AMB Travels and Tours

AMB Travels and Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMB Travels and Tours, Travel Service, No. 40, 9th Lane, Lanmadaw Region, Myanmar (Burma), Yangon.

Asian Myanma Beauty Travel and Tours Ltd. - Myanmar travel agent and tour operator in Yangon, Myanmar; sightseeing, trekking, balloons, golf and mountaineering tours, hotel reservations, air ticketing, cruises etc.

🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🪔🪔ဒီကနေ့ကျရောက်တဲ့ ဒေဝါလီ(Diwali) နေ့မှာ မြန်မာနိုင်ငံနှင့်ကမ္ဘာအနှံက ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေ...
31/10/2024

🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼

🪔🪔ဒီကနေ့ကျရောက်တဲ့ ဒေဝါလီ(Diwali) နေ့မှာ မြန်မာနိုင်ငံနှင့်ကမ္ဘာအနှံက ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေကြောင်း ကျွန်မတို့ Asian Myanma Beauty Travels & Tours မိသားစုမှ ဆုတောင်း မေတ္တာပို့ သ လိုက်ပါတယ်ရှင့် ။🪔🪔

Diwali 2024

🎇သီတင်းကျွတ် ဆုမွန်ကောင်း 🎇မင်္ဂလာရှိသော သီတင်းကျွတ် လပြည့် အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ...
16/10/2024

🎇သီတင်းကျွတ် ဆုမွန်ကောင်း 🎇

မင်္ဂလာရှိသော သီတင်းကျွတ် လပြည့် အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ AMB Travels & Tours မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

#သီတင်းကျွတ်

[Travel Advisory]မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရေလမ်းခရီး လမ်းကြောင်းများမှ ဝင်ရောက်လာသော ခရီးသည်မ...
26/08/2024

[Travel Advisory]

မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရေလမ်းခရီး လမ်းကြောင်းများမှ ဝင်ရောက်လာသော ခရီးသည်များအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Mpox (မျောက်ကျောက်ရောဂါ ကူးစက်မှု) အား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာထားသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများအား မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများထံ တင်သွင်းရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐟𝐨𝐫 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬 𝐞𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭𝐬 𝐚𝐧𝐝 𝐒𝐞𝐚𝐩𝐨𝐫𝐭𝐬

Due to the World Health Organization declared Mpox a Public Health Emergency of International Concern (PHEIC) on 14 August 2024, all travelers arriving in Myanmar are required to complete Health Declaration Cards (HDCs) in accordance with the Ministry of Health (MOH) procedures and submit the cards to the relevant MOH officials before passing through immigration counters.

Crd

[Travel Advisory]

မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရေလမ်းခရီး လမ်းကြောင်းများမှ ဝင်ရောက်လာသော ခရီးသည်များအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Mpox (မျောက်ကျောက်ရောဂါ ကူးစက်မှု) အား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာထားသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများအား မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများထံ တင်သွင်းရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐟𝐨𝐫 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬 𝐞𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭𝐬 𝐚𝐧𝐝 𝐒𝐞𝐚𝐩𝐨𝐫𝐭𝐬

Due to the World Health Organization declared Mpox a Public Health Emergency of International Concern (PHEIC) on 14 August 2024, all travelers arriving in Myanmar are required to complete Health Declaration Cards (HDCs) in accordance with the Ministry of Health (MOH) procedures and submit the cards to the relevant MOH officials before passing through immigration counters.

ချစ်စွာသောမိတ်ဆွေအပေါင်းတို့ရေ ❤❤ပွင့်လင်းရာသီကာလဲ မကြာခင်ရောက်ရှိတော့ မှာဆိုတော့ မိတ်ဆွေအပေါင်းတို့  စိတ်အပန်းဖြေ ခရီးလ...
09/10/2023

ချစ်စွာသောမိတ်ဆွေအပေါင်းတို့ရေ ❤❤

ပွင့်လင်းရာသီကာလဲ မကြာခင်ရောက်ရှိတော့ မှာဆိုတော့ မိတ်ဆွေအပေါင်းတို့ စိတ်အပန်းဖြေ ခရီးလေးထွက်ဖို့ စဥ်းစားနေပြီဆိုရင်တော့ AMB Travels & Tours ရဲ့ package လေးတွေနဲ့ မိတ်ဆက်ပေးပါရစေရှင့်

