  • Home
  • Myanmar
  • Yangon
09677545489
Refilo တံဆိပ် ကျောက်ပတ်တီးများ ပစ္စည်းရောက်ပါတယ် ခင်ဗျာ။ ပတ်တီးသား အဝါရောင်၊ တစ်ဂါလံ ၄ ကီလိုပါ။ လက္ကားသီးသန့်ပဲရပါမယ် ခင...
16/05/2025
Refilo တံဆိပ် ကျောက်ပတ်တီးများ ပစ္စည်းရောက်ပါတယ် ခင်ဗျာ။ ပတ်တီးသား အဝါရောင်၊ တစ်ဂါလံ ၄ ကီလိုပါ။
လက္ကားသီးသန့်ပဲရပါမယ် ခင်ဗျာ။
(၁) ဂါလံ - ၄၅၀၀၀ ပါ
၅ ဖာ အနည်းဆုံး ယူပေးရပါမယ် ခင်ဗျာ။
၅ ဖာ အထက်ယူမည့် ဆိုင်များအတွက် အထူးစျေးရှိပါမယ် ခင်ဗျာ။
နယ်မြို့များအတွက် ကားဂိတ်ချပေးပါတယ် ခင်ဗျာ။
09677545489 သို့ ဆက်သွယ်မှာယူနိုင်ပါတယ် ခင်ဗျာ။
    ယခုအချိန်ထိ ယုံကြည်စွာဖြင့်အားပေးနေသော Customer တစ်ဦးတစ်ယောက်ချင်းစ္အား SSG မှ အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်🥰
27/01/2023
ယခုအချိန်ထိ ယုံကြည်စွာဖြင့်အားပေးနေသော Customer တစ်ဦးတစ်ယောက်ချင်းစ္အား SSG မှ အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်🥰
အားလုံးပဲမဂ်လာပါခင်ဗျာအပိုင်း(4)စလိုက်ရအောင်ဗျာအခုလောက်ဆိုcolourတွေစမ်းသပ်လက်တွေ့စပ်ကြည့်ပြီးလောက်ပြီလို့ယုံကြည်မိပါတယ်ခ...
20/02/2022
အားလုံးပဲမဂ်လာပါခင်ဗျာအပိုင်း(4)စလိုက်ရအောင်ဗျာအခုလောက်ဆိုcolourတွေစမ်းသပ်လက်တွေ့စပ်ကြည့်ပြီးလောက်ပြီလို့ယုံကြည်မိပါတယ်ခင်ဗျာကားမှုတ်ဆေးအမျိုးအမည်solid/ metallic/ pearl ဆိုပြီး3မျိုး3စားခေါ်ဝေါ်ကြပါတယ်ဒီကမှခွဲထွက်သွားကြတာဖြစ်ပါတယ်ရှေ့အပိုင်း(1)မှအပိုင်း(3)အထိကတော့solidမြန်မာအခေါ်ဆေးအသွေးအကြောင်းရှင်းပြခဲ့ပြီးဖြစ်ပါတယ်
အခုမှာတော့metallicအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာmetallicဆိုတာဘာကိုခေါ်တာလည်း?
