Halcyon Myanmar Travel

Halcyon Myanmar Travel COMPLETE TRAVEL SOLUTIONS AROUND THE WORLD

ဦးပိန်တံတားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့...
30/10/2025

ဦးပိန်တံတားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်ထားသည့် သမိုင်းဝင် တံတားတစ်စင်း ဖြစ်ပါသည်။

✨ ထင်ရှားကျော်ကြားခြင်း
ကမ္ဘာ့အရှည်ဆုံး ကျွန်းသားတံတား (World's Longest Teak Bridge): ဦးပိန်တံတားသည် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ကျွန်းသားဖြင့် တည်ဆောက်ထားသည့် တံတားဖြစ်သောကြောင့် အလွန်ထင်ရှားပါသည်။

ရှုခင်းအလှ: အထူးသဖြင့် နေဝင်ချိန်တွင် တောင်သမန်အင်းရေပြင်ထက်၌ တံတားကြီး၏ ရုပ်လုံးပေါ်နေပုံသည် ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံများအတွက် ဆွဲဆောင်မှုအရှိဆုံး ရှုခင်းတစ်ခု ဖြစ်ပါသည်။

📜 တံတားသမိုင်း
တည်ဆောက်သူ: ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက် (ခရစ်နှစ် ၁၈၄၉ ခုနှစ်) တွင် အမရပူရမြို့ဝန်၏ တပည့်ဖြစ်သူ မြို့စာရေး မောင်ပိန် မှ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ မောင်ပိန်ကို အစွဲပြု၍ ဦးပိန်တံတား ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပါသည်။

တည်ဆောက်သည့်ခုနှစ်: မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်ဟု မှတ်တမ်းများက ဆိုပါသည်။

တည်ဆောက်ရခြင်းအကြောင်း: တစ်ဖက်ကမ်းမှ အမရပူရမြို့သို့ ကူးသန်းသွားလာရာ၌ အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ပါသည်။

အသုံးပြုသည့်သစ်များ: တံတားဆောက်လုပ်ရာတွင် လိုအပ်သော ကျွန်းသစ်များကို ပုဂံမင်း၏ အမိန့်ဖြင့် အင်းဝနှင့် စစ်ကိုင်းမြို့ဟောင်းများရှိ ဘုန်းတော်ကြီးကျောင်းဟောင်းများကို ဖျက်၍ ရရှိခဲ့ကြောင်း သိရပါသည်။

📐 တံတားအချက်အလက်
အရှည်: ၁.၂ ကီလိုမီတာ သို့မဟုတ် ၃,၉၆၇ ပေ ခန့် ရှည်လျားပါသည်။

တိုင်ပေါင်း: မူလက တိုင်ပေါင်း ၉၈၄ တိုင် (နဝအဋ္ဌဇယမောင်ပိန်) ရှိခဲ့သည်ဟု ဆိုပါသည်။

နားနေဇရပ်များ: တံတားပေါ်တွင် နားနေရန်အတွက် ဇရပ်ငယ်လေးများလည်း တည်ဆောက်ထားခဲ့ပါသည်။

🛠 ပြုပြင်ထိန်းသိမ်းခြင်း
နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ဦးပိန်တံတားသည် မြစ်ရေကြီးမှုနှင့် သဘာဝဘေးအန္တရာယ်များကို ခံစားခဲ့ရသောကြောင့် ကာလကြာရှည်စွာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရပါသည်။

ဦးပိန်တံတားသည် ယနေ့အချိန်တွင် မြန်မာ့ရိုးရာလက်မှုပစ္စည်းရောင်းချသူများ၊ အနားယူအပန်းဖြေသူများနှင့် ဓာတ်ပုံရိုက်ကူးသူများဖြင့် အမြဲစည်ကားနေပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကို ဖော်ညွှန်းပြသနေသော အထင်ကရနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ပျော်ရွှင်စရာအတာသင်္ကြန်အချိန်ခါဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။
11/04/2025

ပျော်ရွှင်စရာအတာသင်္ကြန်အချိန်ခါဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

