Kone Si - ကုန်စည်

Kone Si - ကုန်စည် The cost-effective logistics & supply chain solution for businesses shippers.

Export logistics
Heavy duty cold chain trucks —> 12w, 40ft, 45ft reefer trailers

Import logistics
တရုတ် > ထိုင်း > မြန်မာ ကာဂိုဝန်ဆောင်မှု့
CN ports > Thai ports > Myanmar borders to Yangon WH
Sea, land cargo service
Cross border logistics provider

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏🙏🙏~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ......
29/07/2026

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ........
သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့ စွန့်ခွါထွက်သွားပြီးသည့် နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ရောက်တော်မူလေသည်။

ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန် ချက်အရအဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြဒိယပ ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။ ပထမဦးစွာ စျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှ တစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည် ။ ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည် ။ သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ။ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ရောက်ခဲ့ ကြလေသည် ။ မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏။

ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုး သင်္ကန်းဝတ်ရုံလျက် ပင်ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏။ ဆည်းဆာညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်ပြီးလျက်ရှိ၏။

ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည် ။ ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်။ ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။ ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏ တရားနာယူကြရန်လည် တဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့် သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။ ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြားတော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများအနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌ အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကိုဟောကြားတော်မူခဲ့သည်။ ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည် ။ ထိုနေ့ကို လည်း '' ရဟန္တာ ''နေ့ ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ့'' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

Credit to original uploader
🙏🙏🙏

📣📣📣 ကုန်စည်ရဲ့ Export အတွက် ပို့ဆောင်ပေးနေရမှု့လေးပါ 🚚🚚🚚 မိတ်ဆွေတို့ရဲ့ အအေးခန်းလိုအပ်တဲ့ Export Import ကုန်စည်များအတွက်...
21/07/2026

📣📣📣 ကုန်စည်ရဲ့ Export အတွက် ပို့ဆောင်ပေးနေရမှု့လေးပါ
🚚🚚🚚 မိတ်ဆွေတို့ရဲ့ အအေးခန်းလိုအပ်တဲ့ Export Import ကုန်စည်များအတွက် Heavy duty cold chain trucks တွေ ကုန်စည်မှာ ရှိပါတယ်ခင်ဗျာ

👋 မြို့ထဲနယ်ဝေးပို့ဆောင်ရေးတွေအတွက် လိုအပ်ရင် ဟဲလိုလိုက်ပါ

📱 Hotline: 09979949994, 09961009977

မိတ်ဆွေကုန်သည်တို့ 📣📣📣🚚🚚🚚 ရာသီချိန်တွေမှာ အအေးခန်းကားလိုအပ်ချက်အတွက် Logistics အတွေ့အကြုံ 8 နှစ်တာ ရင့်သန်နေပြီဖြစ်တဲ့ က...
06/07/2026

မိတ်ဆွေကုန်သည်တို့ 📣📣📣
🚚🚚🚚 ရာသီချိန်တွေမှာ အအေးခန်းကားလိုအပ်ချက်အတွက် Logistics အတွေ့အကြုံ 8 နှစ်တာ ရင့်သန်နေပြီဖြစ်တဲ့ ကုန်စည် ရှိနေပါတယ်
💥 အခုပဲ ချိတ်ဆက်လိုက်ပါ

⚡️Hotline: 09961009977, 09979949994

နှစ်သစ်မင်္ဂလာပါရှင် 😇မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့နှစ်ဆန်း (၁) ရက်နေ့ကစလို့ ၇ရက်သားသမီးအပေါင်းတစ်နှစ်ပတ်လုံး ကိုယ...
17/04/2026

နှစ်သစ်မင်္ဂလာပါရှင် 😇
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့နှစ်ဆန်း (၁) ရက်နေ့ကစလို့ ၇ရက်သားသမီးအပေါင်းတစ်နှစ်ပတ်လုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး စီးပွါးဥစ္စာဒီရေအလားတိုးတက်ကာကောင်းကျိုးလိုအင်ဆန္ဒတွေနဲ့ ပြည့်စုံကြပါစေလို့ KoneSi Logistics မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

Address

No. 2, Aye Yiek Mon 1st Street, 3rd Ward, Hlaing Township
Yangon
11052

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959979949994

Alerts

Be the first to know and let us send you an email when Kone Si - ကုန်စည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kone Si - ကုန်စည်:

Shortcuts

Share