Genus Myanmar Travels & Tours

Genus Myanmar Travels & Tours Essence of Life

Passport လုပ်ငန်းများ ပြန်လည်စတင်ပါတော့မယ်ခင်ဗျ
22/02/2023

Passport လုပ်ငန်းများ ပြန်လည်စတင်ပါတော့မယ်ခင်ဗျ

30/10/2021

နိုင်ငံကူးလက်မှတ် (Passport)
လျှောက်ထားမည့်သူများ
Ph.09420292094 သို့
ဆက်သွယ်မေးမြန်း စာရင်းပေး လို့ ရပါပြီ ခင်ဗျာ...

ဟေ့ရို့!📙Passport စာအုပ် အသစ်လျှောက်📙Passport စာအုပ် သက်တမ်းတိုးခြင်းများအတွက် လွယ်ကူ လျှင်မြန်စွာဖြင့် ဆောင်ရွက်ပေးနေပါ...
04/07/2021

ဟေ့ရို့!
📙Passport စာအုပ် အသစ်လျှောက်
📙Passport စာအုပ် သက်တမ်းတိုးခြင်းများအတွက် လွယ်ကူ လျှင်မြန်စွာဖြင့် ဆောင်ရွက်ပေးနေပါတယ်။
မြန်မြန်ဘဲမို့ ဟယ်လိုလိုက်တော့နော် ☎ - 09420292094

Passport စာအုပ်လျှောက်ထားမည့် မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာခု Passport ရုံး ပြန်ဖွင့်နေပါပြီPassport စာအုပ် လုပ်မည်ဆိုပါ...
09/06/2021

Passport စာအုပ်လျှောက်ထားမည့် မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ
ခု Passport ရုံး ပြန်ဖွင့်နေပါပြီ
Passport စာအုပ် လုပ်မည်ဆိုပါက
09420292094 ကို ဆက်သွယ်ပေးပါ ခင်ဗျ....

👨‍👧‍👦သင်တို့ရော အဖေနဲ့ပတ်သက်ပြီး ဘာတွေအမှတ်တရ ရှိခဲ့လဲ?၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ ...
21/06/2020

👨‍👧‍👦သင်တို့ရော အဖေနဲ့ပတ်သက်ပြီး ဘာတွေအမှတ်တရ ရှိခဲ့လဲ?
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ ကမ္ဘာပေါ်က ဖခင်များအားလုံးကို ဂုဏ်ပြုလိုက်ရပါတယ်။