13/01/2025

ထိုင်းက BTS Sky Train ကိုတော့ Bangkok Mass Transit System Public Company Limited (BTSC) ကပိုင်ဆိုင်ပြီး ၁၉၉၉ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ Sukhumvit Line နဲ့ Silom Line ၂ခုကို King Bhumibol ရဲ့နှစ် ၆၀ပြည့်မွေးနေ့အမှတ်တရအနေနဲ့စတင်ပြေးဆွဲခဲ့ပါတယ် စတင်ပြေးဆွဲချိန်မှာ Sukhumvit line က ၁၇ ကီလိုမီတာနဲံ Silom Line က ၆.၅ ကီလိုမီတာအကွာအဝေးနဲဲ့စတင်ခဲ့ပါတယ် ။ SKY TRAIN ခရီးစဉ်တစ်ကြောင်းမှာ ခရီးသည် ၁၀၀၀ လောက်ကို သယ်ယူပို့ဆောင်ပေးနေရပြီး နေ့စဉ်ခရီးသည် ၇ သိန်းကျော်ခန့်ကို ဝန်ဆောင်မှု့ပေးနေတာဟာ ကားအစီးရေ ၂၅၀ ရဲ့တစ်နေ့တာခရီးသည် သယ်ယူပို့ဆောင်ရေးနှင့်ညီမျှတယ်လို့ဆိုပါတယ် ။
ဘန်ကောက်မှာ BTS Sky Train အပြင် ဒုတိယသယ်ယူပို့ဆောင်ရေးကွန်ယက်အနေနဲ့ တည်ဆောက်နေတဲ့ Metropolitan Rapid Transit (MRT) ဆိုတာ ရှိပါသေးတယ် ။ MRT ဟာ BTS Sky train Route တွေနဲ့အချိုးညီညီချိတ်ဆက်ထားပြီးလက်ရှိချိန်မှာတော့ Blue , Purple , Pink , Yellow line ဆိုပြီးပြေးဆွဲပေးနေတယ်လို့မှတ်သားရပါတယ်။ မကြာမီ Orange , Brown , Grey , Light Blue line ဆိုပြီးတိုးချဲ့ပြေးဆွဲဖို့ပြင်ဆင်နေတာတွေ့ရပါတယ် ။ Blue , Purple လိုင်းတွေကိုတော့ Bangkok Expressway and Metro Public Company Limited (BEM) ကတာဝန်ယူဆောင်ရွက်ပြေးဆွဲနေပြီးတော့ ။ Pink နဲ့ Yellow line ကိုတော့ East Bangkok Monorail Company Limited (EBM) နဲ့ Northern Bangkok Monorail Company Limited(NBM)တို့က တာဝန်ယူဆောင်ရွက်နေတယ်လို့တွေ့ရပါတယ် ။ အနာဂတ်မှာ BTS နှင့် MRT လိုင်းပေါင်း ၁၅လိုင်းထိ တည်ဆောက်ချိတ်ဆက်ဖို့ပြင်ဆင်ထားပြီး ဘူတာပေါင်း ၃၁၀ လောက်တည်ဆောက်နိုင်မယ်လို့ဆိုပြီး နေ့စဉ်ခရီးသည်ပေါင်း ၁.၆၈ သန်းလောက်ကိုပို့ဆောင်ပေးနိုင်မယ်လို့ဆိုပါတယ်။
လက်ရှိချိန်မှာတော့ BTS နဲ့ MRT မှာပြေးဆွဲနေတဲ့ရထားလမ်းကိုတော့ Standard Guage ကို အသုံးပြုထားပြီး ၊ SRT Red Line မှာပြေးဆွဲနေတဲ့ရထားလိုင်းကတော့ meter Guage ကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။ BTS နဲ့ MRT ရထားတွဲတွေကိုတော့အမြန်ဆုံး 80 km/hour အနေနဲ့မောင်းနှင်လို့ရပြီး ၊ Airport Rail Link ( ARL ) နဲ့ State Railway of Thailand (SRT) ပိုင်တဲ့ ရထားတွေကတော့ တစ်နာရီကို ၁၈၀ကီလိုအမြန်နှုန်းနဲ့ မောင်းနှင်နိုင်တယ်လို့ဆိုပါတယ်။
ဒီနေရာမှာ Standard Guage ဆိုတာက ရထားလမ်းအကျယ်လို့မှတ်သားနိုင်ပြီး Standard Guage မှာ ၁၄၃၅ mm အကျယ်ဖြစ်ပြီး ၊ Meter Guage ကတော့ ၁၀၀၀ mm အကျယ်ဖြစ်တယ်လို့ဆိုနိုင်ပါတယ် ။
BTS Sky Train နဲ့ MRT လက်မှတ်တွေကိုတော့ ကိုယ့်သွားမယ့်ခရီးစဉ်ပေါ်မူတည်၍ Single Journey Ticket ေသာ်လည်းကောင်း ၊ One Day Pass Ticket ဖြင့်လည်းကောင်း ၊ Rabbit Card လို့ခေါ်တဲ့ Rechargable Smart Card ကို သက်ဆိုင်ရာဘူတာတွေရဲ့ Ticket counter မှာဝယ်ယူရရှိနိုင်ပြီး ၊ Package တွေကို BTS Sky train ရဲ့ website မှာလည်းသွားရောက်ကြည့်ရှု့လို့ရပါတယ်။
အရှေ့တောင်အာရှရဲ့ ပထမဆုံး Light Rail Transit ကို ဖိလစ်ပိုင်နိုင်ငံ Manila မြို့မှာ 1984 ခုနှစ်မှာ စတင်ခဲ့တယ် ဆိုရင်ယုံနိုင်ဖွယ်မရှိလို့ဆိုနိုင်ပါတယ် ။
စင်္ကာပူကတော့ ၁၉၈၇ ခုနှစ်မှာ MRT ( Mass Rapid Transit ) ကိုပထမဆံုးစတင်ပြေးဆွဲခဲ့ပြီး
မလေးရှားက ပထမဆုံး LRT ကို ၁၉၉၆ခုနှစ်မှာစတင်ခဲ့ပါတယ်
ထိုင်းက BTS Sky train ကတော့ ၁၉၉၉ ခုနှစ်မှာစတင်ခဲ့ပြီးတော့
အင်ဒိုနီးရှားက MRT ကို ၂၀၁၉ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့ပြီး
ဗီယက်နမ်ကတော့ ၂၀၂၁ မှာစတင်ခဲ့ပြီး ၂၀၂၄ မှာဟိုချီမင်းမှာစတင်ပြေးဆွဲနေတယ်လို့ မှတ်သားရပါတယ်။
မိတ်ဆွေတို့လည်း ဘန်ကောက်ရောက်ရင် BTS နဲ့ MRT ကို စီးဖြစ်အောင်စီးကြည့်ပြပါဉီးလို့တိုက်တွန်းပါရစေ။