ရန်ကုန် - ပုဂံ - ပုပ္ပါး - ပုဂံ - ရန်ကုန် ၂ ညအိပ် ၃ရက်ခရီးစဥ်
************************************************

ပုဂံ လို့ပြောလိုက်တာနဲ့ အားလုံး သိကြတဲ့အတိုင်း ရှေးဟောင်း ယဉ်ကျေးမှု သမိုင်း အမွေအနှစ် တွေနဲ့ ပြည့်နေတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့လေးပါပဲ

ပုဂံမြို့ရဲ့ အညာသဘာဝအလှ ၊ ယဉ်ကျေးမှု နဲ့ ကြည်ညို သပ္ပါယ်ဖွယ်ရာ ဘုရား တွေပြည့်ဝနေတဲ့ ပုဂံမြိုတော်ဟာဆိုရင် ဆွဲဆောင်မူတွေ ပြည့်ဝနေတဲ့ မြို့လေးတစ်မြို့ဆိုလဲ မမှားဘူးပါနော်.
နတ်တို့စံပျော်ရာ စကားဝါမြေက ပုပ္ပါးတောင်ဆီကို သွားရောက်လည်ပတ် လို့လဲရဦးမှာနော်
ပုဂံ နဲ့ ပုပ္ပါး မရောက်ဖူး ကျလို့ နောင်တမရအောင် ပုဂံ ၊ ပုပ္ပါးခရီးစဉ် လေးကို AMB နဲ့အတူတူ လိုက်ပါခဲ့ဖို့.ဖိတ်ခေါ်လိုက်ပါတယ်ရှင်.

ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူတူပုဂံ မှာ..
* လျှောက်လည်ကြမလား?
* ဘုရားအတူတူဖူးရင်း ကုသိုလ် တွေအတူတူယူ ကြမလား?
* E Bike လေးကော စီးချင်လား? မြင်းလှည်းလေးစီးကာ ဘုရားဖူးပြီး အညာဒေသရဲ့ အလှအပတွေ ခံစားကြမလား?
* လက်ဆေးပန်းချီ လှလှလေးတွေခြယ်ကြမလား? *
မြန်မာရိုးရာအမွေအနှစ်တစ်ခုဖြစ်တဲ့ သနပ်ခါးအတူတူလိမ်းရင်း ဓာတ်ဖမ်းချင်သလား ?
* နေဝင်ဆည်းစာကို ချစ်သူ / မိသားစု / သူငယ်ချင်း တွေနဲ့ အတူတူကြည့်ရင်း အမှတ်တရလေးတစ်ခုအဖြစ် ဖန်တီးချင်လား?
ဒါဆိုရင်တော့ ပုဂံမြေကို အရောက်လှမ်း လာရင်း ဘ၀သက်တမ်း တစ်လျှောက်လုံး အမှတ်တရ ဖြစ်စေနိုင်တဲ့ ခရီးစဉ်လေးကို အမြန်ဆုံး reservation လေးလုပ်လိုက်တော့နော်..
14seater Hiace ကို မိသားစုခရီးသွားသလိုပဲ သွားရမှာဖြစ်ပြီး Driver ကလဲ အရမ်းဖော်ရွှေ ကားပေါ်မှာကလဲ wifi လဲရ ကာရာအိုကေ ပါဆိုလို့ရတယ်ဆိုတော့ ပျော်ပျော်ပါးပါးလေးသွားလိုက်ကြစို့နော်....
Hotel ကလဲ ပုဂံမြို့သစ် က 4star Hotel လေးမှာ ထားပေးမှာနော်..
မနက်ခင်း ကျွေးတဲ့ Breakfast ကလဲ မြန်မာတွေအကြိုက် လေးတွေ စီစဉ်ပေးတယ်ဆိုတော့ ကာကာလေးတွေ စိတ်ကြိုက်ဖြစ်ပြီပေါ့ရှင်....
ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန် ၃ရက် လေးကို အလှဆုံး
ဖန်တီးချင် တယ်ဆိုရင်တော့ AMB ကိုဆက်သွယ်လိုက်ပါနော်..
(1) ဦးလျှင် 180,000ကျပ်တည်းကိုမှ Hotel ကလဲ ပုဂံမြို့သစ် က 4star Hotel .. Breakfast လေးပါပါတယ်..လကားကလဲ Hiace အန်စာတုံးနဲ့ဆိုတဲ့ ok ပြီနော်😍😍

