18/08/2026
ခရီးသွားချစ်သူများ မင်္ဂလာပါ ခင်ဗျာ
🇫🇷 ပြင်သစ်တောင်ပိုင်းဒေသမှာ slow travelers တွေ စိတ်ကြိုက်တွေ့မယ့် အလွန်လှပတဲ့နေရာတွေ ရှိတယ်ဆိုတာ သိပါသလား 🌊
လူငယ် လူလတ်ပိုင်း ခရီးသွား ချစ်မြတ်နိုးသူတွေ
သိတ်ကြိုက်မယ့် တစ်ရက်တာ ခရီးစဉ်ကို ရှင်းပြပါမယ်
ပင်လယ်ကူး သင်္ဘောတွေလည်း ဆိုက်ကပ်တဲ့ ဒီအရပ်ဒေသ Mediterranean ပင်လယ်ပြာကြီးရှေ့မှာ အနားယူကြပါမယ်
ကျွန်တော်တို့ နှစ်သက်တဲ့ picnic နေ့လည်စာ စီစဉ်လာပြီး စားကြပါမယ်
ကျောက်တောင်အစွန်းကနေ ပင်လယ်ကို ငေးကြည့်ပါမယ်
ပြီးတဲ့အခါ ပင်လယ်ရေပြာပြာထဲမှာ ငြိမ့်ငြိမ့်လေး ရေဆင်းကူးပါမယ်… ✨
အခုလို “Slow Travel moment” လေးတစ်ခုကို ရနိုင်တဲ့ နေရာကတော့ ပြင်သစ်ပြည် တောင်ပိုင်း📍 “Calanque de Port-Miou” ဒေသမှာ တည်ရှိတဲ့ Cassis ကျွန်း ဖြစ်ပါတယ်…
Cassis ကျွန်း ကို လူအများစုက ပို့စ်ကဒ်လိုလှပတဲ့ fishing port နဲ့ ကျောက်တောင်ကြားက Calanques တွေရဲ့ အလှတွေကြောင့် slow travel ကို ကြိုက်နှစ်သက်တဲ့ ခရီးသွားတွေ အကြားမှာ လူသိများပါတယ်
လူတွေ သိတ်စည်ကားတဲ့ နေရာတွေကို ရှောင်ခွါပြီး off the beaten track hidden gems ကိုမှ ရွေးချယ် သွားချင်ပါသလား
ကျောက်ဖြူဖြူ ပင်လယ်ရေပြာပြာနဲ့
ပြင်သစ်တောင်ပိုင်း ဒေသရဲ့ နေရောင်ခြည်အောက်မှာ အနားယူကြရအောင်
တချို့ခရီးစဉ်တွေမှာ landmark ဘယ်နှစ်ခုရောက်ခဲ့သလည်းဆိုတာထက် အဲ့ဒီနေရာမှာ မိမိ ဘယ်လောက်ထိ စိတ်ကြည်နှုးခံစားခဲ့ရသလဲ ဆိုတာနဲ့ တိုင်းတာကြည့်ပါ
Cassis က အဲ့ဒီလို နေရာမျိုး ဖြစ်ပါတယ် 💙
ဒီခရီးစဉ် သွားကြမယ်ဆိုရင်
💡Walking shoes / grip ကောင်းတဲ့ဖိနပ်
💡 ကျောပိုးအိတ်ထဲမှာ လိုအပ်တဲ့ ဆေး ၊ ဖုန်း နဲ့ Power bank
💡နွေရာသီဆို sunscreen နဲ့ ရေဘူး
💡Picnic စားပြီးနောက် ကိုယ့်အမှိုက်ကို ပြန်ယူဖို့
စက္ကူအိတ် တစ်လုံး ဆို ရပါပြီ
တစ်ချိန်ချိန် တူတူ သွားချင်တယ် ဆိုရင်
ဆက်သွယ်လိုက်ပါဗျာ
သိတ်လှတဲ့ နေရာသစ်တွေကို လေ့လာနိုင်ဖို့
Page ကို like and follow ပြုလုပ်ထားပါ ခင်ဗျာ
📍 France 🇫🇷
📱 WhatsApp: +33 7 76 58 90 00 (Swam)
📧 [email protected]
🔗 https://linktr.ee/hilaireexperiences
📍 Myanmar 🇲🇲
📱 Viber: +95 9 500 7447 (Chaw Chaw Kye Mon)
📧 [email protected]
🔗 https://www.authenticmyanmar-outbound.com
DISCLAIMER: I do not own the rights to this music. All rights belong to the owner. No Copyright Infringement intended.