အလွယ်ပြောကြမယ်အပွင့်ပါရင်metallicဒါအလွယ်ပေါ့နားလည်လွယ်အောင်ပါsilverငွေမှင်ကိုခေါ်တာပါခင်ဗျာအခုmetallicခေါ်silverအကြောင်းရှင်းပြပေးမှာပါ
ငွေမှင်လို့ပြောလိုက်တာနဲ့ပွဲစားလောကအခေါ်အဝေါ်ဓါတ်တိုင်ရောင်လို့သိကြမှာအမှန်ပါပဲsilverမှာဘာဂုဏ်သတ္တိရှိလည်း?အလင်းပါအလင်းသတ္တိရှိပါတယ်အဲ့တော့ရှေ့ကပြောခဲ့သလိုအလင်းအမှောင်သဘောတရားနားလည်ထားရပါမယ်ကျန်တာကတော့အပွင့်သေး(fine) အပွင့်လတ်(medium) အပွင့်ကြီး(coarse)ဆိုပြီးရှိပါတယ်တစ်ဆင့်ခွဲထွက်ပြီးပိုသေးပိုလင်းပိုအပွင့်ကြီးဆိုပြီးခွဲထွက်အမျိုးမျိုးရှိကြပါတယ်ကားမှုတ်ဆေးအရပြောမယ်ဆိုရင်တော့*အပွင့်ကြီးရင်တည့်မှာလင်းပြီးရှိတ်မှာမှောင်ပါမယ် အပွင့်သေးရင်တော့တည့်မှာအလင်းနည်းပြီးရှိတ်မှာလင်းမှာဖြစ်ပါတယ်ဒါအရေးကြီးတဲ့အချက်ပါ*ကျန်တာတော့သူနဲ့ရောစပ်မှုပေါ်မှာမူတည်ပါတယ်ဥပမာsilver+blue=အပြာမက်သလစ်လို့ခေါ်ပြီးကျန်တဲ့ဝါ-စိမ်း-နီ-ပြာ စသည်ဖြင့်ရောစပ်မှုပေါ်အခြေခံပြီးဖြစ်တည်ပါတယ်black+silverနဲ့ရောစပ်မယ်ဆိုရင်တော့ခဲရောင်လို့ခေါ်ဝေါ်ပါတယ်
အဲ့ဒီတော့silverသီးသန့်စပ်တော့မယ်ဆိုရင်တော့အလင်းအမှောင်နားလည်ရမယ်
silver+colourပေါင်းစပ်မယ်ဆိုရင်တော့ရှေ့ကပြောတဲ့ဆေးအသွေးအလင်းအမှောင်သဘောတရားနှစ်မျိုးလုံးပိုင်နိုင်စွာသိထားမှသာလျှင်solid-metallicနှစ်မျိုးစလုံးပိုင်နိုင်ကျွမ်းကျင်စွာစပ်နိုင်မှာဖြစ်ပါတယ်ဆိုတာရေးသားရင်းအပိုင်း(5)မှာပြန်လည်ဆုံတွေ့စို့လားခင်ဗျာအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ssgမိသားစုမှဆုမွန်ကောင်းတောင်လိုက်ရပါတယ်ခဗျာ🙏🙏🙏🙏🙏လိုအပ်သည်များမေးမြန်းလိုပါကcommentတွင်ရေးသားဆွေးနွေးနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ
ဒီတစ်ခါမှာတော့ထုတ်ပိုးမှုပုံစံအသစ်ဒီဇိုင်းအသစ်လေးနဲ့ Spot Puttyပြန်လာပါပြီရှင်🥰သုံးစွဲဖူးသူတိုင်းကြိုက်နှစ်သက်ကျတဲ့အရည်သ...
11/02/2022
ဒီတစ်ခါမှာတော့ထုတ်ပိုးမှုပုံစံအသစ်ဒီဇိုင်းအသစ်လေးနဲ့ Spot Puttyပြန်လာပါပြီရှင်🥰
သုံးစွဲဖူးသူတိုင်းကြိုက်နှစ်သက်ကျတဲ့အရည်သွေးကောင်းputtyလေးပါနော်
ကြံအဖက်မလန်ဘူး👍
ကော်ပတ်တိုက်ရလည်းလွယ်ကူ
ကော်ပတ်တိုက်ရန်အတွက်စောင့်စားချိန်ကလည်း (6မိနစ်)ဘဲဆိုတော့
မသုံးဖူးသေးတဲ့customerများကလည်းယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်ရှင့်😍
အားလုံးပဲမဂ်လာပါခင်ဗျာကဲအပိုင်း(3)လေးစလိုက်ကြရအောင်ဗျာပထမပိုင်းမှာအရောင်တွေရဲ့အခြေခံဒုတိယပိုင်းမှာအလင်းအမှောင်သဘောတရားဒီ...
