ATM Travels & Tours

ATM Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATM Travels & Tours, Travel and transport, No 769, Aung Thitsar Street, 29 Block, North Dagon, Yangon.

19/10/2025

မိုးရာသီထဲက ချင်းမိုင်မြို့လေး 🦋🌿🌷🍀



ATM Travel and Tours

04/09/2025

နေပူလိုက် မိုးရွာလိုက်နဲ့
ဆောင်းမရှိတဲ့ နိုင်ငံလေး❤️🇸🇬

゚viralシfypシ゚viralシ

ATM Travel &Tours

Today "Sun Halo" in Singapore 🌞🇸🇬ဒီနေ့ (25.8.2025)စက်ာပူရဲ့နေရာအနှံ့အပြားကနေ နေထီးဆောင်းမှု ဖြစ်ဉ်ကိုမြင်တွေ့နိုင်ပါတယ်။...
25/08/2025

Today "Sun Halo" in Singapore 🌞🇸🇬

ဒီနေ့ (25.8.2025)စက်ာပူရဲ့နေရာအနှံ့အပြားကနေ နေထီးဆောင်းမှု ဖြစ်ဉ်ကိုမြင်တွေ့နိုင်ပါတယ်။

ကြုံရခဲတဲ့ သဘာဝအလှတရားကို ခံစားဖို့အပြင်ကို ခဏထွက်ကြည့်ပြီး လိုချင်တဲ့တောင်းဆုတစ်ခုပြုကြည့်ကြဦးနော်။

မင်မင်ကတော့ မြန်မာပြည်ကြီးအမြန်အေးချမ်းစေဖို့ဆုတောင်းလိုက်ပါတယ်🙏🌻🌞


ATM Travel &Tours

10/08/2025

Singapore National Day🇸🇬
Happy 60th Birthday Day🇸🇬



ATM Travel & Tours

ယနေ့ (၈.၈.၂၀၂၅) သည်🙏မေတ္တာအခါတော်နေ့  (ဝါခေါင်လပြည့်) 🙏ဖြစ်ပါသည်။ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ ကျင်းပရခြင်းအကြောင...
08/08/2025

ယနေ့ (၈.၈.၂၀၂၅) သည်🙏မေတ္တာအခါတော်နေ့ (ဝါခေါင်လပြည့်) 🙏ဖြစ်ပါသည်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ ကျင်းပရခြင်းအကြောင်းမှာ ဂေါတမမြတ်စွာဘုရားလက်ထက်က ရဟန်းတော် ငါးရာတို့သည် မြတ်စွာဘုရားအထံမှ ကမ္မဋ္ဌာန်းတရားကိုဆောင်ယူ၍ တောအုပ်တစ်ခုတွင်ဝါဆိုတော်မူကြသည် ။

ထိုရဟန်းတော်များ၏သီလတန်ခိုးကြောင့် နေရာဖယ်ပေးကြရသော နတ်အချို့က ရဟန်းများတရားအားထုတ်မှု့အနှောက်အယှက်ဖြစ်စေရန် ဒီနေရာမှ အမြန်ဆုံးသွားစေရန် အမျိုးမျိုးနှောက်ယှက်ခြောက်လန့်သောကြောင့် ရဟန်းတွေ တရားအားမထုတ်နိုင်ဖြစ်ကာ ဝါတွင်းမှာပင် မြတ်စွာဘုရားရှင်ရှိရာ သာဝထ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ပြန်သွားခဲ့ကြပါတယ် ။

ထိုအခါ မြတ်စွာဘုရားက မေတ္တာလက်နက်ကိုယူဆောင်ပြီး တောအုပ်သို့ပြန်သွားကြရန် တိုက်တွန်းပြီး မေတ္တာသုတ်ဒေသနာတော်ကို ဟောကြားပေးလိုက်ပါသည် ။ ထိုအခါ ရဟန်းတို့၏မေတ္တာဓာတ်ကြောင့် နတ်များက ချစ်ခင်လာကြပြီး ငြိမ်းချမ်းစွာနေတော်မူကြပါသည် ရဟန်းတို့ရဲ့ အမှုကြီး အမှုငယ်အသွယ်သွယ်ကို ပြုစုပေးရင်းနဲ့ပေါ့ . . . ။

