Touch Delivery Myanmar

Touch Delivery Myanmar .

>> Since 2019

(၁၃၆) ကြိမ်မြောက် "အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့" အား TDM မှ လေးစားစွာဂုဏ်ပြုအပ်ပါသည်ရှင် ⛑️🧰👷🧑‍💻လုပ်အားတိုင်းတွင် တန်ဖို...
01/05/2026

(၁၃၆) ကြိမ်မြောက် "အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့" အား TDM မှ လေးစားစွာဂုဏ်ပြုအပ်ပါသည်ရှင် ⛑️🧰

👷🧑‍💻လုပ်အားတိုင်းတွင် တန်ဖိုးတစ်ခုစီရှိသလို၊ ကြိုးစားမှုတိုင်းတွင်လည်း ဂုဏ်သိက္ခာရှိပါတယ် 🧑‍🔧🧑‍🍳

✨ ကမ္ဘာတစ်ဝှမ်းရှိ ကြိုးစားအားထုတ်နေသော
အလုပ်သမားအားလုံး ရောဂါဘယကင်းဝေး၍
စိတ်ချမ်းသာပျော်ရွှင်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏

✨မိမိတို့၏ လုပ်အား၊ ကျွမ်းကျင်မှုနှင့် ရိုးသားမှုတို့ကို အခြေခံကာ မိသားစုနှင့် လူ့အသိုင်းအဝိုင်းအတွက်အားထုတ်ကြိုးပမ်းနေကြသော နိုင်ငံအရပ်ရပ်ရှိလုပ်သားအားလုံးကို TDM မိသားစုမှဂုဏ်ပြုလိုက်ပါတယ်ရှင် 🤍

#အလုပ်သမားနေ့ #ကမ္ဘာ့အလုပ်သမားနေ့

ကဆုန်လပြည့် - ဗုဒ္ဓနေ့ 🌕🍂မြန်မာ့ရိုးရာ ၁၂ လရာသီရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ...
30/04/2026

ကဆုန်လပြည့် - ဗုဒ္ဓနေ့ 🌕🍂

မြန်မာ့ရိုးရာ ၁၂ လရာသီရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်ရှင် 🙏

ကဆုန်လပြည့်နေ့အကြောင်း
--------------------------
ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

(၁) ဗျာဒိတ်ခံယူသည့်နေ့ 🪷
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ 🪷
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ 🪷
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ 🪷
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ 🪷
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

#ကဆုန်လပြည့်နေ့၏ ထူးခြားချက်များမှာ

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။

၁။ ဤကဆုန်လပြည့်နေ့ တွင်မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ ဤရက်ကို
ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၂။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို "ဝိဆခ်ဒေး" ဟုခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၃။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂ စေတီ ထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၄။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်လာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၅။ မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၆။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိ ဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

၇။ ဂန္ဓောဒကတိ ဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်

နှစ်စဉ် နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုများကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည် ======================================

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှတစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်]
🙏

#ဓမ္မအလင်း #ကဆုန်လပြည့်နေ့

✨ H ᗩ Ƥ Ƥ ʸ  ϻ 𝐎 ⓝ ∂ ᗩ ʸ  ✨ရန်ကုန်တိုင်းရဲ့နေရာတော်တော်များများကို 𝑇𝐷𝑀 မှ အိမ်တိုင်ရာရောက် "အခမဲ့" ပစ္စည်းလာယူပေးနေပါတယ်...
27/04/2026

✨ H ᗩ Ƥ Ƥ ʸ ϻ 𝐎 ⓝ ∂ ᗩ ʸ ✨

ရန်ကုန်တိုင်းရဲ့နေရာတော်တော်များများကို
𝑇𝐷𝑀 မှ အိမ်တိုင်ရာရောက် "အခမဲ့" ပစ္စည်းလာယူပေးနေပါတယ်ရှင် 😍

👉 3 ထုပ်ကစပြီး အခမဲ့ ယူပေးတာမို့
1-2 ထုပ်ဆို " စက်ဘီးနဲ့လာယူရရင် 𝑝𝑖𝑐𝑘 𝑢𝑝 𝑓𝑒𝑒 1000 "
" ကားနဲ့ဆို 𝑝𝑖𝑐𝑘 𝑢𝑝 𝑓𝑒𝑒 3000 " ကျသင့်ပါတယ်ရှင်