10/02/2022
အားလုံးပဲမဂ်လာပါခင်ဗျာကဲအပိုင်း(3)လေးစလိုက်ကြရအောင်ဗျာပထမပိုင်းမှာအရောင်တွေရဲ့အခြေခံ
ဒုတိယပိုင်းမှာအလင်းအမှောင်သဘောတရားဒီနေ့တော့အရောင်ဆန့်ကျင်ဘက်(opposite colour)များကိုရှင်းပြပေးမှာဖြစ်ပါတယ် အဲ့ဒီတော့အရောင်တွေစပ်လိုက်ကြရအောင်.....
😇😇😏😏
လူတော်တော်များများထင်မှတ်ကျတဲ့အရာရှိပါတယ်ကျွန်တော်လည်းဟိုးအရင်ကထင်ဘူးတယ်လေ😁😁ဆေးခွက်ထဲမှာဝါနေတာကို အနီ​​​​​ ရောင်ဘက်ကူးခြင်တယ်ဆိုအနီပဲထည့်ရမယ်ထင်ခဲ့တာ
အဲ့လောက်မရိုးရှင်းပါဘူး😫
ဆန့်ကျင်ဘက်colourတွေရှိပါတယ်အဲ့ဒါတွေကတော့
Red&green😱
yellow&violet😱
blue&orange😱
အောက်တွင်ပုံနှင့်တကွဖော်ပြပေးထားပါတယ်ခင်ဗျာဆိုလိုရင်းကတော့အရောင်သတ်တယ်လို့လည်းတနည်းအား​ ဖြင့်ခေါ်ကြပါတယ်အပေါ်မှာပြောသလိုဆေးခွက်ထဲဝါနေတယ်ဆိုခရမ်းနဲ့သတ်လို့ရပါတယ်ပြီးမှအနီရောင်လိုက်ပါမယ် (သတိ)အရောင်သတ်လိုက်တိုင်းမှာဆေးခွက်ထဲကဆေးသည်ပိုရင့်သွားမှာဖြစ်ပါတယ်darkဘက်ကိုသွားမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့အလင်းအမှောင် သဘောတရားအတိုင်းပြန်သွားမှာဖြစ်ပါတယ်ဒါကတော့ရိုးရှင်းပါတယ်အရောင်တစ်ရောင်သတ်ပြီးတိုင်းလိုအပ်ရင်အရောင်နုစေရပါမယ်
ဥပမာ-အဖြူထည့်တာမျိုး ငွေမှင်အလင်း(သို့မဟုတ်)ပုလဲထည့်တာမျိုးကိုဆိုလိုတာပါကျွန်တော်ပြောတဲ့ထဲမှာလိုအပ်မှလို့ပါ ပါတယ်ခင်ဗျာ အရင့်အတိုင်းလိုရင်တော့colourသတ်ပြီး လိုခြင်တဲ့အရောင်တန်းထည့်လို့ရပါပြီကျန်တာတော့ကိုယ့်အချိန်စကိုယ့်အမြင်နဲ့ဆိုင်တာပေါ့ခင်ဗျာပြောခြင်တာဥပမာ
အနီ​ရောင် ထဲအစိမ်း​ထည့်မယ်ဆိုပါတော့အစိမ်းရောင်နည်းနည်းထည့်ရင်အနီနည်းနည်းအရောင်ကျသွားပါမယ်
ထည့်ရင်းထပ်တူကျရင်တော့မှောင်သွားမယ်ညှစ်သွားမှာဖြစ်ပါတယ်okကားတစ်စီးကိုဆေးစပ်ပြီဆို ​ပါစို့ ညီလေးmin lu
အရောင်ကနည်းနည်းစိမ်းနေတယ်ကားကအရောင်နဲ့နည်းနည်းကွာနေတယ်
သေချာပါတယ်ပြေးမကြည့်နဲ့တွေးကြည့်
😇😇😁😁😁ကားအရောင်မှာအနည်းငယ်နီနေပြီပြောခြင်တာဆန့်ကျင်ဘက်colourလိုနေတာပါအရောင်တစ်ရောင်မတူဘူဆိုတာသေချာတယ်အဲ့ဒါဆန့်ကျင်ဘက်ဖြစ်နေလို့ပါမဲနေတယ်အဖြူလိုမယ် ဝါနေတယ်အပြာ(or)ခရမ်းလိုနေမယ်
