DTK Fresh Fruits & Vegetables

DTK Fresh Fruits & Vegetables Agricultural products distribution & servicing industry Agricultural Service

10/02/2022
ကဲ..ဘောစိတွေရေ ဈေးပြန်ရောင်းတော့မယ်နော်😀
08/09/2021

ကဲ..ဘောစိတွေရေ
ဈေးပြန်ရောင်းတော့မယ်နော်😀

31/12/2020

HAPPY NEW YEAR 2️⃣0️⃣2️⃣1️⃣ ကို ကြိုဆိုလိုက်ပါတယ်နော်🍓🍓💕💕💕💕💕💕💕💕💞

D. T. K ရဲ့ စတော်ဘယ်ရီသီးလေးတွေ ခူးနေပီနော်...လိုအပ်တဲ့သူများ ကြိုတင်၍စိတ်ကြိုက် မှာယူနိုင်ပါပြီ ခင်ဗျာ..🍓🍓🍓🍓🍓
21/12/2020

D. T. K ရဲ့ စတော်ဘယ်ရီသီးလေးတွေ ခူးနေပီနော်...
လိုအပ်တဲ့သူများ ကြိုတင်၍
စိတ်ကြိုက် မှာယူနိုင်ပါပြီ ခင်ဗျာ..🍓🍓🍓🍓🍓

06/08/2019

🔜အစာလည်းဆေး
🔜ဆေးလည်းအစာ

"နာနတ်သီး"အကြောင်း
""""""""""""""""""""""""""""
မိတ်ဆွေတို့သိစေဖို့
"""""""""""""""""""""""""
ဆေးသိပ္ပံသုတေသီတို့တွေ့ရှိချက်အရနာနတ်သီးအစွမ်းကြီးပုံမှာအံ့ဖွယ်လိလိဖြစ်တော့သည်။
"ခြုံကြားထဲကမင်းကုသ၊ခေါင်းပေါင်းစနှင့်ထ” ဟူသော နာနတ်သီး စကားပုံရှိပါသည်။

ကျန်းမာရေးအသိရှိသူတို့ နာနတ်သီးကိုယခုအခါ "အစားလည်းဆေး ဆေးလည်းအစာ"အဖြစ်ခေတ်တခေတ်ထ၍စားနေကြလေပြီ။

နာနတ်သီးနှင်ပတ်သက်သော သုတေသီတို့တွ့ရှိချက်များနှင့် အရှင်နာဂသိန်ဆေးကျမ်းတွင် လူသားတို့ကျန်းမာရေးအတွက်အကျိုးရှိကြောင်းဖတ်ရှုမှတ်သားရသည်။

ပင်ပန်းနွမ်းနှယ်သူတို့နာနတ်သီးကိုစားလိုက်သည်နှင့်ရင်ကိုအေးမြစေကာအမောအပန်းပြေသွားတတ် လေသည်။ နာနတ်သီး၌ကိုလက်စထရော ပါဝင်မှု နည်းပါး၍ လူသားတို့ ၏ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့စုဝေးရာအရင်းအမြစ်လည်း ဖြစ်သည်။

နာနတ်သီးသည် Bromelain ဟု ခေါ်သော အင်ဇိုင်း တစ်မျိုး ပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်ပါသည်။ အထူးသဖြင့်အသီး အလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က ကျန်းမာရေးကို ကောင်းစွာအကျိုးပြုသည်။

အကိုက်အခဲပျောက်ဆေး(NSAIDs)
များထက်ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ် လွဲပြီးနောက် ဖြစ်တတ် သော ရောင်ရမ်းနာကျင်မှုတို့ကို ထိထိ ရောက်ရောက် သက်သာစေပါသည်။သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ခြင်းနှင့်ဆက်စပ်သော နှလုံးရောဂါများကိုကာကွယ်ဟန့်တားပေးနိုင်ပါသည်။

သွေးလည်ပတ်၊ စီးဆင်းမှုကိုလည်း တိုးတက်ကောင်း မွန်စေပါသည်။ ဓမ္မတာရာသီလာစဉ်ကိုက်ခဲမှုကိုသက်သာစေပါသည်။ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင်၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာ ရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကိုသက်သာ စေပါသည်။

#ဒူးနာသူနှင့်နာနတ်သီးဆေးသုတေသန
ခွဲစိပ်ခန်းဝင်ပြီးနောက် အနာကျက် အမြန်ကျက်စေ ရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီ ဆေးသုတေသီများ က တိုက်တွန်းထားကြပါသည်။ လွန်ခဲ့သော ၃-လခန့်က အရိုးပွခြင်း ကြောင့် ဒူးနာဝေဒနာခံစားနေရသောလူနာ ရှစ်ဦးကို နာနတ်သီး ကျွေးပြီး Pityriasis lichenoides chronica (PLC) နည်းဖြင့် စမ်းသပ်ခဲ့ရာ ရောဂါပျောက်ကင်း ကြောင်း တွေ့ရှိခဲ့ပါသည်။