Father’s day (အဖေများနေ့) ဖြစ်ပေါ်လာပုံ
-------------------------------------------------------------
အဖေများနေ့ကို ကမ္ဘာပေါ်တွင် (၁၉၁၀) ခုနှစ် ဇွန်လ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သည်။
အဖေများနေ့ ဖြစ်ပေါ်ရန် ကြိုးပမ်းခဲ့သူမှာ အမေရိကန်ပြည်တွင်း စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝီလီယျံ ဂျက်ဆင်စမတ် ၏ သမီးဖြစ်သူ သာမန်အရပ်သား Sonora Smart Dodd (ဆိုနာစမတ်ဒေါ့) ဖြစ်ပြီး သူမ၏ ဖခင်မွေးနေ့ကို ရည်ညွန်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မိခင်များနေ့သာရှိပြီး ဖခင်များနေ့ မရှိသေးခြင်းအပေါ် ဆိုနာသည် မှတ်ချက်ပြုမိပြီး အမိမဲ့သော သူမတို့မိသားစုဘဝကို အရွယ်ရောက်သည်အထိ ပြုစုကျွေးမွေးစောင့်ရှောက်ခဲ့သော ဖခင်အား ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ အမှန် ဖခင်ဝီလီယျံ၏ မွေးနေ့သည် ဇွန်လ ၅ ရက်ဖြစ်သော်လည်း သူမတွင် ပြင်ဆင်ချိန် မရရှိခဲ့ခြင်းကြောင့် ဇွန်လ ၁၉ ရက်နေ့သို့ ပြောင်းလဲ ပြုလုပ်ခဲ့သည်။ သူမသည် ဖခင်များနေ့ကို လူအများလက်ခံစေရန် ကြိုးပမ်းပြီး အမေရိကန်၊ ဝါရှင်တန်ဒီစီ အခြေဆိုက် အမျိုးသား အဝတ်အထည်ချုပ်လုပ်သူများအဖွဲ့အစည်းနှင့် ပူးပေါင်းကာ လူသိများရန်ကြိုးပမ်းခဲ့သည်။ သူမ၏ ကြိုးပမ်းမှုကို ဝါရှင်တန်ရှိ လူအများက ဝိုင်းဝန်းလောင်ပြောင် ဝေဖန်ခဲ့ကြသည်။
သို့သော် ဖခင်များနေ့ကို လူဦးရေများများနှင့် စုဖွဲ့ပြီး ဂုဏ်ပြုခြင်းများ ပြုလုပ်လာသောကြောင့် (၁၉၁၆) ခုနှစ်တွင် အမေရိကန်သမ္မတ Woodrow Wilson သည် ဆိုနာတို့ ဖခင်များနေ့ကျင်းပသော ဝါရှင်တန်ပြည်နယ် Spokane မြို့သို့ သွားရောက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာအသိအမှတ်ပြုဖြစ်ရန် ဆွေးနွေးခဲ့သည်။ သို့သော် ကွန်ဂရက်စ်မှ ယင်းအဆိုကို ပယ်ချယ်ခဲ့သည့်အတွက် ဖခင်များနေ့ကို တရားဝင်သတ်မှတ်ရန် နှောင့်နေးခဲ့ သည်။ သို့သော် ကြိုးပမ်းမှု များစွာကြောင့် (၁၉၆၆) ခုနှစ်တွင် အမေရိကန် သမ္မတ Lyndon B. Johnson က ဖခင်များနေ့အထိန်း အမှတ် ကို နှစ်စဉ် ဇွန်လ၏ တတိယ စနေနေ့တွင် ကျင်းပရန် သတ်မှတ်လိုက်သည်။
ထို့နောက် ဖခင်များနေ့ ကျင်းပမှုသည် အမေရိကန်နိုင်ငံမှသည် အိမ်နီးချင်းနိုင်ငံ၊ ဥရောပ၊ အာရှ စသည်ဖြင့် တစ်မ္ဘာလုံးအထိ ပြန့်နှံ့ခဲ့ပြီး နိုင်ငံ အများစုက ဖခင်များနေ့ကို ဇွန်လ တတိယ တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ သည်။ သို့သော် အချို့နိုင်ငံများက ဇွန်လ ဆန်းပိုင်းနေ့များကို ရွေးချယ်ပြီး ယနေ့တိုင် ကျင်းပလျက်ရှိသည်။
ဖခင်များနေ့ဖြစ်ပေါ်လာရန် တည်ထောင်ခဲ့သူ Sonora Louise Smart Dodd သည် ချီကာဂို အနုပညာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး (၁၉၇၄) ခုနှစ် တွင် အသက် ၉၄ နှစ်ရွယ်တွင် ကွယ်လွန်ခဲ့သည်။
Source: MP4 YOU


 ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်သည့် World Blood Donor Day တွင် တစ်ပါးသူ၏အသက်ကိုကယ်တင်နိုင်ရန်အတွက် ကမ္ဘာအရပ်အရပ်မှ သွေးလှူဒ...
14/06/2020


ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်သည့် World Blood Donor Day တွင် တစ်ပါးသူ၏အသက်ကိုကယ်တင်နိုင်ရန်အတွက် ကမ္ဘာအရပ်အရပ်မှ သွေးလှူဒါန်းနေသူများအား Genus Myanmar Travels & Tours မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။



 🐳ယနေ့ကျရောက်သော ဇွန်လ (၈) ရက်နေ့ဟာ World Ocean Day ဖြစ်ပါတယ်။🐠စွန့်ပစ်ပလတ်စတစ်အမှိုက်များ မဆင်မခြင်စွန့်ပစ်ခြင်းကြောင့်...
08/06/2020


🐳ယနေ့ကျရောက်သော ဇွန်လ (၈) ရက်နေ့ဟာ World Ocean Day ဖြစ်ပါတယ်။
🐠စွန့်ပစ်ပလတ်စတစ်အမှိုက်များ မဆင်မခြင်စွန့်ပစ်ခြင်းကြောင့် ပင်လယ်ရေ ညစ်ညမ်းမှုတွေဖြစ်ပေါ်လျက်ရှိပါတယ်။
🐟ပင်လယ်ရေညစ်ညမ်းမှုဟာ ပင်လယ်တွင်းရှိ သက်ရှိလေးတွေကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။
🐬စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ကြဖို့ Genus Myanmar Travels & Tour မိသားစုမှတိုက်တွန်းလိုက်ပါတယ်။





 🍀ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့လေးမှာ သဘာဝပတ်ဝန်းကျင်နဲ့ကမ္ဘာမြေကြီးထိခိုက်ပျက်စီးယိုယွင်းလာခြင်...
05/06/2020


🍀ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့လေးမှာ သဘာဝပတ်ဝန်းကျင်နဲ့ကမ္ဘာမြေကြီးထိခိုက်ပျက်စီးယိုယွင်းလာခြင်းကို ကာကွယ်ဖို့ လူသားတိုင်းမှာတာဝန်ရှိပါတယ်။
🍀လူသားအားလုံး ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။









