အိမ်ပြောင်းဝန်ဆောင်မှုလုပျငနျး

  • Home
  • Myanmar
  • Yangon
  • အိမ်ပြောင်းဝန်ဆောင်မှုလုပျငနျး

အိမ်ပြောင်းဝန်ဆောင်မှုလုပျငနျး ​အောင်မြတ် အိမ်​ပြောင်းဝန်​ဆောင်မှု(09 89998 1500)

22/08/2020
 #ဝါတွင်းအထူးလျော့ပေးနေတဲ့အစီအစဥ်တွေကိုသိပြီးပြီလား?🔴မြို့တွင်း​ပြောင်း​ရွှေ့​တွေ​တောင်  40000~50000 ရှိ​နေချိန်မှာ ရန်က...
13/08/2020

#ဝါတွင်းအထူးလျော့ပေးနေတဲ့အစီအစဥ်တွေကိုသိပြီးပြီလား?

🔴မြို့တွင်း​ပြောင်း​ရွှေ့​တွေ​တောင် 40000~50000 ရှိ​နေချိန်မှာ
ရန်ကုန်🔛​နေပြည်​တော် ကို 200000Ks ဘဲဆို​တော့ အရမ်းတန်သွားပြီးအရမ်းအံဩသွားရပြီမဟုတ်လား?
🚚ဟုတ်ကဲ့ ကားဆိုဒ်က 15​ပေ Box ကား(အလုပ်သမားအပါအဝင်)
အတိအကျဆိုရင် (14.10Ft×7Ft×6.5Ft)တိုင်းကြည့်နိုင်ပါတယ်
🟡တွက်​​ခြေကိုက်ရဲ့လားဆိုရင်​တော့ ကိုက်ပါတယ်ခင်ဗျ ကိုယ်ပိုင် ကားကို ကိုယ်တိုင်​မောင်း​တော့ အပိုစားရိတ်သိပ်မကုန်ဘူး ဆီ​စျေး​တွေလည်းကျ​နေတာပါ​ပေါ့ ​နောက်ပြီး အမြတ်အများကြီးမယူဘဲ ​ရောင့်ရဲတင်းတိမ်နိုင်တာလည်း အဓိက အ​ကြောင်းအရင်းတခုပါ

🟠အခြားနယ်​ဝေးပြာင်း​ရွှေ့မှုများကိုလည်း 40%ထိ ​လျော့ချ​ပေးထားတာ​ကြောင့် 09 89998 1500 ကိုဆက်သွယ်၍ အ​သေးစိတ်စုံးစမ်း​မေးမြန်းနိုင်ပါတယ်ခင်ဗျာ

🔵ရန်ကုန်မြို့တွင်း ​ပြောင်း​ရွှေ့မှုများကို 25000Ks မှစတင်၍ ကားအကြီးအ​သေး ခရီးအကွာအ​ဝေး အလွှာအနိမ့်အမြင့်တို့​ပေါ်မူတည်၍ ​စျေးနှုန်း အနဲအငယ်​ပြောင်း​လဲနိုင်ပါတယ်

🟤ဝန်​ဆောင်မှုအ​ကြောင်း အ​သေးစိတ် စုံစမ်း​မေးမြန်းလိုပါက

🟢 ကိုမိုး​ကျော်(​အောင်မြတ်-အိမ်​ပြောင်းဝန်​ဆောင်မှု)
📲09 89998 1500📲09 78908 1500

🟢Page ​လေးအား Like & See Fast

 #ကျောက်ဖြူမြို့မှပြန်လည်ထွက်ခွာ💞💞💞💞💕💕💕💕💕💕💕 #ပန်းတိုင်_အိမ်ပြောင်းဝန်ဆောင်မှု  (Meiktila)
18/07/2020

#ကျောက်ဖြူမြို့မှပြန်လည်ထွက်ခွာ
💞💞💞💞💕💕💕💕💕💕💕

#ပန်းတိုင်_အိမ်ပြောင်းဝန်ဆောင်မှု



(Meiktila)

 #သုည_ပါရမီ (Zero Talent)သူလေးက စာတော်လိုက်တာ ပါရမီ ကောင်းလို့ .. သူလေးက ဈေးရောင်းတော်တယ်.. ပါရမီပဲ..။ ဟယ်.. ဒီ ပန်းချီ...
03/09/2018

#သုည_ပါရမီ (Zero Talent)

သူလေးက စာတော်လိုက်တာ ပါရမီ ကောင်းလို့ .. သူလေးက ဈေးရောင်းတော်တယ်.. ပါရမီပဲ..။ ဟယ်.. ဒီ ပန်းချီကားလေးကလှလိုက်တာ.. ပါရမီရှင်ပဲ.. ဆိုတဲ့ စကားတွေ နေ့စဉ်ကြားနေကြရမှာပါ..။ အထုံ တို့ ပါရမီ တို့ ဆိုတာတွေကို အရင်ဘဝက (ဖြည့်ဆည်းခဲ့တဲ့) လုပ်ခဲ့တဲ့ အမှု (ကောင်းမှု..ဆိုးမှု) တွေရဲ့ အကျိုးဆက် လို့ ခံယူပြီး ပြောကြတာပါ..။ လူတိုင်းမှာ တပြေးညီ မရှိနိုင်တဲ့ အရည်အချင်းပါ..။ ဒါကို တခြားတဖက်ကနေ မြင်ကြည့်ရင် Talent လို့ ဆိုပါတယ်..။ အဲဒီ Talent ကတော့ မွေးရာပါ အစွမ်းအစ တစ်ခုခုပါပဲ.. တချို့မှာ ရှိတယ်.. တချို့မှာ မရှိဘူး..။

စီးပွားရေး လုပ်ငန်း တစ်ခု စ လုပ်ဖို့ ပါရမီ လိုပါသလား ?
အရောင်းသမားတစ်ယောက် ကိုယ့်ပစ္စည်း ရောင်းစွံဖို့ရာ ဈေးရောင်းတဲ့ ပါရမီ လိုပါသလား?

