Shwe Yaung Linn Travel & Tours

Directions

Shwe Yaung Linn Travel & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yaung Linn Travel & Tours, Travel Service, Botahtaung, Yangon.

ကျေနပ်ဖွယ်ရာ ခရီးစဉ်တွေကို ရွှေရောင်လင်းနဲ့ စတင်လိုက်ရအောင်။ 🛫ပြည်ပခရီးသွားဖို့ စီစဉ်နေပြီဆိုရင် လေယာဉ်လက်မှတ်အတွက် လုံး...
22/09/2026

ကျေနပ်ဖွယ်ရာ ခရီးစဉ်တွေကို ရွှေရောင်လင်းနဲ့ စတင်လိုက်ရအောင်။ 🛫

ပြည်ပခရီးသွားဖို့ စီစဉ်နေပြီဆိုရင် လေယာဉ်လက်မှတ်အတွက် လုံးဝစိတ်ပူစရာမလိုတော့ပါဘူး။ ရွှေရောင်လင်း Travel & Tours ရှိနေလို့ပါပဲ။ ✨

✅ လေယာဉ်လက်မှတ် ဝန်ဆောင်မှုအားလုံးကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။

✅ လွယ်ကူလျင်မြန်တဲ့ Booking လုပ်ငန်းစဉ်။

✅ အဆင်ပြေဆုံးသော ဝန်ဆောင်မှုတွေနဲ့ သင့်ခရီးစဉ်ကို ချောမွေ့စေပါမယ်။

သင်သွားချင်တဲ့ ခရီးစဉ်တိုင်းအတွက် ကျွန်တော်တို့က လက်တကမ်းမှာ ရှိပါတယ်။

☎️ အသေးစိတ်သိရှိလိုပါက Page Messenger ကနေ Message ပို့ပြီး အချိန်မရွေး မေးမြန်းနိုင်ပါတယ်နော်

#ခရီးသွား #လေယာဉ်လက်မှတ် #ရွှေရောင်လင်း #စိတ်ချရ #ယုံကြည်စိတ်ချရသောဝန်ဆောင်မှု 🌏🎫✈️🎒

✈️ "ခရီးသွားရတာ ဝါသနာပါတဲ့သူတွေအတွက် အကောင်းဆုံးလက်တွဲဖော်..." 🌴🌊ပင်လယ်ပြာပြာ ဒါမှမဟုတ် တောင်တန်းတွေနဲ့ သဘာဝအလှတရားတွေဆီ...
20/09/2026

✈️ "ခရီးသွားရတာ ဝါသနာပါတဲ့သူတွေအတွက် အကောင်းဆုံးလက်တွဲဖော်..." 🌴🌊

ပင်လယ်ပြာပြာ ဒါမှမဟုတ် တောင်တန်းတွေနဲ့ သဘာဝအလှတရားတွေဆီ စိတ်လက်ပေါ့ပါးစွာ ထွက်ခွာဖို့ အစီအစဉ်ဆွဲနေပြီလား? 🏔️✨

ခရီးတစ်ခုသွားမယ်ဆို အဓိကအရေးကြီးဆုံးက အချိန်ကုန်သက်သာပြီး စိတ်ချရတဲ့ လေယာဉ်
လက်မှတ် ရရှိဖို့ပါပဲ🤗

ဘယ်ကိုပဲသွားသွား ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များကို ဈေးနှုန်းအသက်သာဆုံးနဲ့ စိတ်အချရဆုံး ဝန်ဆောင်မှုပေးနေတဲ့ Shwe Yaung Linn Travel & Tours မှာ ဖြတ်လိုက်ပါနော်❣️

🔹 ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းအားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်ပြီး
🔹 ဈေးနှုန်းမှန်ကန် သက်သာတဲ့အပြင်
🔹 အချိန်မရွေး လိုအပ်သလို အကြံပေးကူညီပေးမယ့် နွေးထွေးတဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။

စိတ်လှုပ်ရှားစရာ ခရီးစဉ်အသစ်တွေ ဖန်တီးဖို့ Shwe Yaung Linn လက်မှတ်ဖြတ်လိုက်ကြရအောင်! ✈️💼