ဖုန်းနံပါတ် - 09 5003478 / 09 773105889 /
09 782008400

မှတ်ချက်။ သီတင်းကျွတ်ပိတ်ရက် အတွက်ကတော့ hotelလေးတွေ fully bookedဖြစ်သွားတဲ့အတွက် (special) သီးသန့်စျေး နှုန်း လေး တွေ နဲ့မှသာ အဆင်ပြေပါမယ်နော်

🙏🙏🙏ဂရုဓမ္မအခါတော်နေ့ သို့တော်သလင်းလပြည့်နေ့ 🙏🙏🙏ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထာ...
29/09/2023

🙏🙏🙏ဂရုဓမ္မအခါတော်နေ့ သို့
တော်သလင်းလပြည့်နေ့ 🙏🙏🙏

ဗုဒ္ဓဘာသာဝင်များအတွက်
တော်သလင်းလပြည့်နေ့ကို
ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။

ထိုနေ့ကိုရောက်လာရင်
ငါးပါးသီလ ချို့ယွင်းနေသူများအား
သတိပေးတဲ့အနေ့နဲ့ ငါးပါးသီလကို
အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့
အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။

ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့်
တလေးတစား စောင့်ထိန်းအပ်တဲ့
(ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။
ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။

ထိုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက
ရဟန်းနှစ်ပါး ဟင်္သာတစ်ကောင်ကို
အလောင်းအစားလုပ်ကာ
ကျောက်ခဲနှင့် ပစ်သတ်ခဲ့တဲ့အတွက်
သာသနာတွင်းရဟန်းများအနေဖြင့်
ပါဏာတိပါတကံကို မကျူးလွန်သင့်ကြောင်းနှင့်
ရှေးပညာရှိများအနေဖြင့်
သာသနာပ ကာလလူဘောင်ဘဝဖြင့်ပင်
ပါဏာတိပါတကံ စတဲ့ သီလများကို
စောင့်ရှောက်ထိန်းသိမ်းခဲ့ကြောင်းကို
အကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတစ်ခုမှာ
ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းရဲ့
မိဖုရားကြီးတို့ရဲ့ သားတော်တစ်ဦးဖြစ်ခဲ့ပြီး
အရွယ်ရောက်တာနဲ့ တက္ကသိုလ်မှာ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီး
အိမ်ရှေ့မင်းအရာမှာ ခန့်အပ်ခြင်းကို ခံရပါတယ်။

ဖခင်မင်းကြီးကွယ်လွန်တဲ့အခါမှာ
မင်းအဖြစ်ဆက်လက် အုပ်ချုပ်ခွင့်ရပြီး
ဆယ်ပါးသော မင်းကျင့်တရားနှင့် ညီစွာအုပ်ချုပ်လျက် ငါးပါးသီလလို့ခေါ်တဲ့
ကုရုဓမ္မကိုလည်း စောင့်ထိန်းပါတယ်။

ဘုရားအလောင်းတော် မင်းဟာ
ငါးပါးသီလကိုစောင့်ထိန်းသကဲ့သို့၊
ဘုရားအလောင်း၏ မယ်တော်၊ မိဖုရားကြီး၊
ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊
အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊
တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်းပဲ
ငါးပါးသီလလို့ခေါ်တဲ့
ကုရုဓမ္မ(ဂရုဓမ္မ)ကို
စင်ကြယ်စွာစောင့်ထိန်းကြတာပါ။

ဘုရားအလောင်းတော်ဟာ မြို့တံခါးလေးမျက်နှာ၊
မြို့လယ်၊ နန်းတော် ဤခြောက်ဌာနတို့မှာ
အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး
နေ့စဉ် ခြောက်သိန်းသော ဥစ္စာများကို
စွန့်လှူခြင်းမှာလည်း မွေ့လျော်တာကြောင့်
ဇမ္ဗူဒိပ်၌ ကျော်ကြားနေပါတယ်။
တစ်တိုင်းပြည်လုံးမှ လူများလည်း
ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလမြဲကြပါတယ်။