တကယ်တော့ မလိုပါဘူး..။ မလိုတာမှ လုံးဝဥဿုံ ကို မလိုပါဘူး..။ “သုညပါရမီ” သမားလဲ ဈေးရောင်းလို့ ရပါတယ်..။ စီးပွားရေး လုပ်ငန်းလုပ်လို့ရတယ်..။ ကွာခြားချက် တစ်ခုက ပါရမီပါသူ က အလွယ်တကူ ရောင်းနိုင်ရင် “သုညပါရမီ” သမားက ကြိုးစားပြီး ရောင်းရမယ်..။

အရောင်းသမားတစ်ယောက် ဈေးရောင်းကောင်းဖို့ အတွက် “ပါရမီ” မလိုပေမယ့် “ကျွမ်းကျင်မှု”
တော့လိုပါတယ်..။ ကျွမ်းကျင်မှု ရအောင် သင်ယူလေ့ကျင့်ရပါတယ်..။ သင်ယူလေ့ကျင့်တဲ့ အခါမှာလဲ စနစ်တကျ ရှိဖို့နဲ့ စိတ်ပါလက်ပါ ရှိဖို့ စွဲစွဲမြဲမြဲ ရှိဖို့ လိုပါတယ်..။ ဒါဆိုရင် လူတိုင်းမှာ မရှိနိုင်တဲ့ အရည်အချင်း တွေ ရလာမှာပါ..။ သင်ယူလေ့ကျင့်တဲ့ အခါမှာ ဒါတွေကို ဂရုစိုက်ရမှာပါ..။

၁။ အချိန်မီ (အချိန်မှန်)ရောက်ဖို့

ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်သွားရမယ့်နေရာ ကို ကိုယ်ရောက်ရမယ့်အချိန်မှာ အချိန်မီရောက်အောင် သွားဖို့ပါပဲ.။ ကိုယ်သွားရမယ့် ခရီးဟာ ၅မိနစ်စာ လမ်းလျှောက်ရုံနဲ့ ရောက်တဲ့ ခရီးဖြစ်နိုင်သလို ကားနဲ့ တစ်နာရီလောက် သွားမှရောက်မယ့် ခရီးမျိုးလဲ ဖြစ်နိုင်ပါတယ်..။ အချိန်မီရောက်ဖို့ ဘာဆင်ခြေမှ မပေးပါနဲ့…။ ကိုယ်သွားရမယ့် ခရီးအတွက် ကြိုတင်ပြင်ဆင်ပါ…. လမ်းမှာကုန်သွားနိုင်တဲ့ အချိန်ကို ထည့်သွင်းတွက်ချက်ပါ..။ အရောင်းထွက်မယ့် အရောင်းသမား.. အစည်းအဝေးတက်ရမယ့်အရာရှိ.. ပစ္စည်းပို့ရမယ့် ယာဉ်မောင်း …. အားလုံးအတွက် အချိန်တိကျမှုဟာ သိပ်ကို အရေးပါပါတယ်..။ ဒါကြောင့် ကြိုတင်စီစဉ်ပါ..။ သတ်မှတ်ချိန်မှာ သတ်မှတ်နေရာကို ရောက်အောင်သွားပါ..။

၂။ အလုပ်ခွင်ကျင့်ဝတ်

သိပ်အရေးမကြီးပါဘူး လို့ထင်ရပေမယ့် အလုပ်ခွင်ကျင့်ဝတ်တွေနဲ့ အသားကျနေဖို့ လိုအပ်ပါတယ်..။ လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိသလို ရှောင်ရန် တွေလဲ ရှိပါတယ်..။ ကျင့်ဝတ်ဆိုရာမှာ အလုပ်ခွင်တစ်ခုနဲ့ တစ်ခု တူနေတာတွေလဲ ရှိသလို ကွဲလွဲနေတာတွေလဲ ရှိနိုင်ပါတယ်..။ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို သိအောင်လေ့လာပြီး ကျွမ်းကျင်အောင် လေ့ကျင့်ထားရမှာပါ..။ ပြဋ္ဌာန်းချက်ထဲမှာ မပါပဲ ကျန်နေတာတွေကိုတော့ အတွေ့အကြုံက သင်သွားပါလိမ့်မယ်..။ အတွေ့အကြုံတွေကို နှိုင်းယှဉ်လေ့လာရင်း သင်ယူရမှာပါ..။

၃။ စိုက်ထုတ်ရင်းနှီး

အရောင်းသမားတစ်ယောက်ရဲ့ အရင်းအနှီးဟာ “စိုက်ထုတ်မှု” ပါပဲ..။ ကိုယ့်ဖက်က စိုက်ထုတ်ရမှာက “ရိုးသားမှု” တစ်ခုထဲပါ..။ အဲဒီ ရိုးသားမှု တစ်ခုထဲကပဲ အဲဒီ အရောင်းသမားကို ထိပ်ဆုံးကို ရောက်စေပါလိမ့်မယ်..။

၎။ ကိုယ်နှုတ် အမူအယာ

ယဉ်ကျေးပျူငှာ.. ဖွယ်ဖွယ်ရာရာ.. ဖေါ်ဖေါ်ရွေရွေ .. သိမ်သိမ်မွေ့မွေ့ ဆိုတဲ့ ဝေါဟာရတွေကို မမေ့ပါနဲ့..။ အဓိပ္ပါယ်ရှိစွာ အသုံးချတတ်ပါစေ..။ ကိုယ်နဲ့ ဆုံတဲ့လူတိုင်းကို ဖေါက်သည် လို့ သဘောထားပါ..။ မျက်လုံးချင်း ဆုံပြီး စကားပြောပါ..။ လက်ဆွဲနှုတ်ဆက်ပါ..။ ပြုံးပြပါ..။ လိုအပ်တာထက်ပိုပြီး ထိတွေ့ကိုင်တွယ်မှုကိုရှောင်ပါ..။ လက်တစ်ကမ်း အကွာမှာနေပါ..။