စိမ်းနေတယ်အနီလိုနေမယ်ပြောချင်တာစိမ်းနေတာအနီရောင်မထည့်ပဲအစိမ်းမပျောက်နိုင်ပါဘူးအဲ့လောက်ဆိုနားလည်သဘောပေါက်မယ်လို့ထင်မိပါတယ်ခင်ဗျာကဲဒီနေ့တော့ဒီလောက်ပါပဲကားဆေးမှုတ်ညီအကိုများဝါသနာရှင်များလက်တွေ့အသုံချကြည့်ပါခင်ဗျာအချိန်တိုအတွင်းအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာကျွန်တော်သိသလောက်မှတ်သလောက်ထပ်တူသိနိုင်ရန်ဆက်လက်ရေးသားတင်ပြသွားပါမယ်ခင်ဗျာအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေလို့ssgမိသားစုမှဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ
🙏🙏🙏🙏🙏🙏🙏🙏🙏
SSG customerများအတွက်နောက်ထပ် Puttyလေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ် အရည်အသွေးကောင်းသောပစ္စည်းများကိုသာအစဉ်အမြဲရောင်းချပ...
09/02/2022
SSG customerများအတွက်နောက်ထပ် Puttyလေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ် အရည်အသွေးကောင်းသောပစ္စည်းများကိုသာအစဉ်အမြဲရောင်းချပေးနေတဲ့SSGကားမှုတ်ဆေးအမျိုးမျိုးရောင်း၀ယ်ရေးဆိုင်မှ Refiloကျောက်Puttyလေးကိုထပ်မံတင်သွင်းရောင်းချပေးနေတာဘဲဖြစ်ပါတယ်
ပတ်တီးသားကျစ်လစ်သိပ်သည်းမှုရှိခြင်း
ပတ်တီးထည့်ရ/တိုက်ရလွယ်ကူခြင်း
ဒဏ်ရာ အကြီး/အသေး အတွက်ပါစိတ်ချလက်ချအသုံးပြုနိုင်ခြင်း👍
ဈေးနှုန်းချိုသာခြင်းတို့ကြောင့် Customerများလုပ်ငန်းခွင်တွင်အသုံးပြုရန်သင့်တော်သောပစ္စည်းအမျိုးအစားဘဲဖြစ်ပါတယ်ရှင်😍
ဆက်သွယ်မှာယူလိုပါက
09954540555
09954540444 သို့မှာယူအားပေးနိုင်ပါတယ်နော်😍
ဆိုင်တွင်လာရောက်၀ယ်ယူအားပေးလိုသောCustomerများကလည်း
အထက်ပုစွန်တောင်လမ်း၊ရုံးလေးမှတ်တိုင်အနီး၊စက်ဆန်းရပ်ကွက်(မီးရထား၀င်း)၊မဂ်လာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့သို့လာရောက်၀ယ်ယူအားပေးနိုင်ပါတယ်ရှင့်
အားလုံးပဲမဂ်လာပါခင်ဗျာကဲအပိုင်း(2)လေးစလိုက်ရအောင်ဗျာကျွန်တော်တို့အပိုင်း(1)မှာရှင်းပြထားသလိုred yellow blueတနည်းအားဖြင့်...