""Passport အကြောင်းသိကောင်းစရာ''''၁။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း။ Check Your Passports’s Validityသင် ပြ...
04/06/2020

""Passport အကြောင်းသိကောင်းစရာ''''

၁။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း။ Check Your Passports’s Validity
သင် ပြည်ပခရီးသွားဖို့ အစီအစဉ်ရှိလျှင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်းကို အရင်စစ်ဆေးပါ။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်းသည် အနည်းဆုံး ၆ လအထက်တွင် ရှိရပါမည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း ၆လထက်နည်းလျှင် လူ၀င်မှုကြီးကြပ်ရေးအရာရှိမှ သင့်အား လေယာဉ်ပေါ်သို့ပေးတက်မည်မဟုတ်ပါ။

၂။ ဗီဇာ။ Find Out If You Need a Visa
သင် ပြည်ပခရီးသွားဖို့ စီစဉ်ထားလျှင် သွားမည့်နိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် ဗီဇာ လို ၊ မလို သက်ဆိုင်ရာသံရုံးများတွင် စုံစမ်းနိုင်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများအနက်မှ မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုသောနိုင်ငံများမှာ

၁ ထိုင်းနိုင်ငံ (Thailand) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၂ စင်္ကာပူနိုင်ငံ (Singapore) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်

၃ ဘရူနိုင်းနိုင်ငံ (Brunei) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၄ ကမ္ဗောဒီးယားနိုင်ငံ (Cambodia) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၅ လာအိုနိုင်ငံ (Laos) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၆ ဗီယက်နမ်နိုင်ငံ (Vietnam) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၇ အင်ဒိုနီးရှားနိုင်ငံ (Indonesia) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်

၈ ဖိလစ်ပိုင်နိုင်ငံ (Phillippines) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့် ‼️

၃။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာရွက်အလွတ်။ Check Your Blank Passport Pages
သင် ပြည်ပခရီးမထွက်ခင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာအုပ်တွင် စာရွက်အလွတ် ကျန် ၊ မကျန် အရင်စစ်ဆေးပါ။ စာရွက်အလွတ် မကျန်ပါက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာအုပ်အသစ်လုပ်ပြီး မှခရီးထွက်ပါ။ ‼️

၄။ အနောက်ဘက်/ကျောဘက် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ကို မထည့်ပါနှင့်။ Don’t Ever Put Your Passport in Your Back Pocket
ခရီးထွက်ရာတွင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ကို အနောက်ဘက်/ကျောဘက် အိတ်ထဲသို့ ထည့်ရန်မသင့်ပါ။ မတော်တဆအောက်သို့ ပြုတ်ကျခြင်း/ခါးပိုက်နှိုက်ခြင်းများကြုံတွေ့နိုင်ပါသည်။ သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport နှင့်အခြားအရေးကြီးစာရွက်စာတမ်းများကို အရှေ့ဘက်အိတ်ထဲတွင် ထားခြင်းသာ ဘေးအကင်းဆုံးပါ။ ‼️

၅။ ၂ခါပြန်စစ်ပေးပါ။ Always Look Twice
Taxi စီးလျှင်သော်လည်းကောင်း၊ စားသောက်ဆိုင်တွင်စားပြီးသော်လည်းကောင်း၊ လေယာဉ်ပေါ်တွင်လည်းကောင်း၊ ဟိုတယ်အခန်းတွင်သော်လည်းကောင်း၊ သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပါ၊ မပါ အမြဲတမ်း ၂ခါလောက်ပြန်စစ်ပါ။ ‼️

၆။ အုပ်စုလိုက် ခရီးသွားလျှင်။ Group Travelling
မိသားစုနှင့်သော်လည်းကောင်း၊ သူငယ်ချင်းအုပ်စုများနှင့်သော်လည်းကောင်း၊ ခရီးသွားလျှင် သင်သည် အဖွဲ့ခေါင်းဆောင်ဖြစ်သည်ဆိုပါစို့။ Departure/ Arrival/Custom forms များဖြည့်ပါက ပိုမိုလွယ်ကူစေရန် တစ်ဦးချင်းစီရဲ့နာမည်၊ မွေးနေ့၊ Passport Number ၊ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စထုတ်တဲ့နေ့၊ ကုန်ဆုံးတဲ့နေ့များကို စာရွက်လေးဖြင့် Note ထုတ်ထားပါ။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport များကိုအိတ်ထဲမှသွင်းလိုက်၊ ထုတ်လိုက် လုပ်ရန် မလိုတော့ဘဲအချိန်ကုန်သက်သာပြီး ဘေးလည်းကင်းစေပါသည်။ ‼️