ဘုရားအလောင်း၏
နိုင်ငံနှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ
ကာလိင်္ဂမင်းဟာ မင်းပြုနေပါတယ်။
ထိုမင်းရဲ့ တိုင်းမှာတော့ မိုးမရွာ။
မိုးမရွာတော့ တစ်တိုင်းပြည်လုံးမှာ
ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး
ရာသီဥတုဖောက်ပြန်တဲ့ဘေးဆိုပြီး
ဘေးသုံးမျိုးနှင့်ကြုံတွေ့ရပါတော့တယ်။

တိုင်းသူပြည်သားတွေက ကာလိင်္ဂမင်းကြီးဆီ
ထိုကဲ့သို့ကပ်ဆိုက်နေချိန်မှာ
ရှေးမင်းများ ပြုကျင့်သည့်အတိုင်း
ဒါန သီလများပြုပါက
မိုးရွာမည်ဖြစ်ကြောင်းလျောက်ထားပါတယ်။

ဒါပေမယ့်
ထိုကဲ့သို့ ဒါန သီလများပြုသော်လည်း မိုးမရွာပါဘူး။ နောက်တစ်ဖန် ကုရုတိုင်းမှာ
အဥ္ဏနဝဏ္ဏမင်္ဂလာဆင်ကြီးကို အလှူခံပြီး
သယ်ဆောင်ပါက မိုးရွာနိုင်ပါသည်ဟု
ဒုတိယအကြိမ်လျောက်ထားပြန်ပါတယ်။

ဆင်တော်မင်္ဂလာကြီး
သယ်ဆောင်လာနိုင်သော်လည်း မိုးမရွာပြန်ပါဘူး။

နောက်ဆုံးမှာ အကြောင်းစုံကို စုံစမ်းပြီး
ကုရုတိုင်းမှ ဘုရားအလောင်းအတော် အပါဝင်၊ မယ်တော်၊ မိဖုရား၊ ညီတော်၊စတဲ့
ပုဂ္ဂိုလ်ဆယ်ယောက်အပြင်
တစ်တိုင်းပြည်လုံးမှ လူများ စောင့်ထိန်းကြတဲ့
ကုရုဓမ္မ(ဂရုဓမ္မ)လို့ခေါ်တဲ့ ငါးပါးသီလကို
ရွှေပေလွှာမှာ ကူးစေပြီး ကာလိင်္ဂတိုင်းသူ
ပြည်သားအားလုံးအပြင် ဘုရင်မှစ၍
ထိုကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးတော့မှ
ရာသီဥတုတွေ မှန်ကန်လာပြီး
တစ်တိုင်းပြည်လုံး သာယာဝပြောကာ
ဘေးသုံးပါးမှ ကင်းလွှတ်ခဲ့ပါတယ်။

အချုပ်အားဖြင့် ဘုရားအလောင်းတော်
အုပ်ချုပ်သော တိုင်းပြည်မှာ ဘုရင်မှစ၍
မယ်တော်၊ မိဖုရားအပါဝင် တစ်တိုင်းပြည်လုံး
ငါးပါးသီလမြဲကြသဖြင့်၊
ရာသီဥတုမှန်ကန်ကာ
တိုင်းပြည်တစ်ခုလုံး သာယာဝပြောခြင်း၊

ကာလိင်္ဂတိုင်းမှာ ဘုရင်မှအစပြု၍
တိုင်းပြည်တစ်ခုလုံး ကုရုဓမ္မလို့ခေါ်တဲ့
ငါးပါးသီလ မမြဲကြသဖြင့်
ရာသီဥတုဖောက်ပြန်ကာ
ဘေးဆိုးများနှင့်ရင်ဆိုင်ရခြင်း၊
ငါးပါးသီလမြဲပါမှ
တစ်ဖန် ရာသီဥတု မှန်ကန်ပြီး
တိုင်းပြည်သာယာဝပြောလာခြင်း စတဲ့အချက်များကို ထောက်ဆကြည့်မည်ဆိုပါလျှင်

ယနေ့ခေတ်
ရာသီဥတုဖောက်ပြန်ခြင်း၊ အစာငတ်မွတ်ခြင်း၊
ရောဂါထူပြောခြင်းစတဲ့ဘေးဆိုများနှင့်
ရင်ဆိုင် နေရခြင်းသည် လူတို့စောင့်ထိန်းအပ်သည့်
ဂရုဓမ္မခေါ် ငါးပါးသီလ ဖောက်ဖျက်ခြင်း၊
လောဘ၊ ဒေါသ မောဟ စတဲ့ကိလေသာများ
ထူပြောခြင်းကြောင့် သုံးသပ်ရမည်ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး
ရာသီဥတုမှန်ကန်၊ ကပ် ဘေးအန္တရာယ်အပေါင်းမှ
ကင်းလွတ်စေရန် မိမိမှအစပြု၍
တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊
အစပြုကာ တစ်တိုင်းပြည်လုံး၊
တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို
မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း
နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်းဖြစ်ပါတယ်။