#ခရီးသွားကြမယ် #လေယာဉ်လက်မှတ် #ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်

Visa မလိုဘဲ 📕Passportနဲ့တင် ဘယ်နိုင်ငံတွေကို သွားလို့ရလဲ?✈️ခရီးသွားရတာ ဝါသနာပါပြီး ဗီဇာလျှောက်ရတဲ့ လုပ်ငန်းစဉ်တွေ၊ အချိန...
19/09/2026

Visa မလိုဘဲ 📕Passportနဲ့တင် ဘယ်နိုင်ငံတွေကို သွားလို့ရလဲ?

✈️ခရီးသွားရတာ ဝါသနာပါပြီး ဗီဇာလျှောက်ရတဲ့ လုပ်ငန်းစဉ်တွေ၊ အချိန်ကုန်တာတွေကို မလိုချင်တဲ့သူတွေအတွက် ပတ်စ်ပို့သက်သက်နဲ့တင် ဗီဇာမလိုဘဲ သွားရောက်နိုင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒီနိုင်ငံတွေကို သွားမယ်ဆိုရင် လေယာဉ်လက်မှတ်နဲ့ ပတ်စ်ပို့အပြင် တခြားအရာတွေ ပြင်ဆင်စရာ မလိုပါဘူး။

ဘာတွေ ပြင်ဆင်ထားသင့်လဲ?
📕သက်တမ်းရှိသော ပတ်စ်ပို့: သင့်ပတ်စ်ပို့သက်တမ်းက အနည်းဆုံး ၆ လ ကျန်ရှိနေဖို့ လိုအပ်ပါတယ်။
✈️လေယာဉ်လက်မှတ်: အသွားအပြန် လေယာဉ်လက်မှတ် ရှိဖို့ လိုပါတယ်။
🏩ဟိုတယ် ဘွတ်ကင်: သင်တည်းခိုမယ့် ဟိုတယ် ဘွတ်ကင် ရှိဖို့ လိုပါတယ်။
💵ငွေကြေး: ခရီးစဉ်တစ်လျှောက် သုံးစွဲဖို့ လုံလောက်တဲ့ ငွေကြေး ရှိဖို့ လိုပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲ သွားလို့ရတဲ့ နာမည်ကြီး နိုင်ငံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
📍အာဆီယံ နိုင်ငံများ: (စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း)
📍အာရှ နိုင်ငံအချို့: (ဂျပန် (အချို့သော အခြေအနေများ)၊ တောင်ကိုရီးယား (အချို့သော အခြေအနေများ)၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်)

◽️ဗီဇာစည်းမျဉ်းများဟာ ပြောင်းလဲနိုင်လို့ ခရီးမသွားမီ၊ သင်သွားမယ့် နိုင်ငံရဲ့ နောက်ဆုံး ဗီဇာစည်းမျဉ်းတွေကို စစ်ဆေးဖို့ အရေးကြီးပါတယ်။

⏳ဗီဇာမလိုတာက အချိန်အကန့်အသတ်ရှိနိုင်ပါတယ်။ ဗီဇာမလိုဘဲ နေထိုင်နိုင်တဲ့ ကာလက နိုင်ငံအလိုက် ကွာခြားနိုင်ပါတယ်။ (ဥပမာ- ၁၄ ရက်၊ ၃၀ ရက်)

🌏အချို့သော နိုင်ငံများသည် ဗီဇာမလိုသော်လည်း တခြားလိုအပ်ချက်များ ရှိနိုင်သည်: (ဥပမာ- ကျန်းမာရေး အာမခံ)

💥Knowledge Sharing လေးပါ💥

✈️🌏 အိပ်မက်ထဲက ခရီးတွေကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီနော် 🧳💛တစ်ခါတလေ နေ့စဉ်ဘဝရဲ့ အလုပ်တွေကြားမှာ“ခရီးတစ်ခေါက်လောက်...
26/08/2026

✈️🌏 အိပ်မက်ထဲက ခရီးတွေကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီနော် 🧳💛

