Chelsea Talk: Beyond Biased

Chelsea Talk: Beyond Biased Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chelsea Talk: Beyond Biased, Yangon.

လိဒ်စ်နဲ့ ချဲလ်ဆီးအရန်အသင်းပွဲ ပထမပိုင်းဝင်ကစားသွားတဲ့ လာဗီယာ နောက်အပတ်အာဆင်နယ်နဲ့ပွဲကန်ဖို့ပစ်မှတ်ထားနေ
20/02/2026

လိဒ်စ်နဲ့ ချဲလ်ဆီးအရန်အသင်းပွဲ ပထမပိုင်းဝင်ကစားသွားတဲ့ လာဗီယာ နောက်အပတ်အာဆင်နယ်နဲ့ပွဲကန်ဖို့ပစ်မှတ်ထားနေ

တဦးချင်းလေ့ကျင့်ခန်းတွေစလုပ်နေပြီဖြစ်တဲ့ကိုးဝဲလ်
20/02/2026

တဦးချင်းလေ့ကျင့်ခန်းတွေစလုပ်နေပြီဖြစ်တဲ့ကိုးဝဲလ်

ဒုတိယပိုင်းခြေစွမ်းအရ ဂိုးပြတ်ရှုံးသင့်တဲ့ချဲလ်ဆီး————-ဒီပွဲက နယူးကာဆယ်နဲ့ပွဲပထမပိုင်းနဲ့ဆန့်ကျင်ဘက်ပါ။ ပထမပိုင်းမှာတအား...
27/12/2025

ဒုတိယပိုင်းခြေစွမ်းအရ ဂိုးပြတ်ရှုံးသင့်တဲ့ချဲလ်ဆီး
————-
ဒီပွဲက နယူးကာဆယ်နဲ့ပွဲပထမပိုင်းနဲ့ဆန့်ကျင်ဘက်ပါ။ ပထမပိုင်းမှာတအားကောင်းပြီး ဒုတိယပိုင်းမှာ သုံးလေးဂိုးပေးရလုနီးပါးဖြစ်ခဲ့ပါတယ်။ မတူတာက ကိုယ့်အသင်းကတဂိုးပဲစရထားလို့ပွဲကိုမသတ်နိုင်ဘဲ ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ ပွဲပြန်အစမှာ ဖိအားပေးနိုင်ခဲ့ပေမယ့် ဗီလာနည်းပြအူနိုင်းအမ်မရီရဲ့မှန်ကန်တဲ့လူစားလဲမှုတွေကို ချီးကျူးရမှာပါ။ တပြိုင်ထဲသုံးယောက်လူစားလဲပြီးငါးမိနစ်အကြာမှာပဲ ဘာဒီယာရှီရဲ့ပေးပို့မှုမသေသပ်တာကတဆင့် ဗီလာပြန်ရကာ ဝက်ကင်စ်က ချေပဂိုးသွင်းသွားပါတယ်။ အိုနာနာဝင်လာတဲ့ဗီလာကွင်းလယ်က အသာစီးပြန်ရလာပြီး ထောင့်ကန်ဘောတွေကနေခြိမ်းခြောက်နိုင်ခဲ့သလို ဝက်ကင်စ်ကပဲ ဂူစတိုကိုကျော်ပြီး အသာယာခေါင်းတိုက်တာအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဗီလာရဲ့အပိုင်တွေအပါအဝင် ကန်သွင်းချက်အချို့ကို ဒုတိယပိုင်းမှာ ဆန်းချက်ဇ်၆ကြိမ်ထက်မနည်း ကာကွယ်ခဲ့ရပါတယ်။
ပတ်ဒရိုကိုလူစားလဲတဲ့နည်းပြအဖွဲ့ကို မေးခွန်းထုတ်ရမှာဖြစ်ပြီး ဂစ်တန်နဲ့ဒီလပ်ဝင်လာမှ အသင်းကခြိမ်းခြောက်နိုင်စွမ်းလျော့သွားပါတယ်။ မာရက်စ်ကာအနေနဲ့ ပွဲကြိုပြင်ဆင်မှုကောင်းသလောက် ပွဲတွင်းအပြောင်းအလဲလုပ်တဲ့အပိုင်းတွေမှာ အားနည်းနေဆဲပါ။ ပွဲစဉ်၁၈မှာတင် အိမ်ကွင်း၉ပွဲမှာ ၅ပွဲအထိအမှတ်လျော့ခဲ့ရပြီး ဘရိုက်တန်၊ဗီလာ၊ဆန်းဒါးလန်းတို့ကို ဦးဆောင်နေရာကနေ အမှတ်တွေလျော့ပြီး ရှုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့ရာသီ၁၈ပွဲစွမ်းဆောင်ရည်ထက်ညံ့တယ်လို့ပဲပြောရမှာဖြစ်တယ်။ ချဲလ်ဆီး၊စီးတီး၊အာဆင်နယ်နဲ့မန်ယူတို့ကို အနိုင်ယူထားတဲ့ အူနိုင်းရဲ့ ဗီလာကိုချီးကျူးရမှာဖြစ်ပြီး ပြိုင်ပွဲအစုံ၁၁ပွဲဆက်အနိုင်နဲ့ ချန်ပီယံလုပွဲထဲကို တလှမ်းပြီးတလှမ်းတိုးလာပါပြီ။ တဖက်မှာချဲလ်ဆီးက လီဗာပူးအောက်အဆင့်၅ကိုဆင်းပေးလိုက်ရပြီး မန်ယူနဲ့အမှတ်တူဂိုးကွာနဲ့အပေါ်မှာရှိနေဆဲပါ။ ပြိုင်ဘက်အသင်းကြီးတွေခက်ခက်ခဲခဲအနိုင်ရချိန်မှာ အဓိကပြိုင်ဘက်ဗီလာကို တသင်းလုံးညံ့လို့ရှုံးခဲ့တာ ရှုံးချက်နာတယ်ပဲပြောရမှာပါ။