💵 ငွေလဲတခါတည်းကြိုရှင်းပေးပါတယ်ရှင်

🪙 လစဉ်အထုပ် 300 ပြည့်တဲ့ 𝑂𝑛𝑙𝑖𝑛𝑒 𝑆𝒉𝑜𝑝 တိုင်းကိုလဲ
* 𝐶𝐴𝑆𝐻 𝐵𝐴𝐶𝐾 * တွေပြန်ပေးနေပါတယ်ရှင်

🏠တစ်နိုင်ငံလုံးအိမ်အရောက်ငွေချေ စနစ်ဖြင့်
ပို့ဆောင်ပေးသည့်အပြင်
📦 ဂိတ်ချမလား
🌎 နိုင်ငံရပ်ခြားပို့မလား

😉 ကြိုက်တဲ့နေရာပြော

𝑇𝐷𝑀 မှ အပြေးအလွှား ပို့ဆောင်ပေးနေပါပြီရှင် 🚛⚡

📞 Phone 09 : 403 437 644 / 09 : 793 595 636

🏢 𝐴𝑑𝑑𝑟𝑒𝑠𝑠 : 𝐾𝑦𝑎𝑛𝑠𝑖𝑡𝑡𝒉𝑎𝑟 𝑅𝑜𝑎𝑑, 𝐸𝑎𝑠𝑡 𝐷𝑎𝑔𝑜𝑛, 𝑌𝑎𝑛𝑔𝑜𝑛

27/04/2026

သဘောကျလို့ tik tok ကမလာတာ 🤣

🚛 𝐷𝑒𝑙𝑖 တွေအများကြီးထဲကမှ မင်မင်တို့ 𝑇𝐷𝑀 ကို ရွေးချယ်အပ်နှံပေးကြသည့် လုပ်ငန်းရှင် တစ်ဦး တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအ...
24/04/2026

🚛 𝐷𝑒𝑙𝑖 တွေအများကြီးထဲကမှ
မင်မင်တို့ 𝑇𝐷𝑀 ကို ရွေးချယ်အပ်နှံပေးကြသည့် လုပ်ငန်းရှင် တစ်ဦး တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့် 🥺❣️

📍 ငွေကြိုရှင်းပေးပြီး

📍𝐶𝑎𝑠𝒉 𝐵𝑎𝑐𝑘 ပြန်ပေးတဲ့အပြင်

📍တစ်နိုင်ငံအိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေသည့် 𝑇𝐷𝑀 ပါရှင်

📦 မိမိ ပစ္စည်းအပျောက်အရှမရှိပဲ ယုံကြည် စိတ်ချရသည့် 𝐷𝑒𝑙𝑖 လုပ်ငန်းနှင့် ချိတ်ဆက်ချင်တယ်ဆို မင်မင်တို့ 𝑇𝐷𝑀 ကိုသာ သတိရလိုက်ပါနော် 💯💥

လုပ်ငန်းရှင်များ၊ 𝐶𝑢𝑠𝑡𝑜𝑚𝑒𝑟 များအတွက်
အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးရန် 𝑇𝐷𝑀 မှ အမြဲအသင့်ရှိနေပါတယ်ရှင် 😍

☎️ 09-403 437 644, 09-793 595 636

🏢 𝐾𝑦𝑎𝑛𝑠𝑖𝑡𝑡𝒉𝑎𝑟 𝑅𝑜𝑎𝑑, 𝐸𝑎𝑠𝑡 𝐷𝑎𝑔𝑜𝑛, 𝑌𝑎𝑛𝑔𝑜𝑛

💥 အလုပ်ခေါ်စာ 💥      Rider - 5 ဦးမိမိ ပို့ရင်ပို့နိုင်သလောက် Commission ပိုမိုခံစားခွင့်ရှိသည် အလုပ်လျှောက်ထားသူများသည်📍...
22/04/2026

💥 အလုပ်ခေါ်စာ 💥
Rider - 5 ဦး

မိမိ ပို့ရင်ပို့နိုင်သလောက် Commission ပိုမိုခံစားခွင့်ရှိသည်

အလုပ်လျှောက်ထားသူများသည်

📍 အလယ်တန်းအထိ တက်ရောက်ဖူးသူဖြစ်ရမည်။
ရန်ကုန်မြို့တွင်း သွားလာတတ်ရမည်။

📍 ပေါင်းသင်းဆက်ဆံရေး၊အကျင့်စာရိတ္တ အထူးကောင်းမွန်ရမည်။

📍အလုပ်အပေါ်စိတ်ဝင်စားပြီးသင်ယူလိုစိတ်ရှိသူ၊ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