၅။ ခွန်အား

ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေ ပြည့်မီစေဖို့ “ခွန်အား” လိုပါတယ်..။ အဲဒီ ခွန်အားကို သေချာပေါက် ရနိုင်တဲ့အရင်းအမြစ်က “နှစ်ခြိုက်စွာအိပ်စက်ခြင်း” ပဲဖြစ်ပါတယ်..။ ငွေကုန်ကြေးကျ မများပါဘူး..။ အချိန်မှန်မှန်အိပ်ဖို့ပါ..။ စောစော အိပ်တာ.. နောက်ကျကျ အိပ်တာဟာ ပြသနာမဟုတ်ပေမယ့် .. အိပ်ရေးဝဖို့ လိုပါတယ်..။
“အိပ်မပျော်တဲ့ ညဟာ အစားပေးလို့မရပါဘူး” ..။ အိပ်ရေးဝမှ ဦးနှောက်ကြည်လင် လန်းဆန်းပါလိမ့်မယ်…။ လန်းဆန်းနေမှ အလုပ်လုပ်ရတာ တွင်ကျယ်ပါလိမ့်မယ်..။ လူတချို့မှာ သဘာဝအတိုင်း ကြည်လင်လန်းဆန်းပြီး ခွန်အားတွေ ရနေတတ်ပေမယ့် လူတော်တော်များများ ကတော့ “အိပ်စက်ခြင်းနဲ့ လန်းဆန်းခြင်း” တို့ ဆက်စပ်နေတာကို တွေ့ရမှာပါ..။ လန်းဆန်းခြင်း ခွန်အား ဟာ လျှပ်စစ်ဓါတ်လိုပါပဲ.. စီးဆင်း တတ်ပါတယ်… အဲဒီ စီးဆင်းမှုကို လိုအပ်နေရာတွေကို ရောက်အောင်ပို့နိုင်ဖို့ လိုပါတယ်..။ ကိုယ်ကိုယ်တိုင် ခွန်အားရှိနေမှ သူများဆီကို ကိုယ့်ရဲ့ ခွန်အား ကူးစက် စီးဆင်းစေနိုင်မှာဖြစ်ပါတယ်..။

၆။ စိတ်နေစိတ်ထား

ပြောရတာလွယ်ပြီး သင်ပေးလို့ ခက်တဲ့ အထဲမှာ “စိတ်နေစိတ်ထား” ပါပါတယ်..။ ကိုယ်ကိုယ်တိုင် သင်ယူ ပြင်ယူ မှ ရတာပါ..။ နည်းစနစ်နဲ့ သင်ပေးပြီး ကျွမ်းကျင်အောင် လေ့ကျင့်လို့ ရတာမျိုးမဟုတ်ပဲ.. ကိုယ်ကိုယ်တိုင် အပြီးအပိုင် ပြင်ယူရမှာပါ…။ “ကိုယ်ပဲမှန်တယ်” ဆိုတဲ့ စိတ်နေစိတ်ထားကနေ “သူလဲမှန်နိုင်တယ်” ဆိုတဲ့ စိတ်နေစိတ်ထား ရဖို့ ဘာတွေလိုအပ်မလဲ ဆိုတာ ကိုယ်ကိုယ်တိုင် သင်ယူလေ့လာ ရမှာလေ..။

ကိုယ်မှန်တယ် ဆိုတဲ့ စိတ်မွေးလိုက်တာနဲ့သူမှားတယ် လို့ မြင်သွားပြီး ကိုယ်မှန်တယ်ဆိုတဲ့ဖက်မှာရပ်တည်ဖို့ ခေါင်းမာ တတ်သွားပါတယ်..။ အဲဒီ စိတ်ကို “သူလဲ ကိုယ်တွေးသလို တွေးနိုင်တယ်..။ သူလဲ မှန်နိုင်တယ်” ဆိုတဲ့ အတွေးမျိုးတွေးတတ်အောင် ကိုယ့် စိတ်ကို ပြုပြင်ယူရမှာပါ..။

၇။ စွဲလန်းပြင်းပြ

ဒီနေ့ အောင်မြင်နေသူတွေမှာ တူညီတဲ့ အချက်တစ်ခုက ပြင်းပြတဲ့စွဲလန်းမှုပါပဲ..။ ကိုယ်လုပ်ရမယ့် အလုပ်ကို အလုပ်သဘောသက်သက်မဟုတ်ပဲ အာရုံစူးနစ် စွာ စိုက်ထုတ် လုပ်ကိုင်ဖို့ လိုပါတယ်..။ လုပ်ချင်ကိုင်ချင်စိတ် ပြင်းပြနေဖို့ မွေးမြူထားရမှာပါ..။ သွားလဲ ဒီစိတ်..စားလဲ ဒီစိတ် ဆိုတဲ့ ပြင်းပြတဲ့စွဲလန်းမှု ရှိမှသာ အောင်မြင်နိုင်ပါတယ်..။ ပြင်းပြင်းပြပြ စွဲလန်းလေလေ ပိုကြိုးစားလေလေ.. ပိုကြိုးစားလေလေ ကိုယ့်နယ်ပယ်မှာ ကိုယ် ပိုပြီးကျွမ်းကျင်လာလေလေ .. ပိုကျွမ်းကျင်လာလေလေ ပိုအောင်မြင်လေလေ ပါပဲ..။