မေတ္တာအကျိုး ၁၁ မျိုး -

၁ - ချမ်းသာစွာအိပ်ရခြင်း

၂- ချမ်းသာစွာနိုးရခြင်း

၃ - အိပ်မက်ဆိုးတို့မမြင်မက်ခြင်း

၄- လူတို့ချစ်ခင်မြတ်နိုးခံရခြင်း

၅- သားရဲဘီလူးတို့၏ချစ်ခြင်းမြတ်နိုးခံရခြင်း

၆- နတ်တို့စောင့်ရှောက်ခြင်း

၇- မေတ္တာပွားသူများ မီး အဆိပ် လက်နက်တို့မကျရောက်ခြင်း

၈ - လျင်မြန်စွာစိတ်တည်ကြည်ခြင်း

၉ - မျက်နှာအဆင်း အထူးကြည်လင်ခြင်း

၁၀- မတွေမဝေသေရခြင်း

၁၁ -အလွန်မြတ်သော အရဟတ္တဖိုလ်ကို သိမြင်၍ ဗြဟ္မာ့ပြည်သို့လားရခြင်း အကျိုးတို့ကိုရ ရှိစေပါသည် ။

နံနက်နေ့လည် ညအခါတို့၌ထမင်းအိုးကြီး အလုံးတစ်ရာစီပေးလှူသော အလှူကြီးထက် နွားနို့တညှစ်စာမျှ မေတ္တာပွားသော ကုသိုလ်က သာလွန်၍အကျိုးကြီးပေသည် ။ ( နိဒါနဝဂ္ဂ သြပမ္မသံယုဂ် ၄၅၅)

လက်ဖျစ်တစ်ခါတီးမျှ မေတ္တာပွားသူကား စျာန်မဆိတ်သူ !ဘုရားရှင်၏သြဝါဒကိုလိုက်နာသူ ! တိုင်းသူပြည်သားတို့၏ ဆွမ်းကိုအကျိုးမဲ့အချည်းနှီးဖြစ်အောင်မပြုဘဲ သုံးဆောင်သူဖြစ်ပါသည် ။
(အဂုင်္တ္တိုရ် ဧကနိပါတ် ၉)

အရှင်သီဟဓမ္မ (မစိုးရိမ်)

ATM Travel & Tours

03/08/2025

Beautiful Singapore Fireworks Blooming in the sky🎆🎇
Sooo Fantastic ✨✨🎆🎇
🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬


#စလုံး

ATM
Travel &Tours

ဝါဆိုလပြည့်နေ့ မဂ်လာအခါသမယနေ့မှစ၍မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း၊ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ဘေးအန္တရာယ်အသွယ်သွယ်မှ ကင...
09/07/2025

ဝါဆိုလပြည့်နေ့ မဂ်လာအခါသမယနေ့မှစ၍
မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း၊
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်
ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းလွတ်ငြိမ်းကြပါစေ။
ကောင်းကျိုးလိုရာအဖြဖြာပြည့်စုံကြ၍
စည်းစိမ်ဥစ္စာရတနာများကုံလုံကြွယ်ဝနိုင်ကြပါစေ🙏🙏🙏

ATM Travel & Tours

9.7.2025 မှ 6.10.2025 ထိ သုံးလတိတိ ဝါတွင်းအဓိဌာန် ကုသိုလ်ယူကြပါစို.🙏🙏🙏
07/07/2025

9.7.2025 မှ 6.10.2025 ထိ သုံးလတိတိ
ဝါတွင်းအဓိဌာန် ကုသိုလ်ယူကြပါစို.🙏🙏🙏

✈️ ဖြစ်ရပ်အကျဉ်း:Dr. Pratik Joshi က အင်္ဂလန် (London) မှာ ၆နှစ်ကြာနေထိုင်ခဲ့ပြီး မိသားစုအတွက်အနာဂတ်ကောင်းတစ်ခုတည်ဆောက်ချ...
13/06/2025

✈️ ဖြစ်ရပ်အကျဉ်း:

Dr. Pratik Joshi က အင်္ဂလန် (London) မှာ ၆နှစ်ကြာနေထိုင်ခဲ့ပြီး မိသားစုအတွက်အနာဂတ်ကောင်းတစ်ခုတည်ဆောက်ချင်တာကြောင့် ဇနီးဖြစ်သူ Dr. Komi Vyas (ဆရာဝန်) နှင့်သားသမီးသုံးယောက်ကို အိန္ဒိယကနေခေါ်ဖို့ စီစဉ်နေခဲ့ပါတယ်။

ဇနီးက အလုပ်ထွက်ပြီး၊ လုပ်ဆောင်ရန်စာရွက်စာတမ်းတွေ ပြီးစီးလာတော့မိသားစုတစ်စုလုံး Air India Flight 171 မှာစီးပြီး London ကိုထွက်ခွာကြတယ်

မထင်မှတ်ပဲ လေယာဉ်ပျက်ကျသွားတယ်
လူပေါင်း ၂၄၂ ယောက် စီးပြီး ၂၄၁ ယောက် သေဆုံး — ဒီမိသားစုလည်းအတူတူပါ။

ဘဝဆိုတာ အလွန်တိုတောင်းလွန်းတယ်ဆိုတာ
ဒီအဖြစ်အပျက်က သက်သေပါပဲ။မိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာ အိမ်မက်တွေအနာဂတ်တွေအလုံးစုံပျက်သုန်းသွားနိုင်ပါတယ်။
အောင်မြင်မှုကျော်ကြား‌မှု၊စည်းစိမ်ချမ်းသာတွေကလည်း သေဆုံးသွားရင် ဘာမှမဟုတ်တော့ပါဘူး။

ဒီမိသားစုလေးရဲ့ ဖြစ်ရပ်ကို သတိမူပြီး
အသက်ရှင်တုန်းမှာ စိတ်စေတနာကောင်းထားပါ။ကိုယ့်အနားမှာရှိတဲ့ မိသားစုကိုမြတ်နိုးတန်ဖိုးထားပါ။ချစ်ရတဲ့သူတွေကိုချစ်ကြောင်းပြောပါ။ဂရုစိုက်ပေးပါ။

မနက်ဖြန်ဆိုတာမသေချာတာမို့ ဒီနေ့လုပ်စရာရှိတာတွေအပြီးသတ်လုပ်ဆောင်ပါ။



ATM Travel & Tours

မေခ + မလိခ flood ဖြစ်ရင် ..အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်-...
02/06/2025

မေခ + မလိခ flood ဖြစ်ရင် ..
အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါ

ဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ

- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်
- ဟုမ္မလင်းဘက်က ချင်းတွင်းရေ တပြိုင်တည်း ကြီးရင်
- လပြည့်ကျော် ၃ ရက်
သို့မဟုတ် လဆန်း ၃ ရက် မှာ ဟင်္သာတ ရောက်မယ်ဆိုရင်
ပင်လယ်ဒီရေနဲ့ ကချင်ကရေ ဆုံပါမယ်

- ချင်းတောင် ဘက် မိုးကောင်းရင် မုန်း မန်း စလင်း ချောင်းတွေက ဧရာဝတီထဲ တိုးဝင်လာပါမယ်

- ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့
ဒုဌဝတီ ရေက မန်းလေး အောက်နားကနေ ဧရာဝတီထဲ ထပ်ဝင်ပါမယ်

- ပဲခူးရိုးမ အနောက်ခြမ်း မှာ မိုးများလို့ ဘော်ဘင် ၊ ဂမုန်း ၊ ဝဲကြီး ၊ နဝင်းချောင်း ၊ မင်းလှချောင်း ၊ သုံးဆယ်ချောင်း ရေကြီးရင် ၂-၃ ရက်အတွင်း
မြန်အောင် အောက်ဖက် ဧရာဝတီ ရေတိုးပါမယ်

- အောက်ဘက်မှာ ရခိုင်ရိုးမ အရှေ့ခြမ်း
မိုးကောင်းရင်

အပေါ်ကလို
မြစ်ကြီးနားရေ + ဟုမ္မလင်းရေ + ပဲခူးရိုးမ အနောက်ခြမ်းရေ+
ရခိုင်ရိုးမ အရှေ့ခြမ်းရေ +
ပင်လယ်ဒီရေ ဆုံရင်

