Golden Future Linkage - Logistics Solution

Golden Future Linkage - Logistics Solution STRENGTH BEHIND YOU FOREVER

23/01/2020

FYI

11/10/2018

ကမ်းနားလမ်း(အမြန်လမ်း)တွင် Container ကားများ မကြာခဏပိတ်ရခြင်းကို ဖြေရှင်းမည်ဆိုပါလျင်

ယခင်က ကွန်တိန်နာကားများ နည်းပါးခြင်း၊ ကားကြပ်မှု သိပ်မရှိသော အချိန်က ကွန်တိန်နာကားများကို ဆိပ်ကမ်းအတွင်းရောက်မှ customs မှ စစ်ဆေးမှု ပြုလုပ်ခြင်းဟာ ပြသနာ မဟုတ်ခဲ့သလို ဆိပ်ကမ်းများကလည်း ဆိပ်ကမ်းတွင်း ဝင်ရောက်ရပ်နားခ ရလို့ အဆင်ပြေနေခဲ့ကြပါတယ်။

>>Traffic Congestion
ယခုလို ကားများ ကြပ်လာသောအခါ ဆိပ်ကမ်းအတွင်းရောက်မှ customs မှ စစ်ဆေးခြင်းစနစ်ဟာ traffic congestion ကို အကြီးအကျယ် ပြသနာ ဖြစ်နေစေခဲ့ပါပြီ။ ကွန်တိန်နာများကို တစ်လုံးပြီးတစ်လုံး ဖွင့်ဖောက်စစ်မယ်၊ Scan ဆွဲမယ် ဆိုတာကြောင့် အချိန်ယူရပါတယ်။

>>International Practices
သူများနိုင်ငံတွေမှာ ကွန်တိန်နာ မီလီယံနဲ့ချီ တင်ပို့နေတာ ဘာကြောင့်ဒီပြသနာ မကြားရသလဲ?

အခြားတိုင်းပြည်များမှာ ကွန်တိန်နာ စစ်ဆေးခြင်း နဲ့ X-ray scanning ကို ဆိပ်ကမ်းပြင်ပမှာပဲ ဆောင်ရွက်ပါတယ်။

ICD Yard တစ်ခုထဲမှာ ဖြစ်ဖြစ်၊ stuffing လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ designated area သတ်မှတ်စစ်ဆေးပြီး Container Seal လုပ်ပေးလိုက်ပါတယ်။

ဆိပ်ကမ်းထဲမှာ 1% - 10% ထက်ပို မစစ်တော့ဘူး။

>>Root cause

ဒါကြောင့် ဆိပ်ကမ်းထဲကျမှ ကွန်တိန်နာ တစ်လုံးချင်း ဖွင့်ဖောက် စစ်ဆေးနေခြင်းဟာ ခုချိန်မှာ မသင့်တော်တော့ဘူးဆိုတာ အကြိမ်ကြိမ် အကြံပြုခဲ့ဖူးပါတယ်။

ဌာနချင်း ပေါင်းစပ်ညှိနှိုင်းတဲ့နေရာမှာ အားနည်းမှုတွေကြောင့် မအောင်မြင်သေးတာ တွေ့ရပါတယ်။ (မပြောင်းချင်တာလဲ ပါကောင်းပါနိုင်ပါတယ်။)

>>Maritime Security

ယခင် international maritime security cooperation program နဲ့ အဖွဲ့အစည်းများက လာရောက်စစ်ဆေးတဲ့အချိန်တွေမှာ ဆိပ်ကမ်းတွင်းမှာ ကွန်တိန်နာတိုင်းကို 100% scanning လုပ်တယ်ဆိုတော့ သူတို့က တအံ့တသြဖြစ်ကြတယ်။

တယ်ပြီး security ကောင်းပါလားပေါ့။ (အမှန်က ဆိပ်ကမ်းထဲကျမှ အစကပြန်စစ်တာလို့ သူတို့မထင်ခဲ့ကြဘူး။ အပြင်မှာ စစ်ပြီးသား seal ပိတ်ပြီးသားကို 100% ထပ်စစ်တယ် ထင်နေကြတာ။)