 #ပထမပိုင်းပြီးရလဒ် ချဲလ်ဆီး ၁-၀ ဗီလာဗီလာကိုအခွင့်အရေးမပေးရတဲ့အထိ တဖက်သတ်ဖိကစားနေပေမယ့် ဂိုးရဖို့ခက်နေရာကနေ ဂျိမ်းစ်ရဲ့လ...
27/12/2025

#ပထမပိုင်းပြီးရလဒ် ချဲလ်ဆီး ၁-၀ ဗီလာ
ဗီလာကိုအခွင့်အရေးမပေးရတဲ့အထိ တဖက်သတ်ဖိကစားနေပေမယ့် ဂိုးရဖို့ခက်နေရာကနေ ဂျိမ်းစ်ရဲ့လှပသေသပ်တဲ့ထောင့်ကန်ဘောကနေ ရှုပ်ယှက်ခက်နေတဲ့ကြားကနေ ပတ်ဒရိုသွင်းယူသွားပါတယ်။ ပြိုင်ဘက်ဧရိယာထဲအပိုင်ကန်ခွင့်များများစားစားမရပေမယ့် ဒီရာသီတည်ကန်ဘောကနေ လိဂ်ဂိုး၁၁ဂိုးရှိလာလို့ ပူးတွဲအများဆုံးတောင်ဖြစ်လာနိုင်ပါတယ်။

အကောင်းဆုံးရာသီမှတ်တမ်းကို ဂျိမ်းစ်ကျော်ဖြတ်ပြနိုင်မလား——————၂၀၂၁-၂၂   ပွဲ၃၉၊ ၆ဂိုး၊ ဖန်တီးမှု၁၀ကြိမ်၂၀၂၅-၂၆  ပွဲ၂၁၊ ၂ဂိ...
21/12/2025