Thai vs Cam Visa အခုတလော ထိုင်းဗီဇာကို online စနစ်ပြောင်းလိုက်တဲ့အချိန်မှာ တော်တော်များများကမောက်ကမတွေဖြစ်လာတယ် အိမ်နီးခ...
09/01/2025

Thai vs Cam Visa
အခုတလော ထိုင်းဗီဇာကို online စနစ်ပြောင်းလိုက်တဲ့အချိန်မှာ တော်တော်များများကမောက်ကမတွေဖြစ်လာတယ် အိမ်နီးချင်းနိုင်ငံတွေကနေ ဗီဇာလျှောက်ရင်တော့ online payment အနေနဲ့လက်ခံပြီး မြန်မာမှာတော့ သံရုံးလာငွေသွင်းရမယ်ဆိုတဲ့ကိစ္စကလည်း Card တွေနဲ့ပေးချေခိုင်းဖို့ဘာအခက်အခဲရှိမလဲတော့ မသိဘူးလို့ဆိုနိုင်ပါတယ် ။ တစ်ခုသိသာထင်ရှားတာကတော့ ထိုင်းဗီဇာရဖို့ ပိုမိုရှုပ်ထွေးလာတဲ့ လုပ်ဆောင်မှု့တွေနဲ့ အလွန်များပြားလှတဲ့ ဗီဇာမျိုးကွဲတွေထွက်လာမှု့ကလည်း လာရောက်မယ့်သူတွေအတွက် ရွေးချယ်လျှောက်ထားမှု့တွေကမလွယ်ကူဘူးလို့ပြောနိုင်ပါတယ် ။

အထူးသဖြင့်မြန်မာတွေအတ‌ွက်ပေါ့ မလွယ်ကူတဲ့အခြေအနေမှာ လိုအပ်တဲ့အထောက်အထားတွေကများပြားလှပါတယ် ။ Evisa system ကထိုင်းအတွက်အခုမှစတင်ကျင့်သုံးတာဖြစ်တာကြောင့်အသားမကျသေးဘူးလို့လည်း‌ေပြာနိုင်ပါတယ် ဒါ့အပြင် လေဆိပ်မှာ လေဆိပ်အဝင်အထွက်တ‌ုံးကို Manual ink stamp နဲ့စာအုပ်မှာထုပေးတဲ့စနစ် ကိုကျင့်သုံးနေဆဲပဲဆိုတာတွေ့ရပါတယ် ။ visa on arrival မှလွဲ၍ ထိုင်းကို ကိစ္စတစ်ခုခုနဲ့သွားရောက်ဖို့ ဗီဇာလျှောက်မယ်ဆိုရင်တော့ အနည်းဆုံး ၅ ရက်က နေ ၁၀ ရက်ထိ အချိန်ပေးတတ်ရပြီး တစ်ခါတစ်လေဒိထက်ပိုမိုကြာမြင့်တယ်လို့ဆိုနိုင်ပါတယ် ဒါကတော့ အခုလက်ရှိ ထိုင်းမှာ ကျင့်သုံးနေတဲ့ စနစ်လို့အကြမ်းဖျင်းပြောရမယ်ထင်ပါတယ် ။

အောက်မှာတော့ လူသိများတဲ့ ဗီဇာအမျိုးအစားလေးတွေကို ထည့်ပေးထားပြီး ဒီထက်ပိုမိုများပြားတဲ့ ဗီဇာမျိုးကွဲလေးတွေလည်းရှိပါသေးတယ် ဗီဇာအများစုကတော့ Single Entry ပဲပေးပြီး ၊ Multiple entry အတွက်ဆို ဗီဇာကြေးနဲ့ တစ်ချို့လိုအပ်ချက်တွေမတူတာကိုတွေ့ရပါတယ် ။ တစ်ချို့ဗီဇာအမျိုးအစားတွေကတော့ဘနိုင်ငံပြင်ပြထွက်ပြီးမှလျှောက်လို့ရနိုင်တယ်လိုမှတ်သားရပါတယ်။

