Authentic Myanmar Outbound Tours

Authentic Myanmar Outbound Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Authentic Myanmar Outbound Tours, Travel and transport, No-001, Building C, Thazinminn Avenue, Thumingalar Housing, P. O, Thin Gan Gyun Township, Yangon.

Since 2011
🔗 https://linktr.ee/authentique_myanmar

Since 2017
🔗 https://linktr.ee/authenticmyanmaroutbound
“Comfort to destination"

Since 2025
🔗 https://linktr.ee/hilaireexperiences သုဝဏ္ဏ VIP -1
သံသုမ္မာလမ်းမကြီးအတိုင်းလာပါ။
စရည်းပင်လမ်းလမ်းထဲ ချိုးကွေ့ပါ။
ယင်းမာမြိုင်လမ်း ဆိုင်းဘုတ်တွေ့ရင် ညာဘက်ကိုချိုးပါ။ ယင်းမာမြိုင်လမ်း နဲ့ ကံကော်မြိုင်လမ်းထောင့်မှ ခြံအမှတ်-၂၅၂ နှင့် ရုံးဆိုင်းဘုတ်ကို တွေ့လျှင် ရောက်ပါပြီ။

17/06/2026

🇪🇬 ABU SIMBEL













🇪🇬 ABU SIMBEL “အီဂျစ်နိုင်ငံ သဲကန္တာရအလယ်မှ မဟာအံ့ဖွယ်အမွေအနှစ်”တစ်ချို့ ခရီးစဉ်တွေက သွားရတာ ဝေးပေမယ့် ရောက်သွားတဲ့အခါ  ...
17/06/2026

🇪🇬 ABU SIMBEL
“အီဂျစ်နိုင်ငံ သဲကန္တာရအလယ်မှ မဟာအံ့ဖွယ်အမွေအနှစ်”

တစ်ချို့ ခရီးစဉ်တွေက သွားရတာ ဝေးပေမယ့် ရောက်သွားတဲ့အခါ “ဒီခရီးစဉ်ကို ရွေးတာ မှန်လိုက်တာ” လို့ ခံစားရစေပါမယ်

Aswan မှ ကီလိုမီတာ ၂၈၀ ကျော်၊ သဲကန္တာရလမ်းကြောင်းကို အသွားအပြန် ၆ နာရီခန့် ခရီးနှင်ရတဲ့ Abu Simbel Temple ဟာ အီဂျစ်နိုင်ငံရဲ့ အထင်ကရဆုံး UNESCO World Heritage Site များထဲက တစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၂၀၀ ကျော်ကာလမှာ ဘုရင် ဖာရော Ramses II ဟာ သူရဲ့ အင်အားကြီးမှု့ စစ်အောင်ပွဲများနှင့် နိုင်ငံတော်ရဲ့ ကြီးမြတ်မှုကို ကမ္ဘာကြီးကို ပြသဖို့ အခုမြင်နေရတဲ့ ကျောက်တောင်ကြီးထဲမှာ ရုပ်ထုတွေ ထွင်းထု တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့မျက်နှာစာတွင် မြင်ရတဲ့ ဧရာမရုပ်တုကြီး ၄ ခုစလုံးက ဘုရင် Ramses II ကိုယ်တိုင်ရဲ့ ပုံတူ ရုပ်ထုတွေ ဖြစ်ပြီး ဘုရင်ကြီးဟာ နတ်ဘုရားများနဲ့ တန်းတူ အဆင့်ရှိကြောင်း ဖော်ပြလိုသော ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာပါ

Abu Simbel ဒေသကတော့ Sudan နယ်စပ်အနီးက Lake Nasser ရဲ့ ကမ်းစပ်မှာ တည်ရှိပါတယ်။တယနေ့အချိန်ထိ အီဂျစ်ရဲ့ အံ့ဖွယ်အကောင်းဆုံး ယဉ်ကျေးမှု အမွေအနှစ်နေရာများထဲမှ တစ်ခုဖြစ်နေဆဲပါ

ဒီနေရာရဲ့ အထူးခြားဆုံး သမိုင်းကြောင်းကို
ပြောပြပါမယ်
၁၉၆၀ ခုနှစ်ပိုင်းမှာ Aswan High
ဆည်ဆောက်လုပ်ခဲ့တဲ့ အတွက်ကြောင့် ဒီနေရာရေမြုပ်တော့မယ့် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတကာပညာရှင်တွေ အမြန်ဆုံး စုစည်းပြီးတဲ့နောက် စီမံကိန်း ရေးဆွဲကြပါတယ်။ ပြီးတော့ ဘုရားကျောင်းတစ်ခုလုံးကို အပိုင်းပိုင်းဖြတ်ခဲ့ပြီး ပိုမို မြင့်မားတဲ့နေရာကို ရွှေ့ပြောင်းထားခဲ့ကြပါတယ်။

ဒီလုပ်ငန်းစဉ်ကို လူသားသမိုင်းရဲ့ အကြီးမားဆုံး အမွေအနှစ် ကယ်တင်ရေး စီမံကိန်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ် (ဓါတ်ပုံဟောင်း တချို့ကို လေ့လာနိုင်ပါတယ်)