တကယ်တော့ ဆိပ်ကမ်းထဲ အားလုံးလာပြီး ဖွင့်ဖောက်အစစ်ခံ ပြီးမှ seal ပိတ်ပြီး သင်္ဘောပေါ် တင်တာကိုး။

ဒီလို practice တွေကလဲ ကြန့်ကြာမှုတွေရှိတယ်ဆိုတဲ့ feedback တွေကြောင့် Red Channel; Green Channel တွေထားပြီး အားလုံးကို မစစ်တော့ပဲ ရာခိုင်နှုန်းအချို့ လောက်ကိုပဲ စစ်တော့တယ်။

Exporter ရဲ့ နာမည်ပေါ်လိုက်ပြီး ရာခိုင်နှုန်းဘယ်လောက် စစ်မလဲ ဆုံးဖြတ်တယ်။ (Risk Assessment & Risk Profile ခွဲပြီးလုပ်တယ်ပြောရမယ်။)

အဲဒီမှာလဲ Green channel ကထွက်ခွင့် ရသွားလို့ မသိလိုက်တာပါဆိုပြီး တားမြစ်ကုန်စည်တွေ ပါသွားမယ်၊ destination ရောက်တော့မှ ဖမ်းမိလို့ သတင်းထုတ်ပြန်တော့မှ သိရမယ်။

>>အကြံပြုချက်

ဒီစနစ်ကို ပြင်ဖို့လိုနေပါတယ်။

(၁) Customs များကို ဆိပ်ကမ်းထဲကျမှ မစစ်စေဘဲ၊ ICD Yard တစ်ခုမှဖြစ်ဖြစ်၊ Container stuffing လုပ်တဲ့နေရာမှာ ဖြစ်ဖြစ် 100% စစ်ဆေးစေသင့်ပါတယ်။ စစ်ဆေးပြီးတာနဲ့ seal ခပ်လိုက်ပါ။ Container Tracking System အသုံးပြုပါ။

(၂) Port Security personnel ဆိပ်ကမ်းအဝင်မှာ Container seal သေချာစစ်ပါစေ။ ဆိပ်ကမ်းထဲမှာ Customs စစ်ဆေးခြင်းကို Risk factor ပေါ်လိုက်ပြီး 1% to 10% လောက်ပဲ လိုအပ်သလို X-ray နဲ့ ထပ်စစ်တာမျိုးဖြစ်သင့်ပါတယ်။

ဒီလိုနစ်ကို ပြင်ဆင်လိုက်ရင် -
> ဆိပ်ကမ်းမှာ တန်းစီစောင့်ဆိုင်းရတဲ့အချိန်တွေ၊

> traffic congestion တွေ၊

> trade security နဲ့ contraband/smuggling တရားမဝင်ကုန်စည်ကိစ္စတွေ
ထိရောက်စွာတားဆီးနိုင်မယ်ထင်ပါတယ်။

> ကားကြပ်တဲ့ပြသနာ အလိုလို ဖြေရှင်းပြီးသားဖြစ်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံရေကြောင်းအတတ်ပညာရှင်များအသင်း Myanmar Nautical Association(MNA)

Credit - Original Uploader

01/01/2018

Happy New Year 2018 !!!!

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စီးပွားလာဘ်လာဘများတိုးပွားစေခြင်း အလို့ငှာ GFL Co., Ltd မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

GFL FAMILY

30/12/2017



11/10/2017

ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရောင်းချနေသည့် စီးပွားရေးလုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့်လျှောက်ထားနိုင်ကြောင်း MIC ကြေညာ

နေပြည်တော် အောက်တိုဘာ ၁၁

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့်(သို့မဟုတ်)သက်သာခွင့်များလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ယမန်နေ့တွင်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် MIC၏ အတည်ပြုမိန့်နှင့်ခွင့်ပြုမိန့်မရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်များလျှောက်ထားနိုင်ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့်မှလွဲ၍ အခြားအခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များလျှောက်ထားနိုင်ကြောင်းပါဝင်သည်။

