟑 𝟓𝟓 𝟔𝟔 𝟗𝟗
𝟎𝟗 - 𝟕𝟗 𝟓𝟑 𝟓𝟑 𝟓𝟐𝟎, 𝟕𝟗 𝟓𝟑 𝟓𝟑 𝟓𝟐𝟏
(မနက် 𝟗:𝟎𝟎 - ညနေ 𝟓:𝟑𝟎)

🏢𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
📍𝐍𝐨 𝟏𝟏𝟔/𝟏𝟏𝟕, 𝟒𝟑𝐫𝐝 𝐀 𝐬𝐭,𝐁𝐞𝐭; 𝟔𝟏𝐬𝐭 𝐱 𝟔𝟐𝐧𝐝 𝐬𝐭,𝐌𝐚𝐡𝐚𝐫 𝐀𝐮𝐧𝐠 𝐌𝐲𝐚𝐲 (𝐄𝐚𝐬𝐭) 𝐓𝐬𝐩,𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📱+95 2 406 9293,+95 2 407 2855,+95 2 402 4880

#ခရီးသွားဝန်ဆောင်မှု

✈️လေဆိပ်ရောက်တိုင်း တန်းစီစောင့်ဆိုင်းရတဲ့ စိတ်ညစ်စရာတွေကို လက်ဖျောက်လေး တစ်ချက်တီးပြီး အကုန်ဖျောက်ပေးမယ့် Minglar Sky V...
23/07/2026

✈️လေဆိပ်ရောက်တိုင်း တန်းစီစောင့်ဆိုင်းရတဲ့ စိတ်ညစ်စရာတွေကို လက်ဖျောက်လေး တစ်ချက်တီးပြီး အကုန်ဖျောက်ပေးမယ့် Minglar Sky Vip Fast-Track Service

လူကြီးမင်းရဲ့ ရွှေလိုတန်ဖိုးရှိတဲ့ အချိန်တွေကို လေဆိပ်က လူတန်းရှည်ကြီးမှာ မကုန်လွန်စေဘဲ ဇိမ်ရှိရှိအနားယူရင်း ခရီးစဉ်တစ်ခုကို စိတ်အေးချမ်းသာစွာ စတင်နိုင်ဖို့ Mingalar Sky Lounge ကို Star Zone မှာ ဝယ်ယူနိုင်ပါပြီရှင့်။

💁‍♀️Mingalar Sky Vip Fast-Track Service နဲ့ ဆိုရင် -

✅တန်းစီစရာမလိုဘဲ သီးသန့်ကောင်တာကနေ Check - in ဝင်နိုင်မယ့် Fast-Tack ဝန်ဆောင်မှု

✅စာရွက်စာတမ်းတွေ ပေးလိုက်ရုံ နဲ့ Immigration အဆင့်ဆင့်ကို စက္ကန့်ပိုင်းအတွင်း ဖြတ်သန်းသွားနိုင်မယ့် 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐂𝐡𝐞𝐜𝐤

✅Boarding Time မတိုင်မီ အဆင့်မြင့် Luxury Lounge ထဲမှာ စားကောင်းသောက်ဖွယ်ရာများနှင့် အေးဆေးအနားယူနိုင်ခြင်း

✅Boarding Gate အထိ ကားလေးနဲ့လိုက်ပါ ပိုဆောင်ပေးမယ့် Buggy Service

💁‍♀️လူကြီးမိဘ သက်ကြီးရွယ်အိုတွေပါဝင်တဲ့ မိသားစုလိုက် ခရီးသွားမယ့်သူတွေ၊အလုပ်ကိစ္စ နဲ့ ခေါင်းအေးအေးထားပြီး ခရီးထွက်ရမယ့်သူတွေအတွက် အရမ်းကိုမှ အဆင်ပြေတဲ့ Premium Service လေး ဖြစ်ပါတယ်။

💡ဈေးနှုန်း နဲ့ အသေးစိတ်ကိုတော့ Page Messenger နဲ့ 24/7 Ticketing Department တွေမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

🔥 ဒီနှစ် ထိုင်းက EDM ပွဲတွေက Raver တွေကို အိမ်မပြန်ခိုင်းတော့ဘူးနဲ့ တူတယ်😂 🗓️ ရက်ပိုင်းပဲခြားပြီး တစ်ပွဲပြီးတစ်ပွဲ ဆက်တိ...
22/07/2026