အကောင်းဆုံးရာသီမှတ်တမ်းကို ဂျိမ်းစ်ကျော်ဖြတ်ပြနိုင်မလား
——————
၂၀၂၁-၂၂ ပွဲ၃၉၊ ၆ဂိုး၊ ဖန်တီးမှု၁၀ကြိမ်
၂၀၂၅-၂၆ ပွဲ၂၁၊ ၂ဂိုး၊ ဖန်တီးမှု၅ကြိမ် (ကစားဆဲ)
တူချယ်လက်ထက် ချန်ပီယံလိဂ်၂၀၂၁ရပြီး နောက်ရာသီက ရိစ်ဂျိမ်းစ်အတွက် ချဲလ်ဆီးမှာအကောင်းဆုံးရာသီလို့ပြောနိုင်ပါတယ်။ အဲ့ရာသီမှာ ဒဏ်ရာကြောင့် နှစ်လလောက်နားခဲ့ရပေမယ့် သွင်းဂိုးပါဝင်ပတ်သက်မှု ၁၆ကြိမ်ပြုလုပ်ခဲ့ပါတယ်။ တူချယ်ကသူ့ကို wingbackနေရာမှာ အတက်အဆင်းလုပ်ကစားစေခဲ့တာကြောင့်တိုက်စစ်ဆင်ရင် ဖြတ်တင်ဘောနဲ့အခွင့်အရေးဖန်တီးမှုတွေ ပြိုင်ဘက်၁၈ကိုက်စည်းထဲဝင်ပြီး ကိုယ်တိုင်ကန်သွင်းမှုတွေပြုလုပ်ပြီး ဂိုးတွေလည်းရခဲ့သလို ပြေးအားနဲ့အတက်အဆင်းတွေကြောင့် ဒဏ်ရာပြဿနာတွေရဲ့အစလို့ပြောနိုင်ပါတယ်။
မာရက်စ်ကာလက်ထက်မှာတော့ လူငယ်ဘဝမှာကွင်းလယ်ကစားဖူးတဲ့ဂျိမ်းစ်ကို ၂၀၂၅နှစ်စ သူဒဏ်ရာကပြန်သက်သာထဲက စမ်းသုံးကြည့်ရင်း သိပ်အံမဝင်ခဲ့ပေမယ့်ရာသီကုန်မှာ inverted fullbackအနေနဲ့ရော ကွင်းလယ်အဖျက်နေရာပါ အံဝင်လာတာPSGပွဲကနေ အခုထိပါပဲ။ ဘာကာနဲ့UCLပွဲမှာ သူနဲ့ဂူစတိုတလှည့်စီ ကွင်းလယ်နဲ့ညာအစွန်ခံစစ်ကို အတက်အဆင်းလုပ်ကစားသွားတာ လွန်ခဲ့တဲ့၂နှစ်ကဆို စိတ်ကူးကြည့်လို့မရတဲ့အရာဖြစ်ပါတယ်။
၂၀၂၅နှစ်စကနေအခုထိ ကလပ်နဲ့နိုင်ငံအတွက်ပွဲ၅၀ကျော်ကစားပေးထားပါပြီ။ တူချယ်တုန်းကလို ပြိုင်ဘက်ဂိုးစည်းအထဲနဲ့၁၈ကိုက်စည်းထိပ်ကကန်ချက်တွေမတွေ့ရတော့ပေမယ့် နည်းပြမာရက်စ်ကာက သူ့ကို ထောင့်ကန်ဘောနဲ့ဖရီးကစ်တွေ ပင်တိုင်ကန်ခွင့်ပေးထားလို့ သွင်းဂိုးနဲ့ဖန်တီးမှုအချို့မျှော်လင့်လို့ရပါသေးတယ်။
ဒီနှုန်းအတိုင်းဆက်သွားရင် ဂျိမ်းစ်က အဲ့ရာသီကဂိုးပါဝင်မှုစံချိန်ကိုလိုက်မှီဖို့ရှိသလို ဒဏ်ရာလည်းကင်းစင်နေလို့ပွဲများများကစားခွင့်ရရင် ကျော်ဖြတ်နိုင်ချေပါရှိနေပါတယ်။

ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် အဝေးကွင်းမှာလေးနှစ်ဆက်မရှုံးခဲ့ရတဲ့ချဲလ်ဆီး——————ပွဲပြီးရလဒ် နယူးကာဆယ်၂-၂ ချဲလ်ဆီးစိန့်ဂျ...
20/12/2025

ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် အဝေးကွင်းမှာလေးနှစ်ဆက်မရှုံးခဲ့ရတဲ့ချဲလ်ဆီး
——————
ပွဲပြီးရလဒ် နယူးကာဆယ်၂-၂ ချဲလ်ဆီး
စိန့်ဂျိမ်းစ်ပတ်မှာ ကစားတိုင်းအမြဲဒုက္ခရောက်နေကျအတိုင်း ပထမပိုင်းမှာ နယူးကာဆယ်ကို ကွင်းလယ်၊ကြံ့ခိုင်မှုပိုင်းနဲ့တယောက်ချင်းရင်ဆိုင်တဲ့နေရာတွေ အဖက်ဖက်ကမယှဉ်နိုင်ခဲ့သလို နယူးကာဆယ်ရဲ့ထိန်းချုပ်မှုအောက်မှာအချိန်အများစုရောက်ခဲ့ပါတယ်။ ကွင်းလယ်မှာအန်ဇိုမပါတာသိသာခဲ့ပြီး ဒီလိုပွဲမျိုးက ဂူစတိုနဲ့သိပ်မလိုက်တာတွေ့ရပါတယ်။ နယူးကာဆယ်က ဗော်တာမယ်ဒီရဲ့နှစ်ဂိုးနဲ့ပထမပိုင်းမှာ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းပွဲစပြီးမကြာခင်မှာပဲ ဂျိမ်းစ်ရဲ့လှပသေသပ်တဲ့ဖရီးကစ်ကနေ ဂိုးစရခဲ့ပြီး အဝါထိထားတဲ့ ဂူစတိုနေရာမှာ မာရက်စ်ကာက အန်ဇိုကိုထည့်ပြီးအမှားပြင်ဆင်ခဲ့လို့ ကစားကွက်ပိုင်း အသာစီးပြန်ရလာပါတယ်။ ဆန်းချက်ဇ်ရဲ့အဝေးဘောကန်တင်ပေးမှုကနေ ယာအိုပတ်ဒရိုက ပြိုင်ဘက်နောက်ခံလူကိုဖြတ်ကျော်ပြီး လွတ်လွတ်ကျွတ်ကျွတ် ဂိုးသမားနဲ့ကန်သွင်းပြီး ချေပဂိုးရခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ နယူးကာဆယ်က တိုက်စစ်တတန်းလုံးလူစားလဲပြီး အပြောင်းအလဲလုပ်လာပါတယ်။ ကိုးလ်ပါးမားထူးထူးခြားခြားသိပ်မလုပ်ပြနိုင်ခဲ့သလို ဂါနာချိုအပိုင်အခွင့်အရေးတချို့ဖြုန်းတီးခဲ့ပြီး နယူးကာဆယ်ဘက်က အပိုင်အခွင့်အရေးတချို့လွဲချော်ခဲ့သလို အီလန်ဂါရဲ့တန်ပြန်တိုက်စစ်ကနေ ကန်သွင်းချက်လွဲချော်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် နယူးကာဆယ်ကွင်းမှာ သုံးနှစ်ဆက်ပြိုင်ပွဲစုံလေးပွဲဆက်အရှုံးကနေ အခုပွဲသရေတမှတ်ရခဲ့တာပဲ ကျေနပ်စရာလို့ပြောရမှာပါ။