Thai visa
Visa On Arrival for Myanmar 14 days
MT ( Medical Treatment ) 40$ 90 days
TR ( Tourist Leisure ) 40$ 90 days
TS ( Transit Visa ) 35$ 90 days
B ( Employment Visa ) 80$ 90 days
B( Business Visa ) 200$ 1 year
ED ( education ) 80$ 90 Days
ED Plus ( University ) 80$ 90 Days
F( Family , Dependent ) 80$ 90 Days
O ( Retirement ) 80$ 90 Days

-------
ကမ္ဘောဒီးယား ကတော့အလွန်စိတ်ဝင်စားစရာပါ evisa application system ကို 2018 ခုနှစ်ကတည်းကိုက စတင်ကျင့်သုံးခဲ့တယ်လို့သိရပြီး ဗီဇာလျှောက်ဖို့အတွက် ကို website ကတစ်ဆင့်လျှောက်ထားနိုင်သလို iOS / Android Mobile applications လေးတွေကတစ်ဆင့်လည်းအလွယ်တကူလျှောက်ထားနိုင်တာတွေ့ရပါတယ် ။ ဗီဇာကြေးကိုလည်း နိုင်ငံတကာ Debit/credit card များဖြင့် အလွယ်တကူပေးချေနိုင်ပြီး ၊ visa processing time က ၃ ရက်မျှသာအချိန်ပေးရတယ်လို့ရေးသားထားတာတွေ့ရပါတယ် ။

Arrival form ကိုလည်း online ကတစ်ဆင့်အလွယ်တကူ ဖြည့်နိုင်ပြီး လေဆိပ်ရောက်တာနဲ့ immigration မှာ QR code ပြလိုက်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း လိုအပ်တဲ့လုပ်ငန်းဆောင်တာများပြီးမြောက်သွားလေ့ရှိပါတယ် ။ တစ်ကယ်လို့ ဗီဇာ လျှောက်ဖို့ မသိခဲ့လျှင်သော်လည်းကောင်း ၊ မလုပ်ဖြစ်ခဲ့လျှင်သော်လည်းကောင်း လေဆိပ်ရောက်မှ စီစဉ်ဆောင်ရွက်လို့ရပါသေးတယ် ။ ဗီဇာ ကောင်တာသွားပြီး ကိုယ့်ခရီးစဉ်နှင့်လိုအပ်မည့် ဗီဇာအမျိုးအစားကိုလျှောက်ထားလို့ရပါတယ် ။

ဗီဇာအမျိုးအစားအားဖြင့် အများအပြားမရှိပဲ အများဆုံး ၆ မျိုးခန့်သာ ခွဲခြားထားပြီး Visa on Arrival မှလွဲ၍ အသုံးများတဲ့ Visa အမျိုးအစားနှစ်ခုက‌တော့ T နဲ့ E Visa အမျိုးအစားတွေပဲဖြစ်ပြီး Tourist visa ကတော့ ပထမဆုံး ၁လရပြီး အများဆုံး ၃ လထိ သက်တမ်းတိုးနိုင်ပါတယ်။ E Visa ကတော့ ပထမဆုံး ၁ လသက်တမ်းရပြီး ၃လ၊ ၆လ၊ ၁နှစ်ဆိုပြီး သက်တမ်းတိုးနိုင်ပါတယ် ။ ဗီဇာအမျိုးအစားအားလုံးမှာ ကနဦး အနေနဲ့ single entry ပဲရပြီး နောက်ပိုင်းသက်တမ်းတိုးရာတ‌ွင်တော့ ကိုယ်ရွေးချယ်သည့်ဗီဇာအမျိုးအစားပေါ်မူတည်၍ Multiple entry ရရှိပါသည် ။ Arrival / Departure Stamp ကိုလည်း Manual ink stamp စနစ်ကိုမသုံးတော့ပဲ လွန်ခဲ့တဲ့လအနည်းငယ်မှစ၍ QR Sticker စနစ်ကိုသုံးထားတာတွေ့ရပါတယ် ။ တိုး‌တက်မှု့နောက်ကျတယ်လိုသိထားတဲ့နိုင်ငံမှာ e government system ရဲ့တစ်စိပ်တစ်ပိုင်းကိုကောင်းမွန်စွာပြင်ဆင်အသုံးပြုနေတာတွေ့ရတော့ အနည်းငယ်တော့အံ့ဩမိတာအမှန်ပါ။ ဒါတွေကတော့ ကျွန်တော်ကြုံတွေ့ရသလောက် အတွေ့အကြုံကိုဝေမျှခြင်းသာဖြစ်ပါတယ် ။ ဒီလိုစနစ်ရှိရုံနဲ့ကောင်းနေပြီလားဆိုရင် လိုအပ်ချက်တွေမ‌ျားစွာ နဲ့ စိမ်ခေါ်မှု့တွေများစွာရှိနေဆဲပဲဆိုတာကိုလည်း တစ်ပြိုင်နက်တည်း သိရပါတယ် အဲ့ဒါတွေကိုတော့ နောက်ပိုစ့်တွေမှာ မျှဝေပေးသွားချင်ပါသေးတယ်။
မိတ်ဆွေများ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေခင်ဗျာ ..