မြန်မာ ခရီးသွားများအတွက် Abu Simbel ဒေသဟာသာမန် လည်ပတ်ရုံ နေရာတစ်ခုမဟုတ်ပဲ

💡Ancient Wonders ကို ကိုယ်တိုင်မြင်တွေ့ရပါမယ်
💡 သဲကန္တာရ အလှနဲ့ Lake Nasser ရဲ့ အလှကို ပူးတွဲခံစားရပါမယ်
💡 Pharaohs အမည်ရတဲ့ ဘုရင်များရဲ့ သမိုင်းနှင့် အင်ပါယာကို နားလည်လာပါမယ်
💡 Bucket List ခရီးတစ်ခုကိုလည်း အကောင်အထည် ဖော်နိုင်ပါမယ်

Abu Simbel ကို အမှန်တကယ်
မျက်မြင်တွေ့ရတဲ့အခါ ဓာတ်ပုံထဲမှာ မြင်ခဲ့တာထက် အဆပေါင်းများစွာ ပိုမိုခမ်းနားတယ် ဆိုတာကိုလည်း လက်ခံ ပါလိမ့်မယ်

Photo references :
- Vintage Photographs Show Abu Simbel Being Relocated (1964–1968)⁠
- National Graphics














16/06/2026

🇪🇬✨ အီဂျစ်နိုင်ငံရဲ့ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ သမိုင်းကြားထဲ လျှောက်လှမ်းခြင်း ✨🇪🇬

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ ကျော်က ဖာရိုဘုရင်တွေရဲ့ ခြေရာတွေ ကျန်ရှိနေသေးတဲ့ ကျောက်နံရံကြားက လမ်းကျဉ်းလေးထဲမှာ လျှောက်ရင် အချိန်ကို နောက်ပြန်ခရီးထွက်နေသလို ခံစားရပါမယ်

ကျောက်တုံးတစ်တုံးချင်းစီမှာ ထွင်းထုထားတဲ့ Hieroglyphs တွေ၊ ဘုရင်တွေရဲ့ ဇာတ်လမ်းတွေ၊ နတ်ဘုရားတွေရဲ့ ယုံကြည်ချက်တွေက ယနေ့အထိ လူသားယဉ်ကျေးမှုရဲ့ အံ့ဖွယ်အမွေအနှစ်အဖြစ် ရှင်သန်နေဆဲပါ။

🌍 ခရီးသွားခြင်းဆိုတာ နေရာအသစ်တစ်ခုကို သွားရောက်ကြည့်ရှုခြင်းသာ မဟုတ်ဘဲ၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ လူသားတို့ရဲ့ အတိတ်ကို နားလည်သဘောပေါက်လာစေတဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်တယ် မဟုတ်ပါလား

📍 Luxor, Egypt 🇪🇬

Egypt ကို သွားလည်ခွင့်ရရင် ဘယ်နေရာကို အရင်ဆုံး သွားချင်လဲ? 🏺✨
Comment မှာ ပြောခဲ့ပါဦး။
🇪🇬✈️🌍

















14/06/2026

Egypt 🇪🇬

06/06/2026

Along the Seine River 🛥️

02/05/2026

ပြင်သစ်နိုင်ငံ ရဲ့ လှပတဲ့နေရာတွေကို လည်ပတ်ဖို့ Authentic Myanmar Outbound နဲ့အတူ စီစဉ်လိုက်ပါ။ ✨

📍 France 🇫🇷
📱 WhatsApp: +33 7 76 58 90 00 (Swam)
📧 [email protected]
🔗 https://linktr.ee/hilaireexperiences

📍 Myanmar 🇲🇲
📱 Viber: +95 9 500 7447 (Chaw Chaw Kye Mon)
📧 [email protected]
🔗 https://www.authenticmyanmar-outbound.com

💦🌸 မင်္ဂလာရှိသော ၁၃၈၈ ခုနှစ် သင်္ကြန်ပွဲတော်အခါသမယလေး ဖြစ်ပါစေ 🌸💦လေးစားရပါသော Customer များနှင့်ခရီးသွားခြင်းကို ချစ်မြတ...
12/04/2026

💦🌸 မင်္ဂလာရှိသော
၁၃၈၈ ခုနှစ် သင်္ကြန်ပွဲတော်
အခါသမယလေး
ဖြစ်ပါစေ 🌸💦

လေးစားရပါသော Customer များနှင့်
ခရီးသွားခြင်းကို ချစ်မြတ်နိုးသူများအားလုံးကို

ပျော်ရွှင်ချမ်းမြေ့သော
မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်အခါသမယလေးကို
မိသားစု မိတ်ဆွေ၊ ဆွေမျိုး၊ သူငယ်ချင်းနှင့်အတူ

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ
ဖြတ်သန်းနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Authentic Myanmar Team

🔔 ပြည်ပထွက်ခွာမည့် ခရီးသည်များအတွက် သက်ဆိုင်ရာဌာန၏ အသိပေးကြေညာချက်ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအနေနဲ့ ၀၉ ရက်နေ့ ဧပြီ...
09/04/2026