၈။ သင်ပေးရလွယ်ကူ

ဒီကိစ္စကတော့ ငယ်ဘဝနဲ့ ဆိုင်သွားပါပြီ..။ ငယ်ငယ်ကတည်းက စနစ်တကျ သင်ပေးတာကို မခံယူခဲ့ဖူးရင် ကြီးမှ သင်ရတာ သိပ်ခက်တတ်ပါတယ်..။ ကြီးမှ သင်ရသူတွေဟာ သူတို့ကိုယ်သူတို့ “သိပြီးတတ်ပြီးသား” လို့ ထင်တတ်ကြပါတယ်..။ တကယ်တော့ အဲဒီနှစ်ခုထဲမှာ “သိပြီးသား” ဆိုတာက ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် မတတ်ပါဘူး..။ ဒါကြောင့်မို့ သင်ယူတဲ့ အခါမှာ “သိပြီး မတတ်သေး” လို့ ခံယူနိုင်မှ ရမှာပါ..။ စီမံခန့်ခွဲတဲ့ နယ်ပယ် အတွက် လူရွေးတဲ့ အခါမှာ သင်ပေးရလွယ်သူတွေကိုပဲ ရွေးသင့်ပါတယ်..။ ငယ်စဉ်ကတည်းက သင်ယူမှု ရှိခဲ့သူများသာ ပြောင်းလဲလွယ် သင်ရလွယ်သူတွေ ဖြစ်တတ်ကြပါတယ်..။ သုံးဆယ်ကျော်သွားရင် သူတို့ဟာ ပတ်ဝန်းကျင်တစ်ခုခုမှာ ငြိတွယ်သာယာတတ်သူတွေ ဖြစ်သွားတတ်ကြပြီး အသစ် သင်ပေးရတာ သိပ်ခက်သွားတတ်ပါတယ်..။ ပြောင်းလဲ ဖို့လဲ မလွယ်တော့ပါဘူး..။

၉။ နဲနဲပိုလုပ်ပါ

လုပ်နေကျအလုပ်ကို သတ်မှတ်အချိန်အတွင်း ပြီးအောင်လုပ်နိုင်တာ တာဝန်ကျေသူပါ..။ အဲဒီထက်ပိုပြီး သတ်မှတ်ချိန်အတွင်းမှာ လုပ်နေကျ အလုပ်ထက် နဲနဲ ပိုလုပ်နိုင်အောင် လုပ်တတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်..။ အဲဒါဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ အမြင် ကိုပြောင်းသွားစေပါတယ်..။ လုပ်ရိုးလုပ်စဉ် ထက် ပိုလုပ်နိုင်တဲ့ သူဟာ အစွမ်းအစရှိသူပါပဲ..။

၁၀။ ကြိုကြိုတင်တင်ပြင်ပြင်ဆင်ဆင်

လူတိုင်းဟာ ကိုယ့်အလုပ်အတွက်တော့ ကိုယ်ပြင်ဆင်ထားတတ်ကြတာပါပဲ..။ ကြိုတင်ပြင်ဆင်တာဟာ ဘယ်အခြေအနေမှာမဆို ကောင်းပါတယ်..။ ဒါပေမယ့် ဝီရိယတော့ သိပ်မလွန်စေနဲ့ပေါ့..။ ကိုယ်က ကြိုတင်ပြင်ဆင်တာပဲ ဆိုပြီး ကိုယ်ရောက်ရမယ့်နေရာ ကိုယ်လုပ်ရမယ့် အလုပ်ဆီကို နေမထွက်ခင် ကတည်းက ရောက်နေရင် ဘယ်သူမှ မရောက်သေးတဲ့ အတွက် ကိုယ်တစ်ယောက်ထဲ ဒေါသထွက်နေရပါလိမ့်မယ်..။

ကြိုတင်ပြင်ဆင်ရာမှာ ကိုယ်လုပ်ရမယ့် အလုပ် ကိုယ်သွားရမယ့် ခရီးအတွက် လိုအပ်မယ့် အရာတွေကို စစ်ဆေးပြင်ဆင်ထားတာဟာ ဘာမှမလုပ်ပဲ တွေ့ကရာ ဆွဲထွက်တတ်တဲ့ အကျင့်ထက် သာလွန်ကောင်းမွန်ပါတယ်..။ လုပ်ငန်း တစ်ခုတိုင်းမှာ မတူတဲ့ အခင်းအကျင်းတွေ ရှိနေတဲ့ အတွက် ရုပ်ပိုင်းကော စိတ်ပိုင်းပါ ကြိုတင်ပြင်ဆင်ထားမှ လိုက်လျောညီထွေ ရှိပါလိမ့်မယ်..။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေ အားလုံးဟာ လူတိုင်းလုပ်နိုင်တဲ့ အလုပ်တွေပါ..။ မလုပ်နိုင်စရာ ဘာမှ မရှိပါဘူး..။ သတိထားပြီး လေ့ကျင့်သွားရင် ကျွမ်းကျင်သွားမှာပါ…။ ဒါဆိုရင် “သုညပါရမီရှင်” တွေတောင် အောင်မြင်နိုင်ပါပြီ..။ လုပ်ငန်းတစ်ခုကို ပါရမီ ပါမှ အောင်မြင်အောင် လုပ်နိုင်တာ လို့ လှေနံဒါးထစ် မှတ်ထားမယ့် အစား .. “ပြင်ယူရင်ရတယ်.. သင်ယူရင်ရတယ်.. လေ့ကျင့်ယူရင်ရတယ်” ဆိုတာက အောင်မြင်ဖို့ ပိုပြီးသေချာပါတယ်.။

နောက်ဆုံးပိတ်မှာ အိတ်နဲ့ လွယ်သွားဖို့ လက်ဆောင်တစ်ခု ကျန်ပါသေးတယ်..။ အဲဒါကတော့ “စာနာစိတ်” ပါ..။ ဘယ်စီးပွားရေး လုပ်ငန်းမဆို… ဘယ်သူမဆို.. ဘယ်အလုပ်မဆို.. ဘယ်အဆင့်မဆို.. ဘယ်လူတန်းစားမဆို ပိုင်ဆိုင်ထားသင့်တာက “စာနာစိတ်” ပါပဲ…. “ကိုယ်သာသူ့နေရာမှာ” ဆိုတဲ့ စာနာစိတ်ကလေး ရှိခဲ့ရင် လောကကြီး သာယာငြိမ်းချမ်းပါပြီ.။

ကောင်းလွန်း (၁၄.၉.၂၀၁၇)

🙏🙏🙏မင်္ဂလာပါ🙏🙏🙏〰〰〰〰〰〰〰〰〰 #ဆီစာနှုန်းသက်သာအောင်ဘယ်လိုမောင်းနှင်မလဲ???မော်တော်ယာဉ်အသုံးပြုသူတိုင်းအတွက် အမြဲတမ်းအသုံးပြုနေရသေ...
28/08/2018

🙏🙏🙏မင်္ဂလာပါ🙏🙏🙏
〰〰〰〰〰〰〰〰〰

#ဆီစာနှုန်းသက်သာအောင်ဘယ်လိုမောင်းနှင်မလဲ???