ပြည်တွင်းမှထုတ်ကုန်များပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရန်နှင့် တွင်ကျယ်စွာလုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်စေရန်အတွက် ပြည်ပမှတင်သွင်းလာသည့်ကုန်ကြမ်းပစ္စည်းများနှင့်တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသောပစ္စည်းများပေါ်တွင် အခွန်ကင်းလွတ်ခွင့်(သို့မဟုတ်)သက်သာခွင့်ကို ရရှိမည်ဖြစ်သည်။

ထို့အပြင် ပြည်ပမှကုန်ကြမ်းများတင်သွင်းပြီးပြည်တွင်း၌ထုတ်လုပ်ကာ ပြည်ပသို့ပြန်လည်တင်ပို့ရောင်းချရာတွင်လည်း တင်သွင်းခဲ့စဉ်ကပေးဆောင်းခဲ့ရသည့်ကုန်ကြမ်းနှင့်တစ်စိတ်တစ်ပိုင်းကုန်ပစ္စည်းများအတွက် အကောက်ခွန်ဖြစ်စေပြည်တွင်းအခွန်ကောက်များဖြစ်စေ၊နှစ်မျိုးလုံးဖြစ်စေ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရာတွင်လိုအပ်သည့် စက်ကိရိယာအစိတ်အပိုင်းနှင့် စက်အရန်ပစ္စည်းစသည်တို့အတွက်တင်သွင်းလာပါက အခွန်ကင်းလွတ်ခွင့်(သို့မဟုတ်)သက်သာခွင့်များ ရရှိတော့မည်ဖြစ်သည်။

MIC မှ ရင်းနှီးမြုပ်နှံမှုဥပဒေ ပုဒ်မ၇၇(ခ)(ဂ)နှင့်(ဃ)ပါ အခွန်းကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခံစားလိုပါက လျှောက်ထားနိုင်ကြောင်း ယမန်နေ့ကကြေညာခဲ့ခြင်းဖြစ်သည်။

အောင်ပြည့်စုံ

01/08/2017

GFL Co., Ltd မိသားစုမှ လှုဒါန်းထားသော အလှုလေးတခုပါ

သာဓုခေါ်ဆိုနိုင်ပါရန် မျှဝေလိုက်ပါသည်။

GFL Family

19/07/2017

နှစ် ၇၀ ပြည့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား GFL မိသားစုမှ ဂါရဝပြုအပ်ပါသည်။

GFL မိသားစု

2016 မှသည် 2017 နှစ်သစ်ဆီသို့ လျှောက်လှမ်းရမည့် လမ်းခရီးများ သာယာပါစေကြောင်း .........GFL Co., Ltd မိသားစုမှ ဆုမွန်ကောင်...
31/12/2016

2016 မှသည် 2017 နှစ်သစ်ဆီသို့ လျှောက်လှမ်းရမည့် လမ်းခရီးများ သာယာပါစေကြောင်း .........

GFL Co., Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

1st Anniversary
20/12/2016

1st Anniversary

ဒီဇင်ဘာ ၂၀ ရက်နေ့

ဒီနေ့လေးဟာ ကျွန်တော်တို့ GFL Co., Ltd ရဲ့ ရုံးခန်းလေး အသက်ဝင်တာ တစ်နှစ်တာလွန်မြောက်တဲ့ အမှတ်တရနေ့လေးပါပဲ......

မည်သည့်လုပ်ငန်း၊ မည်သည့်အခန်းဏ္ဍမှာမဆို ဝန်ဆောင်မှုအပိုင်းကို တစ်ရက်ထက် တစ်ရက်၊ တစ်လထက် တစ်လ၊ တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန် ပြည့်စုံသော ဝန်ဆောင်မှုများကို GFL မိသားစုမှ ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Golden Future Linkage Co., Ltd

Address

No. 22(Ground Flr), Padauk Pin Street, Kyee Myin Daing Township
Yangon
11101

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+959775151500

Alerts

Be the first to know and let us send you an email when Golden Future Linkage - Logistics Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share