#နာနတ်သီးနှင့်ဆေးအသုံးဝင်မှု
နာနတ်သီးသည် သဘာဝအစာအိမ်မှ ထွက်သောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး၊ ၀မ်းဖောဝမ်းယောင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာနှင့်လေပူထိုးခြင်းတို့ကို သက်သာစေပါသည်။ ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ပန်းနာရင်ကြပ်ကို သက်သာပျောက်ကင်းစေပါသည်။ ချွဲသလိပ်ကြေစေပါသည်။

#အရေပြားကင်ဆာ၏ဖြေဆေး
ယနေ့ အမေရိကန် နိုင်ငံတွင် အဖြစ် အများ ဆုံးကင်ဆာမှာ အရေပြားကင်ဆာ ရောဂါဖြစ်ပြီး လူဦးရေ မီလီယံ ၃ ဒသ်သမ၅သန်းခန့် နှစ်စဉ်ခံစား နေကြရပါသည်။ နာနတ်သီးက ထိုအရေပြား ကင်ဆာရောဂါ အတွက် ဖြေဆေးတစ်ခွက် ဖြစ်ကြောင်း ဆေးပညာနယ် ဆောင်းပါးထဲတွင် ဖော်ပြ ထားပါသည်။

#လူသားတို့အတွက်ကောင်းကျိုးအလားအလာ
အိန္ဒိယ ဆေးသုတေသီ များကလည်း Bromelain အင်ဇိုင်းဖြင့် ကြွက်များကို စမ်းသပ်ခဲ့ရာ၊ ၃၅ ရာခိုင်နှုန်း တိုးတက်မှုရှိ ခဲ့သဖြင့် လူသားများအတွက်လည်း အလား တူ ကောင်းကျိုး သက်ရောက်မှု ဖြစ်စေမည်ဟု အခိုင်အမာ အတည်ပြုထားပါသည်။

#ကလေးများသံကျစေသောနာနတ်
နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့၍ ကလေးများကို ကျွေးပါက၊ သံကျစေပါသည်။

#အမြင်အာရုံကောင်းစေရန်
နာနတ်သီး ထဲတွင် beta-carotene အမြောက်အမြား ပါရှိသည့် အတွက် အမြင်အာရုံကို ကောင်းမွန် စေနိုင်ပါသည်။ နေ့စဉ်နာနတ်သီး တစ်ခွက်စာကို သုံးကြိမ်တိတိ ပုံမှန်စားခြင်း ပေးခြင်းဖြင့် သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်း ရောက်သောအခါမှာ အမြင်လွှာယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းထိလျော့နည်းပေးနိုင်ပါသည်။

#သဘာဝဆီးရွှင်ဆေးနာနတ်သီး
သုတေသန မှတ်တမ်းများအရ၊ ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ် လည်အောင်သောက်ရင်း၊ နာနတ်သီးကိုပါ တွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန် တိုအတွင်း ကင်းဝေးစေသည် ဆိုပါသည်။

#အသားမာကြွက်နို့နှင့်နာနတ်
ကုသရန်ခက်ခဲသော ကြွက်နို့များ အတွက် နာနတ်သီးအရည်ကို ကြွက်နို့ပေါ် တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာထားပါ။ ထိုနည်းအတိုင်း နေ့စဉ်မှန်မှန် လုပ်ပေးခြင်း ဖြင့် ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းနိုင်ပါသည်။ အသားမာများ အတွက်လည်း သုံးနိုင်ပါသည်။

#သွေးတိုးအတွက်
စပိန်၏သုတေသနနာနတ်သီးသည် သွေးပေါင်ချိန် ကျဆင်းစေသည့်အပြင်၊ သွေးအတွင်းကို လက်စထရောများကို လျော့ကျစေနိုင်သော ကြောင့်သွေးတိုးရောဂါ မဖြစ်စေနိုင်ပါ။ နာနတ်သီးကို ပုံမှန်စားသုံးလေ့ရှိသူ အယောက် ၂၀၀၀ အား သုံးနှစ်ကြာ သုတေသနပြု ခဲ့ရာ၌ ထိုသူတို့တွင် သွေးတိုးရောဂါဖြစ်ပွားမှု ၁၈ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိရသည်ဟု စပိန်သုတေသနပညာရှင်များက ဆိုပါသည်။