08/02/2022
အားလုံးပဲမဂ်လာပါခင်ဗျာကဲအပိုင်း(2)လေးစလိုက်ရအောင်ဗျာကျွန်တော်တို့အပိုင်း(1)မှာရှင်းပြထားသလိုred yellow blueတနည်းအားဖြင့်primary colourလို့ခေါ်ပြီး ဒီအခြေခံcolour3မျိုးကိုပေါင်းစပ်ပြီးမှထွက်လာတဲ့ orange violet green အရောင်တွေကိုတော့secondary colourလို့ခေါ်ပြီးအပေါ်ကprimary colour+secondarycolourပေါင်းစပ်ပြီးရလာတဲ့yelloworange. redorange. redviolet. blueviolet. bluegreen. yellowgreen အရောင်များကိုတော့tertiary colourလို့ခေါ်ပါတယ်ဒါကတော့သိပ်ကိုအရေးကြီးပြီးသိထားသင့်တဲ့အခြေခံအချက်တွေပါပဲကားမှုတ်ဆေးစပ်ဖို့ပဲဖြစ်ဖြစ်အိမ်သုပ်ဆေးပဲဖြစ်ဖြစ်ပန်းချီဆွဲချင်တာပဲဖြစ်ဖြစ်colourတွေနဲ့ပါတ်သက်လာရင်အခြေခံအားဖြင့်သိကိုသိနေရမှာပါokဒီတော့colourတွေစပ်ကြည့်ကြရအောင်.....အခုရှင်းပြသွားတဲ့colourတွေကိုတော့ကားမှုတ်ဆေးမှာsolid(အပွင့်မပါဗြောင်colour)လို့ခေါ်ပါတယ်ကဲကျွန်တော့်ကိုမေးကြတော့မယ်?ဒါဆိုwhiteနဲ့blackကရောမပါဘူးလား?လာပါမယ်သူတို့ကတော့ဇာတ်လိုက် ကျော်light &darkအလင်းနဲ့အမှောင် အလင်းကတစ်ဖက်မှာရှိမယ်အမှောင်ကတစ်ဖက်မှာရှိမယ်ကြားမှာတော့normalအနေထားပေါ့အဲ့ဒီတော့မျက်လုံးထဲမြင်​ကြည့်ရအောင်လက်ယာဘက်အလင်း
လက်ဝဲဘက်အမှောင်
လက်ယာဘက်white
လက်ဝဲဘက်black
50%+50%=100%ပေါင်းစပ်လိုက်ရင်
မီခိုး ရပါမယ် white+black=gray မီခိုးလို့ဆိုလိုက်တာနဲ့ရိုးရိုးလေးမတွေးပါနဲ့သူ့မှာအဓိကအနု အရင့် တနည်းအားဖြင့်အလင်းအမှောင်ကိုဆိုလိုတာပါအောက်ခံဆေးအခေါ်အဝေါ်နဲ့ပြောမယ်ဆိုရင်valueshades vs1 vs2 vs3 vs4 vs5
vs6 vs7ဆိုပြီးရှိပါတယ်vs1ကတော့အဖြူပါvs7ကတော့အမဲပါ ကြားထဲကvsတွေကတော့အနုအရင့်တွေဖြစ်ပါတယ်vs6ကနေတစ်ဖြေးဖြေးသေးသွားရင်လင်းလာပြီးvs2ကနေတစ်ဖြေးဖြေးကြီးလာရင်မှောင်လာမှာပါအဲ့ဒါအလင်းနဲ့အမှောင်ပါဘဲအဲ့တော့အစားထိုးကြည့်မယ်white&blackနေရာမှာ white&redဖြစ်မယ်ဆို
အဖြူ50%+အနီ50%=100%ပန်းရောင်
အဖြူ60%+အနီ40%=100%ပန်းရောင်အနု
အဖြူ40%+အနီ60%=100%ပန်းရောင်အရင့်
ဟုတ်ကဲ့အဲ့လောက်ဆိုကြိုက်တဲ့colourအစားထိုးစပ်အဲ့ဒါက​ေတာ့light&darkသဘောတရားပါခင်ဗျာအဓိကတော့ဘယ်အရာလုပ်လုပ်အ​
ခြေခံကျဖို့လိုအပ်ပါတယ်လိုချင်တာကမီးခိုးအရင့်စပြီးကိုင်ကတည်းကအဖြူဆိုစလွဲပါပြီအဲ့တော့မေးစရာရှိပါတယ်
ဘယ်ဆေးအရင်ထည့်ထည့်အရောင်တူဖို့ပဲမလားလို့?ဟုတ်ပါတယ်ဒါပေမယ့်အရင့်လိုခြင်တာကိုအဖြူစထည့်တော့အမဲအများကြီးလိုက်ရတာပေါ့အချိန်ပိုကြာမယ်လိုချင်တဲ့weigh ကျော်သွားမယ်ဒါကြောင့်အခြေခံကျကျဆေးစပ်ဖို့လိုတယ်ဆိုတာရေးသားရင်းနောက်အပိုင်း(3)မှာပြန်လည်ဆုံတွေ့ကျစို့လားခင်ဗျာ......ကားမှုတ်ဆေးလုပ်ငန်းရှင်များနဲ့ဝသနာရှင်များအားလုံးssgကားမှုတ်ဆေးရောင်းဝယ်ရေးမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏🙏🙏🙏
အားလုံးပဲမဂ်လာပါခင်ဗျာအပိုင်း(1)လေးစလိုက်ကြရအောင်အရင်ဆုံးcomputerစပ်ဆေးလေးအကြောင်းရှင်းပြပါရစေcomputerစပ်ဆေးဆိုတာကတော့ကာ...