မော်တော်ယာဉ်အသုံးပြုသူတိုင်းအတွက် အမြဲတမ်းအသုံးပြုနေရသောစရိတ်မှာ ဆီဖိုးဖြစ်ပါတယ်။ ဆီဈေးမြင့်တက်လာသည်နှင့်အမျှ ဆီစားများသည့်ကားဖြစ်ပါက နေ့စဉ်သွားလာစရိတ်သည် အများသုံးလိုင်းကားနှင့် အငှားတက္ကစီများစီးခြင်းထက် ပိုမိုကုန်ကျနိုင်ပါတယ်။ လူကြီးမင်းတို့၏ကား ဆီစားနှုန်းကို အသက်သာဆုံးဖြစ်စေရန်နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်ရှင်။

(၁) အချိန်တိုအတွင်းအရှိန်တက်အောင်နင်းခြင်း၊ ရုတ်တရက်ဘရိတ်အုတ်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့သည် မြို့ပေါ်တွင် ၅%ဆီပိုကုန်စေပြီး အမြန်လမ်းပေါ်တွင် ၃၃% ပိုကုန်ကျစေသောကြောင့် ကားကိုပုံမှန်အရှိန်ဖြင့်မောင်းနှင်သင့်ပါသည်။

(၂) မလိုအပ်သောဝန်များကိုလျော့ချပြီး မိမိကားကိုအပေါ့ပါးဆုံးဖြစ်အောင် ဖန်တီးမောင်းနှင်ခြင်းကလည်း ဆီစားနှုန်းကို အကောင်းဆုံးချွေတာစေနိုင်ပြီး လူကြီးမင်း၏ကားကို အကောင်းဆုံးအရှိန်ဖြင့်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

(၃) ညစ်ပတ်နေသော Air Filter ကိုအသစ်လဲခြင်းအားဖြင့်သင့်ကားအရှိန် (acceleration) ကို ၆% မှ ၁၁% တိုးမြှင့်စေပြီး လေထုညစ်ငြမ်းမှုများမှပါ ကာကွယ်ပေးပါသည်။

(၄) တိကျမှန်ကန်သော တာယာလေချိန်ဖြင့်မောင်းနှင်ခြင်းသည် သင့်ကား၏ဆီစားနှုန်းကို ၃.၃% သက်သာစေပါသည်။

(၅) အမြန်လမ်းပေါ်တွင် အရှိန်တစ်ခုသတ်မှတ်ပြီး cruise control ဖြင့်မောင်းနှင်ခြင်းသည်လည်း သင့်ကားဆီစားနှုန်းကို သက်သာစေနိုင်ပါသည်။

(၆) မနက်ပိုင်းတွင် မိမိကားကိုအသုံးမပြုခင် (10) မိနစ်ခန့်စောပြီးစက်နှိုးထားခြင်းနှင့် အသုံးပြုနေဆဲ ကားတစ်စီးကိုလည်း ခဏတာနားပြီးဆက်လက်အသုံးပြုလိုပါက လုံးဝမရပ်ပစ်ဘဲစက်နှိုးထားသင့်ပါသည်။

မှတ်ချက် --> ခရီးဝေးအသုံးပြုထားသည့်ကားဖြစ်ပါက အနားပေးပြီးမှပြန်လည်အသုံးပြုသင့်ပါသည်။

(၇) မိမိမောင်းနှင်သည့်အရှိန်နှုန်း ၆၀ ကျော်တိုင်း ဆီစားနှုန်းမြင့်တက်လာလေလေ ဖြစ်ပါသည်။

မူရင်းပိုစ့်ကိုCredit ပေးပါတယ်ခင်ဗျာ့
ကားအကြောင်းသိကောင်းစရာPage မှကူးယူမျှဝေ
ခြင်းဖြစ်ပါတယ်ခင်ဗျာ့။

#ပန်းတိုင်_အိမ်ပြောင်းဝန်ဆောင်မှုလုပ်ငန်း

 #စုံမီးအသုံးပြုခြင်း_ဆောင်ရန် နှင့် ရှောင်ရန်---- #ဆောင်ရန်ကားတိုင်းမှာ ဘယ်ကွေ့မယ် ညာကွေ့မယ် ဆိုတဲ့အချက်ပြခလုပ်ပဲ ပါပါတ...
25/08/2018

#စုံမီးအသုံးပြုခြင်း_ဆောင်ရန် နှင့် ရှောင်ရန်

----

#ဆောင်ရန်

ကားတိုင်းမှာ ဘယ်ကွေ့မယ် ညာကွေ့မယ် ဆိုတဲ့
အချက်ပြခလုပ်ပဲ ပါပါတယ်

ရှေ့ တည့်တည့်သွားမယ်ဆိုတဲ့
စုံ အချက်ပြမီးတတ်မထားပါ
လူတွေ အမှတ်မှား အမှားမှတ်နေကြတဲ့
တြိဂံ အနီခလုပ်ဟာ
HAZARD ဆိုတဲ့ အန္တရာယ် သတိပေးခလုပ်သာ
ဖြစ်ပါတယ်

အကူအညီလိုရင်ပြထားနိုင်ပါတယ်- ကားဘီးပေါက်လို့ ကားပျက်လို့ ရှိရင် နောက်က အရှိန်နဲ့လာနေတဲ့ကားကို အဝေးထဲက မြင်သာအောင် သုံး ပါတယ် -

ရာသီဥတု မကောင်းလို့ မြင်ကွင်းမကောင်းတဲ့အခါ
ဘေးဖြစ်နိုင်လို့ အရေးပေါ်ဖွင့်သုံးနိုင်ပါတယ်