📍 ရုံးမှချမှတ်ထားသောစည်းမျဥ်း စည်းကမ်း များအားလိုက်နာနိုင်သူဖြစ်ရမည်။

📍 Rider တစ်ဦးလျှင်နီးစပ်ရာမြို့နယ် 3 ခုဝန်းကျင်သွားရပါမည်။

လျှောက်ထားသူများသည် အင်တာဗျူးရက်၌

- CV form
- မှတ်ပုံတင်မူရင်းနှင့်မိတ္တူ
- အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူ
- ရပ်ကွက်ထောက်ခံစာ
အပြည့်အစုံ "ယူကို ယူလာ" ပေးရန်ပါ။

CV from တင်ရန် 👇

🗨️ Viber 09 - 796 582 159 နှင့်

‼️ Page Messenger သို့ သာ Cv form များပေးပို့လျှောက်ထားပေးရန်ပါ။

🏢 Address - ၁၂ရပ်ကွက်၊၁၂ဂိတ်မှတ်တိုင်အနီး၊ ကျန်စစ်သားလမ်းမကြီးပေါ် ၊အရှေ့ဒဂုံ။

📍 Office Assistant (Male / Female – 4 Posts)💰 Salary : 350,000 – 400,000+++ MMKအလုပ်တာဝန်များ🔹 Rider များနေ့စဉ်ယူဆောင်သွ...
22/04/2026

📍 Office Assistant (Male / Female – 4 Posts)

💰 Salary : 350,000 – 400,000+++ MMK

အလုပ်တာဝန်များ
🔹 Rider များနေ့စဉ်ယူဆောင်သွားသည့်ပါဆယ်များကို စာရင်းမှတ်တမ်းယူခြင်း
🔹 Voucher ဖြတ်ခြင်း ၊ Voucher စစ်ခြင်း
🔹 Online Shop များကို စာပြန်ခြင်း ၊ ဖုန်းဖြေခြင်း
🔹 Stock စစ်ခြင်း

Requirements
🔹 ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်။
🔹 Computer Basic အသုံးပြုနိုင်ရမည်။
🔹 Customer Service ကောင်းမွန်ရမည်။
🔹 အလုပ်အပေါ် စိတ်ဝင်စားမှုရှိပြီး သင်ယူလိုစိတ်ရှိရမည်။
🔹 တာဝန်ယူမှုရှိပြီး အဖွဲ့လိုက်လုပ်ကိုင်နိုင်ရမည်။
🔹 အသက်18 နှစ်မှ 25 နှစ်အတွင်းဖြစ်ရမည်။

✨လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
အတွေ့အကြုံမရှိသူများကိုလည်း Training ပေး၍ လက်တွဲခေါ်ယူမည်✨

[ မိမိ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုအပေါ် မူတည်၍ ခံစားခွင့်များ တိုးမြှင့်ပေးမည် 👏 ]

အလုပ်အချိန် 8:30 AM ~ 5:30 PM

🏢 12 ဂိတ်မှတ်တိုင်အနီး၊ ကျန်စစ်သားလမ်းမပေါ်၊ 12 ရပ်ကွက်၊ အရှေ့ဒဂုံ

☎️ 09-403 437 644 , 09-793 595 636

📩 Cv form တင်ရန် Ph no 09 : 796 582 159

#အလုပ်ခေါ်စာ #အလုပ်

"နေ့လည်စာစားချိန်အမှီပို့ပေးမယ်နော်"ဆိုပြီး ပင်လယ်စာတွေ အများကြီးရောက်ချလာတာ 🐙🦪🦞🍲မင်မင်တို့အတွက် နှစ်သစ်လက်ဆောင် ဆိုပြီး...
22/04/2026

"နေ့လည်စာစားချိန်အမှီပို့ပေးမယ်နော်"ဆိုပြီး ပင်လယ်စာတွေ အများကြီးရောက်ချလာတာ 🐙🦪🦞🍲

မင်မင်တို့အတွက် နှစ်သစ်လက်ဆောင် ဆိုပြီး အခုလိုပို့ပေးတဲ့ THE LADIES Online Shop ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🥺🤍

𝙏𝘿𝙈 သည် လုပ်ငန်းစတင်တည်ထောင်သည့် 2019 မှစ၍ 𝙍𝙚𝙩𝙪𝙧𝙣 ပါဆယ်များအား 𝘿𝙚𝙡𝙞 ခ မယူဘဲ "အခမဲ့"  ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါသည်ရှင်...
20/04/2026