အချက်အလက်တွေအရ ကူညာထက်သာနေတဲ့ဂါနာချို—————ဂါနာချို (၄၀သန်း) ၈၇၆မိနစ်ကစား ၄ဂိုးသွင်း ၂ဂိုးဖန်တီး ကူညာ (၆၂.၅သန်း) ၁၀၃၁မိနစ...
17/12/2025

အချက်အလက်တွေအရ ကူညာထက်သာနေတဲ့ဂါနာချို
—————
ဂါနာချို (၄၀သန်း) ၈၇၆မိနစ်ကစား ၄ဂိုးသွင်း ၂ဂိုးဖန်တီး
ကူညာ (၆၂.၅သန်း) ၁၀၃၁မိနစ်ကစား ၂ဂိုးသွင်း ၁ဂိုးဖန်တီး

အရင်ရာသီကုန်မှာ မန်ယူအသင်းအတွက် မကစားပေးချင်လို့ ဂါနာချိုဟာ အသင်းလိုက်လေ့ကျင့်ရေးဆင်းခွင့်ပိတ်ပင်ခံခဲ့ရပြီး ဩဂတ်လကုန်အပြောင်းအရွှေ့ပိတ်ခါနီးမှ ပေါင်သန်း၄၀နဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့လာပြီး ပွဲဝေးနေလို့ စက်တင်ဘာလလယ်မှ ကစားခွင့်မိနစ်အချို့စရပါတယ်။ ကူညာကတော့ ပေါင်၆၂သန်းကျော်နဲ့ အပြောင်းအရွှေ့ရာသီအစ ဇူလိုင်လထဲက မန်ယူကိုရောက်ရှိလာပြီး ရာသီကြိုလေ့ကျင့်ခန်းတွေမှာ ပါဝင်ခဲ့ပြီး ကစားလာတာ ငါးလလောက်ရှိလာပါပြီ။ ဂါနာချိုက သုံးလကျော်သာ ချဲလ်ဆီးနဲ့ပွဲထွက်ခွင့်တချို့နဲ့ လူစားဝင်ပွဲတွေသာရထားတာဖြစ်ပါတယ်။ လောလောဆယ်တော့ တိုးတက်ဖို့လိုအပ်နေသေးတဲ့ ဂါနာချိုကတောင် ကူညာထက်ပြောင်းရွှေ့ကြေးပေးရတာ တန်နေပါတယ်။

ပွဲပြီးရလဒ် ချဲလ်ဆီး ၂-၀ အဲဗာတန်——————ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲအနိုင်ရခဲ့တာပဲ ကျေးဇူးတင်ရပါမယ်။ ဂိုးပေးရတဲ့နောက်အဲဗာတန်...
13/12/2025

ပွဲပြီးရလဒ် ချဲလ်ဆီး ၂-၀ အဲဗာတန်
——————
ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲအနိုင်ရခဲ့တာပဲ ကျေးဇူးတင်ရပါမယ်။ ဂိုးပေးရတဲ့နောက်အဲဗာတန်ရဲ့တုံ့ပြန်ပုံကောင်းမွန်ပြီး ဂရီးလစ်ရှ်နဲ့ အန်ဒီယာရီတို့ကြိုးစားအားထုတ်မှုတွေ ပွဲပြီးခါနီးဂိုးရလုနီးပါးတွေဖြစ်ခဲ့သလို ပစ်ဖို့ဒ်ကလည်း ဂျိမ်းစ်ရဲ့ဖရီးကစ်ကန်ချက်အပြင် အပိုင်ကန်ချက်တွေ ကာကွယ်နိုင်ခဲ့ပါတယ်။ ပါးမားနဲ့ဂူစတိုရဲ့အတွဲအဖက် အလုပ်ဖြစ်ခဲ့ပြီး နှစ်ယောက်လုံးဂိုးရခဲ့ပါတယ်။ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းခဲ့တဲ့ ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဖိုဖာနာနဲ့ချာလိုဘာကို ချီးကျူးရမှာဖြစ်ပြီး ခံစစ်စွမ်းဆောင်ရည် နှစ်ယောက်ပေါင်း ၃၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ကိုင်စီဒိုမပါနိုင်တဲ့ကွင်းလယ်က ခံစစ်ကိုအကာကွယ်ပေးနိုင်မှု တစုံတရာတော့လျော့ခဲ့ပါတယ်။ ကူကူရယ်လာက စပါးနဲ့ပွဲကစပြီး ဒီပွဲအခိ ကလပ်နဲ့နိုင်ငံအတွက် ၁၁ပွဲဆက် မိနစ်၉၀လုံး လူစားလဲမခံရဘဲ ကစားပေးထားရပါတယ်။ PFAပရိသတ်တွေပေးတဲ့ တလတာအကောင်းဆုံးဆုရထားတဲ့ ဆန်းချက်ဇ်အတွက်တော့ တပွဲပိုကစားထားပြီး ရာယာနဲ့အတူ clean sheetအများဆုံး ၈ပွဲပူးတွဲရရှိလာပါပြီ။