Cambodia Visa
Visa on Arrival for Myanmar 14 days
T ( Tourist Visa ) 30 $ 30 days
E( Business ) 35$ 30 days







ကုန်လွန်တော့မဲ့ ၂၀၂၄ မှာ ဘဝအမောတွေချန်ထားခဲ့ပြီး ကောင်းခြင်းတွေနဲ့လာမယ့်၂၀၂၅ခုနှစ်ကိုမိတ်ဆွေများ ကျမ်းမာစွာနဲ့ကြိုဆိုနို...
31/12/2024

ကုန်လွန်တော့မဲ့ ၂၀၂၄ မှာ ဘဝအမောတွေချန်ထားခဲ့ပြီး ကောင်းခြင်းတွေနဲ့လာမယ့်၂၀၂၅ခုနှစ်ကိုမိတ်ဆွေများ ကျမ်းမာစွာနဲ့ကြိုဆိုနိုင်ပြီး လိုရာဆန္ဒများပြည့်စုံနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

Halcyon Myanmar Travel
Your Complete Travel Solutions
www.halcyonmyanmar.com







24/12/2024

BUS in Bangkok
ဒီတစ်ခေါက်ဘန်ကောက်ရောက်တော့ ကိုယ်မသိသေးတဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုသိနိုင်ဖို့ Public Bus ကိုအသုံးပြုပြီး ဘယ်လိုချိတ်ဆက်သွားလာလို့ရနိုင်သလဲ လေ့လာကြည့်မိတယ် အဓိကအားဖြင့်ဘန်ကောက်ရဲ့မြို့တွင်းသယ်ယူပို့ဆောင်ရေးဂဏ္ဌမှာ Bangkok Mass Transit System ဆိုတဲ့ အဖွဲ့အစည်း နဲ့ Bangkok Mass Transit Authority ဆိုတဲ့ အဖွဲ့အစည်းကအရေးပါတယ်လို့ဆိုနိုင်ပါတယ် ။ Bangkok Mass Transit System PCL ကတော့အတိုကောက်အားဖြင့် BTS Skytrain လို့သိကြပြီး Bangkok Metropolitan Administration (BMA ) ရဲ့အုပ်ချုပ်မှု့နဲ့ BTS Group Holding company ရဲ့လုပ်ငန်းခွဲတစ်ခုလို့ပြောထားတာတွေ့ရပါတယ်

BTS Sky Train ကိုတော့နောက် Video မှာပြောပြထားတာမလို့ ဒီ VDO လေးမှာတော့ Public Bus တွေရဲ့အကြောင်းပြောပြချင်ပါတယ် ။ BMTA ဆို တာ Bangkok Mass Transit Authority ရဲ့အတိုေကာက်ပါ အဓိကအားဖြင့်တော့ Public bus တေွကိုစီမံခန့်ခွဲတဲ့ကုမ္ပဏီလို့ပြောရမှာပေါ့
BMTA ကို ၁၉၇၅ လောက်က အစိုးရနဲ့ပုဂ္ဂလိက ကုမ္ပဏီတွေပေါင်းပြီး စတင်ဖို့ကြိုးစားခဲ့ပေမယ့် အကောင်ထည်ပေါ်မလာခဲ့ပဲ ၁၉၇၆ ခုနှစ်မှာတော့အစိုးရပိုင်လုပ်ငန်းတစ်ခုအနေနဲ့ စတင်လာခဲ့တယ်လို့ဆိုပါတယ်။ တစ်ချို့လမ်းကြောင်းတွေမှာတော့ ပုဂ္ဂလိကယာဉ်လိုင်းတွေကို အစိုးရအုပ်ချုပ်မှု့အောက်ကနေမှတဆင့် အကန့်အသတ်ဖြင့်ပြေးဆွဲခွင့်ပြုထားတယ်လိုဆိုပါတယ်