ငါးပါးသီလဖောက်ပြားနေသူများ၊
ပျက်ယွင်းနေသူများအား
ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းကြဟု
ဘုရားအလောင်းတော် ကုရုမင်းကြီး
သတိပေးနေဟန် တူပါတော့တယ်။

ဆက်လက်စဉ်းစားမိသည်က
ထိုဇာတ်တော်ကို မြတ်စွာဘုရားရှင်
တော်သလင်းလပြည့်နေ့တွင်
ဟောတော်မူခဲ့ခြင်းလား၊ (သို့မဟုတ်)
ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို
ရွှေပေလွှာပေါ်တွင် ကူးစေခဲ့သည့်နေ့ကား တော်သလင်းလပြည့်နေလား၊

အနီးစပ်ဆုံးအားဖြင့် ကုရုမင်းကြီးကား
ပန္တွရသီဥပုသ်နေ့တွင်
ပရိတ်သတ်အလယ်၌ အလှူဒါနပြုစဉ်
ကာလိင်္ဂတိုင်းသားတို့အား
ငါးပါးသီလကို ရွှေပေပေါ်တွင် ကူးစေခြင်းဆိုတဲ့
အချက်ကို ထောက်ဆကြည့်မည်ဆိုပါက တော်သလင်းလပြည့်နေ့သာ ဖြစ်ပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ငါးပါးသီလဟူသော
အခြေခံလူ့ကျင့်ဝတ်ကို အချိန်မရွေး
စောင့်ထိန်းသင့်လှသည်ဆိုသောအချက်ကတော့
ငြင်းမရပါ။

ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက
ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး
တော်သလင်းလပြည့်နေ့ကို
ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု
သတ်မှတ်ခြင်းသာဖြစ်ပါတော့တယ်။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အရှင်ခေမာဝံသ_မဟာဂန္ဓာရုံ
ရွှင်လန်း_ချမ်းမြေ့ကြပါစေ

♥️🌼♥️ချစ်စွာသောမိတ်ဆွေအပေါင်းတို့ရေ ♥️🌼♥️🌻🌻🌻ပွင့်လင်းရာသီကာလဲ မကြာခင်ရောက်ရှိတော့ မှာဆိုတော့ မိတ်ဆွေအပေါင်းတို့  စိတ်အပန...
28/09/2023

♥️🌼♥️ချစ်စွာသောမိတ်ဆွေအပေါင်းတို့ရေ ♥️🌼♥️

🌻🌻🌻ပွင့်လင်းရာသီကာလဲ မကြာခင်ရောက်ရှိတော့ မှာဆိုတော့ မိတ်ဆွေအပေါင်းတို့ စိတ်အပန်းဖြေ ခရီးလေးထွက်ဖို့ စဥ်းစားနေပြီဆိုရင်တော့ AMB Travels & Tours ရဲ့ package လေးတွေနဲ့ မိတ်ဆက်ပေးပါရစေရှင့် 🌻🌻🌻

💦☔️မိုးရာသီ တစ်လျောက်လုံး ခရီးလဲထွက်မရ ရာသီဥတုဒဏ်ခံခဲ့ရသမျှ 💦☔️☀️☀️☀️ပွင့်လင်းရာသီမှာ စိတ်ပေါ့ပါးလန်းဆန်းပြီး Relax လေးဖြစ်အောင် ခရီးလေးထွက်ချင်တယ်ဆိုရင် ဘယ်မြို့သွားချင်လဲသာပြော Admin တို့က အကောင်းဆုံး ဝန်ဆောင်မူနဲ့အတူ
စျေးလေးလဲ သက်သာအောင်စီစဥ်ပေးပါတယ်ရှင့် ❄️❄️❄️