တစ်ခါတလေ နေ့စဉ်ဘဝရဲ့ အလုပ်တွေကြားမှာ
“ခရီးတစ်ခေါက်လောက် ထွက်လိုက်ချင်တယ်…” ဆိုတဲ့စိတ်လေး ဖြစ်ဖူးတယ်မလား? 🥰

အဲ့ဒီလို ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စရာ ခရီးစဉ်လေးတွေ ဖန်တီးချင်တယ်ဆိုရင်
✨ Shwe Yaung Linn Travel & Tours ✨ ရှိပါတယ်နော်။

🌍 ပြည်တွင်း / ပြည်ပ ခရီးစဉ်များ
✈️ လေယာဉ်လက်မှတ် ဝန်ဆောင်မှု
🧳 ခရီးစဉ်စီစဉ်ပေးမှုများ
📸 မမေ့နိုင်တဲ့ အမှတ်တရခရီးစဉ်များ

ကိုယ်သွားချင်တဲ့နေရာကို ပြောလိုက်ရုံနဲ့
ခရီးစဉ်ကောင်းကောင်းလေးဖြစ်အောင် စီစဉ်ပေးမှာ Shwe Yaung Linn Travel & Tours ပါ 💙

💬 ခရီးထွက်ဖို့ စိတ်ကူးနေပြီဆိုရင် အခုပဲ Page Messenger မှာ စုံစမ်းလိုက်ပါနော်။
ခရီးကောင်းတစ်ခေါက်ဟာ အမှတ်တရကောင်းတွေကို စတင်ပေးနိုင်ပါတယ်။ ❤️✈️




#ခရီးသွား
#ခရီးစဉ်
#ခရီးသွားဝန်ဆောင်မှု
#လေယာဉ်လက်မှတ်


#ခရီးထွက်ကြမယ်
#အမှတ်တရခရီးစဉ်

25/08/2026

Vietnam Trip လေးစုံစမ်း လို့ရပြီ နော်🤎🤎🤎

ခရီးသွားဖို့ ပြင်ဆင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းသလို၊ "ဘယ်လိုဖက်ရှင်မျိုး ဝတ်သွားရမလဲ" ဆိုတာကလည်း ပျိုမေတို့ (ကိုကိုတို့)...
25/07/2026

ခရီးသွားဖို့ ပြင်ဆင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းသလို၊ "ဘယ်လိုဖက်ရှင်မျိုး ဝတ်သွားရမလဲ" ဆိုတာကလည်း ပျိုမေတို့ (ကိုကိုတို့) အတွက် ခေါင်းစားရတဲ့ အချက်တစ်ခုပါပဲ။ 🧳✈️

ဓာတ်ဖမ်းရင်လည်း လှရမယ်၊ တစ်နေကုန် သွားလာလှုပ်ရှားရတာလည်း သက်သောင့်သက်သာရှိရမယ့် Travel Fashion Guide လေးကို မျှဝေပေးလိုက်ပါတယ်။

၁။ သက်သောင့်သက်သာနဲ့ စတိုင်လ်ကျစေမယ့် Casual Wear (လေဆိပ်ဖက်ရှင်)
ခရီးစထွက်တဲ့နေ့ လေယာဉ်စီး၊ ကားစီးတဲ့အခါမျိုးမှာ အဓိကက သက်သောင့်သက်သာဖြစ်ဖို့ လိုပါတယ်။
* Oversized T-shirt သို့မဟုတ် Crop Top ကိုမှ ဂျင်းဘောင်းဘီပွပွ (Wide-leg jeans) ဒါမှမဟုတ် Sweatpants အပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၂။ ကမ်းခြေသွားမယ့်သူတွေအတွက် Beach Vibe Fashion
ပင်လယ်ပြင်နဲ့ အပြာရောင်ကောင်းကင်ကြီးအောက်မှာ ထင်ရှားပေါ်လွင်နေဖို့ဆိုရင် -
* လေတိုက်ရင် တလွင့်လွင့်နဲ့ လှနေမယ့် Maxi Dress (ဂါဝန်အရှည်) ပေါ့ပေါ့ပါးပါးလေးတွေ၊ Floral Print (ပန်းပြောက်) ပါတဲ့ ဝတ်စုံလေးတွေက အသင့်တော်ဆုံးပါပဲ။