လူဆိုတာ တန်းမတူရင် ဘောင်ထဲအတင်းထည့်ပြီးတန်းညှိပေးလို့မရဘူးဆိုတာတကယ်မှန်တယ်ကိုယ့်အကန့်နဲ့ကိုယ်ဘဲနေရတယ်ရွှေကုန်သည် စိန်ကုန...
02/12/2025

လူဆိုတာ တန်းမတူရင် ဘောင်ထဲအတင်းထည့်ပြီးတန်းညှိပေးလို့မရဘူးဆိုတာတကယ်မှန်တယ်
ကိုယ့်အကန့်နဲ့ကိုယ်ဘဲနေရတယ်
ရွှေကုန်သည် စိန်ကုန်သည်တွေဟာ သူတို့စားပွဲဝိုင်းမှာ ဘယ်သူတောင်းစားကိုမှ ခုံပေါ်ထိုင်ပြီးဆွေးနွေးခွင့်မပေးသလို
ဥရောပရဲ့ ချန်ပီယံတွေ ကမ္ဘာ့ချန်ပီယံတွေဆိုတာလဲ အသင်းသမိုင်းတစ်လျှောက်လုံးမှာ အဆငိ့အတန်းနိမ့်ပါးလှစွာဘဲ ဘာဥရောပဖလားမှမရဖူးတဲ့အသင်းတွေကို ဘောင်ထဲထညိ့ပြီး သွားငြင်းနေရင် energy ကုန်ယုံဘဲရှိတယ်။
ရွှေကုန်သည်တွေ စိတ်ကုန်သည်တွေကိူမကျေနပ်တဲ့သူတောင်းစားက သူ့အရိပ်အောက် သမံတလင်းပြင်ကနေ အော်ဆဲနေရုံဘဲတတ်နိုင်မှာဖြစ်သလို
မတူမတန်တဲ့အသင်းတွေကလဲ သူတို့ဖာသာသူတို့ရဲ့နေရာသေးသေးလေးကနေဘဲ တုံ့ပြန်နေမှာဘဲလေ
သွားမပြောနဲ့ တန်းကွာလွန်းတယ်

ကိုယ်တွေက king of the club
သူတို့က၅နှစ်ဆက်ခွက်ပျောက်

ကိုယ်တွေက ဥရောပမှာအကြိမ်ကြိမ်ဗိုလ်ဝင်ခံတဲ့ချန်ပီယံတွေ
သူတိူ့့အတွက်ကဥရောပဖလားဆိုတာ လှမ်းမမှီနိုင်တဲ့ပန်း

ကိုယ်တွေက UCl ၂လုံးနဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ
သူတိူ့တွေဆိုတာ အသင်းသမိုင်းတစ်လျှောက်လုံး UClဆိူတဲ့ဖလားကိုယူနိုင်ဖို့ အဆင့်အတန်းမမှီနုံချာလွန်းလှသူတွေ

မတန်ဘူးဗျ မတန်ဘူး
လွှတ်ထားလိုက်
တန်းဆိုတာ တူမှညှိရတာ

🤝ပွဲပြီးရလဒ် ချဲလ်ဆီး ၁-၁ အာဆင်နယ်ဒုတိယပိုင်းက တသင်းလုံးရဲ့စိတ်ဓာတ်ပြင်းပြမှုနဲ့ ခံစစ်စွမ်းဆောင်ရည်ကောင်းပြခဲ့ပါတယ်။ ချာ...
30/11/2025