🔔 ပြည်ပထွက်ခွာမည့် ခရီးသည်များအတွက် သက်ဆိုင်ရာဌာန၏ အသိပေးကြေညာချက်

ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအနေနဲ့ ၀၉ ရက်နေ့ ဧပြီလ ၂၀၂၆ ခုနှစ် မှ စတင်ပြီး ပြည်ပထွက်ခွါလေဆိပ်များရှိ လုံခြုံရေး စစ်ဆေးရေး ကောင်တာများတွင် မိမိတို့ရဲ့မှတ်ပုံတင် (NRC) သို့မဟုတ် Smart Card မူရင်းကို မဖြစ်မနေ ပြသဖို့ လိုအပ်ပါတယ်

✨ ခရီးသည်များအတွက် အကြံပြုချက်များ

လေဆိပ်သို့ သွားရောက်ရာတွင်
✔️ မှတ်ပုံတင် (NRC) သို့မဟုတ် Smart Card မူရင်း ကို မမေ့မလျော့ ယူဆောင်လာပါရန်
✔️ Passport၊ လေယာဉ်လက်မှတ်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လွယ်ကူစွာ ပြသနိုင်အောင် ပြင်ဆင်ထားပါရန် အထူးအကြံပြုပါသည်။

Authentic Myanmar အနေဖြင့် လူကြီးမင်းရဲ့ ခရီးစဉ် လုံခြုံချောမွေ့ပြီး စိတ်ချမ်းသာစွာ ခရီးသွားနိုင်ရေးကို
အစဉ်အမြဲ ဦးစားပေးနေပါတယ်

လူကြီးမင်း၏ ခရီးစဉ် အဆင်ပြေချောမွေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ ✈️


06/04/2026

⛪ Notre-Dame de Paris
“ပါရီရဲ့ နှလုံးသား” နေရာ

Paris ကို သွားရင် လူတိုင်း Eiffel Tower ကို သွားကြပါတယ်။
သို့ပေမယ့်…
Paris ကို “ပိုမို သိချင်သူတွေ” သွားမယ့်နေရာကတော့ Notre-Dame ဘုရားကျောင်းကြီးပါ 💁🏻‍♀️

နှစ်ပေါင်း ၈၅၀ ကျော် သက်တမ်းရှိတဲ့ ဒီဘုရားကျောင်းကြီးဟာ သမိုင်း၊ အနုပညာ၊ ပထမ နိုင်ငံတော် ဂုဏ်သိက္ခာတွေကို တစ်နေရာတည်းမှာ စုစည်းထားတဲ့
ပါရီမြို့ရဲ့ နှလုံးသား ဖြစ်ပါတယ်။

၂၀၁၉ မီးလောင်ပြီး နောက်ပိုင်း
ယနေ့မှာတော့ ပြန်လည်ပြင်ဆင်ပြီးတဲ့ အခါ
ပိုပြီး တည်ငြိမ် ပိုပြီး ခမ်းနားတဲ့ ပုံစံနဲ့
ပြန်ပေါ်လာပါတယ်။

Notre Dame ဘုရားကျောင်းကြီးဟာ
👑 Gothic ဗိသုကာ ရဲ့ အထွတ်အထိပ်
🏛️ရုပ်ထုတိုင်းမှာ အနုစိတ် လက်ရာများ
🪟အလင်းနဲ့ အရောင်တွေ ရောနှောနေတဲ့ ပန်းရောင် ပြုတင်းပေါက်ကြီးများ နှင့်အတူ
👑 ပြင်သစ် နပိုလီယံ ဘုရင် ဘိသိက် ကျင်းပခဲ့တဲ့ သမိုင်းဝင်နေရာ
🖊️ ဗစ်တာ ဟူးဂိုး ရဲ့ စာပေထဲမှာ ဖော်ပြတဲ့ နေရာလည်း ဖြစ်တယ်

Authentic Myanmar နဲ့ ဆိုရင်
ခရီးစဉ် တစ်ခုဟာ လည်ပတ်ရုံထက် ပိုမိုတဲ့
နေရာဒေသရဲ့ သမိုင်းကြောင်း ဖြစ်စဉ်တွေကို
လူကြီးမင်း ကိုယ်တိုင် ရှာဖွေ ထိတွေ့ ခံစားသလို အတွေ့အကြုံ ရရှိပါမယ်

📍 France 🇫🇷
📱 WhatsApp: +33 7 76 58 90 00 (Swam)
📧 [email protected]
🔗 https://linktr.ee/hilaireexperiences

📍 Myanmar 🇲🇲
📱 Viber: +95 9 500 7447 (Chaw Chaw Kye Mon)
📧 [email protected]
🔗 https://www.authenticmyanmar-outbound.com




#ဥရောပခရီး #ပြင်သစ်ခရီး ှ

Address

No-001, Building C, Thazinminn Avenue, Thumingalar Housing, P. O, Thin Gan Gyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+33610142381

Alerts

Be the first to know and let us send you an email when Authentic Myanmar Outbound Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Authentic Myanmar Outbound Tours:

Shortcuts

Share