🚘🚘ခရီးစဥ် အတွက် သုံးပေးထားတဲ့ ကားမှာလဲ ကားပေါ် ကာရာအိုကေ ဆိုလို့ရသလို Wifi လေးလဲ ပါတယ်နော် ကား မောင်းပို့ပေးတဲ့ အကို ကလဲ အရမ်းသဘောကောင်းပြီး ဓါတ်ဖမ်းချင်တဲ့ ကာကာလေးတွေကိုလဲ camera man လုပ်ပေးဦးမှာနော် 🎦🎦🎦

ကာကာလေးတွေသွားချင်တဲ့နေရာ သွားချင်တဲ့ရက်အတိုင်းလဲ စီစဥ်ပေးလို့ အသေးဆွေးနွေးလို့ရအောင် 📞📞ဖုန်းလေးသာဆက်လိုက် စိတ်တိုင်းကျဖို့ 100% အာမခံပါတယ်ရှင့် ☎️

🎯🎯ယခုစီစဥ်ပေးထားတဲ့ Tour Package လေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အမြန်ဆုံး reservation လေးတင်လိုက်တော့နော် 🎯🎯

Package I 🏖️🏝️🌊

ရန်ကုန် - ချောင်းသာ - ရွှေသောင်ယံ - ချောင်းသာ - ရန်ကုန် (၂ညအိပ် ၃ရက်ခရီးစဥ်) 🌊🏝️🏖️

(1) ဦးလျှင် 🏦180000ကျပ်တည်းကိုမှ Hotel ကလဲ seaside hotel ရယ် ကားကလဲ Hiace အန်စာတုံး ရယ်နဲ့ဆိုတဲ့ စဥ်းစားမနေပဲ အမြန်ဆက်သွယ်ပြီး reservation လုပ်လိုက်တော့နော် 😍😍

👨‍👩‍👧‍👦 10ယောက်ပြည့်တာနဲ့ ခရီးစဥ်စထွက်ပါတယ်ရှင့် 👨‍👨‍👦

👨‍👩‍👧October လမှာ မိသားစု / သူငယ်ချင်း / ချစ်သူစုံတွဲ လေးတွေနဲ့ လတ်ဆတ်တဲ့ပင်လယ်လေရှုရင်း အပန်းဖြေခရီးလေးထွက်ဖို့ တွေးနေကျတဲ့ ကာကာလေးတွေ ရှိကြလား??? 👭👬

🍷🍸နေဝင်ချိန်လှလှလေးတွေကို ကိုယ်ချစ်ရတဲ့သူလေးတွေနဲ့အတူတူ ကြည့်ရင်း ကာကာ​လေးတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ကို အလှဆုံးဖန်တီးလိုက်ကြရအောင်နော် 🌈

ကမ်းခြေမှာ 🏝️🏝️🏝️

* လေကောင်းလေသန့်ရှူချင်လား?❄️❄️❄️

* လတ်ဆက် တဲ့ seafood လေးတွေစားရင်း 🍡🍤🥘
အုန်းရည်လေးပဲသောက်ကြမလား?🧉🧉

* ချစ်ရတဲ့သူတွေနဲ့အတူ သောင်ပြင်ပေါ်မှာ ဆော့ကစားမလား?⛹🏿‍♀️🤼‍♀️🏇⛹️

* ပင်လယ်ထဲ ပဲ လှိုင်းစီးရင်း ဆော့ကစားမလား?🏄‍♂️🏊‍♂️

* Sea & Lake က Mangarove View Resort မလို ရူခင်းလှလှလေးမှာ စိတ်ကြိုက် ဓာတ်ဖမ်း ကြမလား? 🎥🎥

အနီးဆုံးကမ်းခြေဖြစ်တဲ့ ချောင်းသာလေးကတော့ အဆင်ပြေဆုံးဖြစ်မှာပါနော် 🌊🌊🌊

14seater Hiace ကို မိသားစုခရီးသွားသလိုလေးပဲ သွားရမှာဖြစ်ပြီး Driver ကလဲ အရမ်းဖော်ရွှေ ပြီး ကားပေါ်မှာလဲ ကာရာအိုကေ ပါဆိုပြီး ပျော်ပျော်ပါးပါးလေးသွားလို့ရမှာနော် 👨‍👩‍👧👮‍♀️🚐🚐

Hotel ကလဲ ပင်လယ်နဲ့အနီးဆုံး ကမ်းခြေဘက်ခြမ်းမှာ ရှိတဲ့ Seaside Hotel တစ်ခုမှာစီစဥ်ပေးမှာနော်⛱️⛱️