#နှလုံးသွေးကြောကျဉ်းသူ
နာနတ်သီးကို သီတင်း တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးပေးသူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု အခွင့်အရေး အလွန်နည်းပါးပါသည်။

#အရိုးများခိုင်မာစေသောနာနတ်
နာနတ်သီးတွင် မဂ္ဂနီးစ်သတ္တု ဓာတ်ကြွယ်ဝ စွာပါရှိခြင်းကြောင့် အရိုးများကို ကျန်းမာကြံ့ခိုင်စေပြီး၊ အရိုးနှင့်ဆက်စပ်သောတစ်ရှူး၊ အရွတ်၊ အကြော တို့ကိုပါ သန်စွမ်းအားကောင်းစေပါသည်။ ထို့ကြောင့် လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများ အတွက် အရိုးသန်စွမ်းကြီးထွားမှု မြန်ဆန်စေပြီး၊ လူကြီးပိုင်းများအတွက် အရိုးခိုင်မာ စေသည့်အတွက် အရွယ်သုံးပါးမရွေး နာနတ်သီးဖျော်ရည်တစ်ခွက်ကို နေ့စဉ် သောက်သုံးပေးသင့်ပါသည်။

#မျက်စိအာရုံကြည်စေဖို့
နာနတ်သီးဟာ အမြင်အာရုံ ကြည်လင် သန်စွမ်းစေဖို့အတွက်လည်း အထောက်အကူပြုပါသည်။ အသက်အရွယ်ဇရာကြောင့်ဖြစ်လာသော မှုံမှိုင်းရီဝေခြင်းများကိုလည်း ကာကွယ်ပေးပါသည်။ မျက်လုံးအာရုံအတွက် နာနတ်သီးကို များများ စားနိုင်လေ အကျိုးရှိလေဖြစ်ပါသည်။

#နာနတ်သီးနှင့်သွားဖုံးကျန်းမာရေး
သွားဖုံးကျန်းမာမှ သွားကျန်းမာ မည်ဖြစ်ပါသည်။ ဗိုက်တာမင်စီ ကြွယ်ဝသည့် နာနတ်သီးစားသုံး ပေးခြင်းဖြင့် သွားဖုံးရောင်ခြင်းနှင့် သွားဖုံးရောဂါ အမျိုးမျိုးတို့ ကို မဖြစ်ပေါ်စေဘဲ၊ နှစ်ရှည်လများ သွားဖုံးခိုင်ခန့်ကောင်းမွန်စေနိုင်ပါသည်။

#အဆိပ်အတောက်ကိုဖယ်ကျောက်ကပ်ကိုသန့်ရှင်း
နာနတ်သီး ကို ပန်းသီး (သို့မဟုတ်) ဖရဲသီးတို့ဖြင့် တွဲစားပါက၊ ခန္ဓာကိုယ်ထဲရှိ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှားပေးပြီး၊ ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေပါသည်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေး နိုင်သည့်အပြင် ကျောက်ကပ်ကိုလည်း သန့် ရှင်း စေနိုင်ပါသည်။

#ဇရာကိုအံတုတဲ့ဖျော်ရည်
နာနတ်သီး ဖျော်ရည်ကို သဘောင်္သီး၊ နွားနို့တို့နှင့် တွဲသောက်ပါက၊ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် သံဓာတ်တို့ ကြွယ်ဝစွာ ရရှိစေသည့် အတွက် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာ အထောက်အကူပြုပြီး ဇရာကိုအံတုမည့် ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။

#အသားအရေလှပစေသောနာနတ်
နာနတ်သီး ဖျော်ရည်ကို ငှက်ပျောသီး၊ နာနတ်သီး၊ နွားနို့တို့ဖြင့် တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးနိုင်ပါသည်။ ထို့ပြင် ဗီတာမင်နှင့် အာဟာရ ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် အသားအရေ အလှအပကို ကောင်းစွာပံ့ပိုးပေးပါသည်။

#ရှင်နာဂသိန်ဆေးကျမ်း

နှုတ်မြိန်စေ၏။နှလုံးကိုအကျိုးပြု၏။ကြေကျက်ခဲ၏ သလိပ်နှင့်သည်းခြေကိုပွားစေသည်။မူးဝေးခြင်းကိုပျောက်စေ၏သည်းခြေဓာတ်ကိုပြုတတ် သည် ရသာဓာတ်ဖောက်ပြန်ခြင်းကိုကောင်းအောင်ပြုပြင်တတ်၏။

#ပိုးရောဂါ
သတ္တုရည်ကို သကြားနှင့်စိမ်ပြီးသောက်ပါက ပိုးများဖေါက်ပြန်ခြင်းကိုငြိမ်သက်စေသည်။ဝမ်းလည်းသက်စေသည်။