🤝ပွဲပြီးရလဒ်
ချဲလ်ဆီး ၁-၁ အာဆင်နယ်
ဒုတိယပိုင်းက တသင်းလုံးရဲ့စိတ်ဓာတ်ပြင်းပြမှုနဲ့ ခံစစ်စွမ်းဆောင်ရည်ကောင်းပြခဲ့ပါတယ်။ ချာလိုဘာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းခဲ့သလို ဖိုဖာနာရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပါမြင်ခဲ့ရပါတယ်။ တယောက်လျော့ပေမယ့် ချဲလ်ဆီးကတောင် ခြေစွမ်းပိုသာတဲ့အနေအထားမှာရှိခဲ့တယ်။ မာရီနိုဂိုးကတော့ ခံစစ်ရော ဂိုးသမားရော ဘယ်လိုမှမတတ်နိုင်တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ရဲ့ အာဆင်နယ်ထောင့်ကန်ဘောတွေတက်ပြီး ဖမ်းယူကာကွယ်မှုကောင်းလို့ အလုပ်မဖြစ်ဘဲ ပွဲပြီးခါနီး ယိုကာရက်ဇ်ရဲ့အပိုင်ကန်ချက်ကို လက်စွမ်းပြကာကွယ်သွားပါတယ်။ အာဆင်နယ်က တနာရီကျော်တယောက်အသာနဲ့ ဘောလုံးသာကိုင်ထားပြီး ထိရောက်တဲ့ထိုးဖောက်မှုတွေကို တချက်တချက်မှသာပြုလုပ်ခဲ့ပါတယ်။ ချဲလ်ဆီးက အပိုင်အခွင့်အရေးသိပ်မရတော့ဘဲ အဝေးကလှမ်းကန်တာမျိုးပဲလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆိုရင် ခံစစ်စွမ်းဆောင်ရည် ၁၄ကြိမ် ပြုလုပ်ခဲ့တဲ့ဖိုဖာနာကိုရွေးချင်ပါတယ်။

⏰ပထမပိုင်းပြီးရလဒ် ချဲလ်ဆီး ၀-၀ အာဆင်နယ်ကိုင်စီဒိုရဲ့မလိုအပ်တဲ့အတင်းဝင်ဖျက်ခဲ့တာက အသင်းကိုဒီလိုပွဲကြီးမှာနစ်နာစေသလို ကူက...
30/11/2025

⏰ပထမပိုင်းပြီးရလဒ်
ချဲလ်ဆီး ၀-၀ အာဆင်နယ်
ကိုင်စီဒိုရဲ့မလိုအပ်တဲ့အတင်းဝင်ဖျက်ခဲ့တာက အသင်းကိုဒီလိုပွဲကြီးမှာနစ်နာစေသလို ကူကူလည်းနီမလိုဖြစ်ခဲ့ပါသေးတယ်။ အာဆင်နယ်ဘက်ကလည်း ခံစစ်လေးယောက်မှာ သုံးယောက်အဝါထိသလို ဇူဘီမန်ဒီလည်းထိထားပါတယ်။ ပတ်ဒရိုရဲ့မလိုအပ်ဘဲ ဘောကိုင်ထားတာတွေက တိုက်စစ်ကိုနှောင့်နှေးစေပါတယ်။ အက်စတာဗောင်းကလည်း လုပ်ပြချင်စိတ်များပြီး ပွဲကြီးအတွေ့ကြံုလိုနေပါသေးတယ်။ အာဆင်နယ်ဘက်ကလည်း ပွဲအစဆာကာရဲ့အပိုင်ကန်ချက်တကြိမ်ပဲရထားပြီး ဆန်းချက်ဇ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တယောက်လျော့နဲ့ဆက်တောင့်ခံနိုင်ဖို့ပဲ ကြိုးစားသွားရမှာပါ။

ငယ်သူငယ်ချင်းနှစ်ဦးရဲ့ စိန့်အက်တီယန်ဆက်နွယ်မှုများ ———-“အခုလောလောဆယ်မှာတော့ ကျနော်တို့ကရန်သူတွေပါ” ဖိုဖာနာက အင်တာဗျူးမှာ...
29/11/2025

ငယ်သူငယ်ချင်းနှစ်ဦးရဲ့ စိန့်အက်တီယန်ဆက်နွယ်မှုများ
———-
“အခုလောလောဆယ်မှာတော့ ကျနော်တို့ကရန်သူတွေပါ” ဖိုဖာနာက အင်တာဗျူးမှာ လန်ဒန်ဒါဘီမတိုင်ခင် ငယ်သူငယ်ချင်းဆာလီဘာအကြောင်း ပြန်ပြောင်းပြောရင်း ပွဲမကန်ခင်တပတ်လောက်အလိုမှာ သူတို့အချင်းချင်းကြားမှာ အဆက်သွယ်မလုပ်ကြကြောင်း ကျန်တဲ့အချိန်တွေမှာ အခေါ်အပြောမပျက်ကြကြောင်း ပြောပြပါတယ်။