07/02/2022
အားလုံးပဲမဂ်လာပါခင်ဗျာအပိုင်း(1)လေးစလိုက်ကြရအောင်အရင်ဆုံးcomputer
စပ်ဆေးလေးအကြောင်းရှင်းပြပါရစေ
computerစပ်ဆေးဆိုတာကတော့ကားအမျိုးစားများအားလုံး၏အရောင်များကိုcode no များဖြင့်အလွယ်တကူစပ်နိုင်ရန်formulaများဖြင့်ဖန်တီးထားခြင်းဖြစ်ပါတယ်ဒီနေရာမှာမေးစရာရှိပါတယ်
အရောင်အားလုံးထပ်တူကျနိုင်လား?
ကားအသစ်တစ်စီးဆိုရင်တော့ထပ်တူကျနိုင်ပါတယ်သို့သော်လည်း၎င်းကားထုတ်လုပ်ရေးစက်ရုံမှအသုံးပြုထားသောဆေးအမျိုးအစားကွာဟမှုကြောင့်
100%မရနိုင်တာတော့အမှန်ပါဘဲနေပူထဲမောင်းမယ်မိုးရွာထဲမောင်းမယ်ရေမဆေးတာကြာလို့clearတွေဝါလာမယ်ဆေးတွေအထပ်ထပ်ပြန်မှုတ်မယ်စသည်ဖြင့်အမျိုးမျိုးပေါ့ဗျာအဲ့ဒီတော့ဒါတွေကိုဖြေရှင်းဖို့colourတွေကိုထိန်းညှိပေးဖို့ပညာရှင်တွေလိုအပ်လာတယ်အဲ့ဒီတော့colourရဲ့သဘောတရားတွေနားလည်ဖို့အရေးကြီးလာတယ်ပေါ့ဗျာကိုယ်တိုင်ဆေးစပ်ကိုယ်တိုင်ဆေးမှုတ်နိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ.....
ပထမအနေနဲ့colourတွေရဲ့အခြေခံ..R YB အကြောင်းလေးစလိုက်ရအောင်Rဆိုတာကေတာ့red အနီရောင်ပါ Yကေတာ့yellowအဝါရောင်ပါ Bကေတာ့blueအပြာရောင်ပါအဲ့ဒီအရောင်သုံးမျိုးသည်အခြေခံcolourဖြစ်ပါတယ်colourနှစ်ခုပေါင်းစပ်ပြီးအနီဖြစ်အောင်စပ်လို့မရပါဘူးအဝါဖြစ်အောင်လည်းမရပါဘူးအပြာဖြစ်အောင်လည်းမရပါဘူးဒါတွေကိုပင်မအရောင်တွေလို့လည်းခေါ်ဆိုလို့ရပါတယ်အောက်ပုံတွင်ဇယားနဲ့ဖော်ပြပေးထားပါတယ်ပြီးရင်တော့အခြေခံကျတဲ့ပေါင်းစပ်မှုတွေသိထားရပါမယ်ဥပမာ-အနီကစပြီးစက်ဝိုင်းပုံသဏာန်ပေါင်းစပ်ကြည့်ရအောင်
အနီ+အဝါ+အပြာ=?