#ကြို့ထိုးဝမ်းတွင်းလေပူဆီးရွှင်ဆေး
အသီးမှည့်သတ္တုရည်ကို သကြားနှင့်သောက်ခြင်းဖြင့်သက်သာပျောက်ကင်းသည်

#မီးယပ်
အရွက်၏ သတ္တုရည်သောက်ပါက မီးယပ်ချုပ်ခြင်း၊ပျောက်ကင်းပြီး မီးယပ်သွေးကိုမှန်စေသည်

#အစာမကြေ
အမှည့်ကို အခွံ့ခွာ ငြုပ်ကောင်းမှုန့်နှင့်သိန္ဓော အနည်းငယ်ဖြူးကာစားရသည်။

#ဆီးလွန်
အမှည့်ကို အတုံးလေးများတုံးပြီး ငြုပ်ကောင်းမှုန့်နှင့်သကြားရော၍စားပါက ဆီးလွန်ခြင်းပျောက်ကင်းသည်

(Health benefits of Pineapples )နှင့်
ရှင်နာဂသိန်ကျမ်းမှထုတ်နုတ်ကူးယူဖေါ်ပြထားပါသည်

လိုသူယူသုံး စေတနာအပြုံးဖြင့်

Cd #ရဲမျိုးသူ(ဗောဓိမြိုင်)

04/11/2018
D.T.K Fresh Fruits & Vegetables ၏ မိတ်ဖက်ဆိုင်များ အတွက် သီတင်းကျွတ် လက်ဆောင်ခြင်းများ ပြင်ဆင်နေမှု မှတ်တမ်းများ
23/10/2018

D.T.K Fresh Fruits & Vegetables ၏ မိတ်ဖက်ဆိုင်များ အတွက် သီတင်းကျွတ် လက်ဆောင်ခြင်းများ ပြင်ဆင်နေမှု မှတ်တမ်းများ

D.T.K မှ တာဝန်ယူဖြန့်ဖြူးရောင်းချပေးနေသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ....
25/09/2018

D.T.K မှ တာဝန်ယူဖြန့်ဖြူးရောင်းချပေးနေသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ....

09/07/2018
မင်္ဂလာပါ ခင်ဗျာ...ယခု အချိန်သည် နဂါးမောက် အနီသီးများ လှိုင်လှိုင် ထွက်ရှိနေသော အချိန်ဖြစ်ပါသည်။နဂါးမောက်သီးပင်များကို ရှမ်း...
09/07/2018

မင်္ဂလာပါ ခင်ဗျာ...
ယခု အချိန်သည် နဂါးမောက် အနီသီးများ လှိုင်လှိုင် ထွက်ရှိနေသော အချိန်ဖြစ်ပါသည်။နဂါးမောက်သီးပင်များကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းဒေသများနှင့် ကျောက်ပန်းတောင်း၊ပုပ္ပါးတောင်မကြီး တစ်ဝိုက်တွင်လည်း အများအပြား စိုက်ပျိုးလျက်ရှိပါသည်။အပူပိုင်းဒေသ ပေါက်ပင်ဖြစ်သော်လည်း တောင်ပေါ်ဒေသများတွင် ပိုမိုဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ထို့အပြင် မြန်မာနိုင်ငံ အနှံ့အပြား တွင်လည်း စိုက်ပျိုးလာလျက်ရှိရာ အသီးထွက်နှုံးမှာ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့ပါသည်။ယခုအခါ နယ်ပေါင်းစုံမှ နဂါးမောက်သီးများ ဈေးကွက်အတွင်းသို့ အပြိုင်အဆိုင် ဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းပြီး လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ထို့အတွက်ကြောင့် ကျွန်တော်တို့ DTKမှ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ ရရှိရေးအတွက် အထူးကြိုးစား ဆောင် ရွက်လျက်ရှိ ပါသည်။ထို့အပြင် နဂါးမောက်သီးကို နှစ်ပတ်လည် ရရှိစေနိုင်ရန် Frozen(အေးခဲ) ပြုလုပ်၍ သိမ်းဆည်းထားပြီး ဈေးနှုန်းသက်သာစွာ အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည် ဖြစ်ပါသောကြောင့် လူကြီးမင်းတို့ လိုအပ်ချက်ရှိသည့် အတိုင်း ဆွေးနွေးဝယ်ယူ မှာကြားနိုင်ပါသည် ခင်ဗျာ။
DTK
095159966

Address

Danyin Gone Wholesales Market
Yangon

Telephone

095159966

Website

Alerts

Be the first to know and let us send you an email when DTK Fresh Fruits & Vegetables posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DTK Fresh Fruits & Vegetables:

Share