#ရှောင်ရန်

စုံမီးဟာ အရှေ့တည့်တည့်သွားမယ် ဆိုတဲ့ အချက်ပြ
စနစ်လုံးဝ မဟုတ်ပါ
ဒါ​ကြောင့်​မို့ အလွယ်​တကူ မသုံးမိ​အောင်​ လက်​နဲ့​ဝေးတဲ့ ဒက်​ရှ်​ဘုတ်​မှာ တတ်​​ပေးထားတာကို
သ​ဘော​ပေါက်​ကြဘို့ ​ကောင်းပါတယ်

ခု နယ်မြို့ တိုင်းမှာ ကား
ဆိုင်ကယ်အားလုံးနီးပါး သုံးနေပါတယ်
သင့်ကား / ဆိုင်ကယ် က မီးတစ်လုံးကျွမ်းနေခဲ့ရင်
နောက်ကား ရှေ့ကားကဘေးတစ်ဖက်ကွေ့မယ် ထင်ပီး နားလည်မှု လွဲနိုင်ပါတယ်

ဒါအပြင် လမ်းစုံမှာ သင့်ဘယ်ဘက်ကကားက သင့်ကား ဘယ်ဘက်ပဲမြင်ရတဲ့အတွက် ဘယ်ကွေ့မယ်ထင်ပါမယ် - ဒါပြသာနာမရှိပေမယ့် သင့်ညာဘက်က လာနေတဲ့ ကားက သင် ညာကွေ့မယ်မြင်လို့ အရှိန်လျော့ပဲ တည့်တည့်သွားရင် ဝင်ကြုံးကုန်ပါမယ်

သင်ကိုယ်တိုင်နိုင်ငံတကာ အဆင့်ဝင်ချင်လျှင်
အယူအဆမှားများကို စွန့်လွှတ်ပေးရပါမယ်
ခုကစလို့ အမှန်ကို ပြင်ဆင်လိုက်ပါ

သူများမိုးခါးရေသောက်တာ လိုက်မသောက်ပါနဲ့


#ပန်းတိုင်_အိမ်ပြောင်းဝန်ဆောင်လုပ်ငန်း

 #ဈေးကွက်ဂျာနယ်
26/06/2018

#ဈေးကွက်ဂျာနယ်

သင် အိမ်ပြောင်းရွှေ့တော့မယ်ဆိုရင်ရန်ကုန်၊  မေ  ၂၇  -   မကြာခဏအိမ်ပြောင်း အိမ်ရွှေ့လုပ်ရတဲ့အခါတိုင်း ပရိဘောဂတွေမှာ စင်းရာခြ...
30/05/2018

သင် အိမ်ပြောင်းရွှေ့တော့မယ်ဆိုရင်

ရန်ကုန်၊ မေ ၂၇ - မကြာခဏအိမ်ပြောင်း အိမ်ရွှေ့လုပ်ရတဲ့အခါတိုင်း ပရိဘောဂတွေမှာ စင်းရာခြစ်ရာထင်တာတို့ ပျက်စီးကျိုးပဲ့တာတွေကြုံရလေ့ရှိပါတယ်။

ပြောင်းရွှေ့ဖို့ဖြစ်လာတဲ့အခါ ပရိဘောဂတွေကို နည်းမှန်လမ်းမှန် ဘယ်လိုပြင်ဆင်ထုပ်ပိုးရမလဲဆိုတာ အရေးကြီးတဲ့အချက်ပါ။ ဒါမှလည်းပဲ ပစ္စည်းပစ္စယတွေအပျက်အစီးနည်းနိုင်သမျှနည်းအောင်ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်လို့ပါပဲ။

သုံးနေကျ ထုပ်ပိုးပစ္စည်းတွေကတော့ ရေမြှုပ်ပတ်တီး၊ ဆွဲသားပလတ်စတစ်၊ ကတ်ထူပုံးတွေ၊ ကတ်ထူပြားတွေ၊ အလုံပိတ်ဆီး(လ်)ပါတဲ့ ပလတ်စတစ်အိတ်တွေ၊ ပရိဘောဂဖုံးတဲ့ ပိတ်စကြီးတွေ၊ ဆိုဖာနဲ့ မွေ့ရာတွေစွပ်တဲ့ အဖုံးကြီးတွေ၊ ထုပ်ပိုးတိပ်ပြားနဲ့ စောင်အဟောင်းအမြင်းတွေပဲဖြစ်ပါတယ်။ ဦးစားပေးနဲ့ ဗွေဆော်ဦးလုပ်ရမှာက ပရိဘောဂတွေကိုဖုန်ခါသုတ်သင်ဖို့ပါပဲ။ လိုအပ်တဲ့ထုပ်ပိုးပစ္စည်းတွေရပြီး ပြီဆိုရင်တော့ အံဆွဲတွေကက်ဘိနက်တွေထဲက ပစ္စည်းတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။

< ဆက်လက်ဖက်ရှုပါရန် >

https://www.kumudranews.com/news-28093

 #သားသမီး​တွေကို ဒါ​ကြောင့်​ပညာတတ်​ဖြစ်​​စေချင်​တာ ~~~~~~~~~~~~~~~~~~~~~~~~~~"အ​ဖေ""သား ဆယ်​တန်းကျတယ်​"နွားစာ​ကျွေး​နေ​...
06/12/2017