𝙏𝘿𝙈 သည် လုပ်ငန်းစတင်တည်ထောင်သည့် 2019 မှစ၍ 𝙍𝙚𝙩𝙪𝙧𝙣 ပါဆယ်များအား 𝘿𝙚𝙡𝙞 ခ မယူဘဲ "အခမဲ့" ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါသည်ရှင် 🚛🆓

သို့သော် ယခုအခါ
📈 စက်သုံးဆီစရိတ်များ တိုးမြင့်လာခြင်းနှင့်
⛽ ဆီရရှိရေးဆိုင်ရာ အခက်အခဲများ (ဆီတန်း ကြာရှည်စွာစောင့်ရခြင်း) တို့အပြင်
ပို့ဆောင်ရေးကုန်ကျစရိတ်များမှာလဲ ပိုမိုမြင့်တက်လျက်ရှိလာပါတယ်ရှင် 🥺

ထို့ကြောင့် —
👉 (21.4.2026) မှ စ၍
𝘾𝙪𝙨𝙩𝙤𝙢𝙚𝙧 ထံသို့ ပစ္စည်းသွားရောက်ပို့ဆောင်သည့်အခါ 𝘾𝙖𝙣𝙘𝙚𝙡 ဖြစ်ပါက 𝙍𝙚𝙩𝙪𝙧𝙣 𝙁𝙚𝙚 အနည်းငယ်ကျသင့်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်

မြို့နယ်အလိုက် 𝙍𝙚𝙩𝙪𝙧𝙣 𝙁𝙚𝙚 သတ်မှတ်ချက်များ
_______________________________________________

👉 𝙍𝙚𝙩𝙪𝙧𝙣 𝙛𝙚𝙚 = 500 𝙆𝙨
• ရန်ကုန်တိုင်း (𝘿𝙚𝙡𝙞 ခ 5000 / 5500 ကျသင့်သော
ဧရိယာများသာ)
• မန္တလေးမြို့တွင်း
• နေပြည်တော်

👉 𝙍𝙚𝙩𝙪𝙧𝙣 𝙛𝙚𝙚 = 1000 𝙆𝙨
• အခြားတိုင်း‌ဒေသများ

🚫 ပို့ဆောင်ရေးလမ်း‌ကြောင်းအခက်အခဲရှိသော ဒေသများဖြစ်သည့်

တာချီလိတ် / ကျိုင်းတုံ / မြဝတီ / မြစ်ကြီးနား / မြိတ် / ထားဝယ် / ကော့သောင်း / လားရှိုး / လွိုင်ကော် သို့ပို့ဆောင်ရသည့်ပါဆယ်များ 𝙍𝙚𝙩𝙪𝙧𝙣 ကျပါက

👉 𝘿𝙚𝙡𝙞 ခ တစ်ကြောင်းစာ ကျသင့်မည်ဖြစ်ပါတယ်ရှင်

𝙏𝘿𝙈 အနေဖြင့် ပစ္စည်းပို့ဆောင်သည့်ဝန်ဆောင်မှုအရည်အသွေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန်အတွက် ယခုလို ပြင်ဆင်ရခြင်းအပေါ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင် 🥺🙏

✨ 𝙏𝘿𝙈 မှ အကောင်းဆုံးဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန်အတွက်လဲ အစဉ်အမြဲကြိုးစားသွားပါမယ်ရှင် 🤍✨

မပျော်တော့ဘူး😭
19/04/2026

မပျော်တော့ဘူး😭

နှစ်သစ် ဆုတောင်း 🙏🙏မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမှာစိတ်နှလုံးရွှင်လန်း အေးချမ်း၍ ရောဂါဘယဘေးမှကင်းဝေးကာ ကိုယ်စိတ်...
17/04/2026

နှစ်သစ် ဆုတောင်း 🙏🙏

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမှာ
စိတ်နှလုံးရွှင်လန်း အေးချမ်း၍
ရောဂါဘယဘေးမှကင်းဝေးကာ
ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေကြောင်း
TDM မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင် 🤍

ပျော်သလား​မေးရင် မ​ပျော်ပါဘူးစိတ်ညစ်​နေတာလား ​မေးရင် အသားကျ​နေပါပြီWe are accustomed in this circumstance.
15/04/2026

ပျော်သလား​မေးရင် မ​ပျော်ပါဘူး
စိတ်ညစ်​နေတာလား ​မေးရင် အသားကျ​နေပါပြီ
We are accustomed in this circumstance.

Address

415, Kyan Sitthar Road, 12th Quarter, East Dagon
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959403437644

Alerts

Be the first to know and let us send you an email when Touch Delivery Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Touch Delivery Myanmar:

Share