ပြင်သစ်နာမည်ကျော်အကယ်ဒမီတခုဖြစ်တဲ့ စိန့်အက်တီယန်ကနေ ၂၀၁၈ခုနှစ်မှာ ဆာလီဘာဆိုတဲ့လူငယ်ခြေတက်နောက်ခံလူတဦးကို အသက်၁၇နှစ်အရွယ်မှာပဲ စင်တင်ပေးခဲ့ပြီး ရာသီကုန်ခါနီးမှာပဲ နောက်ထပ်၁၇နှစ်ကျော် လူငယ်တဦးဖြစ်တဲ့ ဝက်စ်လေဖိုဖာနာကို ထပ်မိတ်ဆက်ပေးခဲ့ပြီး နောက်ရာသီ ၂၀၁၉-၂၀မှာ ဥရောပအင်အားကြီးအသင်းတွေ မျက်စိကျလာတဲ့ လူငယ်ဗဟိုခံစစ်အတွဲဖြစ်လာပါတယ်။ အသက်အရဖိုဖာနာက လပိုင်းကြီးပေမယ့် စိန့်အက်တီယန်အသင်းအတွက် ဆာလီဘာကပွဲထွက်ခွင့်အရင်ရခဲ့ပါတယ်။ ကစားဟန်အရတော့နှစ်ယောက်ကြားကွဲပြားပြီး ဆာလီဘာကကြောင်လိုကစားပြီး ဖိုဖာနာကခွေးလိုကစားတယ်လို့ အလွယ်ပြောလို့ရပါတယ်။ ဖိုဖာနာက လျင်မြန်မှုမာကျောမှု၊ခွန်အားအပြည့်နဲ့ ဖိုက်တာလိုအလှုပ်ကစားပြီး ဆာလီဘာက တည်ငြိမ်မှု၊ ပါးရည်နပ်ရည်အပြည့် ဘောလုံးကိုင်ပြီးအငြိမ်ကစားတာမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ဖိုဖာနာက ဘောလုံးကိုင်မကစားနိုင်တာမဟုတ်သလို ဆာလီဘာကလည်း မာကျောမှုနဲ့ခွန်အားမရှိတာမဟုတ်ပါ။ အသင်းတသင်းမှာရှိသင့်တဲ့ ဗဟိုခံစစ်အတွဲအဖက်နှစ်ယောက်ပုံစံမျိုးဖြစ်ပါတယ်။

အတိအကျပြောရရင် ဆာလီဘာက ၂၀၁၉-၂၀ရာသီအစမှာ အာဆင်နယ်ကိုပေါင်၂၇သန်းခန့်နဲ့ ပြောင်းရွှေ့ခဲ့ပြီး စိန့်အက်တီယန်မှာပဲအငှါးပြန်ချခဲ့သလို ဖိုဖာနာဦးစားပေးခံရလာပြီး ပွဲအများဆုံးကစားတဲ့ရာသီလည်းဖြစ်လာလို့ နှစ်ယောက်အတူ၁၆ပွဲလောက်တွဲဖက်ကစားခဲ့ကြပါတယ်။ နောက်ရာသီမှာတော့ ဖိုဖာနာက ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်နေတဲ့ ဘရန်ဒန်ရော်ဂျာစ်ရဲ့ လက်စတာနဲ့ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဆင်နွှဲဖို့ လက်စတာကို ပေါင်၃၆သန်းကျော်နဲ့ ရောက်လာပြီး ရာသီကုန်မှာ အဆင့်၅နဲ့ တူချယ်ရဲ့ချဲလ်ဆီးကိုဖိုင်နယ်မှာအနိုင်ယူပြီး FAဖလားရရှိခဲ့ပါတယ်။ လူငယ်နောက်ခံလူနှစ်ယောက်အတွက် အချိန်တိုအတွင်း ပေါင်သန်း၆၀ကျော်ရှာနိုင်တဲ့ ပြင်သစ်ကလပ်ကိုချီးကျူးရမှာပါ။ ဆာလီဘာက အဲ့အချိန်မှာ အာဆင်နယ်ရောက်လာပေမယ့် အသင်းကြီးမှာနေရာမရဘဲ လူငယ်အသင်းမှာပဲအချိန်ကုန်နေရလို့ ရာသီဝက်၂၀၂၁အစမှာပဲ ပြင်သစ်ကလပ်နိစ်အသင်းကို အငှါးထပ်ရောက်လာပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ၂၀၂၁လောက်က ဖိုဖာနာရဲ့ခြေစွမ်းနဲ့ကျော်ကြားမှုက ပရီးမီးယားလိဂ်မှာခပ်မြန်မြန်ရှေ့ရောက်ခဲ့ပြီး ဆာလီဘာကပုံမှန်ပွဲခွင့်ရဖို့ အငှါးထွက်ရှာဖွေနေခဲ့ရပါတယ်။