အနီ+အဝါ=လိမ္မော်
အဝါ+အပြာ=အစိမ်း
အပြာ+အနီ=ခရမ်း
အဲ့ဒီပေါင်းစပ်မှုတွေရဲ့ကြားမှာသန်းပေါင်းများစွာသောအရောင်တွေမရေတွက်နိုင်အောင်ရှိနေပါတယ်ဆိုလိုချင်တာအနီရောင်ဘယ်နှစ်ရောင်ရှိနိုင်မလဲဥပမာလူကြီးမင်းတို့ကားအနီရောင်
ဆိုင်ကယ်အနီရောင်ရေခွက်အနီရောင်စက်ဘီးအနီရောင်စသည်ဖြင့်များပြားသောအနီရောင်များမတူကြပါဘူးwhy?ပင်မအနီရောင်ကိုအခြားသောcolourများပေါင်းစပ်ထားလို့ဖြစ်ပါတယ်အဲ့ဒီတော့အပေါ်ကအခြေခံကျအရောင်တွေကိုနားလည်ဖို့အရေးကြီးပါတယ်လို့ရေးသားရင်း.......အပိုင်(2)မှာပြန်လည်ဆုံတွေ့ကြစို့လားဗျာအားလုံးကိုssgကားမှုတ်ဆေးရောင်းဝယ်ရေးမှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..🙏🙏🙏🙏
🐯 Happy Chinese New Year 🐯၂၀၂၂ ခုနှစ်တွင် ကျရောက်သော တရုတ်နှစ်သစ်ကူး ကျားနှစ်သစ်မှစ၍ 🧧 စီးပွားလာဘ်လာဘတွေတိုးတက်ပါစေ🧧 ဥစ္...
31/01/2022
🐯 Happy Chinese New Year 🐯
၂၀၂၂ ခုနှစ်တွင် ကျရောက်သော တရုတ်နှစ်သစ်ကူး ကျားနှစ်သစ်မှစ၍
🧧 စီးပွားလာဘ်လာဘတွေတိုးတက်ပါစေ
🧧 ဥစ္စာဓနတွေတိုးပွါးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
🛑🛑Wishing all our staff and clients a happy and prosperous Lunar New Year 🛑🛑
🐅🐅May the year of the Tiger be filled with good health and every success 🐅🐅
💵💴💰💴💵💰💵💴💰
လွတ်လပ်ရေးနေ့🇲🇲🇲🇲🇲🇲🇲🇲မြန်မာပြည်လွတ်လပ်ရေးရအောင် အားထုတ်ကြိုးပမ်းခဲ့ကြသော သူရဲကောင်းများအား သတိရအောက်မေ့ရင်း၂၀၂၂ ခုနှစ်၊ ...
04/01/2022
လွတ်လပ်ရေးနေ့🇲🇲🇲🇲🇲🇲🇲🇲
မြန်မာပြည်လွတ်လပ်ရေးရအောင်
အားထုတ်ကြိုးပမ်းခဲ့ကြသော
သူရဲကောင်းများအား
သတိရအောက်မေ့ရင်း
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်
(အင်္ဂါနေ့) တွင်ကျရောက်သော
(၇၄) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား
SSG မိသားစု မှ
လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
==========================
May your New Year be filled with cheer, love, and happiness! Warmest wishes to you and your family!ပျော်ရွင်စရာ နှစ်သစ်မ...
31/12/2021
May your New Year be filled with cheer, love, and happiness! Warmest wishes to you and your family!
ပျော်ရွင်စရာ နှစ်သစ်မှာ အောင်မြင်မှု များစွားပိုင်ဆိုင်နိုင်ပါစေလို့ SSG မိသားစု မှ ဆုတောင်းမေတ္တာပေးပို့အပ်ပါသည်။
Address
Yangon
Opening Hours
Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Telephone
+959954540555
Website
Alerts
Be the first to know and let us send you an email when SSG ကားမှုတ်ဆေးအမျိုးမျိုးရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to SSG ကားမှုတ်ဆေးအမျိုးမျိုးရောင်းဝယ်ရေး:
Share