26/12/2020
သဘာဝနဲ့ တွေ့ဆုံခြင်း 🌿
တိုက်ကြီး ဂျိုးဖြူ ရဲ့ ၃ ထပ်ရေတံခွန်နားက
ဂျိုးဖြူ camp ground 🏕
https://www.facebook.com/gyophyucamp/
ကျန်းမာရေး မကောင်းတဲ့ကမ္ဘာထဲ
ခရီးမသွားရလို့ မွန်းကြပ်နေသူများ
ခရီးသွားဖို့ ပြင်ဆင် နေသူများအတွက်
ဘာထောက်ခံချက်မှ မလိုဘဲ သွားနိူင်တဲ့
နေရာလေးတခု ပြောပြမလို့
ရန်ကုန် ကနေ ၂ နာရီလောက် ဘဲကြာတယ်
ကိုယ်ပိုင်ကားမရှိလည်း စိတ်ညစ်စရာကိုမလိုတာ လိုင်းကားနဲ့ တိုက်ကြီးစျေးကို သွားပီးရင်
ဆိုင်ကယ် ကယ်ရီနဲ့ ၂၅၀၀ ပေးရင်တန်းပီးရောက်တယ်။
အာ့ campground🏕 မှာဆို
လုပ်နိူင်တဲ့ Activities တွေက
Hiking 🥾, Biking 🚴♀️, Cooking 🧑🍳,
Campaign ⛺️, Walking in the forest 🌳
အများကြီးတွေရှိတယ် Camp 🏕 နားမှာဘဲ စမ်းချောင်းသေးသေးလေးတခုရှိတယ်။
အရမ်းစိတ်ဝင်စားဖွယ် ပျံလွန်တော်မူသွားတဲ့
ဝိဇ္ဇာ လိုင်း ဆရာတော် ၂ ပါးရဲ့ မပုတ်မသိုးတဲ့ ရုပ်ကလ္လပ် အပြင် အခြား နတ်နန်း တွေအပြင် တရက်တာ လည်လို့ အပြည့်ဖြစ်နေမှာ
(ပါးစပ်တော့ ပေါက်ကရမပြောမိစေနဲ့နော်)
သုံးထပ်ရေတံခွန်ကနေ ၂၀ မိနစ်လောက် လမ်းလျှောက်ရင် အရမ်းလှတဲ့ ကျွဲကျရေတံခွန် အကြီးစားကြီး တခုရှိတယ်။ မင်မင်ကတော့ အခါမသင့် အခွင့်မသာလို့ မရောက်ခဲ့ရဘူး ☹️
သွားဖို့ အကြံပြုတာ အရမ်း မဝေးတဲ့နေရာမို့လို့
နေ့ခြင်ပြန် ညအိပ် package တွေ ရှိပါ့
အပြေး အလွှား အဖွဲ့နဲ့ သွားသင့်တဲ့ နေရာလေးတခုပေါ့💛 အရမ်းလှတဲ့ နေရာလေး
အကြိုက်ဆုံးကတော့ရေချိုးခန်းလေး
ခရု ပုံစံ လေးက ချစ်စရာ အရမ်းဖြစ်နေတာ။
https://www.facebook.com/gyophyucamp/
နောက်ထပ်အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာက ဂျိုးဖြူကနေ ရေတံခွန်ဘက်ကို ကွေ့တဲ့ ၆ ပေတံတားပေါ်က ဆင်းတဲ့အခါ
အုတ်ဂူ အဝါလေး က အရမ်းထူးဆန်းတာ
အာ့ အဘွားက အရက်သောက်ပီး တရွာလုံးကို စိန်ခေါ်ရင်း ကွယ်လွန်သွားတာလို့ ရွာခံတွေပြောပြလို့သိရတာ နာမည်က ဒေါ်ဝဲ တဲ့ 😷
#တိုက်ကြီး
#ဂျိုးဖြူ
#ကြက်သံပုန်းကင်