#သားသမီး​တွေကို ဒါ​ကြောင့်​ပညာတတ်​ဖြစ်​​စေချင်​တာ
~~~~~~~~~~~~~~~~~~~~~~~~~~

"အ​ဖေ"
"သား ဆယ်​တန်းကျတယ်​"
နွားစာ​ကျွေး​နေ​သော အ​ဖေ ရုတ်​တရတ်​တုံ့သွားသည်​...

မီးဖို​ချောင်​ထဲ
ထမင်းချက်​​နေ​သော အ​မေက
ကြားလိမ့်​မည်​မထင်​။
အ​ဖေ စကားတစ်လုံးမှ မ​ပြောပဲ
ကျွန်တော့်​ကို စူးစိုက်​ကြည့်​​နေသည်​။

"ဟိုးမှာ​တွေ့လား ငါ့သား!!!
ဓား ၂​ချောင်းဆီ ကျွန်တော့်​ကိုညွန်​ပြသည်
(စကားလမ်းလွှဲလိုက်​သည်​ဟု ကျွန်တော်​ထင်​)

"လှည်း​ပေါ်တင်​ကွာ
အ​ဖေနဲ့​လယ်​​တော ခဏလိုက်​ခဲ့ အ​င်္ကျီထူထူ ယူခဲ့ "

နွားညို သိုးကြီး ၂​ကောင်​ကိုဆွဲသွားပြီး
အ​ဖေနွားလှည်းတပ်​​နေပြီ ။
ကျွန်တော်​ အ​ဖေ့​နောက်​မှ ၀င်​ထိုင်​လိုက်​သည်​။
(အ​တွေးထဲ ​ကျောင်းများထုတ်​လိုက်​သည်​ဟု ထင်​ခဲ့)

လယ်​​တော​ရောက်​​တော့ အ​ဖေက ကျွန်တော့်​ကို
ထွန်​တုံးဆင်​​ပေးပြီး ထွန်​ခိုင်းသည်​။
ကျွန်တော်​ ​အူ​ကြောင်​​ကြောင်​ဖြစ်​သွားတယ်​။
အ​ဖေ ငါ့ကို တကယ်​များ​ ကျောင်းထုတ်​လိုက်​ပြီလား?

ကျွန်တော့်ကို တစ်ခါမှ အလုပ်​မခိုင်းဘူးခဲ့တဲ့အ​ဖေက
ဒီလိုလုပ်​​တော့ အံ့သြသွားမိတာ​ပေါ့...
ကျွန်တော်​ နွားကိုရိုက်​လိုက်​သည်​။
လယ်​ထဲကို သုံးပတ်​​လောက်​ပတ်​မိတဲ့အချိန်
ခြေဖဝါး​တွေက ​သွေးခြေ ဥ လာတယ်​။ 
နေပူတဲ့ဒဏ်​​ကြောင့်​ ​ချွေးတလုံးလုံးနဲ့
ပင်ပန်းတဲ့ဒဏ်​ကို မခံစားနိုင်​​တော့ဘဲ
ကျွန်တော်​ ယိုင်​ကျသွားသည်​။

"ငါ့သား ...
အ​ဖေတို့ မင်းလို ပညာမသင်​ခဲ့ရဘူး
ပညာဆိုလို့ ၄တန်းပဲ​အောင်​ခဲ့တာ
မင်းကို​ကျောင်းထားတယ်​ဆိုတာ
အ​ဖေတို့လို ပင်ပန်းမှာစိုးလို့...
ငါ့သားသမီး​တွေ
ငါ့လို မဖြစ်​ရ​လေ​အောင်​ဆိုပြီး အ​ဖေတို့က
မင်းကို ​ဘော်​ဒါ​ဆောင်​မှာ ​ကောင်း​ကောင်းထား
ပြီး စာသင်​ခိုင်းခဲ့တာ...

အ​ဖေတို့ မင်းဆီကဘာမှ​မျော်​လင့်​ချက်​မရှိဘူး
ငါ့သားသမီးတွေ
ငါတို့ လို ပင်​ပင်​ပန်းပန်းနဲ့ မလုပ်​စား​စေချင်​လို့...
နောင်​တစ်ချိန်​မှာ မင်းတို့ ဘ၀​လေး သာယာလှပဖို့
( ​ပြောရင်းနဲ့ အ​ဖေ့သံက ငိုသံပါသလိုလိုခံစားရ )

ကျွန်တော် နောင်​တနဲ့အတူ မျက်​ရည်​​တွေ ကျလာခဲ့ပါသည်
( စာမကျက်​မိသည်​များကို... )

ဟိုး...အ​ဝေးက အ​မေ
တလှုပ်လှုပ်နဲ့ထမင်း​ထောင်းကို ရွက်​လာတာမြင်နေမိသည်​။ ..


အ​ဖေ့ကို ထာဝရစဉ်​​လေးစားလျက်​ပါ....

 #စိတ်အရမ်းညစ်နေတဲ့သူတွေ_ဒီစာလေးကိုဖတ်ကြည့်​နော်…***************************************လောကမှာ...ကိုယ့်ကိုကိုယ် စိတ်ညစ်...
05/12/2017

#စိတ်အရမ်းညစ်နေတဲ့သူတွေ_ဒီစာလေးကို
ဖတ်ကြည့်​နော်…
***************************************
လောကမှာ...
ကိုယ့်ကိုကိုယ် စိတ်ညစ်အောင်လုပ်တာလည်း
ကိုယ်ပါပဲ။

ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလည်း
ကိုယ်ပါပဲ။

ကိုယ့်ကိုကိုယ် အောင်မြင်အောင် လုပ်နေတာလည်း
ကိုယ်ပါပဲ။

ကိုယ့်ကိုကိုယ် ကျရှုံးအောင် ပြန်လုပ်တာလည်း
ကိုယ်ပါပဲ။

အဓိကကတော့…ကိုယ့်ရဲ့ စိတ်ပါပဲ။

စိတ်ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

စိတ်ကောင်းထားတတ်ရင်
တန်ဖိုးရှိတဲ့ ဆေးတစ်ခွက် ဖြစ်နိုင်ပြီး…

မကောင်းတဲ့စိတ်တွေ ထားမယ်ဆိုရင်တော့…
ကြောက်စရာကောင်းတဲ့
ဘေးအန္တရာယ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။

ကဲ…
ဒီတော့ အရေးအကြီးဆုံးက…
မိမိကိုယ်ကို မိမိ စိတ်ချမ်းသာအောင်
ထားဖို့နဲ့
တန်ဖိုးရှိအောင် နေထိုင်ဖို့ပဲ မဟုတ်လား-?

ဥပမာ-
ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ
ကိုင်ထားကြည့်လိုက်ပါ။

သင်ကိုင်ထားသ၍ကတော့…
အဲဒီ အပူဒဏ်ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ။

သင် လွှတ်ချနိုင်လိုက်မှသာ
သင်ဟာ အပူဒဏ်နဲ့ ဝေးသွားပြီး
အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ…

သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို
သင်တွေးနေသ၍
စိတ်ညစ်စရာတွေဟာ ပိုမိုကြီးထွားလာပြီးတော့
သင့်ကို ဆက်လက် စိတ်ဒုက္ခ ပေးနေဦးမှာပါ။

ဒါတွေကို မတွေးတော့ပဲနဲ့