လိုင်းကားတွေကို ဇုန် ၈ ခုခွဲပြီးနေ့စဉ် မနက် ၅နာရီကနေ ည ၁၁း၀၀ ထိပြေးဆွဲပေးပါတယ် ။ ညဉ့်နက်မှပြန်မယ့် ခရီးသည်တွေအတွက် Night Owl Bus ဆိုတဲ့ အစီအစဉ်နဲ့ တစ်ချို့လမ်းကြောင်းတွေပြေးဆွဲတယ်လို့ မှတ်သားရပါတယ် ။ အခုဆိုရင် BMTA ဟာ ကားစီးရေ ၁၅၈၅၇ စီးခန့်နဲ့ ခရီးစဉ်ပေါင်း ၄၂၇ ခုစီစဉ်ပြေးဆွဲနေတယ်လိုသိရပါတယ်
၂၀၀၇ ခုနှစ်လောက်ကစပြီး ပိုက်ဆံကောက်တဲ့စနစ်ကိုစပယ်ယာကကောက်ခံတာမျိုးမဟုတ်ပဲ ခရီးသည်မှ Cash Box ထဲထည့်ပြီးစီးရတဲ့စနစ်ကို ယာဉ်အစီး ၈၀၀ လောက်မှာစတင်တပ်ဆင်ခဲ့ပေမယ့် ခရီးသည်တွေအနေနဲ့ သိပ်ပြီးယနေ့ထပ်ထိ အကျွမ်းတဝင်မရှိသေးဘူးလို့ဆိုပါတယ် ။ တစ်ကယ်လို့ယဉ်စီးခကောက်ခံခြင်း အစီအစဉ်ကိုအောင်မြင်စွာပြုလုပ်နိုင်မယ်ဆို စပယ်ယာ၂၆၀၀ လောက်ခန့်ထားရခြင်းသက်သာနိုင်တယ်လို့သိရပါတယ်။

လိုင်းကားအများစုကို Hino , Isuzu , Daewoo , Marcedez Benz အမှတ်တံဆိပ်ကားများဖြင့်ပြေးဆွဲနေပြီး အများစုက Disel Engine တေွ နဲ့တစ်ချို့တွေကို သာဘာဝဓာတ်ငွေ့သုံးယာဉ်တေွအနေနဲ့ေပြာင်းလဲပြေးဆွဲတယ်ဆိုတာကတော့မှတ်သားစရာပါ

အခုနောက်ပိုင်းမှာတော့ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်သုံးယာဉ်များနဲ့ Hybrid ကားတွေကိုပိုမိုတိုးချဲ့ ပြောင်းလည်းသုံးစွဲနေတယ်လို့မှတ်သားမိပါတယ်။
ကျွန်တော်သတိထားမိသလောက်တော့ အဲ့ကွန်းမပါတဲ့ကားတွေ Mini Bus တွေဆို ဟိုနားဒီနား ၈ ဘတ်လောက်ပေးရတတ်ပြီး အဲကွန်းလည်းပါမယ် ၊ သွားရမယ့်ခရီးဝေးမယ်ဆို ၁၃ ဘတ်လောက်ကနေစပြီး ဘတ်၅၀ လောက်ထိပေးရပါတယ်

BTS sky train မရောက်နိုင်တဲ့နေရာတွေအတွက် Public Bus တွေဟာပိုမိုအရေးပါပြီး သက်သာလွယ်ကူစေပါတယ် တစ်ကယ်လို့ အချိန်ရမယ်ဆိုရင် Public Bus ကိုစီးပြီး ဘန်ကောက်တစ်ပတ်လောက်လည်ကြည့်ဖို့မိတ်ဆွေတို့ကို တိုက်တွန်းလိုက်ပါရစေ မတူညီတဲ့မြို့ရဲ့ ရှု့ခင်းတွေကိုမြင်တွေ့နိုင်ပြီး ပျော်ရွှင်မှု့ကိုပေးစွမ်းနိုင်လိမ့်မယ်ထင်ပါတယ်







ဘန်ကောက် ( Bangkok )ဘန်ကောက်မြို့ဟာ ၁၇၈၂ ခုနှစ်က စတင်တည်ဆောက်တဲ့ထိုင်းနိုင်ငံရဲ့ မြို့သစ်တစ်ခုဖြစ်တယ် ဆိုတော့ ဘန်ကောက်ဖြ...
03/12/2024

ဘန်ကောက် ( Bangkok )
ဘန်ကောက်မြို့ဟာ ၁၇၈၂ ခုနှစ်က စတင်တည်ဆောက်တဲ့ထိုင်းနိုင်ငံရဲ့ မြို့သစ်တစ်ခုဖြစ်တယ် ဆိုတော့ ဘန်ကောက်ဖြစ်တည်လာတာ ၂၄၂ နှစ်လောက်ရှိလာပြီလို့ပြောရမယ် ၂၀၁၀ ခုနှစ်ထိလူဦးရေက ၉ သန်းလောက်ထိပဲရှိသေးပြီး အခုချိန်မှာ ဘန်ကောက်မှာနေထိုင်တဲ့လူဦးရေ ၁၇ သန်းကျော်လောက်ဖြစ်လာ‌တယ်ဆိုတော့ ၁၄ နှစ်အတွင်းမှာ နေထိုင်တဲ့လူဦးရေ ၂ဆလောက်တက်လာတဲ့သဘောပေါ့ ဆက်လက်တိုးဖို့အနေအထားရှိနေသေးတော့ ဒီထက်ကြီးမားလာနိုင်တယ်လို့ပြောရမယ် ရန်ကုန်မြို့လူဦးရေရဲ့ ၃ဆ ၊ ဖနွမ်းပင်မြို့လူဦးရေရဲ့ ၆ ဆလို့တွက်လို့ရမယ်ထင်ပါတယ်