၃။ တောင်ပေါ်ဒေသနဲ့ အေးတဲ့နေရာတွေအတွက် Layering Style
အေးမြတဲ့ တောင်ပေါ်စခန်းတွေ သို့မဟုတ် ဆောင်းရာသီ ခရီးစဉ်တွေအတွက်ဆိုရင်တော့ အလွှာလိုက်ဝတ်ဆင်တဲ့ Layering Style က အကောင်းဆုံးပါ။
* အတွင်းက Thermal Wear သို့မဟုတ် Sweater အပါးဝတ်ပြီး၊ အပေါ်ကနေ Puffer Jacket သို့မဟုတ် Wool Coatအနွေးထည်အမိုက်စားတွေနဲ့ ထပ်ဝတ်ပါ။

💡 ခရီးသွားဖက်ရှင်အတွက် Extra Tips ကတော့
* ခရီးသွားရင် လမ်းအများကြီးလျှောက်ရတတ်လို့ အဖြူရောင် Sneakers (ကန်တိုက်ဖိနပ်) သို့မဟုတ် Flat Sandals (ဒေါင်ပြားဖိနပ်) သက်သောင့်သက်သာရှိတာတွေကိုပဲ အဓိကရွေးချယ်ပါ။
* ဓာတ်ပုံရိုက်ရင် ထင်ရှားစေဖို့ ကိုယ်သွားမယ့် နေရာရဲ့ နောက်ခံအရောင်နဲ့ ကွဲပြားမယ့် အရောင်တောက်တောက် (ဥပမာ - အဝါ၊ အနီ၊ အဖြူ) တွေကို ရွေးဝတ်ပါ။

💥Knowledge Sharing လေးပါရှင့်💥

#ခရီးသွားဖက်ရှင်

🏨 Shwe Yaung Linn မှာ Hotel Booking လုပ်ပြီးသွားပြီလား... 🧳ခရီးသွားဖို့ စိတ်ကူးရှိပေမယ့် တည်းခိုဖို့အတွက် စိတ်ပူနေရတုန်း...
24/07/2026

🏨 Shwe Yaung Linn မှာ Hotel Booking လုပ်ပြီးသွားပြီလား... 🧳

ခရီးသွားဖို့ စိတ်ကူးရှိပေမယ့် တည်းခိုဖို့အတွက် စိတ်ပူနေရတုန်းပဲလား? 🤷‍♂️
လှပတဲ့ အမှတ်တရတွေ ဖန်တီးဖို့နဲ့ စိတ်အေးချမ်းသာစွာ အနားယူနိုင်ဖို့အတွက် Shwe Yaung Linn Travel & Tours မှာ Hotel Booking လုပ်ဖို့ မမေ့နဲ့နော်။ ✨

ပြည်တွင်း/ပြည်ပ ခရီးစဉ်အသီးသီးအတွက်...
* ⭐️ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အဆင့်မီ Hótel များကို
* 💰 သက်သာပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းများနဲ့
* 🤝 စိတ်ချရပြီး လျှင်မြန်ချောမွေ့တဲ့ ဝန်ဆောင်မှုတွေ ပေးနေပါပြီနော်❣️

ခရီးစဉ်တိုင်းမှာ အကောင်းဆုံးနဲ့ အဆင်ပြေဆုံး တည်းခိုခွင့်ရရှိဖို့ အခုပဲ Shwe Yaung Linn ကို ဆက်သွယ်ပြီး Booking တင်လိုက်ရအောင်။ ✈️📸

#ခရီးသွားကြမယ် #ဟိုတယ်ဘိုကင်

မိုးရာသီမှာ ခရီးသွားဖို့ အစီအစဉ်တွေရှိနေပြီလား? 🌧️✈️မိုးတွင်းကာလမှာ အေးအေးဆေးဆေး ခရီးထွက်ပြီး စိတ်အပန်းဖြေဖို့ စိတ်ကူးထာ...
19/06/2026