၇။ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပျောက်ဆုံးခြင်း။ Lost your Passport
သင်အိမ်မှမထွက်ခင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport နှင့် အရေးကြီးစာရွက်စာတမ်းများကို မိတ္တူကူးထားပါ။ ပိုပြီးစိတ်ချရအောင် ဓါတ်ပုံရိုက်ထားပြီး မိမိ၏ဖုန်းထဲတွင်ဆောင်ထားပါ။ (သို့မဟုတ်) e-mail ထဲတွင်သိမ်းထားပါ။ အကယ်၍သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပြည်ပနိုင်ငံများတွင်မတော်တဆ ပျောက်ဆုံးသွားပါက မိမိနိုင်ငံ၏သံရုံးသို့ လူကိုယ်တိုင်ရောက်အောင်သွားပါ။ သံရုံးမှသက်ဆိုင်ရာအရာရှိများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။ ‼️ သံရုံးများသည် များသောအားဖြင့် အစိုးရ ရုံးစိုက်ရာမြို့ (သို့) အဓိကမြို့များတွင်ရှိတတ်သည်ကို အထူးသတိပြုပါ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် သံရုံးများပိတ်သည်ကိုလည်းအထူးသတိပြုပါ။ ‼️
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အမျိုးအစား(Types) (၉ )မျိုးဖြင့် ပြုလုပ်ပေးလျှက်ရှိပါတယ်။

အမျိုးအစား( ၉) မျိုးဆိုတာက PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။

၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား

၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား

၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား

၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား

၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား

၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား

၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

၁ / အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

၂ / အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

၃/ အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

၄/ပန်းရောင်
ယာယီနိုင်ငံကူးလက်မှတ်...

ဒါ့ကြောင့် နိုင်ငံကူးလက်မှတ်(passport)ပြုလုပ်မည်ဆိုပါက မိမိဟာ ဘုရားဖူးသွားမှာလား၊အလုပ်နဲ့သွားမှာလား၊အလည်အပတ်လား စသည်ဖြင့်(type)အမျိုးအစားကို မှန်ကန်အောင်ရွေးချယ်တတ်ဖို့လိုပါတယ်။

ပျော်ရွှင် ဘေးကင်းသော ခရီးစဉ်ဖြစ်စေကြောင်း ဆန္ဒပြုလျှက်

"နိုင်ငံကူးလက်မှတ် Passport အကြောင်း"

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

"မှတ်ချက်"
PD ပတ်စပို့သည် အပြာရောင်ဖြစ်ပြီး PO ပတ်စပို့မှာ အစိမ်းရောင်ဖြစ်သည်။ ကျန်သော ပတ်စပို့များမှာ အနီရောင်ဖြစ်သည်။

📙Passport ရုံးများ ပြန်လည်ဖွင့်လှစ်နေပါပြီယခုအချိန်တွင် စာအုပ်များကြုိတင်လျှောက်ထားမည်ဆိုပါက အချိန်ကုန် သက်သာခြင်း/တန်းစ...
02/06/2020

📙Passport ရုံးများ ပြန်လည်ဖွင့်လှစ်နေပါပြီ
ယခုအချိန်တွင် စာအုပ်များကြုိတင်လျှောက်ထားမည်ဆိုပါက အချိန်ကုန် သက်သာခြင်း/တန်းစီတိုးစရာမလိုပဲ လွယ်ကူ လှျင်မြန်စွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
📙မြန်မာနိုင်ငံကူးလက်မှတ် (PV/PJ)PASSPORT
များကို ဈေးနုန်းချိုသာစွာဖြင့် ၀န်ဆောင်မှု ပေးနေပါပြီ။
📙အသေးစိတ်ကို ဖုန်းြဖင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 09420292094

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမရတွင် လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
11/10/2019

ဝါလကင်းလွတ် သီတင်းကျွတ်
အခါသမရတွင် လိုအင်ဆန္ဒတွေ
ပြည့်ဝကြပါစေ။

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက...
15/07/2019

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည် ။

ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

“၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ”
•••••••••••••••••••••••••••••••••••••••
မြန်မာ့ရိုးရာ (၁၂ )လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၃။ ဂေါတမမြတ်စွာဘုရား၊ ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍
ထူးခြားခြင်းဟူ၍ဖြစ်ပါသည်။

Genus Myanmar Passport
09420292094

Address

Yangon
11111

Alerts

Be the first to know and let us send you an email when Genus Myanmar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Genus Myanmar Travels & Tours:

Share

Our Story

ဘယ်ကိစ္စနဲ့ပဲ နိုင်ငံခြားသို့ သွားသွား Passport လုပ်မယ်ဆိုရင် GENUS MYANMAR TRAVEL & TOURS ကိုဆက်သွယ်လိုက်ပါ...။