🔥 ဒီနှစ် ထိုင်းက EDM ပွဲတွေက Raver တွေကို အိမ်မပြန်ခိုင်းတော့ဘူးနဲ့ တူတယ်😂

🗓️ ရက်ပိုင်းပဲခြားပြီး တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကျင်းပသွားမယ့် ကမ္ဘာ့အဆင့်မီ EDM ပွဲကြီး (၃) ပွဲရဲ့ Date အတိအကျတွေ ထွက်လာပြီမို့... ဘယ်ပွဲကို သွားဖို့ စဉ်းစားထားကြလဲ Raver တို့...

🎧 အနီးစပ်ဆုံးအနေနဲ့ အောက်တိုဘာလ ၂ ရက်နဲ့ ၃ ရက်နေ့မှာ ကျင်းပမယ့် 808 Festival ပွဲကြီး ရှိပါမယ်။ ဒီပွဲကတော့ အမိုက်စား Indoor ပါတီ Vibe အပြင် ကမ္ဘာကျော် Top DJ တွေရဲ့ Bassline အလန်းစားတွေ ပါလာမှာဆိုတော့... ဘော်ဒါတွေ အုပ်စုလိုက်ကြီးနဲ့ အမှန်အကန် ဖြုတ်ကြမယ်မလား။

🕺 အဲ့ဒါနဲ့ အားမရသေးရင်... ဒီဇင်ဘာ ၁၁ ကနေ ၁၃ ထိ EDM ချစ်သူတိုင်းရဲ့ Ultimate Dream ဖြစ်တဲ့ Tomorrowland ပွဲကြီးက လာဦးမှာ။ Magic ဆန်ဆန် အမိုက်စား Stage ကြီးတွေ၊ အလင်းအမှောင် Laser Show တွေနဲ့ ကမ္ဘာ့အဆင့်မီ စင်မြင့်ထက်မှာ သုံးရက်တိုင်တိုင် အရူးအမူး ဒွန့်ရမှာဆိုတော့ EDM Crazy တွေ လုံးဝ လက်လွှတ်မခံသင့်ဘူးနော်...

🌴 ဒါတင်မပြီးသေးဘူး။ Tomorrowland နဲ့ တစ်ပတ်ပဲခြားပြီး ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်နေ့မှာတော့ ဖူးခက်ကမ်းခြေမှာ Carnival Vibe အပြည့်နဲ့ EDC Festival ကြီးက ထပ်ပြီး စောင့်ကြိုနေပြန်ရော။ သာယာလှပတဲ့ ဖူးခက် ကမ်းခြေမှာ အနားယူရင်း ကမ်းခြေပါတီအမိုက်စားကို ဆင်နွှဲရမှာမို့ 'ခရီးလည်းထွက်ချင်တယ်၊ EDM ပွဲလည်း အပီကဲချင်တယ်' ဆိုတဲ့ ကိုယ့်လူတွေအတွက်တော့ ကွက်တိပဲပေါ့။

🤔 ပွဲရက်တွေကလည်း ကပ်၊ ပွဲကြီးတွေလည်း ဖြစ်နေတော့ ဘယ်ဟာသွားရမှန်းမသိ ရွေးချယ်ရခက်နေပြီလား။ ခရီးသွားဖို့ တခြားလိုအပ်တာတွေလည်း ပြင်ဆင်ရဦးမှာဆိုတော့ ကျန်တဲ့ လေယာဉ်လက်မှတ်နဲ့ ဟိုတယ် Booking အတွက် Star Zone က အကုန်တာဝန်ယူပေးမယ်နော်။

✈️ ပွဲရက်အမီ အဆင်ပြေဆုံးအချိန်နဲ့ ဈေးအသက်သာဆုံး လေယာဉ်လက်မှတ်တွေ၊ ပွဲကျင်းပမယ့်နေရာနဲ့ အနီးဆုံး သွားရလာရလွယ်ကူတဲ့ အမိုက်စားဟိုတယ်တွေကို Star Zone က သေချာရှာဖွေပေးပြီး Booking တင်ပေးသွားမှာမို့ အခုပဲ Page Messenger မှာ လာရောက်စုံစမ်းလိုက်တော့နော်!

📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

21/07/2026

🏆ကမ္ဘာ့ချံပီယံ စပိန်အသင်းကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တဲ့ Star Zone က ဥာဏ်ကြီးရှင်လေးတွေရဲ့ ရင်တွင်းစကားသံလေးတွေပါ...ဘယ်လိုတောင် လေတိုက်ထားလဲ တစ်ချက်ရှိုး

20/07/2026

22nd July မှာကျင်းပပြုလုပ်သွားမယ့် NMDC ရဲ့ Job Fair ကြီးမှာ Star Zone လည်းရှိနေပါမယ်နော်...

Tourism industry ကို စိတ်ပါဝင်စားတယ်ဆိုရင် လာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်

19 July မမေ့နိုင်💔ယနေ့ "ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆု...
19/07/2026

19 July မမေ့နိုင်💔

ယနေ့ "ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား Star Zone Travels မိသားစု မှ လေးမြတ်စွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့

🧸အိတ်ကပ်ထဲက Blind Box လေးတွေကို ကမ်းခြေထက်က အနုပညာအဖြစ် အသက်သွင်းပေးလိုက်တဲ့ _ Pop Mart Event🏖️🤩 ဒီရက်ပိုင်း Art Toy ချစ...
16/07/2026

🧸အိတ်ကပ်ထဲက Blind Box လေးတွေကို ကမ်းခြေထက်က အနုပညာအဖြစ် အသက်သွင်းပေးလိုက်တဲ့ _ Pop Mart Event🏖️

🤩 ဒီရက်ပိုင်း Art Toy ချစ်သူတွေကြား ရေပန်းအစားဆုံးဖြစ်နေတာကတော့ Pattaya ကမ်းခြေမှာ ပေါ်လာတဲ့ ဧရာမ CRYBABY အကောင်ကြီးတွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါကတော့... POP MART ကနေ Central Pattaya မှာ Official Store အသစ်ကြီး ဖွင့်လှစ်တဲ့အထိမ်းအမှတ်အနေနဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် ဖန်တီးပေးလိုက်တဲ့ "POP ON THE BEACH" ဆိုတဲ့ Art Toy Landmark ကြီးပဲ ဖြစ်ပါတယ်။

🌅Installation Art တွေ အများကြီး ပြင်ဆင်ပေးထားလို့ Art Toy ချစ်သူတွေနဲ့ ပုံလှလှလေးတွေရိုက်ပြီး Feed အလှဆင်ချင်သူတွေအတွက် လုံးဝသွားရကျိုးနပ်မယ့် Tour Attraction နေရာအသစ်လေးပေါ့။ 📸

😉 ဒီပွဲရဲ့ အထင်ရှားဆုံး နဲ့ အသည်းယားစရာအကောင်းဆုံးကတော့ ပင်လယ်ပြာပြာ၊ သဲသောင်ပြင်လှလှလေးကို နောက်ခံထားပြီး မိန့်မိန့်ကြီးထိုင်နေတဲ့ “CRYBABY Cry Me An Ocean Series”ထဲက ဧရာမ Balloon ရုပ်ကြီး ၄ ကောင်ပါပဲ။ အမြင့် ၈ မီတာ၊ အလျား ၁၂ မီတာတောင်ရှိတာမို့ အပြင်မှာ တကယ့်ကို အကောင်ကြီးကြီးနဲ့ အသက်ဝင်နေတာပါ။ Shark တို့ Octopus တို့လို ပင်လယ်အောက်က ကောင်လေးတွေပုံစံ ဖန်တီးထားတဲ့ CRYBABY ရုပ်တွေနဲ့ ညနေစောင်း နေဝင်ချိန် Golden Hour မှာ ဓာတ်ပုံရိုက်မယ်ဆို..ဘယ်ရှုထောင့်ကရိုက်ရိုက် ပုံတွေက အပျံစား ဖြစ်နေမှာနော်။

ဒါ့အပြင် MOLLY နဲ့ SKULLPANDA တို့ရဲ့ Display အကြီးစားကြီးတွေနဲ့ ကမ်းခြေတစ်ခုလုံးက ချစ်စရာ ကောင်းလွန်းလို့ ရောက်ဖြစ်ခဲ့ရင် ဖုန်း memory ပြည့်တဲ့အထိကို မနားတမ်း ဓာတ်ပုံရိုက်ခဲ့ပါ။ဒီလိုပွဲမျိုးက နောက်ကြုံရဖို့ မလွယ်ပါဘူး။

ပြီးတော့ ဒီ ဧရာမ CRYBABY အလှတွေက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့အထိပဲ ကမ်းခြေရှေ့မှာ အခမဲ့ ပြသသွားမှာမို့ အချိန်မီလေး သွားရောက်ဖို့တော့ လိုမယ်နော်။ 📅 📅

ဒီလို ရင်ခုန်စရာကောင်းတဲ့ Art Toy ကမ္ဘာလေးဆီ ကိုယ်တိုင်ခြေချပြီး အမှတ်တရတွေ ဖန်တီးဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့….