မိုးရာသီမှာ ခရီးသွားဖို့ အစီအစဉ်တွေရှိနေပြီလား? 🌧️✈️

မိုးတွင်းကာလမှာ အေးအေးဆေးဆေး ခရီးထွက်ပြီး စိတ်အပန်းဖြေဖို့ စိတ်ကူးထားတယ်ဆိုရင် "ရွှေရောင်လင်း" ကို သတိရလိုက်ပါ! 🌍✨

ပြည်တွင်းရော ပြည်ပခရီးစဉ်တွေအတွက်ပါ လေယာဉ်လက်မှတ်တွေကို အထူးဈေးနှုန်းသက်သာစွာနဲ့ အဆင်ပြေပြေ ကြိုတင် Booking တင်နိုင်နေပါပြီ။ 🎫💼

❌ စိတ်ညစ်စရာ Booking အခက်အခဲတွေမရှိစေရဘူး။
✅ စိတ်ချရတဲ့ ဝန်ဆောင်မှု၊ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ခရီးစဉ်ကို အကောင်းဆုံးစီစဉ်ပေးမှာပါ။
ခရီးစဉ်နဲ့ပတ်သက်ပြီး သိလိုတာတွေကို Cb (သို့) ဖုန်းဆက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ 📞📩

#ရွှေရောင်လင်း #မိုးရာသီခရီးစဉ် #လေယာဉ်လက်မှတ် #ခရီးသွားကြမယ်

💸 "ပိုက်ဆံစုမယ်" ဆိုတဲ့စကားလုံး... ငါ့အဘိဓာန်ထဲမှာ ရှိကိုမရှိတာလား? 🤦‍♀️✈️"ဒီလတော့ တကယ် ပိုက်ဆံစုတော့မယ်..." ကိုယ့်ကိုယ်...
11/06/2026

💸 "ပိုက်ဆံစုမယ်" ဆိုတဲ့စကားလုံး... ငါ့အဘိဓာန်ထဲမှာ ရှိကိုမရှိတာလား? 🤦‍♀️✈️

"ဒီလတော့ တကယ် ပိုက်ဆံစုတော့မယ်..." ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး စိတ်ပိုင်းဖြတ်လိုက်တိုင်း ဘာလို့ အမြဲတမ်း Promotion တွေက လာလာမြှူဆွယ်နေကြတာလဲ မသိဘူးနော်။ 😭

ဘဏ်အကောင့်ထဲက 💵ဂဏန်းလေးတွေ တိုးလာအောင် စောင့်ကြည့်မလို့ ရှိသေး... ဖုန်းလေးပွတ်
လိုက်ရုံနဲ့ မျက်စိထဲ ဝင်လာတာက✈️ "လေယာဉ်
လက်မှတ် ဈေးလျှော့တယ်!" တဲ့။ ငွေစုမယ့်ဆောင်းမယ့် စိတ်တွေက ချက်ချင်းကြီး လေထဲလွင့်သွားရော။

* "ဒီစျေးမျိုးက ထပ်မရနိုင်တော့ဘူး!"
* "ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေတာပဲလေ..."
* "ပိုက်ဆံဆိုတာ ရှာရင်ပြန်ရတယ်၊ အသက်အရွယ်နဲ့ အမှတ်တရက ပြန်မရဘူး!"
ဆိုတဲ့ ဆင်ခြေပေါင်း တစ်ထောင်က ခေါင်းထဲ ချက်ချင်းရောက်လာပြီး... လက်ကလည်း Booking ခလုတ်ကို နှိပ်ပြီးသား ဖြစ်နေပြီ။ 🤷‍♀️✨

💵ပိုက်ဆံလေး လျော့သွားပေမဲ့... လေယာဉ်ပေါ်တက်ရခါနီး ခံစားချက်၊ အသစ်အဆန်းတွေကို မြင်ရမယ့် ရင်ခုန်သံတွေက ဘာနဲ့မှလဲလို့ မရဘူးလေ။ ပိုက်ဆံကတော့ နောက်လမှ ပြန်စုတော့မယ် (တကယ်ပြောတာနော်!) 😜