ဘန်ကောက်ရဲ့ထိုင်းနာမည်က ခွန်သက်မဟာနခွန်လို့ခေါ်တယ်ဆိုပြီးတွေ့ရတယ် နတ်သမီးတွေနေတဲ့မြို့လို့ အဓိပ္ပာယ်ရတယ်တဲ့
Bangkok လို့ဘာကြောင့်နာမည်တွင်လာသလဲဆိုတော့ Ban Ko ကနေ Bangkok ဖြစ်လာတယ်လို့ရေးသားထားတာတွေ့ရတယ် Ban ဆိုတာက ထိုင်းဘာသာစကားရဲ့အဓိပ္ပာယ်မှာ စမ်းချောင်း‌ေပါ်ကရွာကလေးလို့ အဓိပ္ပာယ်ရပြီး Ko က ကျွန်းလို့အဓိပ္ပာယ်ရတယ်လို့သိရတယ် ဒီလိုနဲ့ Ban Ko ကနေ Bangkok ဖြစ်လာတယ်ပေါ့

ယဉ်ကျေးမှု့နဲ့ဓလေ့တွေပြောရရင်ခမာအင်ပါယာနဲ့ဆက်စပ်ဖြစ်တည်လာတယ်ဆိုတာတွေ့ရပြီး ဘန်ကောက်မြို့ရဲ့ ကြော်ကြားမှု့ထဲမှာထင်ရှားတာကတော့ ကမ္ဘာ့အကောင်းဆုံးStreet Food တွေ၊ Endless Night life ပျော်ရွှင်စရာတွေ ၊ မြဘုရား နဲ့
ဝပ်ပိုလျှောင်းတော်မူဘုရားတည်ရှိလို့လို့ ရေးသားကြတာတွေ့ရတယ်
ထိုင်းရဲ့အဓိကဝင်ငွေမှာ ခရီးသွားလာရေးဝန်ဆောင်မှု့ကထိပ်ဆုံးကရှိနေပြီး ၂၀၂၄ အတွက် မျှော်လင့်ထားချက်က ခရီးသွား ၃၆ သန်းလောက်လာကြလိမ့်လို့မျှော်လင့်ထားတယ်လို့ဆိုပြီ အခုထိ ၂၆ သန်းလောက်လာရောက်ပြီးပြီလို့‌ေရးသားထားတာတွေ့ရတယ် ကိုဗစ်မတိုင်ခင်ကတော့ ခရီးသွားအများဆုံး ၃၉ သန်းလောက်ထိ လာရောက်ခဲ့တယ်ဆိုတာမှတ်တမ်းတွေတွေ့ရှိရပါတယ်

ထိုင်းကိုအများဆုံးလာရောက်လည်ပတ်လိမ့်မယ်လို့မျှော်လင့်ထားတဲ့ လူမ‌ျိုးတွေကတော့ တရုတ် ၊ မလေးရှား ၊အင်ဒီးယား ၊ တောင်ကိုရီးယားနဲ့ ရုရှားတွေ ဖြစ်လိမ့်မယ်လို့ ရေးထားတာတွေ့ရတယ်

မည်သို့ပင်ဖြစ်ပစေဘန်ကောက်မြို့ကြီးဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ နေ ညမအိပ် လည်ပတ်နေတာတော့ တစ်ချိန်လုံးစက်နိုးထားတဲ့ကားအင်ဂျင်တစ်လုံးလိုပဲအနားမရ ဘယ်တော့ Heat တက်လာမလဲဆိုတာစိုးရိမ်မိတယ် ...အရင်ကကြိုက်နှစ်သက်ခဲ့တဲ့ချစ်စရာဓလေ့လေးတွေလည်းပြောင်းလည်းလာတာတွေ့ရတယ် မြို့ကြီးတင်မဟုတ်ပဲ ဒေသခံတွေရဲ့စိတ်တွေလည်းမွန်းကြပ်နေပြီလား တွေးမိတယ် ..နောက်မှပဲ မြင်မိတဲ့ကွာခြားလာတာလေးတွေ ရေးပါတော့မယ်