ဖြေရှင်းဖို့ နည်းလမ်းကို ရှာမှသာ အဆင်ပြေမှာပါ။

တချို့က အိမ်အတွက် စိတ်ညစ်ကြတယ်။

တချို့က ချစ်သူရည်းစားအတွက်

တချို့က အလုပ်အတွက်

ငွေကြေးပြဿနာအတွက် အစရှိသဖြင့်…
စိတ်ညစ်မှု မျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာဟာ…
ကိုယ့်ကိုကိုယ် ပြစ်ဒဏ်ပေး အကျဉ်းချနေတာပါ။

အဓိကကတော့…
ဘာလုပ်ရမယ်ဆိုတဲ့ ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို
ရှာဖို့ပါပဲ။

အကျိုးရှိရင် အကြောင်းရှိသလို…

အခက်အခဲရှိရင်
ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာ ရှိစမြဲပါ…

သင်တို့ဟာ…
လွန်ခဲ့တဲ့( ၂ )နှစ် ( ၃ )နှစ်တုန်းကလည်း
စိတ်ညစ်ခဲ့ဘူးကြမှာပါ။

ဒါတွေက ခုချိန်မှာ
ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ…

အတွေ့အကြုံနဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ။
အပျော်တွေကိုပဲ ဖန်တီးပါ။
စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။

လောကကြီးက…စိန်ခေါ်မှုတွေ အရမ်းများပါတယ်။
ဆုံးရှုံးမှု ဒဏ်တွေ
ဝမ်းနည်းကြေကွဲမှု ဒဏ်တွေကို သင်မခံနိုင်ရင်…

စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို ဘယ်လို ဆက်ပြီး
ရင်ဆိုင်မလဲ-???

စဉ်းစားပါ…

ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ နည်းနဲ့
ဖြေရှင်းမှာလား-??

ဒါဆိုရင် သင့်မှာ လုံလောက်တဲ့ ရင့်ကျက်မှု မရှိသေးလို့
ဆိုတာ မမေ့ပါနဲ့။

လုံလောက်တဲ့ ရင့်ကျက်မှု ရှိသူတိုင်းဟာ… ကိစ္စတိုင်းကို
ထည့်တွက်မနေကြပါဘူး။

ပူလောင်မှုကို ခံစားနေရတယ်ဆိုတာ မေတ္တာစိတ်
မရှိလို့ပါ။

ပြီးတော့ အတ္တစိတ် ကြီးနေတာ။
မိမိကိုယ် မိမိ ချစ်တာ။
မိမိ လောဘကို မိမိ မြှောက်ပေးနေတာ။
မိမိ မာနကို ရှေ့ တန်း တင်ပေးနေတာ။

ဒီတော့ ဒါတွေမဖြစ်အောင်…

သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင်…

ဒီလိုစိတ်ထားလေးနဲ့ နေကြည့်ပါ…

၁။ခွင့်လွှတ်နားလည်ပေးကြည့်ပါ။

၂။ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ပါ။

၃။အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ။

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ။

လူတစ်ယောက်ရဲ့ အမှားကို မေ့ပစ်ခြင်းဟာလည်း
အကောင်းဆုံး ကလဲ့စားချေခြင်း တစ်မျိုးပါပဲ။

ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ တဲ့။

မိုးလည်း ( ၁၂ ) ရာသီ လုံး လိုက်မရွာနိုင်ပါဘူး။
တစ်နှစ်ပတ်လုံးဟာ မိုးရာသီကြည့်ပဲ မဖြစ်နိုင်ဘူးလေ…

မုန်တိုင်း ပြီးရင်တော့…
လေပြေ ရောက်လာစမြဲပါ။

အကောင်းဆုံးတွေ လာဖို့
အဆိုးတွေ အရင် လာလည်တာပါ။

နေရိပ်ကို လိုချင်လို့
နေပူထဲ ရပ်စောင့်နေရပါလားလို့
အကောင်းမြင်စိတ်လေးနဲ့ တွေးကြည့်ပါ။

ငါ ပေဖြစ်နေလို့ ခံနေရတာ။
တူဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ်
မွေးကြည့်ပါ။

လူ့ဘဝဆိုတာ တစ်ကယ်တော့ ခဏတာလေးပါ။

အဲဒီထဲမှာ…

သင်က…
ထမင်းစားဖို့ အသက်ရှင်နေတာလား-?

အသက်ရှင်ဖို့ ထမင်းစားနေတာလား-?
ဆိုတာ အရင်တွေးပါ။

ကာဗွန်ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့။

တန်ဖိုးရှိတဲ့ စိန်ပဲ ဖြစ်အောင် ကြိုးစားပါ…

သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေ ဆက်ရှာပါ။
အမြဲမပြတ် လေ့လာပါ။
သင်ယူပါ။

ပြီးတော့ လူသားတွေကို အကျိုးပြုနိုင်တဲ့ ပရဟိတတွေ
များများလုပ်ပါ။
များများလှူပါ။
ကူညီပါ။
ဖေးမပါ။
စိတ်ကောင်းထားပါ။
ရိုးသားစွာ ကြိုးစားပါ။

ဒါဆို သင်ဟာ…
ဘဝတစ်ခုလုံးအတွက် တန်ဖိုးရှိစွာ နေထိုင်နိုင်တဲ့
လူတစ်ယောက် ဖြစ်သွားပါပြီ။

ျူးဂျူးပန်ထွာ

#ပန်းတိုင်_အိမ်ပြောင်းဝန်တောင်မှုလုပ်ငန်း


ပြန်လည်ဝေမျှသည်

Address

Yangon
11431

Telephone

+959899981500

Website

Alerts

Be the first to know and let us send you an email when အိမ်ပြောင်းဝန်ဆောင်မှုလုပျငနျး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category