ကဲ... ကိုယ့်လိုပဲ "စုမယ်" လို့ ကြံတိုင်း လေယာဉ်လက်မှတ်ဖြတ်ပြီး ခရီးထွက်ဖြစ်နေတဲ့ အဖော်တွေကို Mention ခေါ်သွားလိုက်ဦးနော်။ 👇

#ခရီးသွားခြင်း ြဲမိသူများ #ပိုက်ဆံနောက်မှစုမယ်

နိုင်ငံတကာလေဆိပ်ကြီးတွေမှာ ခရီးသွားရင်း လမ်းမပျောက်အောင်၊ စိတ်ပူစရာမလိုဘဲ သက်သောင့်သက်သာ ခရီးသွားနိုင်အောင် ဒီအချက်လေးတွ...
31/05/2026

နိုင်ငံတကာလေဆိပ်ကြီးတွေမှာ ခရီးသွားရင်း လမ်းမပျောက်အောင်၊ စိတ်ပူစရာမလိုဘဲ သက်သောင့်သက်သာ ခရီးသွားနိုင်အောင် ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်နော်။ ✈️

✈️လေဆိပ်သွားရင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

💥နိုင်ငံတကာလေဆိပ်တွေမှာ လမ်းမပျောက်အောင် ဆောင်ရန် ရှောင်ရန်များ💥

✅Flight Information Board ကို အမြဲစစ်ဆေးပါ - လေဆိပ်ရောက်တာနဲ့ မိမိစီးရမယ့် လေယာဉ်ရဲ့✈️ Gate နံပါတ်နဲ့ အချိန်ကို Information Board မှာ အရင်ဆုံးစစ်ဆေးပါ။ Gate ပြောင်းလဲမှုရှိမရှိကိုလည်း အမြဲသတိပြုပေးပါ။

✅Boarding Pass ကို သေချာဖတ်ပါ -🎫 လက်မှတ်မှာပါတဲ့ Gate နံပါတ်နဲ့ လေယာဉ်ထွက်မယ့်အချိန်ကို သေချာဖတ်ရှုပါ။ 🗒️လေယာဉ်ကွင်းထဲမှာ လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း လိုက်သွားဖို့ အရေးကြီးပါတယ်။

အချိန်ကို ကြိုတင်စီစဉ်ပါ - ✈️နိုင်ငံတကာလေဆိပ်တွေက ကြီးမားတဲ့အတွက် မိမိတက်ရမယ့် Gate ကိုရောက်ဖို့🕥 အချိန်အလုံအလောက်ပေးပြီး ကြိုတင်ထွက်ခွာပါ။

✅ဝန်ထမ်းများကို မေးမြန်းပါ - လမ်းကြောင်းဝေခွဲမရဖြစ်ရင် 👩‍✈️👨‍✈️လေဆိပ်ဝန်ထမ်းများကို ယဉ်ကျေးစွာ မေးမြန်းဖို့ မရှက်ပါနဲ့။ သူတို့က ကူညီပေးဖို့ အမြဲအဆင်သင့်ရှိပါတယ်။

✅Offline Map သို့မဟုတ် App များ အသုံးပြုပါ - လေဆိပ်တွေမှာ Airport Map လေးတွေကို 🗺️ကြိုတင်ဒေါင်းလုဒ်ဆွဲထားခြင်းက အလွန်အသုံးဝင်ပါတယ်။

👉ခရီးသွားရင်း စိတ်ပူစရာမလိုဘဲ ပျော်ရွှင်စွာ ခရီးသွားနိုင်ဖို့အတွက် SHWE YAUNG LINN မှ အမြဲအဆင်သင့် ကူညီပေးနေပါတယ်ရှင်။

#ခရီးသွားလမ်းညွှန် #လေဆိပ်အချက်အလက်များ

Address

Botahtaung
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Yaung Linn Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category