✈️ ရန်ကုန် ဒါမှမဟုတ် မန္တလေးကနေ ဘန်ကောက်လေဆိပ် (Suvarnabhumi သို့မဟုတ် Don Mueang) ဆီ လေယာဉ်နဲ့ တိုက်ရိုက်သွားပြီး၊ အဲ့ဒီကမှတစ်ဆင့် အဝေးပြေးဘတ်စ်ကား၊ တက္ကစီ ဒါမှမဟုတ် Private Car တွေနဲ့ ၂ နာရီဝန်းကျင်လောက် ဆက်မောင်းရုံနဲ့ ပွဲတော်ကျင်းပရာ ပတ္တယားကမ်းခြေဆီ ရောက်ပါပြီ။

🌟 ခရီးစဉ်တစ်ခုလုံးအတွက် သွားရမယ့် လေယာဉ်လက်မှတ်၊ တည်းခိုမယ့် ဟိုတယ်ဘိုကင်ကစပြီးတော့ ကားငှားရမ်းခြင်း(Car Rental Services)တွေအထိ အစစအရာရာ အဆင်ပြေချောမွေ့အောင် စီစဉ်ပေးနေတဲ့ Star Zone လည်းရှိနေတာဆိုတော့..အခက်အခဲဖြစ်မှာလည်း ပူစရာမလိုဘူးနော်။

🥰 စိတ်ကူးထဲကအတိုင်း လက်တွေ့ကျမယ့် ခရီးစဉ်လေးတစ်ခု ဖြစ်လာဖို့ Star Zone မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

☎️𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
📱 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

15/07/2026

တရုတ်ပြည်သွားပြီး ဒါတွေမစားခဲ့ရရင် ခရီးသွားရတာ မပြည့်စုံဘူးနော်

တရုတ်နိုင်ငံကို ခရီးသွားရတာကြိုက်ရတဲ့ အကြောင်းအရင်းကလေ သူတို့နိုင်ငံရဲ့ ဆန်းကြယ်တဲ့ သဘာဝရှုခင်းတွေအပြင် အစားအသောက်တွေကို သူများနဲ့ မတူအောင် ပြင်ဆင်နိုင်တဲ့ Food Culture ကြောင့်လည်းပါတယ်။

တကယ်လို့ တရုတ်ပြည်ရောက်ဖြစ်ခဲ့ရင် အခုပြောမယ့် ဟင်းပွဲ(၅)မျိုးကို သတိတရနဲ့ မှာစားကြည့်ကြ..အရမ်းကို စားကောင်းလွန်းလို့ အိမ်ပြန်ရောက်ရင်တောင် လွမ်းနေရမယ်နော်..

၁။ ပီကင်းဘဲကင် (Peking Duck)
ပီကင်းဘဲကင်ရဲ့ ထူးခြားချက်ကတော့ မီးဖိုထဲက ထွက်ထွက်ချင်း ဝင်းမှည့်နေတဲ့ ဘဲအရေခွံလေးရဲ့ ကြွပ်ရွမှုပါပဲ။ ပါးပါးအိအိ ဂျုံပြားလေးထဲ ဘဲသားရယ်၊ ကြက်သွန်မြိတ်လေးရယ် ထည့်၊ ချိုပျစ်တဲ့ ဆော့စ်လေးဆမ်းပြီး တစ်လုတ်တည်း စားလိုက်ရတဲ့ အရသာကလေ... ပါးစပ်ထဲတင် အရည်ပျော်သွားမတတ်ပါပဲ။