03/12/2024

Khlong Saep boat service ( water Bus )
ဘန်ကောက်ရောက်ဖူးတဲ့သူတော်တော်များများသတိထားထားမိတာကတော့ နေရာတိုင်းမှာ Traffic မိနေတတ်တာပဲ တစ်နေရာကတစ်နေရာ ကူးသန်းသွားလာဖို့ဆိုရင် Private Taxi တွေ ၊ Motorcycle တွေ ၊ BTS/MRT ၊ Public bus စသဖြင့်အလျှဉ်းသင့်သလိုအသုံးပြုသွားလာကြပေမယ့် ပြသနာကသွားရမယ့် ခရီးအကွာအဝေးအတွက်လိုအပ်တာထက်အချိန်ပိုယူရတာပါပဲ
ဘန်ကောက်မြို့ရဲ့သယ်ယူပို့ဆောင်ရေးထဲမှာ သွားရောက်လည်ပတ်သူတိုင်းသတိထားမိတာက မြို့လည်ခေါင်မှာ တူးမြောင်းလေးတစ်ခုရှိပြီး waterbus service ပြေးဆွဲနေတာကိုတွေ့ကြရတာပါပဲ ခတ္တခဏအလည်လာတဲ့သူတွေအတွက်က ဘယ်ကနေ ဘယ်ကိုသွားပြီး ဘယ်လောက်ပေးရသလဲ ဘယ်လောက်ကြာသလဲစသဖြင့် သိပ်မသိကြတာများပါတယ် ဒီတစ်ခေါက်တော့ သပ်သပ်အချိန်ယူပြီး ဟိုနားဒီနားစီးမယ်ဆိုပြီး သွားစီးဖြစ်တယ် တူမြောင်းရဲ့ရေဟာအမြဲတမ်းနောက်ကျိနေတာတွေ့ရပြီး ပထမတော့ စိတ်ထဲမသန့်သလိုခံစားရတယ် ဒါပေမယ့် water Bus ပေါ်ရောက်တဲ့အချိန်မှာတော့သိပ်ပြီး အနံ့အသက်မရှိတာတွေ့ရပြီး တစ်ချို့နေရာတွေမှာတော့ သိပ်မသန့်ရှင်းဘူးလို့ဆိုရမယ်
ဒီတူးမြောင်းလေးရဲ့နာမည်က ဆမ်ဆက် တူးမြောင်းလို့ခေါ်ပြီး ( Same Seap Canal ) ကျောက်ဖရာမြစ်နဲ့ဆက်စပ်ဖောက်လုပ်ထားပြီး ၇၂ ကီလိုမီတာလောက် အရှည်ရှိတယ်လို့သိရပါတယ် မြို့နယ် Prachinburi Province ထိကိုကူးသန်းသွားလာဖို့ဖောက်လုပ်ထားတာလို့ဆိုပါတယ်
မြို့နယ် ၂၁ မြို့နယ်ကိုဖြတ်သန်းသွားတယ်လို့သိရပြီး တစ်ချို့ကတော့ ၁၈ မြို့နယ်လို့ရေးသားထားတာတွေ့ရပါတယ်
Khlong Seam Seap Boat Service ကိုတော့ ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစတင် ဝန်ဆောင်မှု့ပေးခဲ့ပြီး နေ့စဉ် ခရီးစဉ်အကြောင်းရေ ၁၀၀ လောက်အသွားအပြန်ပြေးဆွဲရတယ်လို့ဆိုပါတယ် လက်မှတ်ခတွေကတော့ ခရီးအနီးအဝေးပေါ်မူတည်ပြီး ၈ ဘတ်ကနေ ၂၀ ဘတ်လောက်ထိပေးရတာ‌သိရပါတယ် Seam Seap waterbus ဟာ နေ့စဉ် ခရီးသည် ၆၀၀၀၀ လောက်ကို သယ်ယူပို့ဆောင်ပေးနေပြီး မြို့တွင်းမှာ အခုချိန်အထိတော့ ၁၈ ကီလိုမီတာအကွာအဝေးလောက်ထိ ပြေးဆွဲနေတယ်လို့ဆိုပါတယ်
Golden Mount Line ၊ NIDA Line ၊ Electric Boat Line ဆိုပြီးလမ်းကြောင်း ၃ခုရှိပြီး ကားစောင့်ရတာ ၊ ရထားစောင့်ရတာ ကိုစိတ်မရှည်နိုင်တဲ့သူအတွက်တော့ ကိုယ်သွားမယ့်နေရာနဲ့နီးမယ်ဆိုရင် အသုံးပြုရလွယ်မယ့်ဝန်ဆောင်မှု့တစ်ခုပါပဲ
မြန်မာစားသောက်ဆိုင်တွေဖြစ်တဲ့ Feel restaurant နဲ့ စံပြဒေါ်ကြည် စားသောက်ဆိုင်နားမှာလည်း လှေဆိပ်ရှိတော့ စမ်းစီးကြည့်ပါလို့ တိုက်တွန်းချငိပါတယ်
Khlong Saep boat service ( water Bus )





.com

29/11/2024

All about Bangkok . Coming soon ....
Passion I Arts I Culture I Travel



Address

No. 30 , Nweni Street , Ahlone Township
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959790635246

Alerts

Be the first to know and let us send you an email when Halcyon Myanmar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Halcyon Myanmar Travel:

Shortcuts

Share