နောက်ရာသီအစမှာ ဖိုဖာနာအတွက် ကြမ္မာဆိုးနေ့ရက်တွေရဲ့အစပြောရမယ့် ခြေထောက်ကျိုး ကာလရှည်ဒဏ်ရာစရခဲ့ပြီး ရာသီကုန်ခါနီးမှပြန်ကစားနိုင်ခဲ့ပါတယ်။ ဆာလီဘာအတွက်တော့ မာဆေးလ်မှာအငှါးထွက်ပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူ့မိခင်ကလပ်အာဆင်နယ် အဲ့ရာသီမှာလွဲချော်ခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ အဆင့်၂နဲ့ရခဲ့ပါတယ်။ နောက်ရာသီအစမှာ ဆာလီဘာက အာဆင်နယ်နဲ့စာချုပ်သက်တမ်းမတိုးဘဲ မာဆေးနဲ့ပဲUCLပဲဆက်ကန်ချင်တယ်လို့ ကောလဟလတွေထွက်ခဲ့ပြီး အာဆင်နယ်ဖန်တွေအမြင်မကြည်ခဲ့ကြပါဘူး။ ဒါပေမယ့် သူအာဆင်နယ်အတွက် ဆက်ကစားပေးခဲ့ရပါတယ်။ သူငယ်ချင်းဖြစ်သူဖိုဖာနာက နောက်ခံလူတယောက်အတွက်ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်သန်း၇၀နဲ့ လက်စတာကနေ ချဲလ်ဆီးကိုပြောင်းလာခဲ့ပြီး ငယ်သူငယ်ချင်းနှစ်ဦးအပြိုင်ခြေစွမ်းပြကြတော့မလား ထင်မှတ်မှားစရာဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဖိုဖာနာက ၂၀၂၂-၂၃ရာသီစပြီး သိပ်မကြာခင်ဒူးဒဏ်ရာရပြီး အဲ့ရာသီက အဆိုးရွားဆုံးနဲ့ရာသီသိမ်းခဲ့ရတဲ့ ချဲလ်ဆီးအတွက် ပွဲ၂၀သာကစားပေးနိုင်ခဲ့ပါတယ်။ ဆာလီဘာက အာဆင်နယ်အတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံမန်စီးတီးကို အချိန်အတော်ကြာခြိမ်းခြောက်နိုင်ပြီး အဆင့်၂ရခဲ့ပါတယ်။

၂၀၂၃-၂၄ရာသီကြိုမှာပဲ ဖိုဖာနာက တံကောက်ကြောဒဏ်ရာACLကြောင့် တရာသီလုံးလွဲချော်ခဲ့ပြီး ဆာလီဘာက EPLရဲ့အကောင်းဆုံးနောက်ခံလူစာရင်းဝင်လာပြီး အာဆင်နယ်နဲ့အတူချန်ပီယံဆုကို ၂နှစ်ဆက်ခြိမ်းခြောက်ခဲ့သလိုပြင်သစ်လက်ရွေးစင်မှာပါ အပိုင်တနေရာရပြီး ယူရို၂၀၂၄ဆီမီးဖိုင်နယ်အထိရောက်ခဲ့ပါတယ်။ ဖိုဖာနာက ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာတွေကြောင့် ပွဲတချို့ပဲကစားနေရချိန်မှာ ဆာလီဘာက အာဆင်နယ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး ကမ္ဘာ့အဆင့်နောက်ခံလူတဦးဖြစ် ၂နှစ်ဆက်ရပ်တည်လာပါတယ်။ ၂၀၁၉ကနေ ၂၀၂၁အထိ နှစ်ရာသီဖိုဖာနာက ပိုကောင်းခဲ့ပြီး ၂၀၂၂ကနေ၂၅အထိ သုံးရာသီလောက် ဆာလီဘာကပိုကောင်းခဲ့လို့ နှစ်ယောက်ကြားမှာ ကွာဟချက်ကြီးမားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆာလီဘာက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတဦးဖြစ်နေပြီး ဖိုဖာနာကတော့ ကာလရှည်ဒဏ်ရာတွေကနေရုန်းထွက်ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ကြိုးစားနေရတာလည်းဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကင်းရှင်းနေရင် ဖိုဖာနာက ရိစ်ဂျိမ်းတို့လိုပဲ အရည်အသွေးမြင့်တဲ့နောက်ခံလူဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။ တနင်္ဂနွေနေ့မှာတော့ ငယ်သူငယ်ချင်းနှစ်ယောက်ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိပြီး ဖိုဖာနာက ပွဲထွက်ခွင့်ရမရ မသေချာသေးတဲ့အနေအထားမှာရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီထွက်ချင်း ဆာလီဘာရောက်နေတဲ့နေရာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတဦးဖြစ်နေတာ ဝမ်းသာကြောင်းပြောရင်း အင်တာဗျူးမှာဖြေခဲ့ပါတယ်။

Address

Yangon

Telephone

+959977868620

Website

Alerts

Be the first to know and let us send you an email when Chelsea Talk: Beyond Biased posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chelsea Talk: Beyond Biased:

Share