၂။ ရှောင်လုံးပေါင်း (Xiaolongbao)
ဒီမုန့်လေးကို စားရင်တော့ ဇွန်းပေါ်တင်ပြီး ဖြည်းဖြည်းချင်း သတိထားစားဖို့ လိုမယ်နော်။ ပါးလွှာတဲ့ ဂျုံသားအိအိလေးကို သွားလေးနဲ့ မသိမသာ ကိုက်လိုက်တာနဲ့ အထဲကနေ ပူပူနွေးနွေး စွပ်ပြုတ်ရည်ချိုချိုလေးက ပါးစပ်ထဲ ပန်းထွက်လာမှာ။ စွပ်ပြုတ်ရည်လေး အရင်သောက်၊ ပြီးမှ အသားဖတ်လေးကို ချဉ်စပ်ဆော့စ်လေးနဲ့ တွဲစားလိုက်ရင် တကယ့်ကို ရှယ်ကောင်းပဲ

၃။ စီချွမ်းဟော့ပေါ့ (Sichuan Hotpot)
အစပ်ကြိုက်တဲ့သူဆိုရင် ဒါကို ရအောင် Try ကြည့်သင့်တယ်။ စီချွမ်းငရုတ်ကောင်းရဲ့ လျှာဖျားကို ထုံအီသွားစေမယ့် အရသာနဲ့ အမွှေးအကြိုင်ပေါင်းများစွာ ခတ်ထားတဲ့ ဟော့ပေါ့အိုးပူပူထဲ အသား၊ အသီးအရွက်လေးတွေ နှစ်ပြီး သူငယ်ချင်းတို့နဲ့ ဝိုင်းဖွဲ့စားရတာမျိုးပါ။သူ့ရဲ့ ပူပူစပ်စပ်၊ ရှုးရှုးရှဲရှဲ စားရတဲ့ အရသာက တရုတ်ပြည်ရဲ့ အေးစိမ့်တဲ့ ရာသီဥတုမျိုးနဲ့ဆို လုံးဝကွက်တိ အံကိုက်ပဲနော်

၄။ ရှောင်လုံးရှား (Spicy Crayfish)
တရုတ်ပြည်ရဲ့ Night Market ယဉ်ကျေးမှုကို သိချင်ရင် ဒါလေး စားကြည့်…ပုစွန်အကိတ်ကြီးတွေကို မာလာအစပ်ဆော့စ်နဲ့ ရဲရဲနီနေအောင် ချက်ထားတာဖြစ်ပြီး လက်အိတ်စွပ်ပြီး အားရပါးရ အခွံနွှာစားရတာပါ။ ဆော့စ်အနှစ်လေးတွေနဲ့ စပ်စပ်စီးစီးလေးမို့ စားဖူးသူတိုင်းရဲ့ အသည်းစွဲ ဟင်းလျာလေးပေါ့။

၅။ ခရုခေါက်ဆွဲအစပ် (Luosifen)
"အနံ့ကတော့ ဆိုးတယ်၊ စားရင်တော့ စွဲတယ်" ဆိုတာ ဒါမျိုး.. Liuzhou မြို့ရဲ့ အထင်က ရ ဖြစ် တဲ့ ခရုခေါက်ဆွဲအစပ် က သူ့ရဲ့စူးရှတဲ့ အနံ့ကြောင့် အခုမှ ပထမဆုံးစ try မယ့်သူတွေအအတွက် အနည်းငယ် လက်တွန့်သွားနိုင်ပေမယ့်… ချဉ်၊ စပ်၊ ဟင်းခတ်အမွှေးအကြိုင်တွေ စုံလင်တဲ့ ခေါက်ဆွဲရည်ပူပူလေးကို မြည်းကြည့်လိုက်ရင်တော့ လက်မနားချင်လောက်အောင် စွဲလမ်းသွားစေမယ့် အရသာမျိုးလေးပါနော်။

ကဲ...ဟင်းပွဲလေးတွေ အကြောင်းလည်း သိပြီဆိုတော့ တရုတ်ပြည်ရောက်ရင် စားဖြစ်အောင် စားခဲ့ကြနော်။ဒီထဲမှာ မပါတဲ့ တရုတ် အစားအသောက် ကောင်းကောင်းလေးတွေ ရှိရင်လည်း မျှဝေပေးခဲ့ပါဦး

Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp
Yangon
11081

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 13:00
Sunday 00:00 - 13:00

Telephone

+959770999906

Alerts

Be the first to know and let us send you an email when Star Zone Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Star Zone Travels:

Shortcuts

Share

Category