🫕🧆🥄🥢မနက်ခင်း ကျွေးတဲ့ Breakfast ကလဲ Buffet ​ဆိုတော့ ကိုယ်စိတ်ကြိုက်လေး စားသုံးလို့ရမှာနော်🍽️🍴
ဒါပဲလားဆိုတော့ မဟုတ်သေးဘူးနော် 🥗🍳🥘🦪

☕️☕️နေ့လည်ခင်းမှာလည်း လက်ဖက်ရည်လေး နဲ့ အဆာပြေ ရိုးရာမုန့်လေးတွေ ပါဝင်တဲ့ Tea Time လည်း ရှိသေးတယ်နော် 🍩🍟🧀🥖🥪

🟢🟢ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန် ၃ရက် လေးကို အလှဆုံးဖန်တီးချင်တယ်ဆို ဖို့ AMB ကိုဆက်သွယ်လိုက်ပါနော်🟢🟢

🔷🔷Asian Myanma Beauty Travels & Tours 🔷🔷

➡️➡️အမှတ် (၄၀) မြေညီ ၊ ၉ လမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်။⬅️⬅️

✅✅ဖုန်းနံပါတ် - 09 5003478 / 09 773105889 /
09 782008400✅✅

မှတ် ချက် ✳️✳️သီတင်းကျွတ်ပိတ်ရက် အတွက်ကတော့ hotelလေးတွေ fully bookedဖြစ်သွားတဲ့အတွက် (special) သီးသန့်စျေး နှုန်း လေး တွေ နဲ့မှသာ အဆင်ပြေပါမယ်နော် ❇️❇️

MAIနှင့် Air KBZ မှ မြို့ကြီး ၁၃ မြို့သို့ ပျံသန်းပြေးဆွဲသွားပေးမည်ဖြစ်ပြီး .....😍😍😍အဆိုပါခရီးစဉ်ထဲတွင် စစ်တွေ၊ မန္တလေး၊...
07/11/2021

MAIနှင့် Air KBZ မှ မြို့ကြီး ၁၃ မြို့သို့ ပျံသန်းပြေးဆွဲသွားပေးမည်ဖြစ်ပြီး .....😍😍😍

အဆိုပါခရီးစဉ်ထဲတွင် စစ်တွေ၊ မန္တလေး၊ မြစ်ကြီးနားနှင့် ပူတာအိုခရီးစဉ်များကို MAI နှင့်အကျိုးတူပူးပေါင်း၍ E190 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ် မေးမြန်းမှုများနှင့် လက်မှတ်များဝယ်ယူလိုပါက AMB Travels hot line - 09 773105889,
09 782008400တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်။

ပြည်တွင်းလေကြောင်းခရီးစဥ်များအားလုံး တွင်လိုက်ပါမည့် ခရီးသည်များအနေဖြင့်ခရီးမသွားခင် ၃၆နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်ကင်းစင်ကြောင်းလက်မှတ် မဖြစ်မနေပါရှိရပါမည်။

22/06/2021

𝐘𝐀𝐍𝐆𝐎𝐍 – 𝐇𝐄𝐇𝐎 - 𝐘𝐀𝐍𝐆𝐎𝐍 (𝐑𝐎𝐔𝐍𝐃 𝐓𝐑𝐈𝐏 𝐓𝐈𝐂𝐊𝐄𝐓) 𝐒𝐓𝐀𝐑𝐓𝐒 𝐅𝐑𝐎𝐌 𝐌𝐌𝐊 𝟏𝟎𝟒,𝟎𝟎𝟎

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - ဟဲဟိုး ခရီးစဉ်ကို ၅၃၀၀၀ ကျပ် နှင့် ဟဲဟိုး - ရန်ကုန် ခရီးစဉ်ကို ၅၁၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပြီး ခရီးစဉ် ရှိသော နေ့ရက် နှင့် အချိန်ကို AMB hot line phone 09 773105889 /
09 782008400တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါ
တယ်ရှင့်

𝐁𝐎𝐎𝐊𝐈𝐍𝐆
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်များကို KBZ / CB / AYA Bank Transfer (Mobile Banking) / Kpay တို့အသုံးပြု၍
ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်ရှင်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါတယ်ရှင်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