ဧရာဝတီ အကြေအရပ်မှာ high flood ကြုံရပါမယ်

ဧရာဝတီ အထက်ပိုင်း ရေ ကို ၁၃ ရက် ကြိုသိနိုင်ပါတယ်

☝️မြန်မာပြည် မြေပုံရဲ့ ၃ပုံ မှာ ၂ ပုံ ရဲ့ ရေနုတ်မြောင်းကြီး ဧရာဝတီ ဟာ
လာသမျှရေ ကို မသယ်နိုင်တာ ကြာခဲ့ပါပြီ

သူ့ အထဲ ဝင်လာသမျှ ပင်လယ်ဆီ ယူဆောင်ပေးရတဲ့အခါ
သူ့ ဝန်ကို ကူထမ်းပေးတာ ( ဧရာဝတီရဲ့ ရေကြီးမှုကို လျှော့ချပေးနိုင်တဲ့ အကူမြစ် ) မြစ် ၂ ခု ပဲ ရှိပါတယ်

အနောက်ဘက် မှာ ငဝန်
အရှေ့ဘက်မှာ မြစ်မခ ( အောက်ဘက်ရောက်တဲ့အခါ လှိုင်မြစ် လို့ ခေါ် )

“အကြောင်းတွေ အားလုံးဆုံရင် “
ဧရာဝတီ တိုင်း + ပဲခူးအနောက် မုချ ရေကြီးပါမယ်

မြစ်ကြီးနား အခြေအနေ ကို တွက်ဆ ပြီး ဟင်္သာတ က ၁၃ ရက် ကြို ပြင်ချိန် ရပါတယ်

Credit -Tha Htoon Oo

မြန်မာနိုင်ငံသားများအတွက် Visa မလိုအပ်သော နိုင်ငံများနှင့် Visa on Arrival / E-Visa လျှောက်လို့ရနိုင်သော နိုင်ငံများ⸻✅ V...
05/05/2025

မြန်မာနိုင်ငံသားများအတွက် Visa မလိုအပ်သော နိုင်ငံများနှင့် Visa on Arrival / E-Visa လျှောက်လို့ရနိုင်သော နိုင်ငံများ



✅ Visa Free (ဗီဇာမလိုအပ်သော နိုင်ငံများ)
• Brunei – 14 ရက်
• Cambodia – 14 ရက်
• Cook Islands – 31 ရက်
• Dominica – 21 ရက်
• Haiti – 3 လ
• Indonesia – 30 ရက်
• Laos – 14 ရက်
• Micronesia – 30 ရက်
• Montserrat – 6 လ
• Philippines – 30 ရက်
• Singapore – 30 ရက်
• Saint Vincent and the Grenadines – 3 လ
• Thailand – 14 ရက်
• Vietnam – 30 ရက်



✅ E-Visa (အီးဗီဇာလျှောက်လို့ရနိုင်သော နိုင်ငံများ)
• Albania
• Antigua and Barbuda
• Armenia
• Bahamas
• Benin
• Bhutan
• Botswana
• Burkina Faso
• Cameroon
• DR Congo
• Ivory Coast
• Djibouti
• Equatorial Guinea
• Ethiopia
• Gabon
• Guinea
• Hong Kong
• India
• Iran
• Kazakhstan
• Kenya
• Kyrgyzstan
• Lesotho
• Malaysia
• Moldova
• Mongolia
• Nigeria
• Qatar
• Russia
• São Tomé and Príncipe
• Sierra Leone
• South Sudan
• Togo
• Uganda
• Zimbabwe



✅ Visa on Arrival (လေဆိပ်ရောက်မှ ဗီဇာထုတ်ယူနိုင်သော နိုင်ငံများ)
• Bolivia
• Burundi
• Cabo Verde
• Comoros
• Guinea-Bissau
• Macau
• Madagascar
• Malawi
• Maldives
• Marshall Islands
• Mauritania
• Mauritius
• Mozambique
• Nepal
• Nicaragua
• Rwanda
• Seychelles
• Somalia
• Sri Lanka
• Saint Helena
• Tanzania
• Timor-Leste
• Tuvalu
• Zambia

Address

No 769, Aung Thitsar Street, 29 Block, North Dagon
Yangon
11421

Telephone

09795602765

Website

Alerts

Be the first to know and let us send you an email when ATM Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share