31/05/2021

𝐘𝐀𝐍𝐆𝐎𝐍 – 𝐏𝐔𝐓𝐀𝐎 - 𝐘𝐀𝐍𝐆𝐎𝐍 (𝐑𝐎𝐔𝐍𝐃 𝐓𝐑𝐈𝐏 𝐓𝐈𝐂𝐊𝐄𝐓) 𝐒𝐓𝐀𝐑𝐓𝐒 𝐅𝐑𝐎𝐌 𝐌𝐌𝐊 𝟐𝟐𝟒,𝟎𝟎𝟎

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - ပူတာအို ခရီးစဉ်ကို ၁၁၃၀၀၀ ကျပ် နှင့် ပူတာအို - ရန်ကုန် ခရီးစဉ်ကို ၁၁၁၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပြီး ခရီးစဉ်အား ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးမှာဖြစ်ပါတယ်ရှင်။ ခရီးစဉ် ရှိသော နေ့ရက် နှင့် အချိန်ကို AMB hot line phone 09 773105889 /
09 782008400တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါ
တယ်ရှင့်

𝐁𝐎𝐎𝐊𝐈𝐍𝐆
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်များကို KBZ / CB / AYA Bank Transfer (Mobile Banking) / Kpay တို့အသုံးပြု၍
ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်ရှင်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါတယ်ရှင်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

28/05/2021

𝐘𝐀𝐍𝐆𝐎𝐍 – 𝐃𝐀𝐖𝐄𝐈 - 𝐘𝐀𝐍𝐆𝐎𝐍 (𝐑𝐎𝐔𝐍𝐃 𝐓𝐑𝐈𝐏 𝐓𝐈𝐂𝐊𝐄𝐓) 𝐒𝐓𝐀𝐑𝐓𝐒 𝐅𝐑𝐎𝐌 𝐌𝐌𝐊 𝟏𝟏𝟐,𝟎𝟎𝟎
✈𝐓𝐔𝐄, 𝐖𝐄𝐃, 𝐅𝐑𝐈, 𝐒𝐔𝐍

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - ထားဝယ် ခရီးစဉ်ကို ၅၇၀၀၀ ကျပ် နှင့်ထားဝယ် - ရန်ကုန် ခရီးစဉ်ကို ၅၅၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပြီး ခရီးစဉ်အား Embraer 190၊ ATR 72-600 လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲပေးမှာဖြစ်ပါတယ်ရှင်။ ခရီးစဉ် ရှိသော နေ့ရက် နှင့် အချိန်ကို AMB hot line phone
09 773105889 / 09 782008400တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

𝐁𝐎𝐎𝐊𝐈𝐍𝐆
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်များကို KBZ / CB / AYA Bank Transfer (Mobile Banking) / Kpay တို့အသုံးပြု၍
ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်ရှင်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါတယ်ရှင်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

28/05/2021

𝐘𝐀𝐍𝐆𝐎𝐍 –𝐊𝐄𝐍𝐆 𝐓𝐔𝐍𝐆 - 𝐘𝐀𝐍𝐆𝐎𝐍 (𝐑𝐎𝐔𝐍𝐃 𝐓𝐑𝐈𝐏 𝐓𝐈𝐂𝐊𝐄𝐓) 𝐒𝐓𝐀𝐑𝐓𝐒 𝐅𝐑𝐎𝐌 𝐌𝐌𝐊 𝟏𝟖𝟒,𝟎𝟎𝟎

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - ကျိုင်းတုံ ခရီးစဉ်ကို ၉၃၀၀၀ ကျပ် နှင့် ကျိုင်းတုံ - ရန်ကုန် ခရီးစဉ်ကို ၉၁၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပြီး ခရီးစဉ်အား ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးမှာဖြစ်ပါတယ်ရှင်။ ခရီးစဉ် ရှိသော နေ့ရက် နှင့် အချိန်ကို AMB hot line phone
09 773105889 / 09 782008400တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

𝐁𝐎𝐎𝐊𝐈𝐍𝐆
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်များကို KBZ / CB / AYA Bank Transfer (Mobile Banking) / Kpay တို့အသုံးပြု၍ မြန်မာကျပ်ငွေ (MMK) ဖြင့်ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်ရှင်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါတယ်ရှင်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

Address

No. 40, 9th Lane, Lanmadaw Region, Myanmar (Burma)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959773105889

Website

http://asianmyanmabeautytravel.com/

Alerts

Be the first to know and let us send you an email when AMB Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMB Travels and Tours:

Share

Category